ေဆာင္းပါး

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၅)

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၅)
“က်န္းမာေရးေလ့က်င့္မႈ”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္အထူးလက္ေဆာင္)

စာေရးသူ မနက္အိပ္ရာထ သန္႔စင္ခန္းဝင္သည့္အခါ မ်က္စိေလ့က်င့္ခန္း လုပ္ပါသည္။ ခါးမတ္မတ္ထိုင္၊ ေခါင္းတည့္တည့္ထားကာ ဝဲယာႏွစ္ဖက္သို႔ တျဖည္းျဖည္းခ်င္း လွည့္ပါသည္။ မ်က္စိကို ေနာက္ေက်ာဘက္သို႔ တျဖည္းျဖည္းခ်င္း ပို႔ရပါသည္။ မ်က္ေၾကာမ်ားေျဖေလွ်ာ့ျခင္း ျဖစ္ပါသည္။ ဆီးဝမ္းသြားသည့္အခါတိုင္း ထိုကဲ့သို႔လုပ္ပါသည္။ အနည္းဆုံး ေလးငါးႀကိမ္မွ အမ်ားဆုံး ဆယ္ႀကိမ္အထိ ျဖည္းညႇင္းသာယာစြာ မ်က္စိေလ့က်င့္ခန္းမ်ား လုပ္ႏိုင္ခဲ့ပါသည္။

မ်က္စိသည္ ေရွ႕တည့္တည့္ႏွင့္ ေအာက္အရပ္သို႔ အၾကည့္မ်ားပါသည္။ အေပၚအရပ္ႏွင့္ ဝဲယာဘက္သို႔ အၾကည့္နည္းပါသည္။ ထို႔ေၾကာင့္ ဝဲယာဘက္အေၾကာမ်ား တင္းမသြား ေသမသြားေစရန္ သန္႔စင္ခန္းဝင္တိုင္း ေဘးႏွစ္ဖက္သို႔ အၾကည့္ေရာက္ေအာင္ လုပ္ေပးျခင္းျဖစ္ပါသည္။ ထို႔အတူ ကြင္းျပင္ထဲလမ္းေလွ်ာက္သည့္အခါ မိုးေကာင္းကင္ဆီ အၾကည့္ေရာက္ေအာင္ ေမာ့ၾကည့္တတ္ပါသည္။ သာယာၾကည္လင္ေနေသာ ေကာင္းကင္ျပင္ကို ေမာ့ၾကည့္ကာ မ်က္လုံးကို အေဝးပို႔လိုက္ အနီးပို႔လိုက္ လုပ္ရပါသည္။ ညအခါ လသာေနလွ်င္ လမင္းႀကီးကို စိုက္ၾကည့္ပါသည္။ လမင္းႀကီးေတြ အမ်ားႀကီးထင္ရေလာက္ေအာင္ ေဝဝါးသြားသည္အထိ စိုက္ၾကည့္ပါသည္။ ရံဖန္ရံခါ မ်က္ရည္ပူမ်ား က်တတ္ပါသည္။ မ်က္လုံးအေၾကာမ်ား ေျဖေလွ်ာ့ၿပီးသားျဖစ္သလို လမင္းႀကီးရဲ႕ သဘာဝအေအးဓာတ္လည္း မ်က္စိထဲဝင္ေရာက္သြားပါသည္။ လေရာင္အေအးဓာတ္ရရွိသြားသျဖင့္ မ်က္စိလည္း ေအးစိမ့္သြားပါသည္။

မနက္ခင္းျဖစ္ေစ ေန႔ခင္းျဖစ္ေစ ေနသာသည့္အခါ မ်က္စိမွိတ္၍ ေနမင္းႀကီးကို ေမာ့ၾကည့္ပါသည္။ မ်က္ႏွာကို ေနျပျခင္း မ်က္ခြံကို ေနလွန္းျခင္း ျဖစ္ပါသည္။ မ်က္ခြံေပၚမွ ေသြးေၾကာေလးမ်ားကို အပူေပးျခင္း၊ ေသြးလည္ပတ္မႈအားေကာင္းေအာင္ ေသြးေႏႊးေပးျခင္း ျဖစ္ပါသည္။ မ်က္လုံးအေၾကာေသျခင္း၊ မ်က္ခြဲေလးလံျခင္းမ်ား မျဖစ္ေတာ့ပါ။ သတိရသည့္အခါတိုင္း အျမင့္အာ႐ုံ အေဝးအာ႐ုံ ေဘးအာ႐ုံမ်ားသို႔ အၾကည့္ေရာက္ေအာင္ အျမင့္ရႈခင္း အေဝးရႈခင္း ေဘးရႈခင္းမ်ားကို ၾကည့္ရႈေပးတတ္ပါသည္။

ေန႔ဆြမ္းစားၿပီး သြားတိုက္ ေဆးေၾကာၿပီးသည့္အခ်ိန္ မွစ၍ ေျခေထာက္ေရအထိ မခံေတာ့ပါ။ ေျခေထာက္ေရထိလွ်င္ အပူကန္တတ္ေသာေၾကာင့္ ျဖစ္၏။ ထို႔ေၾကာင့္ ေရခ်ိဳးခန္းထဲမွာ ဖိနပ္တစ္ရံ ထားရပါသည္။ တရားေဟာႂကြသည့္အခါ၌ကား အလြယ္တကူ ဖိနပ္ရွာရလွ်င္ ဖိနပ္ထားေပးဖို႔ ေျပာရၿပီး မလြယ္ကူလွ်င္ မိမိစီးေနက် ဖိနပ္ကို ေရခ်ိဳးခန္းထဲ ထားလိုက္ပါသည္။ အမ်ားသုံးေရခ်ိဳးခန္း ျဖစ္ေနပါမူ ကိစၥၿပီးလွ်င္ ဖိနပ္ကိုေထာင္ၿပီး ေရစစ္ထားခဲ့ဖို႔ အၿမဲမွာရပါသည္။ ေျခဖဝါး ေရထိမခံေသာ ေရာဂါတည္း။ ေျခေထာက္သာ ေရအထိမခံႏိုင္ျခင္း မဟုတ္ပါ။ မြန္းလြဲပိုင္းတြင္ ေရလည္းခ်ိဳးေလ့ မရွိပါ။ တစ္ႏွစ္မွာ တစ္ခါမွ်ပင္ မြန္းလြဲပိုင္းမွာ ေရမခ်ိဳးဖူးပါ။ က်န္းမာေရးေၾကာင့္ ျဖစ္ပါသည္။ မြန္းလြဲပိုင္း ေရခ်ိဳးမိလွ်င္ ခႏၶာကိုယ္ ယႏၲရားႀကီးက ေျပာင္းျပန္လည္ပတ္သြားေသာေၾကာင့္ျဖစ္၏။ ဥပမာ- မနက္အိပ္ရာထ ဝမ္းသြားရမည့္အစား ညေနမွ ဝမ္းသြားျခင္းမ်ိဳး၊ ေသြးေလမညီၫြတ္ေတာ့သျဖင့္ ေလးလံထိုင္းမႈိင္း ကိုက္ခဲေနျခင္းမ်ိဳး ျဖစ္ပါသည္။ ညေနပိုင္း ေရမခ်ိဳးသည့္ အေလ့မွာ ကိုရင္ဘဝကတည္းက ျဖစ္ပါသည္။ အပူခ်ိန္ မည္မွ်ႀကီးမားေစကာမူ ေခြၽးခဏခဏ သုတ္ပစ္ေလ့သာရွိၿပီး လုံးဝ ေရမခ်ိဳးပါ။ “ငါက ေနလြဲ ညစာသာ ေ႐ွာင္တာ မဟုတ္ဘူး၊ေနလြဲ ခ်ဳိးေရပါ ေ႐ွာင္တာကြ”ဟု တပၫ့္မ်ားအား မၾကာခဏ ေျပာျပတတ္ပါသၫ္။မြန္းလြဲပိုင္း ေရမခ်ဳိးသည္ကို ၾကၫ့္ကာ “ဆရာေတာ္ ေနႏိုင္သားပဲေနာ္”ဟု ေလွ်ာက္ထားခံရမႈမ်ား မၾကာခဏ ႀကံဳရတတ္ပါသည္။ သူတို႔က စာေရးသူကို အံ့ၾသၾကသလို စာေရးသူကလည္း သူတို႔ကို အံ့ၾသေနမိေပသည္။ “လူေတြ ဘာေၾကာင့္မ်ား ညေနဘက္မွာ ေရခ်ိဳးၾကပါလိမ့္”ဟု အၿမဲ ေမးတတ္သလို ကာမဂုဏ္အတြက္ ျဖစ္လိမ့္မည္ဟုလည္း စိတ္ထဲမွာ အေျဖေပးေနတတ္ပါသည္။

