ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၅)
“မိန်းမတစ်ယောက်လောက် လိုချင်သည်”
ကမ္ဘာကျော် ကပ်္ပိယများအကြောင်းကို စာရှုသူတို့ သိရှိပြီးကြပေပြီ။ စာရေးသူကို ၀န်းရံသူများနှင့် စာရေးသူ၏ တပည့်များ မနိုင်ဝန်ထမ်းနေကြပုံများ ဖြစ်၏။ ယခုမူ စာရေးသူ၏ အနီးအပါးရှိ အနီးနေ တပည့်များအကြောင်း ပြောမည် ဖြစ်ပါသည်။
စာရေးသူသည် စာသင်သားများအား စာရေးသူအတွက် ကိုယ်ရေးကိုယ်တာ ၀တ်ကြီးဝတ်ငယ်များ လုံးဝ မခိုင်းပါ။ မခိုင်းရခြင်းအကြောင်းကား “သူတို့တတွေ စာသင်ဖို့ လာကြခြင်းဖြစ်သည်။ ဝေယျာဝစ်္စလုပ်ဖို့ လာကြခြင်း မဟုတ်”ဟု ခံယူထားသောကြောင့် ဖြစ်သည်။ ကပ်္ပိယနှစ်ဦးသုံးဦး အမြဲရှိသော်လည်း လုပ်ငန်းကကြီး တာဝန်က ကျယ်ပြန့်သောကြောင့် မနိုင်မနင်း ဖြစ်နေကြလေ၏။
စာရေးသူသည် မနက် ၁၀း၃၀နှင့် ၁၁း၀၀ နာရီကြားမှာ ရေချိုးပါသည်။ ၁၀း၃၀ နာရီမှာ စာဝါပို့ချ၍ ပြီး၏။ ချွေးခြောက်အောင် ခဏနား၏။ ထို့နောက် ရေချိုး၏။ ရေချိုးနေစဉ် ၁၁း၀၀ နာရီ ကျော်မည်စိုး၍ နာရီကြည့်လျက် ချိုးရတတ်ပေသည်။ (ထို့ကြောင့် ရေချိုးခန်း၌ နာရီချိတ်ထားခြင်း ဖြစ်၏) ၁၁း၀၀ နာရီ၌ နာယကဆရာတော်များ ဆွမ်းစားကျောင်းသို့ စုံညီစွာရောက်လေ့ရှိသောကြောင့် ဖြစ်၏။ ရေချိုးပြီးသည်နှင့် ရေချိုးသင်းပိုင်ကို သည်အတိုင်း ထားခဲ့ရသည်က များ၏။ လျှော်ဖွပ်ချိန် မရသောကြောင့်တည်း။ ဆွမ်းစားအမီ အပြေးအလွှား ချိုးသော်လည်း နောက်ကျသည်က များပါသည်။ ၁၀း၃၀ နာရီ စာချအပြန်နှင့် ၁၁း၀၀ နာရီ ဆွမ်းစားအသွားကြားကာလ နာရီဝက်ခန့်လေး အတွင်းမှာပင် ဧည့်ကျခြင်း၊ အလုပ်ပေါ်လာခြင်းတို့ကြောင့် ရေကိုလု၍ ချိုးရ၏။ ဆွမ်းကို အချိန်လု၍ စားရ၏ ဆိုသည့် အဖြစ်မျိုး ကြုံနေရသောကြောင့် ဖြစ်၏။ အနီးနေ ကပ်္ပိယများကလည်း ဧည့်ခံရ ဝေယျာဝစ်္စလုပ်ရ။ ခိုင်းထားသည်များ လုပ်ရဖြင့် သင်္ကန်းလျှော်ချိန်ပင် မပေးနိုင်ရှာကြပါ။ စာရေးသူ ဆွမ်းစားပြန်လာသည်အထိ ရေချိုးသင်းပိုင်ကြီးကား ထားရစ်ခဲ့သည့်အတိုင်းပင် ပုံလျက်ကြီး ရှိနေသည်က များ၏။ စာရေးသူ မြည်တွန်တောက်တီးဖန် များသည့်အခါ အနီးနေ မောင်ပဉ်္ဇင်းတစ်ပါးက ကပ်္ပိယမလာလျှင် သူကိုယ်တိုင် ၀င်၍ လျှော်ဖွပ်ပေတော့၏။ ထိုအခါမှ ပို၍ ဆိုးလေတော့၏။ တွေ့ကရာ ဆပ်ပြာနှင့် ကြုံသလို လျှော်ဖွပ်သဖြင့် တန်ဖိုးကြီး မွှေးဆပ်ပြာများ သင်္ကန်းလျှော်ခံရသဖြင့် ခဏလေးနှင့် ပြားချပ်ပါးလှပ် သွားလေတော့၏။ နောင်အခါ ဤပြဿနာကို ကပ်္ပိယများက ဖြေရှင်းလိုက်ကြပေသည်။ ဖြေရှင်းပုံကား စာရေးသူ ရေချိုးပြီးလျှင် သင်္ကန်းကို ယူ၍သွားကာ ပုံးထဲ၌ ရေစိမ်ထားလိုက်ကြလေ၏။ သူတို့အားသည့် အခါမှ လျှော်ဖွပ်ကြလေသည်။ စာရေးသူလည်း အတော် သက်သာရာရသွား၏။ ရေအိမ်ဝင်ခိုက် ရေစိုသင်္ကန်း အပုံသားကြီးမြင်ရလျှင် အမောဆို့သွားတတ်သဖြင့် ယခုအခါ စိတ်ချမ်းသာသွားခြင်း ဖြစ်၏။ သို့သော် ခဏသာပင်။ နေ့စဉ် စိမ်ထားသည့် သင်္ကန်းများက တစ်ပတ်ဆယ်ရက်ကြာသည်အထိ မလျှော်ဖြစ်ကြတော့ပေ။ ၀တ်စရာ ကိုယ်ပတ်သင်္ကန်း မရှိတော့သည့်အခါမှ သင်္ကန်းများ မလျှော်ရသေးကြောင်း သိရခြင်း ဖြစ်၏။ မင်းဘေးသင့်ရာ ယခုအခါ၌ကား အဆိုပါ ဒုက်္ခမျိုး လုံးဝ မရှိတော့ပေ။ ကိုယ်တိုင် သင်္ကန်းလျှော်ချိန် များစွာ ရရှိထားသောကြောင့် ဖြစ်၏။
စာရေးသူ ခရီးထွက်သည့်အခါဖြစ်စေ တရားပွဲကြွသည့်အခါဖြစ်စေ တပည့်များက သင်္ကန်းများ ထုတ်၍ ခုတင်ပေါ်တင်ထားပေးကြ၏။ စာရေးသူက အဆင်သင့် လဲလှယ်ဝတ်ရုံသွားရုံသာဖြစ်၏။ သို့သော် တပည့်များသည် သင်္ကန်းသစ်လျှင် ပြီးပြီ။ လျှော်ဖွပ်ပြီးသားဖြစ်လျှင် ပြီးပြီ။ ဤမျှသာ သိရှိကြပေသည်။ ရာသီဥတု အချိန်အခါကိုလည်း မကြည့်တတ် သင်္ကန်းအပြစ်အနာအဆာများကိုလည်း မရှာဖွေကြပေ။ ထို့ကြောင့် စာရေးသူမှာ နွေရာသီ၌ ထူထဲသော သင်္ကန်းကြီးများ ၀တ်ရုံ၍ တရားဟောရ၏။ ဆောင်းရာသီ၌ ပါးလှပ်သော သင်္ကန်းလေးများ ၀တ်ရုံ၍ တရားဟောရ၏။ မည်မျှပူအိုက်နေမည်၊ မည်မျှချမ်းစိမ့်နေမည်ကို ခန့်မှန်း၍ သိနိုင်ပေသည်။ တစ်ခါတရံ၌မူ ကျောပြင်၌ မီးကျွမ်းထားသည့် သင်္ကန်းကြီး ၀တ်ရုံပြီးသား ဖြစ်နေ၏။ တစ်ခါတရံ၌မူ ချုပ်ရိုးကြောင်း ပြဲစုတ်နေသည့် သင်္ကန်းကြီး ၀တ်ရုံပြီးသား ဖြစ်နေလေတော့၏။ ထိုအခြေအနေမျိုးဖြင့် တရားဟောခဲ့ရသည့်ပွဲများကား မနည်းပါးလှပေ။ ထိုအခါ “ငါ အတော်မွဲတဲ့ ဘုန်းကြီးပဲ”ဟု