“ တစ္ေန႔တစ္ႀကိမ္သာ ေရခ်ိဳးပါ”
” ညေနဘက္မွာ ေရခ်ိဳးတာ က်န္းမာေရးႏွင့္ မညီၫြတ္ပါ။”
ဤကား စာေရးသူ၏ ကိုယ္ပိုင္ေဆာင္ပုဒ္ျဖစ္ပါသည္။

ယခင္က ေရခ်ိဳးၿပီးလွ်င္ ထိုင္ထ ႏွစ္ဆယ္မွ ငါးဆယ္အထိ အၿမဲလုပ္ပါသည္။ က်န္းမာေရး ေလ့က်င့္မႈ တစ္ရပ္ပင္။ေရခ်ိဳးခ်ိန္ ၾကာျမင့္ေသာေၾကာင့္ ဆုံးရႈံးသြားသည့္ အပူဓာတ္မ်ား ျပန္လည္ရရွိေစလိုေသာေၾကာင့္ ေရခ်ိဳးၿပီးမွ ေလ့က်င့္ခန္းလုပ္ျခင္း ျဖစ္ပါသည္။ ေနာက္ပိုင္းတြင္ ေရခ်ိဳးခ်ိန္ပင္ မနည္းလုေနရသျဖင့္ ေလ့က်င့္ခန္း မလုပ္ျဖစ္ေတာ့ပါ။ ထိုအစား ႐ြတ္ဖတ္ပူေဇာ္ရင္း လမ္းေလွ်ာက္ရပါေတာ့၏။ လမ္းေလွ်ာက္ဝတ္လည္း မပ်က္၊ ႐ြတ္ဖတ္ပူေဇာ္ဝတ္လည္း မပ်က္သျဖင့္ က်န္းမာေရးႏွင့္ ဘာသာေရး ပူးတြဲလုပ္ေဆာင္ၿပီးသား ျဖစ္သြားပါေတာ့၏။

စာေရးသူသည္ ေသာက္ေရအျဖစ္ ေရေႏြးၾကမ္းသာ အသုံးျပဳပါသည္။ ဓာတ္ဘူးထဲမွာ ေရေႏြးျဖဴအၿမဲထားရွိကာ မတ္ခြက္ထဲမွာ လဘက္ေျခာက္ႏွပ္ထားတတ္ပါသည္။ အၾကမ္းႏွင့္ အျဖဴေရာစပ္၍ ေသာက္ပါသည္။ ပူလြန္းအားႀကီးလွ်င္လည္း မေသာက္တတ္ပါ။ ေအးလြန္းအားႀကီးလွ်င္လည္း မေသာက္တတ္ပါ။ ေႏြးေႏြးေလးသာ ေသာက္ေကာင္းပါသည္။ ထို႔ေၾကာင့္ အပူအေအးေရာစပ္၍ ေသာက္ျခင္းျဖစ္ပါသည္။ လဘက္ေျခာက္ဖန္တြတ္ေနလွ်င္လည္း မေသာက္တတ္ပါ။ လဘက္ေျခာက္ကို ေရေႏြးျဖဴအနံ႔ေပ်ာက္႐ုံမွ်သာ ထည့္ခတ္တတ္ၿပီး ေပါက္ပြင့္မ်ားမ်ားထည့္ခတ္ေလံရွိပါသည္။ ဆီးဝမ္းေကာင္းျခင္း၊ အေညာင္းအညာေျပျခင္းအက်ိဳးမ်ား ရရွိပါသည္။ ထို႔ေၾကာင့္ ေပါက္ပြင့္မ်ား အေျခာက္လွန္းကာ လာလႉၾကသည့္ တပည့္မ်ားရွိသလို လမ္းႀကဳံ၍ ေပါက္ပြင့္ခူးလာသည့္ ဒကာ ဒကာမမ်ားလည္း ရွိပါသည္။ ယခုလိ္ုအခါမ်ိဳး၌ ေပါက္ပြင့္အစား ခ်င္း(ဂ်င္း)ထည့္ေသာက္ပါသည္။ ဓာတ္ဘူးထဲသို႔ ဂ်င္းဖတ္ေလးငါးခုထည့္ထားၿပီး မတ္ခြက္ထဲသို႔ ဂ်င္းတစ္ဖတ္ႏွစ္ဖတ္ထည့္ကာ မၾကာခဏေသာက္ပါသည္။ ေမႊးလည္းေမႊး အရသာလည္းရွိသျဖင့္ အလြန္တရာေသာက္ေကာင္းလွပါေတာ့၏။ အသဲ(အသည္း)က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳပါသည္။ ဘီပိုး စီပိုးရွိသူမ်ား အသည္းေျခာက္ အသည္းမေကာင္းသူမ်ား စြဲၿမဲစြာ ေသာက္ၾကည့္ေစလိုပါသည္။ေလာက္ေသ႐ြက္ႏွင့္ ေဆးခါးႀကီးမ်ား ထည့္ေသာက္ဖူးေသာ္လည္း ေပါက္ပြင့္ႏွင့္ ဂ်င္းကဲ့သို႔ စြဲၿမဲစြာမေသာက္ျဖစ္ခဲ့ပါ။ ေလာက္ေသ႐ြက္ႏွင့္ ေဆးခါးႀကီးထည့္ခတ္ေသာက္စဥ္ကလည္း ဆီးဝမ္းမွန္ျခင္း အက်ိဳးမ်ားရရွိခဲ့ဖူးပါသည္။

ေရေႏြးၾကမ္းကို ေသာက္ေရအျဖစ္ မွီဝဲရာ၌လည္း ေရဆာမွေသာက္သည့္ပုံစံမ်ိဳးမဟုတ္ပါ။ မၾကာမၾကာေသာက္ပါသည္။ ခဏခဏေသာက္ပါသည္။ သတိရတိုင္း ေသာက္ပါသည္။ဆာမွ ငတ္မွ ေသာက္ျခင္းမ်ိဳးမဟုတ္ဘဲ တာဝန္တစ္ရပ္အေနျဖင့္ ေသာက္ေလ့ရွိျခင္း ျဖစ္ပါသည္။ တပည့္မ်ား ဒကာ ဒကာမမ်ားကိုလည္း “ေရကို ဆာမွ ငတ္မွ ေသာက္တာမ်ိဳးမလုပ္ၾကနဲ႔၊ လိုအပ္ခ်က္တစ္ခုအျဖစ္ ေသာက္ၾက၊ တာဝန္တစ္ရပ္အေနျဖင့္ ေသာက္ၾက”ဟု ၾသဝါဒေပးေလ့ရွိပါသည္။ မွန္ပါသည္။ လူအမ်ားအျပားသည္ ေရငတ္မွ ေရဆာမွ ေရေသာက္ေလ့ရွိပါသည္။ လည္ေခ်ာင္းေတြေျခာက္ကပ္လာျခင္း၊ အာေခါင္ေတြ ပူေလာင္လာျခင္းသည္ ေရငတ္ျခင္းလကၡဏာျဖစ္ပါသည္။ ထိုလကၡဏာျပလွ်င္ျပခ်င္း ေရေသာက္လွ်င္ပင္ လြန္စြာေနာက္က်ေနေပၿပီ။ အခ်ိန္အလြန္ၾကာမွ ေသာက္လွ်င္ကား ေျပာစရာပင္မလိုေပ။ ႏႈတ္ခမ္းကြဲျခင္း၊ အာေခါင္အပူကန္ျခင္း၊ လွ်ာမွာအဖုအပိန္႔ထြက္ျခင္းမ်ားသည္ ေရဆာမွ ေရေသာက္သူမ်ားမွာ အျဖစ္မ်ားပါသည္။ ေရေသာက္နည္းသူမ်ားမွာ ျဖစ္ပြားတတ္သည့္ ေဝဒနာမ်ား ျဖစ္ပါသည္။

ခႏၶာကိုယ္တစ္ခုကို ေမာ္ေတာ္ကားတစ္စီး မီးစက္တစ္လုံးလို သေဘာထားႏိုင္ပါသည္။ ေမာ္ေတာ္ကားမွာ စက္ဆီအဓိကျဖစ္ေသာ္လည္း ေရမပါလွ်င္ ေမာင္းႏွင္မရပါ။ ေရျပတ္သြားလွ်င္ ထိုးရပ္သြားပါသည္။ ထို႔ေၾကာင့္ ေရျဖည့္ထားရပါသည္။ မၾကာခဏ ေရထည့္ေပးရပါသည္။ လူ႔ခႏၶာကိုယ္လည္း ထို႔အတူပင္။ ေသြးကအဓိကျဖစ္ေသာ္လည္း ေရမရွိလွ်င္ မျဖစ္ပါ။ ေရရွိေနမွ အစာခ်က္ႏိုင္ပါသည္။ ေရရွိေနမွ ေသြးလည္ပတ္ႏိုင္ပါသည္။ ေရရွိေနမွ ဆီးအိမ္အႏၲရာယ္ကင္းပါသည္။ ခႏၶာကိုယ္၌ ေရဓာတ္အမ်ားဆုံး အသုံးျပဳေနရသျဖင့္ ေရအၿမဲလိုအပ္ေနျခင္း ျဖစ္ပါလ်က္ ေရအျပတ္ခံေနၾကျခင္းသည္ ခႏၶာကိုယ္စက္ယႏၲရားႀကီး ပ်က္စီးခ်ိန္ေရာက္မွ ဝပ္ေရွာ့အပ္သကဲ့သို႔ ျဖစ္ေနေပသည္။ ထို႔ေၾကာင့္ အာေခါင္ေျခာက္သည္အထိ မေစာင့္ၾကဘဲ မၾကာခဏ ေရေသာက္ေပးရသည့္ အေလ့အထမ်ား ထူေထာင္ၾကေစလိုပါသည္။

” အသားအေရ စိုေျပလိုလွ်င္လည္း ေရေသာက္ပါ။ “
” ႐ုပ္အဆင္းၾကည္လင္လိုလွ်င္လည္း ေရေသာက္ပါ။ “
” အစာအိမ္ေရာဂါ ဆီးေရာဂါမ်ား မျဖစ္ပြားေစလိုလွ်င္လည္း ေရေသာက္ပါ။ “
“ကိုယ္လက္ေပါ့ပါး လန္းဆန္းတက္ႂကြလိ္ုလွ်င္လည္း ေရေသာက္ပါ။ “
“ အလုပ္မလုပ္ခင္ ေရေသာက္ပါ။
အလုပ္လုပ္ေနစဥ္ ေရေသာက္ပါ။
အလုပ္ၿပီးလွ်င္ေရေသာက္ပါ။”
” ေရကို မၾကာခဏေသာက္ပါ။ “
” သတိရတိုင္း ေသာက္ပါ။”
” တာဝန္တစ္ရပ္အျဖစ္ ေသာက္သုံးပါ’ ဟုသာ တိုက္တြန္းရပါေတာ့သတည္း။

စာေရးသူ၏ က်န္းမာေရးမွတ္တိုင္ကား လက္ဖဝါးႏွင့္ ေျခဖဝါးတို႔ပင္ ျဖစ္ပါသည္။ လက္ဖဝါး ေျခဖဝါးမ်ား အဆီထြက္ေနလွ်င္ က်န္းမာေရးေကာင္းသည္။ မထြက္လွ်င္ က်န္းမာေရးမေကာင္းပါ။ က်န္းမာေရးညံ့လြန္းသူမ်ားကို ေတြ႔လွ်င္ “ေျခဆီလက္ဆီ ထြက္သလား”ဟု ေမးတတ္ပါသည္။ မထြက္သူက မ်ားပါသည္။ ထိုအခါ ေျခဆီထြက္ေအာင္ ေလွကားေစာင္းမ်ား နင္းျခင္း၊ အုံးမႈတ္ခြက္နင္းျခင္း၊ က်န္းမာေရးဖိနပ္ခုံနင္းျခင္း တစ္ခုခုကို ျပဳလုပ္ခိုင္းပါသည္။ ရက္ပိုင္းအတြင္း ေျခဆီထြက္လာသည္က မ်ားပါသည္။ လက္ဆီ မထြက္သူမ်ားကိုမူ လက္ေခ်ာင္းၾကားမွ လက္ခုံမ်ားကို ႏွိပ္ခိုင္းပါသည္။ လက္ဖဝါးေထာင္ရပါသည္။ လက္ဖဝါးကို အျပင္ဘက္ လက္ဖမိုးကို အတြင္းဘက္ ထားရပါသည္။ လက္ညႇိဳးႏွင့္ လက္မၾကားမွ ႂကြက္သားမ်ားကို ျဖည္းျဖည္းခ်င္း ႏွိပ္ရပါသည္။ လက္ႏွစ္ဖက္ အျပန္အလွန္ႏွိပ္ခိုင္းပါသည္။ အခ်ိဳ႕ ႏွိပ္႐ုံမွ်ျဖင့္ လက္ဆီမထြက္ပါ။ထိုအခါ ပ႐ုပ္ဆီလိမ္းခိုင္းရပါသည္။ ပ႐ုပ္ဆီစစ္ကူေခၚ၍ ႏွိပ္ပါမွ လက္ဆီထြက္ၾကပါသည္။ အိပ္ရာဝင္တိုင္း လက္ေခ်ာင္းမ်ားၾကားမွ ႂကြက္သားမ်ားကို ႏွိပ္ေပးဖို႔၊ လက္ေခ်ာင္းထိပ္ဖ်ားေလးမ်ားကို ႏွိပ္ေပးဖို႔ အၿမဲတိုက္တြန္းပါသည္။ ေျပာသည့္အတိုင္းလုပ္သူမ်ား က်န္းမာေရး ေကာင္းလာၾကပါသည္။