ခံစားရ၏။ တရားပွဲပြီး အပြန် ကားပေါ်တွင် ထိုအကြောင်းကို စသလို နောက်သလိုဖြင့် ပြောမိသည်ကများလေသည်။ “ဟေ့ကောင်တွေ ဒီမှာ ကြည့်စမ်း၊ မင်းတို့ဘုန်းကြီး ဘယ်လောက်မွဲလဲ သိရအောင်”ဟု ဆိုကာ သင်္ကန်းအစုတ်နေရာ၊ မီးကျွမ်းရာတို့ကို ပြသမိတတ်လေသည်။ ၀န်းရံသူများက တစ်ခစ်ခစ်နှင့် ရယ်ကြ၏။ အနီးနေ ကပ်္ပိယများက မှုန်ကုပ်၍ နေကြ၏။ ထိုအခါမျိုး၌ “မိန်းမတစ်ယောက် လောက် လိုချင်တယ်ကွာ”ဟု ငြီးတွားပြမိတတ်ပေသည်။ အကြောင်းမသိသူများက တ၀ါးဝါးနှင့် ဟားတိုက်ရယ် မောကြလေ၏။ အကြောင်းသိသူများကမူ သူတို့ကို အားမရသဖြင့် ပြောမှန်းသိ၍ ခပ်တည်တည်သာ နေတတ်ကြလေ၏။ မိန်းမတစ်ယောက် ဆိုသည်မှာ အခြားမဟုတ်ပါ။ ဝေယျာဝစ်္စကရ အောက်ခြေသိမ်း ဝေယျာဝစ်္စပြုလုပ်ပေးတတ်သည့် မိခင်အရွယ် ဒါယိကာမကြီးမျိုးကို ရည်ရွယ်ခြင်း ဖြစ်ပါသည်။ စာရေးသူသည် ရိပ်သာဆရာတော်များကို အားကျပါသည်။ ဘုန်းကြီးအထာသိသည့် သီလရှင် ဆရာလေးများကို တွေ့ရှိရသောကြောင့် ဖြစ်၏။ ဘုန်းကြီး၏ ဝေယျာဝစ်္စ၊ ကျောင်းဝေယျာဝစ်္စအပြင် မီးဖိုချောင်လုပ်ငန်းအပါ အ၀င် ဧည့်ခံရေး ဆက်ဆံရေးကအစ အရာရာ အားလုံး အဆင်ပြေစွာ စီမံပေးတတ်သော ထိုဆရာလေးမျိုးကို လိုချင်ခြင်း ဖြစ်ပါသည်။ စာရေးသူ့နားမှာကား တောသားပဲ၊ ငပိများသာရှိသဖြင့် သင်္ကန်းအကောင်း ရှိသော်လည်း အကောင်း မ၀တ်ရ၊ အာဟာရအကောင်း ရှိသော်လည်း အကောင်း မစားရ ဖြစ်နေပေတော့၏။ အကျိုးပေးကား ဆိုးဝါးလှပေ၏။
အကောင်းမစားရပုံကို ပြောပါဦးမည်။ စာရေးသူက ဓာတုဗေဒ ပါဝင်သော အာဟာရများဆိုလျှင် ရှောင်ကြဉ်လေ့ရှိပါသည်။ ကျန်းမာရေး ထိခိုက်နိုင်သောကြောင့် ဖြစ်၏။ ဆေးမှည့် သစ်သီးဝလံများ မစားမှန်းသိသဖြင့် သံဃာတော်များနှင့် ဒါယကာ ဒါယိကာမများက သဘာဝသစ်သီးဝလံများကို အဝေးမှ ပို့လှူလေ့ရှိပါသည်။ ထို အာဟာရများကို ဘုဉ်းပေးရလျှင် လွန်စွာ ဂုဏ်ယူဝင့်ကြွားတတ်ပေသည်။ (မြန်မာ့ရိုးရာ မုန့်ပဲသွားရည်စာများလည်း ထို့အတူပင်။) ထိုအာဟာရများ လ်္ဘက်ရည်ပွဲ၌ မတွေ့ရ၍ မေးသည့်အခါ မမှည့်သေးသည့် အချိန်နှင့် ကုန်သွားပြီ မရှိတော့ဘူးဟူသည့် အဖြေမျိုးကိုသာ ကြုံနေရပါသည်။ ကံဆိုးချက်ကား ကမ်းကုန်ပင်။ အဝေးမှ လှမ်းလှူသည့် တကူးတက အာဟာရကိုပင် စားကံမကြုံခဲ့ပါ။ စိမ်းသေး၍ မစားရ၊ ကုန်သွား၍ မစားရ ဘ၀မျိုး ဆိုးလှချေပါ၏။ မင်းဘေးသင့်ရာ ယခုအခါ၌ကား သဘာဝ သီးနှံများ စားမကုန်အောင် ပေါများနေလေတော့၏။
စာရေးသူသည် ညအခါ စတုမဓု အမြဲစားပါသည်။ ဘုရားပေးသည့် သမားဆေးပင်။ အိုးဘိုမှာ နေရစဉ် စတုမဓု အမြဲမှီဝဲသောကျေးဇူးကြောင့် ရောဂါကင်းရှင်း ကျန်းမာခြင်းဖြစ်မည်ဟု ယုံကြည်နေပါသည်။ စတုမဓု ကျေးဇူးကြောင့် ထင်၏။ အိုးဘိုသို့ သီတဂူဆရာတော်ကြီး အမှူးပြုသော သီတဂူသာနသာပြု အဖွဲ့ ကြွရောက်လာစဉ် စာရေးသူ ချီးကျူးခံခဲ့ရလေ၏။ “၀ီရဂသူတစ်ပါးပဲ လူပုံပေါ်တယ်။ ကျန်တာ စိတ်မချမ်းသာ”ဟု ညီတော်နောင်တော်များက ဆိုစမှတ်ပြုသွားကြလေသည်။ သို့သော် ကျောင်းပြန်ရောက် သည့်အခါ စတုမဓု နပ်မမှန်တော့ပါ။ ကပ်တစ်ချက် မကပ်တစ်ချက်မှသည် လုံးဝ မကပ်တော့သည့် အဆင့်သို့ ရောက်သွားလေတော့၏။ ထောင်ထဲရောက်မှ စတုမဓု အ၀စားရသည့် ဘ၀ဖြစ်သဖြင့် ထောင်နှင့် အကျိုးပေးသည်ဟု ဆိုရမည်ကဲ့သို့ ရှိချေ၏။ စတုမဓု နပ်မှန်အောင် စားစေလိုက ထောင်ထဲသို့ ကြွ ဟု ပြောနေသကဲ့သို့ပင်။ တစ်ခါသော် တရားပွဲတစ်ခု၌ ထိုအကြောင်းကို ထည့်ဟောမိသွားလေ၏။ “ကျုပ်ဗျာ ထောင်ထဲတုန်းကမှ စတုမဓု နပ်မှန်အောင် စားရပါသေးတယ်။ ကျောင်းပြန်ရောက်မှ စားရတစ်ချက်၊ မစားရတစ်ချက်နှင့် အခုဆို ဘယ်ဆီရောက်နေမှန်းတောင် မသိတော့ပါဘူးဗျာ”ဟု ဟောလေရာ တစ်ခစ်ခစ်နှင့် ရယ်ရွှင်ကြလေ၏။ “ဘုန်းကြီးဘ၀ကို စိတ်နာတယ်၊ ကပ်္ပိယသဒ်္ဓါမှ စားရတဲ့ ဘ၀မို့ပါကွယ်”သီချင်းစာသားလို ရွတ်ပြလေရာ ပို၍ ရယ်မောကြပြန်၏။ “ခင်ဗျားတို့က အသဲတစ်ခြမ်းသာ လွမ်းဖို့ သိမ်းထားတာ၊ ကျုပ်က အသဲတစ်စုံလုံး လွမ်းဖို့ သိမ်းထားရတာဗျ။ တစ်ခြားမဟုတ်ပါဘူး။ စတုမဓုကို လွမ်းဖို့ပါ”ဟု ဟောလေရာမှ တစ်ဝါးဝါး တစ်ဟားဟားနှင့် ပွဲကျ၍ သွားလေတော့၏။ တပည့်များ သတိရသွားဟန် တူသည်။ နောက်တစ်နေ့ည စတုမဓု လာကပ်၏။ မစားရသည်မှာ ကြာပြီဖြစ်၍ စားကောင်းလိုက်သည့် ဖြစ်ခြင်း။ ကွဲကွာနေသော လင်မယားများ ပြန်ဆုံကြလျှင်လည်း ဤကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု လိုရာဆွဲ၍ တွေးလိုက်မိသေး၏။