“ ေျခဆီလက္ဆီ ဆိုတာ လူေတြရဲ႕ က်န္းမာေရး မွတ္တိုင္ကြ”
“ ေျခဆီလက္ဆီ ထြက္မထြက္ မျပတ္သတိ ထားရတယ္”
“ မထြက္ရင္ ထြက္ေအာင္ ေလ့က်င့္ခန္း လုပ္ေပး”
ဤကား စာေရးသူ၏ ၾသဝါဒ ျဖစ္ပါသည္။
မွန္ပါသည္။ အခ်ိဳ႕ ေျခဆီသာ ထြက္ၿပီး လက္ဆီမထြက္ၾကပါ။ ထိုသူမ်ားသည္ က်န္းမာေရး ေကာင္းတစ္ခ်က္ မေကာင္းတစ္ခ်က္ ျဖစ္ေနတတ္ပါသည္။အခ်ိဳ႕ ေျခဆီလက္ဆီ ႏွစ္ခုလုံး လုံး၀ မထြက္ၾကပါ။ထိုသူမ်ားက်န္းမာေရး လုံး၀ မေကာင္းၾကပါ။ အခ်ိဳ႕ ေျခဆီလက္ဆီ ႏွစ္ခုလုံး ထြက္ၾကပါသည္။ ထိုသူမ်ား က်န္းမာေရး အျပည့္အဝ ေကာင္းသည္ကို ေတြ႕ရႏိုင္ပါသည္။ စာရႈသူမ်ားလည္း ေျခဆီလက္ဆီထြက္ေအာင္ အၿမဲ ေလ့က်င့္ေစလိုပါသည္။ ေငြမကုန္ လူမပန္းဘဲ က်န္းမာေရး ေကာင္းမြန္သည့္ ေလ့က်င့္ခန္း တစ္ရပ္ပင္။

စာေရးသူအတြက္ ဖ်ားနာေတာ့မည့္ လကၡဏာသည္ အာေခါင္ေျခာက္ျခင္း၊ လည္ေခ်ာင္းပူျခင္းပင္။ နည္းနည္းပူလွ်င္ နည္းနည္းဖ်ားမည္။ မ်ားမ်ားပူလွ်င္ မ်ားမ်ားဖ်ားမည္။ ပူလာၿပီဆိုလွ်င္ ဖ်ားေတာ့မည္မွာ ေသခ်ာေပသည္။ထိုအခါ ပါရာစီတေမာလ္ ေဆးတစ္ျပားကို ဝါးစားကာ ေခြၽးထုတ္လိုက္ပါေတာ့၏။ ေခြၽးထုတ္ၿပီးသြားလွ်င္ ေပ်ာက္သြားေပေတာ့သည္။အဖ်ားႀကီးမလာေရာက္ခင္အဖ်ားေလးကို လက္ဦးမႈ ယူကာ ရွင္းပစ္လိုက္ျခင္းပင္ ျဖစ္ပါသည္။ ပါရာစီတေမာလ္ မရွိလွ်င္ အခိုးထုတ္ေဆး ေသာက္၍ ေခြၽးထုတ္လိုက္ပါသည္။ ထိုနည္းတူစြာ ေပ်ာက္သြားတတ္ပါသည္။ ထို႔ေၾကာင့္ စာေရးသူ ဖ်ားနာခဲပါသည္။ မဖ်ားခင္ ႀကိဳတင္ေဆးေသာက္ျခင္း၏ အက်ိဳးတရားပင္။ ေဆးမေသာက္ဘဲ အဖ်ားေပ်ာက္သည္လည္း ရွိပါသည္။ အိပ္ေရးဝေအာင္ အိပ္လိုက္ရုံျဖင့္ အဖ်ားက်သြားတတ္ပါသည္။လုံးဝ မဖ်ားေတာ့ပါ။ အလုပ္မ်ား၍ ပင္ပန္းသည့္ဒဏ္ေၾကာင့္ ျဖစ္ရသည့္ ပန္းဖ်ားေဝဒနာဟု ဆိုရေပမည္။ ေဆးေသာက္စရာ မလိုဘဲ အိပ္လိုက္လွ်င္ ေပ်ာက္သြားေသာေၾကာင့္တည္း။

စာေရးသူသည္ ေန႔စဥ္ မ်က္စဥ္းခတ္ပါသည္။ ေန႔ခင္းအိပ္ရာဝင္ တစ္ႀကိမ္၊ ညအိပ္ရာဝင္ တစ္ႀကိမ္ ခတ္ျခင္း ျဖစ္ပါသည္။ ထိုသို႔ မ်က္စဥ္းခတ္လာသည္မွာ ျပည္ေတာ္ျပန္ကတည္းက ျဖစ္ပါသည္။ အလုပ္မ်ားျပားလြန္း၍ ပင္ပန္းသည့္အခါ၊ စိတ္ဖိစီးမႈမ်ား၍ မြန္းၾကပ္သည့္အခါမ်ိဳး၌ အခန္းေအာင္းကာ မ်က္စဥ္းခတ္၍ အနားယူေနေလ့ ရွိပါသည္။ ခုတင္ကို ကန္႔လန္႔ျဖတ္အိပ္ကာ ေျခႏွစ္ဖက္ကို နံရံေပၚတင္ ဦးေခါင္းကို ခုတင္ေဘာင္ေအာက္လွန္ခ်ကာ မ်က္လုံးမွိတ္၍ အနားယူေလ့ရွိပါသည္။ မ်က္စဥ္းခတ္ထားသျဖင့္ မ်က္လုံးမွိတ္အနားယူျခင္းျဖစ္ကာ ေျခကအျမင့္၊ ေခါင္းကအနိမ့္မွာထားျခင္းျဖင့္ အာ႐ုံေၾကာမ်ား ေသြးလည္ပတ္မႈ အားေကာင္းေစပါသည္။ သို႔ေသာ္ ၾကာျမင့္စြာ မေနဝံ့ပါ။ ေခါင္းကိုက္ျခင္း ေသြးေလးျခင္းမ်ိဳး ျဖစ္ႏိုင္ေသာေၾကာင့္ပင္။ အနီးေနတပည့္မ်ား ကိစၥႀကီးငယ္ရွိ၍ ႐ုတ္တရက္ဝင္လာသည့္အခါ ထိုအေနအထားမ်ိဳး ေတြ႕ျမင္သြားသျဖင့္ တံခါးျပန္ပိတ္သြားသည္မ်ိဳးလည္း ႀကဳံရတတ္ပါသည္။ တံခါးဖြင့္သံၾကား၍ မ်က္စိဖြင့္ၾကည့္လိုက္ရာ မ်က္စဥ္းခတ္ထားသျဖင့္ မ်က္လုံးထဲမွာ မ်က္စဥ္းႏွင့္မ်က္ရည္ပူမ်ား ျပည့္လွ်ံေနသည္ကို ေတြ႕ျမင္ရသည့္တပည့္မ်ား မည္သို႔ထင္ၾကမည္မသိ။ စာေရးသူကား အလုပ္မ်ားသၫ့္အခါ စိတ္ရႈပ္သည့္အခါတိုင္း ထိုကဲ့သို႔ က်န္းမာေရးေလ့က်င့္တတ္ပါသည္။ ဆယ္မိနစ္ ဆယ့္ငါးမိနစ္ခန္႔ ၾကာျမင့္ပါသည္။

မ်က္ႏွာသစ္သည့္အခါ ေရခ်ိဳးသည့္အခါတိုင္း၌ ႏွာေခါင္းျဖင့္ ေရရႉေပးပါသည္။ နားထင္မ်ား ပူထူလာသည့္တိုင္ေအာင္ ဦးေရျပားတင္းၾကပ္လာေအာင္ ေရရႉျခင္းမ်ိဳးမဟုတ္ပါ။ ထိုသို႔ေရရႉလွ်င္ အဆုတ္ထဲေရဝင္ႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ ႏွာေခါင္းဝမွာတင္ ေရအျပည့္ငုံထားၿပီး ျပန္မႈတ္ထုတ္ျခင္း ျဖစ္ပါသည္။ ႏွာေခါင္းသန္႔ရွင္းေရးလည္း ျပဳလုပ္ၿပီးသားျဖစ္၊ က်န္းမာေရးေလ့က်င့္မႈလည္း ျပဳလုပ္ၿပီးသားျဖစ္သည့္ တစ္ကိုယ္ေရသန္႔ရွင္းမႈပင္ ျဖစ္ပါသည္။

ကားေပၚမွာသာ အခ်ိန္ကုန္ရသည့္အခါ အလုပ္မ်ား အထိုင္မ်ား၍ ပင္ပန္းသည့္အခါ ခါးကအခ်က္ျပပါသည္။ ခါးမတ္စြာလမ္းမေလွ်ာက္ႏိုင္ေတာ့ပါ။ ခါးထဲမွာ ေလခိုေနၿပီ အပူလွ်ိဳေနၿပီဆိုသည့္ သေကၤတပင္ ျဖစ္ပါသည္။ ထိုအခါ အိပ္ခန္းထဲဝင္ကာ ေခါင္းအုံးမပါဘဲ ပက္လက္အေနအထားျဖင့္ ေျခဖ်ားမ်ားကို အတြင္းဘက္၊ ဖေနာင့္မ်ားကို အျပင္ဘက္သို႔ေရာက္ေအာင္ ေျခေထာက္ဆန္႔ကာ လက္ႏွစ္ဖက္ကိုေမွာက္လ်က္ ခါးေဘးမွာကပ္၍ ဆန္႔တန္းထားပါသည္။ ေခါင္းကိုလည္း ေမာ့ထားပါသည္။ ဦးေခါင္းမွ ေျခဖ်ားအထိ မ်က္စိမွိတ္၍ စိုက္ၾကည့္ပါသည္။ ခါးမွအပူမ်ား တိုးထြက္ေနသည္ကိုလည္းေကာင္း၊ ထိုအပူမ်ားသည္ ေျခဖ်ားထိ ဆင္းသြားၾကသည္ကိုလည္းေကာင္း ေတြ႕ျမင္ေနရေပသည္။ ခဏၾကာလွ်င္ ေျခေထာက္မဆန္႔ႏိုင္ေတာ့ပါ။ ခါးလည္း မတင္းႏိုင္ေတာ့ပါ။ တစ္ကိုယ္လုံး ေျဖေလွ်ာ့ကာ ခပ္ေပ်ာ့ေပ်ာ့ေလး မွိန္းေနလိုက္ပါသည္။ ေန႔ဘက္အိပ္သည့္အခါတိုင္းလည္း ထိုသို႔ျပဳလုပ္ပါသည္။ ေခါင္းအုံး လုံးဝမသုံးပါ။ ညအိပ္သည့္အခါလည္း ထိုသို႔ေလ့က်င့္ပါသည္။ တစ္ေရးႏိုးမွ ေခါင္းအုံးသုံးပါသည္။

စာေရးသူ အိပ္စက္အနားယူသည့္အခါ ေခါင္းအံုးေပ်ာ့ေပ်ာ့ပါးပါးကိုသာ သံုးပါသည္။ ေခါင္းအံုးမာ ေခါင္းအံုးထူေနလွ်င္ က်န္းမာေရးထိခိုက္ႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ ေခါင္းအံုးအျမင့္ႀကီးႏွင့္ အိပ္ေပ်ာ္ေနသူမ်ား ဇက္က်ဳိးေခြေခါက္ေနေနသည္ကိုေတြ႔လွ်င္ သူ႔အစားေတြး၍ ပူပန္ေနမိတတ္ေပသည္။ နီးစပ္ရာတပည့္မ်ား ဒကာမ်ားျဖစ္ေနလွ်င္ ထိုကဲ့သို႔မအိပ္ဖို႔ သတိေပးတတ္ပါသည္။ “က်ီးေပါင္းတက္တတ္သည္။ အသက္ရွဴၾကပ္တတ္သည္။ ေခါင္းအံုးအျမင့္ႀကီးႏွင့္ မအိပ္ရ”ဟု သတိေပးဆံုးမတတ္ပါသည္။ လူသားတုိ႔သည္ ခ်မ္းခ်မ္းသာသာႏွင့္ သက္ေသာင့္သက္သာ အိပ္တတ္ၾကဖို႔လည္း လိုအပ္ပါသည္။ သို႔မွသာ က်န္းမာခ်မ္းသာၾကမည္ျဖစ္ပါ၏။

စာေရးသူသည္ ေလေအးစက္ကို အႀကဳိက္ႀကီးမဟုတ္လွပါ။ က်န္းမာေရးထိခုိက္မည္စိုးေသာေၾကာင့္ပင္။ အပူဒီဂရီမည္မွ်ပင္ ျမင့္တက္ေစကာမူ မြန္းတည့္ခ်ိန္အတြင္း ေလေအးစက္မဖြင့္ပါ။ ေခၽြးထြက္မွသာလွ်င္ က်န္းမာႏုိင္မည္ျဖစ္ေသာေၾကာင့္ပင္။ ဧည့္သည္အာဂႏၲဳမ်ားက ညည္းညဴမွသာလွ်င္ ဖြင့္ေပးပါသည္။ ေန႔လည္၌လည္း ေလေအးစက္ ဒီဂရီ ၂၃/၂၄အထိသာ မုိင္ကုန္ဖြင့္ပါသည္။ ေအးစက္ေနစရာမလို၊ သက္ေသာင့္သက္သာရွိလွ်င္ အဆင္ေျပၿပီဟု ယူဆေသာေၾကာင့္ျဖစ္ပါသည္။ တပည့္မ်ား အလုပ္လုပ္ရာ ကြန္ပ်ဴတာခန္း၌ ခ်မ္းစိမ့္ေနေအာင္ ေလေအးစက္ဖြင့္ထားလွ်င္ ခဏသာထိုင္ပါသည္။ အလုပ္ခုိင္းၿပီးလွ်င္ အိပ္ခန္းထဲ ျပန္ဝင္ေနတတ္ပါသည္။ ေန႔ျဖစ္ေစ ညျဖစ္ေစ အိပ္ရာဝင္သည့္အခါ ေလေအးစက္ လံုးဝ မဖြင့္ပါ။ အိပ္ေပ်ာ္ေနလွ်င္ ေခၽြးထြက္ေနမွ က်န္းမာေရးေကာင္းႏုိင္ေသာေၾကာင့္ ျဖစ္ပါသည္။ ကိုယ္ေငြ႔အေသမခံႏိုင္ အပူငုပ္မခံႏိုင္ေသာၾကာင့္ ျဖစ္ပါသည္။ အခန္းထဲမွ အျပင္ထြက္သည့္အခါ အပူအေအး မမွ်တလွ်င္ ရုတ္တရက္ ေသဆံုးႏိုင္ပါသည္။ ကားစီးသည့္အခါလည္း ထုိ႔အတူပင္။ နည္းနည္းေအးလာလွ်င္ ျပန္ေလွ်ာ့လုိက္၊ နည္းနည္းပူလာလွ်င္ ျပန္တင္လုိက္ျဖင့္ ေလေအးစက္ကို က်န္းမာေရးအတြက္သာ အသံုးျပဳပါသည္။ ဇိမ္ခံပစၥည္းကဲ့သို႔ အသံုုးမျပဳပါ။

ကားျဖင့္ခရီးသြားသည့္အခါ ကားရပ္နားခိုက္မွာ ေလအဝရွဴပါသည္။ ႏွာေခါင္းျဖင့္မရႉဘဲ ပါးစပ္ျဖင့္ အားပါးတရရႉျခင္း ျဖစ္ပါသည္။ ေတာေတာင္ရနံ႔ပါဝင္ေသာေလမ်ား၊ေရေငြ႕ဓာတ္ပါေသာေလမ်ား၊ ဆားေငြ႔ပါေသာေလမ်ားဆိုလွ်င္ အငမ္းမရ ရႉရႈိက္ပစ္ပါသည္။ ငပလီ ေမာင္းမကန္ စေသာပင္လယ္ကမ္းေျခေရာက္သည့္အခါ ကမ္းစပ္မွာ ဖိနပ္မစီးဘဲ လမ္းေလွ်ာက္တတ္ပါသည္။ ပင္လယ္ေရခ်ိဳးကာ ေရကူးေလ့ရွိပါသည္။ လက္ပစ္ကူးျခင္း၊ ေဘာင္ဘင္ခတ္ျခင္း၊ပင္လယ္ထဲ မ်က္လုံးဖြင့္၍ ေရငုတ္ျခင္း၊ သဲျဖင့္ ေခ်းတြန္းျခင္း၊ႏွာေခါင္းျဖင့္ ေရရႉျခင္းမ်ား ျပဳလုပ္ေလ့ရွိပါသည္။ ပင္လယ္ကမ္းစပ္မွာ တစ္ေရးတစ္ေမာအိပ္ရလွ်င္ အေတာ္အရသာရွိသည္ဟု ခံစားမိပါသည္။ သံတြဲေလဆိပ္သည္ ပင္လယ္ေဘးနားမွာျဖစ္၍ ေလယာဥ္ေစာင့္ေနစဥ္ ပင္လယ္ေလ အဝရႉပါသည္။ ဆားေငြ႕ေလျဖစ္သျဖင့္ ႏွာေခါင္းသန္႔ရွင္း ဝမ္းသန္႔ရွင္း ျဖစ္သြားပါသည္။ ပင္လယ္ႀကီးနားေနရသူမ်ား အင္မတန္ကံေကာင္းလွပါ၏။ အေၾကာင္းမွာ သဘာဝေလေကာင္းေလသန္႔မ်ား အလကားရရွိေနေသာေၾကာင့္ပင္။

“က်န္းမာေရးအတြက္ အခ်ိန္ေပးပါ။
သို႔မဟုတ္လွ်င္
ေရာဂါအတြက္ အခ်ိန္လည္း ေပးရပါမည္။
ေငြလည္း ေပးရပါမည္။
စည္းစိမ္လည္း ေပးရပါမည္။
အလွလည္း ေပးရပါမည္။
ဘဝလည္း ေပးရပါမည္။
ေနာက္ဆုံးမွာ
အသက္လည္း ေပးရပါလိမ့္မည္။”

(က်န္းမာေရးေလ့က်င့္မႈ ၿပီးပါၿပီ။)

ဝီရသူ(မစိုးရိမ္)
17.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၅)


“ကျန်းမာရေးလေ့ကျင့်မှု”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

စာရေးသူ မနက်အိပ်ရာထ သန့်စင်ခန်းဝင်သည့်အခါ မျက်စိလေ့ကျင့်ခန်း လုပ်ပါသည်။ ခါးမတ်မတ်ထိုင်၊ ခေါင်းတည့်တည့်ထားကာ ဝဲယာနှစ်ဖက်သို့ တဖြည်းဖြည်းချင်း လှည့်ပါသည်။ မျက်စိကို နောက်ကျောဘက်သို့ တဖြည်းဖြည်းချင်း ပို့ရပါသည်။ မျက်ကြောများဖြေလျှော့ခြင်း ဖြစ်ပါသည်။ ဆီးဝမ်းသွားသည့်အခါတိုင်း ထိုကဲ့သို့လုပ်ပါသည်။ အနည်းဆုံး လေးငါးကြိမ်မှ အများဆုံး ဆယ်ကြိမ်အထိ ဖြည်းညှင်းသာယာစွာ မျက်စိလေ့ကျင့်ခန်းများ လုပ်နိုင်ခဲ့ပါသည်။

မျက်စိသည် ရှေ့တည့်တည့်နှင့် အောက်အရပ်သို့ အကြည့်များပါသည်။ အပေါ်အရပ်နှင့် ဝဲယာဘက်သို့ အကြည့်နည်းပါသည်။ ထို့ကြောင့် ဝဲယာဘက်အကြောများ တင်းမသွား သေမသွားစေရန် သန့်စင်ခန်းဝင်တိုင်း ဘေးနှစ်ဖက်သို့ အကြည့်ရောက်အောင် လုပ်ပေးခြင်းဖြစ်ပါသည်။ ထို့အတူ ကွင်းပြင်ထဲလမ်းလျှောက်သည့်အခါ မိုးကောင်းကင်ဆီ အကြည့်ရောက်အောင် မော့ကြည့်တတ်ပါသည်။ သာယာကြည်လင်နေသော ကောင်းကင်ပြင်ကို မော့ကြည့်ကာ မျက်လုံးကို အဝေးပို့လိုက် အနီးပို့လိုက် လုပ်ရပါသည်။ ညအခါ လသာနေလျှင် လမင်းကြီးကို စိုက်ကြည့်ပါသည်။ လမင်းကြီးတွေ အများကြီးထင်ရလောက်အောင် ဝေဝါးသွားသည်အထိ စိုက်ကြည့်ပါသည်။ ရံဖန်ရံခါ မျက်ရည်ပူများ ကျတတ်ပါသည်။ မျက်လုံးအကြောများ ဖြေလျှော့ပြီးသားဖြစ်သလို လမင်းကြီးရဲ့ သဘာဝအအေးဓာတ်လည်း မျက်စိထဲဝင်ရောက်သွားပါသည်။ လရောင်အအေးဓာတ်ရရှိသွားသဖြင့် မျက်စိလည်း အေးစိမ့်သွားပါသည်။