စာရေးသူ တရားပွဲကြွသည့်အခါ မန်္တလေးဝန်းကျင်တရားပွဲဆိုလျှင် မသွားခင် ပျားရည်နှင့် သံပုရာရည် (ပျားသံပုရာ)ကို ရေနွေးနှင့်ဖျော်၍ သောက်လေ့ရှိပါသည်။ သို့မှသာ ဟောပြောရေး အဆင်ပြေပါသည်။ ဟောခါနီးမှ သောက်ရလျှင် တရားပွဲအစ၌ ချွဲကြပ်၍ အသံကပ်တတ်ပါသည်။ နယ်တရားပွဲဆိုလျှင်ကား တရားပွဲမစခင် တစ်နာရီခန့် ကြိုတင်ရောက်မှသာ ပျားသံပုရာ ဘုဉ်းပေးပါသည်။ တရားပွဲ နီးကပ်နေလျှင်ကား မဘုဉ်းပေးတော့ပါ။ ဤအကြောင်းကို မသိသော တပည့်များက ဟောကာနီးမှ ကပ်တတ်ကြလေသည်။ ချွဲကြပ် အသံကပ်သည်ကို ကြိတ်မှိတ် သည်းခံနိုင်သော်လည်း ပရိသတ်အနေဖြင့်မူ ချွဲဟန့်သံသာ နားထောင်နေရသဖြင့် အဆင်ပြေလိမ့်မည် မဟုတ်ပါ။ နီးကပ်မှ ရောက်သဖြင့် နီးကပ်မှကပ်သည်ကိုမူ အပြစ်မဆိုသာသော်လည်း ကြိုတင်ရောက်ပါလျက် နီးကပ်မှ ကပ်လာလျှင် ငြင်းပယ်လိုက်ပါတော့၏။ တစ်ပွဲလည်း မရိပ်မိကြ၊ နှစ်ပွဲလည်း မရိပ်မိကြဖြင့် စာရေးသူမှာ ပွဲတိုင်းနီးပါး ပျားသံပုရာ ငတ်နေရလေ၏။ အဖော်မက်သည့် ကပ်္ပိယများသည် တရားပွဲ၌ နယ်ခံများက စာရေးသူနှင့် စပ်ဆက်၍ သိလိုသည်များကို အရေးတယူ မေးမြန်းခံရသည့်အခါ ဆရာကြီးလုပ်၍ ဖြေကြားနေရသည်ကို အရသာ တွေ့ဟန် ရှိလေ၏။ ထို့ကြောင့် ကြိုတင်ရောက်သော်လည်း ကြိုတင် မကပ်ဖြစ်တော့ပေ။ တရားဟောခါနီးမှ တစ်ခါတရံ ပလ်္လင်ပေါ် တက်ဖို့ရန် လာပင့်နေမှ ကပျာကယာလေး လာချပေးလေ၏။ စိတ်ညစ်ညစ်နှင့် ပလ်္လင်တက်ခဲ့ရသည်က များလေသည်။ ၎င်းတို့သည် ပျားသံပုရာကို ပလ်္လင်တက်ဆေးအဖြစ် ရှုမြင်ထားပုံ ပေါ်၏။ ကပ်္ပိယက လေမိနေ၍ နောက်ပါတပည့် မောင်ပဉ်္ဇင်းက သတိရလေမလောဟု အားကိုးတကြီး ကြည့်မိသည့်အခါလည်း ရှိပေ၏။ တပည့်လေးက ပို၍ ဆိုးလေ၏။ တပည့်လေးက ရေနွေးလည်း ထည့်မပေးပါ။ ဓာတ်ဘူးလည်း ရွှေ့မပေးပါ။ ထေရ်ကြီးဝါကြီးများက ထိပ်ဆုံးမှာ ထိုင်နေကြ၏။ စာရေးသူက လက်ဝဲဘက်၊ တပည့်လေးက လက်ယာဘက်၊ စားပွဲတစ်ခုတည်း ထိုင်ကြသည့်အခါ ထေရ်ကြီးဝါကြီးများက “ဘုဉ်းပေး ဘုဉ်းပေး”ဟု တိုက်တွန်း၏။ စာရေးသူက မည်သည့်အရာ ဘုဉ်းရမည်မှန်း မသိ။ ပျားရည်နှင့် သံပုရာခြမ်းပွဲက