မနက်ခင်းဖြစ်စေ နေ့ခင်းဖြစ်စေ နေသာသည့်အခါ မျက်စိမှိတ်၍ နေမင်းကြီးကို မော့ကြည့်ပါသည်။ မျက်နှာကို နေပြခြင်း မျက်ခွံကို နေလှန်းခြင်း ဖြစ်ပါသည်။ မျက်ခွံပေါ်မှ သွေးကြောလေးများကို အပူပေးခြင်း၊ သွေးလည်ပတ်မှုအားကောင်းအောင် သွေးနွှေးပေးခြင်း ဖြစ်ပါသည်။ မျက်လုံးအကြောသေခြင်း၊ မျက်ခွဲလေးလံခြင်းများ မဖြစ်တော့ပါ။ သတိရသည့်အခါတိုင်း အမြင့်အာရုံ အဝေးအာရုံ ဘေးအာရုံများသို့ အကြည့်ရောက်အောင် အမြင့်ရှုခင်း အဝေးရှုခင်း ဘေးရှုခင်းများကို ကြည့်ရှုပေးတတ်ပါသည်။

နေ့ဆွမ်းစားပြီး သွားတိုက် ဆေးကြောပြီးသည့်အချိန် မှစ၍ ခြေထောက်ရေအထိ မခံတော့ပါ။ ခြေထောက်ရေထိလျှင် အပူကန်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ရေချိုးခန်းထဲမှာ ဖိနပ်တစ်ရံ ထားရပါသည်။ တရားဟောကြွသည့်အခါ၌ကား အလွယ်တကူ ဖိနပ်ရှာရလျှင် ဖိနပ်ထားပေးဖို့ ပြောရပြီး မလွယ်ကူလျှင် မိမိစီးနေကျ ဖိနပ်ကို ရေချိုးခန်းထဲ ထားလိုက်ပါသည်။ အများသုံးရေချိုးခန်း ဖြစ်နေပါမူ ကိစ္စပြီးလျှင် ဖိနပ်ကိုထောင်ပြီး ရေစစ်ထားခဲ့ဖို့ အမြဲမှာရပါသည်။ ခြေဖဝါး ရေထိမခံသော ရောဂါတည်း။ ခြေထောက်သာ ရေအထိမခံနိုင်ခြင်း မဟုတ်ပါ။ မွန်းလွဲပိုင်းတွင် ရေလည်းချိုးလေ့ မရှိပါ။ တစ်နှစ်မှာ တစ်ခါမျှပင် မွန်းလွဲပိုင်းမှာ ရေမချိုးဖူးပါ။ ကျန်းမာရေးကြောင့် ဖြစ်ပါသည်။ မွန်းလွဲပိုင်း ရေချိုးမိလျှင် ခန္ဓာကိုယ် ယန္တရားကြီးက ပြောင်းပြန်လည်ပတ်သွားသောကြောင့်ဖြစ်၏။ ဥပမာ- မနက်အိပ်ရာထ ဝမ်းသွားရမည့်အစား ညနေမှ ဝမ်းသွားခြင်းမျိုး၊ သွေးလေမညီညွတ်တော့သဖြင့် လေးလံထိုင်းမှိုင်း ကိုက်ခဲနေခြင်းမျိုး ဖြစ်ပါသည်။ ညနေပိုင်း ရေမချိုးသည့် အလေ့မှာ ကိုရင်ဘဝကတည်းက ဖြစ်ပါသည်။ အပူချိန် မည်မျှကြီးမားစေကာမူ ချွေးခဏခဏ သုတ်ပစ်လေ့သာရှိပြီး လုံးဝ ရေမချိုးပါ။ “ငါက နေလွဲ ညစာသာ ရှောင်တာ မဟုတ်ဘူး၊နေလွဲ ချိုးရေပါ ရှောင်တာကွ”ဟု တပည့်များအား မကြာခဏ ပြောပြတတ်ပါသည်။မွန်းလွဲပိုင်း ရေမချိုးသည်ကို ကြည့်ကာ “ဆရာတော် နေနိုင်သားပဲနော်”ဟု လျှောက်ထားခံရမှုများ မကြာခဏ ကြုံရတတ်ပါသည်။ သူတို့က စာရေးသူကို အံ့သြကြသလို စာရေးသူကလည်း သူတို့ကို အံ့သြနေမိပေသည်။ “လူတွေ ဘာကြောင့်များ ညနေဘက်မှာ ရေချိုးကြပါလိမ့်”ဟု အမြဲ မေးတတ်သလို ကာမဂုဏ်အတွက် ဖြစ်လိမ့်မည်ဟုလည်း စိတ်ထဲမှာ အဖြေပေးနေတတ်ပါသည်။

“ တစ်နေ့တစ်ကြိမ်သာ ရေချိုးပါ”
” ညနေဘက်မှာ ရေချိုးတာ ကျန်းမာရေးနှင့် မညီညွတ်ပါ။”
ဤကား စာရေးသူ၏ ကိုယ်ပိုင်ဆောင်ပုဒ်ဖြစ်ပါသည်။

ယခင်က ရေချိုးပြီးလျှင် ထိုင်ထ နှစ်ဆယ်မှ ငါးဆယ်အထိ အမြဲလုပ်ပါသည်။ ကျန်းမာရေး လေ့ကျင့်မှု တစ်ရပ်ပင်။ရေချိုးချိန် ကြာမြင့်သောကြောင့် ဆုံးရှုံးသွားသည့် အပူဓာတ်များ ပြန်လည်ရရှိစေလိုသောကြောင့် ရေချိုးပြီးမှ လေ့ကျင့်ခန်းလုပ်ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ရေချိုးချိန်ပင် မနည်းလုနေရသဖြင့် လေ့ကျင့်ခန်း မလုပ်ဖြစ်တော့ပါ။ ထိုအစား ရွတ်ဖတ်ပူဇော်ရင်း လမ်းလျှောက်ရပါတော့၏။ လမ်းလျှောက်ဝတ်လည်း မပျက်၊ ရွတ်ဖတ်ပူဇော်ဝတ်လည်း မပျက်သဖြင့် ကျန်းမာရေးနှင့် ဘာသာရေး ပူးတွဲလုပ်ဆောင်ပြီးသား ဖြစ်သွားပါတော့၏။