မီသော်လည်း ရေနွေးက မမီ၊ တပည့်လေးက ဖန်ခွက်ထဲ ထည့်ပေးမည် အထင်ဖြင့် မကြာခဏ ကြည့်သော်လည်း သူက မရိပ်မိ။ “ရေနွေးထည့်ပေးပါဟဲ့”ဟု ပြောမိလျှင်လည်း မသင့်တော်ပြန်။ ကုန်းကုန်းကွကွကြီးဖြင့် မမီ့တမီ လှမ်းယူရရန်လည်း ခက်သဖြင့် စာရေးသူမှာ အငတ်ခံခဲ့ရသည့် ပွဲပေါင်းကား မနည်းလှချေ။
အလိုက်သိလွန်းသည့် ကပ်္ပိယနှင့် တွေ့ပြန်တော့လည်း တစ်မျိုးပင်။ အင်ရှူးဝါးကို ဖန်ခွက်အပြည့်ထည့် ကပ်၏။ စာရေးသူက ၀မ်းမီးငြိမ်းရုံသာ အင်ရှူးဝါး သောက်ခြင်းဖြစ်၏။ သူက ဗိုက်ဆာမည်ထင်၍ ခွက်ပြည့်ကပ်ခြင်း ဖြစ်၏။ နှမြောသဖြင့် ကြိတ်မှိတ်သောက်နေရလေ၏။ ပိုဆိုးသည်မှာ အင်ရှူးဝါးသည် လေးလေးပင်ပင် မရှိဘဲ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေလေ၏။ တစ်ခါတရံ၌မူ တည်းခိုရာအိမ် ပြန်ရောက်သည်နှင့် ချက်ချင်းဖျော်၍ ကပ်လေ၏။ အိမ်ထိ လိုက်ပို့သည့် ပရိသတ်များရှေ့မှာဆိုလျှင် စာရေးသူက ရှက်တတ်ပေသည်။ တားမြစ်လိုက်လျှင် ပို၍ အထင်လွဲနိုင်သဖြင့် ခပ်ရှက်ရှက်နှင့် အကပ်ခံလိုက်ရလေ၏။ အချို့ အင်ရှူးဝါးသည် စတော်ဘယ်ရီရောင် ဖြစ်နေသဖြင့် ဖာလူဒါ ဘုဉ်းပေးသည်ထင်ကာ ညစာစားသည်ဟု မှတ်ယူသွားမည်ကို ပို၍ စိတ်ပူမိခြင်း ဖြစ်၏။ “မင်းတို့က လူရှေ့ သူရှေ့ အဲလိုကပ်တာ အရေးမကြီးဘူး။ ဖာလူဒါတို့ နွားနို့တို့ ကပ်တယ်ထင်သွားကြရင် ငါက ရှက်တတ်တယ်ကွ”ဟု ပြောမိလေရာ “ဖာလူဒါ၊ နွားနို့နှင့် အင်ရှူးဝါး ကွဲကြပါတယ်ဘုရား”ဟု ဖြေလေ၏။ ထိုကပ်္ပိယသည် အင်ရှူးဝါး ဆက်ကပ်ရာ၌ ဆင်ခြင်သွား သော်လည်း ဖျော်ရည်ကပ်ရာ၌ ထပ်၍ ဖောက်လာပြန်လေ၏။ ဧရာဝတီ ခရီးစဉ်၌ ခရီးရောက်မဆိုက်ပင် ကြိုဆိုရေး သံဃာတော်များနှင့် ပရိသတ်တို့ စုံလင်နေချိန် စာရေးသူက ပရိသတ်ကို ကျောပေးကာ သံဃာတော်များအား မိတ်ဆက်စကား လျှောက်ထားနေသည့်အခိုက် အင်ရှူးဝါးကပ်္ပိယက ပန်းသစ်သီးဖျော်ရည် လာကပ်လေ၏။ ထေရ်ကြီးဝါကြီးများရှေ့မှောက်မှာ ဖြစ်၍ အားလည်းနာ ရှက်လည်းရှက် ဖြစ်နေသဖြင့် အကပ်မခံဘဲ အနားမှ ၀န်းရံတပည့်ကို ကပ်ခိုင်းလိုက်ကာ စာရေးသူက ဆက်၍ လျှောက်ထားနေလေ၏။ ၀န်းရံတပည့်ကြီးကား သူ့ကို ချီးမြှောက်သည်ဟုထင်ကာ စာရေးသူ့ဖျော်ရည်ကို အားပါးတရ သောက်ပစ် လိုက်လေတော့၏။ ထေရ်ကြီးဝါကြီးများလည်း စာရေးသူ ပြောကြားသည်ကို အာရုံမရောက်တော့ဘဲ မော့သောက်တပည့်ကြီးထံ တပြိုင်တည်း ၀ိုင်း၍ ကြည့်နေကြလေတော့၏။ အင်ရှူးဝါကပ်္ပိယကား စာရေးသူ ဗိုက်ဆာနေမည်ထင်၍ ဦးဦးဖျားဖျား ကပ်ခြင်း ဖြစ်ပါသည်။ စာရေးသူက သံဃာတော်များရှေ့မှောက် တစ်ယောက်တည်း သောက်ရမည်ကို ရှက်ရွံ့သဖြင့် တပည့်ကို အကပ်ခိုင်းခြင်း ဖြစ်ပါသည်။ တပည့်က အကပ်ခံပေးရုံလေး လုပ်ရမည်ကို မော့သောက်လိုက်ခြင်း ဖြစ်ပါသည်။ နားနေဆောင်ရောက်သည့်အခါမှ ရင်ဖွင့်ရလေတော့၏။ ထိုအခါ အကပ်ခံ မော့သောက် တပည့်ကြီးခမျာ ၀ိုင်း၍ အဟားခံရလေတော့၏။ “အချိန်ရှိသမျှ စားနေရသူက ထိုဖျော်ရည်လေးတောင် ချမ်းသာမပေး။ သူ့ကို အကပ်ခံခိုင်းတာကို သောက်ခိုင်းတာ ကျနေတာပဲ။ အားရပါးရ မော့သောက်ပစ်တယ်”ဟု ပြောလိုက်ခြင်း ဖြစ်၏။
ရန်ကုန်အိမ်ဂေဟာမှာ တစ်ခါကြုံရသည်လည်း ရှိသေး၏။ အာဂန္တုနှင့် စကားပြောနေခိုက် ဖျော်ရည်လာကပ်၏။ ဖန်ခွက်ကို အပေါ်မှ တစ်ရှူးဖြင့် အုပ်ထားကာ ဘေးပတ်ပတ်လည်မှာလည်း တစ်ရှူးဖြင့်ကာထား၏။ စာရေးသူ အကပ်မခံဝံ့၍ ပြန်ပေးလိုက်လေ၏။ အထဲမှာ ဘာတွေပါလဲဟု မမေးဝံ့ပေ။ ၀ိကာလ အာဟာရများ ဖြစ်နေလျှင် ဒုက်္ခဟု တွေး၍ အရှက်လွန်ကာ ပြန်ပေးလိုက်ခြင်း ဖြစ်၏။ အာဂန္တု နောင်တော်ကြီးတစ်ပါး မည်သို့ထင်မြင်သွားလိမ့်မည်နည်း။ “မင်း ဘာလာကပ်တာလဲ”ဟု အာဂန္တုပြန်မှ မေးမိ၏။ “ပန်းသီးဖျော်ရည်ပါဘုရား”ဟု ပြောရာ “ဟာကွာ။ ပန်းသီးဖျော်ရည်များ တစ်ရှူးဖြင့် ဖုံးရတယ်လို့”ဟု ပြောကာ နဖူးကို လက်ဝါးနှင့်အုပ်၍ အံ့သြသွားရတော့၏။ ထိုကပ်္ပိယသည် မြိတ်တရားပွဲ နာရီချပေးသော ကပ်္ပိယပင်တည်း။ မသိုးသင်္ကန်းအလှူရှင် ကပ်္ပိယလေး သစ်သီးခွဲပုံကို ပြောရဦးမည်။ ကျွဲကောသီးကို ခြေထောက်နှစ်ဖက်ဖြင့် ထိန်း၍ အခွံခွါနေခြင်း ဖြစ်၏။ ထိုသို့ ခွဲလာသည်မှာ အကြိမ်မည်မျှ ရှိပြီဆိုသည်ကို မသိရသော်လည်း ကျွဲကောသီးဖျော်ရည် သောက်ရသည့်အခါတိုင်း ထိုကပ်္ပိယလေးကိုသာ မြင်ယောင်နေမိလေ တော့၏။
တစ်ခါသော် အာရတ်အေ(ျွင်္ဗ) သတင်းဌာနသို့ သွားကာနီး၌ ကပ်္ပိက အအေးကပ်လိုက်၏။ ခါတိုင်း လိုပင် လက်ဖျော်ထင်၍ သောက်ခဲ့ပါလေ၏။ သတင်းဌာနသို့ ရောက်သော် ချွဲကြပ်လေတော့၏။ ပို၍ ဆိုးသည်မှာ တစ်ရှူးလည်း မရှိ၊ လက်ကိုင်ပုဝါလည်း ပါမလာခဲ့ခြင်းပင်။ ၎င်းင်းဌာန မေးပါရစေ အခန်းကဏ္ဍ ညီနောင်နှစ်ပါးနှင့် သတင်းတင်ဆက်သူတို့ သုံးဦးသားစကားပြောခန်းကို သတိရသေးသူများ ရှိလျှင် သိနိုင်ပါသည်။ အစပိုင်း၌ စာရေးသူစကားမပြောနိုင် ဖြစ်နေသည်မှာ ထွေးခံမရှိ၊ တစ်ရှူးမရှိ၊ လက်ကိုင်ပုဝါမရှိ၍ ကိုယ့်ချဲကိုယ် မျိုချနေရသောကြောင့်တည်း။ “မင်း ငါ့ကို ဘာတွေ ဖျော်ကပ်လာတာတုံး” “စွံပလွံသီး အဆီပါဘုရား” “ဟာ သွားပြီကွာ”ဟု ညည်းမိ၏။ စာရေးသူ လက်ဖျော်သာသောက်မှန်း ကပ်္ပိယ မသိရှိရှာပါတကား။
ကပ်္ပိယအပြစ်ရောက်တိုင်း ပြောမိသည့် စကားတစ်ခွန်း “မင်းတို့ကောင်တွေကွာ ငါတော့ မိန်းမသာ လိုချင်တော့တာပဲ”ဟူ၏။ “မင်းတို့မှတ်ထား ဒကာမတွေ ဖျော်ရည်လာကပ်ပြီဆိုရင် စားပွဲကို အရင်လာရှင်းတယ်ကွ။ ပြီးမှ ဖျော်ရည်လာကပ်တာ”ဟု ရှင်းပြမှ သိသွားကြသည်က များ၏။ သူတို့ ဖျော်ရည်လာကပ်လျှင် စာရေးသူက ဖျော်ရည်ခွက်ကို ကိုင်ထားရ၏။ ပြီးမှ သူတို့ကို ဖန်ခွက်တင်စရာ နေရာရှင်းခိုင်းရ၏။ တစ်ခါတရံ၌မူ သူတို့ကို မြင်သည်နှင့် စာရေးသူကိုယ်တိုင် စားပွဲကို ဦးစွာရှင်းလိုက်ရ၏။ ကမ်္ဘာကြီးက စာရေးသူကို အထင်ကြီးနေ၏။ စာရေးသူ့အကြောင်း ကပ်္ပိယများအကြောင်း သိသွားလျှင်ကား အံ့သြကြမည်သာ။ စာရေးသူဘ၀မှာ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ဖွယ်များ စီမံပေးမည့်သူ ပွဲလမ်းသဘင်၌ တင့်တယ်စွာ သင်္ကန်းဝတ်ရုံနိုင်အောင် စီမံပေးမည့်သူ အမျိုးသမီးတစ်ဦး အလိုရှိနေသည်ကား အမှန်ပင်။ အမျိုးသမီးများ ဘုန်းကြီးအနားကပ်လျှင် စောင့်ကြည့်လေ့ရှိသော တပည့်များကို ကျေးဇူးတင်သော် လည်း ထိုတပည့်များသည် အမျိုးသမီးများလို သင့်တင့်မျှတ ညီညွတ်တင့်တယ်အောင် စီမံနိုင်စွမ်း မရှိကြသည်မှာ စာရေးသူဘ၀အတွက် ဧရာမလိုအပ်ချက်ကြီး တစ်ခုပင်။ ထို့ကြောင့် ကမ္ဘာကြီးသိအောင် ကြော်ငြာလိုက်ချင်ပါသည်။ မိန်းမတစ်ယောက် အလိုရှိသည်ဟူ၍သာ . . . . .။
ဝီရသူ(မစိုးရိမ်)
31.1.2021