စာရေးသူသည် သောက်ရေအဖြစ် ရေနွေးကြမ်းသာ အသုံးပြုပါသည်။ ဓာတ်ဘူးထဲမှာ ရေနွေးဖြူအမြဲထားရှိကာ မတ်ခွက်ထဲမှာ လဘက်ခြောက်နှပ်ထားတတ်ပါသည်။ အကြမ်းနှင့် အဖြူရောစပ်၍ သောက်ပါသည်။ ပူလွန်းအားကြီးလျှင်လည်း မသောက်တတ်ပါ။ အေးလွန်းအားကြီးလျှင်လည်း မသောက်တတ်ပါ။ နွေးနွေးလေးသာ သောက်ကောင်းပါသည်။ ထို့ကြောင့် အပူအအေးရောစပ်၍ သောက်ခြင်းဖြစ်ပါသည်။ လဘက်ခြောက်ဖန်တွတ်နေလျှင်လည်း မသောက်တတ်ပါ။ လဘက်ခြောက်ကို ရေနွေးဖြူအနံ့ပျောက်ရုံမျှသာ ထည့်ခတ်တတ်ပြီး ပေါက်ပွင့်များများထည့်ခတ်လေံရှိပါသည်။ ဆီးဝမ်းကောင်းခြင်း၊ အညောင်းအညာပြေခြင်းအကျိုးများ ရရှိပါသည်။ ထို့ကြောင့် ပေါက်ပွင့်များ အခြောက်လှန်းကာ လာလှူကြသည့် တပည့်များရှိသလို လမ်းကြုံ၍ ပေါက်ပွင့်ခူးလာသည့် ဒကာ ဒကာမများလည်း ရှိပါသည်။ ယခုလိုအခါမျိုး၌ ပေါက်ပွင့်အစား ချင်း(ဂျင်း)ထည့်သောက်ပါသည်။ ဓာတ်ဘူးထဲသို့ ဂျင်းဖတ်လေးငါးခုထည့်ထားပြီး မတ်ခွက်ထဲသို့ ဂျင်းတစ်ဖတ်နှစ်ဖတ်ထည့်ကာ မကြာခဏသောက်ပါသည်။ မွှေးလည်းမွှေး အရသာလည်းရှိသဖြင့် အလွန်တရာသောက်ကောင်းလှပါတော့၏။ အသဲ(အသည်း)ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ ဘီပိုး စီပိုးရှိသူများ အသည်းခြောက် အသည်းမကောင်းသူများ စွဲမြဲစွာ သောက်ကြည့်စေလိုပါသည်။လောက်သေရွက်နှင့် ဆေးခါးကြီးများ ထည့်သောက်ဖူးသော်လည်း ပေါက်ပွင့်နှင့် ဂျင်းကဲ့သို့ စွဲမြဲစွာမသောက်ဖြစ်ခဲ့ပါ။ လောက်သေရွက်နှင့် ဆေးခါးကြီးထည့်ခတ်သောက်စဉ်ကလည်း ဆီးဝမ်းမှန်ခြင်း အကျိုးများရရှိခဲ့ဖူးပါသည်။

ရေနွေးကြမ်းကို သောက်ရေအဖြစ် မှီဝဲရာ၌လည်း ရေဆာမှသောက်သည့်ပုံစံမျိုးမဟုတ်ပါ။ မကြာမကြာသောက်ပါသည်။ ခဏခဏသောက်ပါသည်။ သတိရတိုင်း သောက်ပါသည်။ဆာမှ ငတ်မှ သောက်ခြင်းမျိုးမဟုတ်ဘဲ တာဝန်တစ်ရပ်အနေဖြင့် သောက်လေ့ရှိခြင်း ဖြစ်ပါသည်။ တပည့်များ ဒကာ ဒကာမများကိုလည်း “ရေကို ဆာမှ ငတ်မှ သောက်တာမျိုးမလုပ်ကြနဲ့၊ လိုအပ်ချက်တစ်ခုအဖြစ် သောက်ကြ၊ တာဝန်တစ်ရပ်အနေဖြင့် သောက်ကြ”ဟု သြဝါဒပေးလေ့ရှိပါသည်။ မှန်ပါသည်။ လူအများအပြားသည် ရေငတ်မှ ရေဆာမှ ရေသောက်လေ့ရှိပါသည်။ လည်ချောင်းတွေခြောက်ကပ်လာခြင်း၊ အာခေါင်တွေ ပူလောင်လာခြင်းသည် ရေငတ်ခြင်းလက္ခဏာဖြစ်ပါသည်။ ထိုလက္ခဏာပြလျှင်ပြချင်း ရေသောက်လျှင်ပင် လွန်စွာနောက်ကျနေပေပြီ။ အချိန်အလွန်ကြာမှ သောက်လျှင်ကား ပြောစရာပင်မလိုပေ။ နှုတ်ခမ်းကွဲခြင်း၊ အာခေါင်အပူကန်ခြင်း၊ လျှာမှာအဖုအပိန့်ထွက်ခြင်းများသည် ရေဆာမှ ရေသောက်သူများမှာ အဖြစ်များပါသည်။ ရေသောက်နည်းသူများမှာ ဖြစ်ပွားတတ်သည့် ဝေဒနာများ ဖြစ်ပါသည်။

ခန္ဓာကိုယ်တစ်ခုကို မော်တော်ကားတစ်စီး မီးစက်တစ်လုံးလို သဘောထားနိုင်ပါသည်။ မော်တော်ကားမှာ စက်ဆီအဓိကဖြစ်သော်လည်း ရေမပါလျှင် မောင်းနှင်မရပါ။ ရေပြတ်သွားလျှင် ထိုးရပ်သွားပါသည်။ ထို့ကြောင့် ရေဖြည့်ထားရပါသည်။ မကြာခဏ ရေထည့်ပေးရပါသည်။ လူ့ခန္ဓာကိုယ်လည်း ထို့အတူပင်။ သွေးကအဓိကဖြစ်သော်လည်း ရေမရှိလျှင် မဖြစ်ပါ။ ရေရှိနေမှ အစာချက်နိုင်ပါသည်။ ရေရှိနေမှ သွေးလည်ပတ်နိုင်ပါသည်။ ရေရှိနေမှ ဆီးအိမ်အန္တရာယ်ကင်းပါသည်။ ခန္ဓာကိုယ်၌ ရေဓာတ်အများဆုံး အသုံးပြုနေရသဖြင့် ရေအမြဲလိုအပ်နေခြင်း ဖြစ်ပါလျက် ရေအပြတ်ခံနေကြခြင်းသည် ခန္ဓာကိုယ်စက်ယန္တရားကြီး ပျက်စီးချိန်ရောက်မှ ဝပ်ရှော့အပ်သကဲ့သို့ ဖြစ်နေပေသည်။ ထို့ကြောင့် အာခေါင်ခြောက်သည်အထိ မစောင့်ကြဘဲ မကြာခဏ ရေသောက်ပေးရသည့် အလေ့အထများ ထူထောင်ကြစေလိုပါသည်။

” အသားအရေ စိုပြေလိုလျှင်လည်း ရေသောက်ပါ။ “
” ရုပ်အဆင်းကြည်လင်လိုလျှင်လည်း ရေသောက်ပါ။ “
” အစာအိမ်ရောဂါ ဆီးရောဂါများ မဖြစ်ပွားစေလိုလျှင်လည်း ရေသောက်ပါ။ “
“ကိုယ်လက်ပေါ့ပါး လန်းဆန်းတက်ကြွလိုလျှင်လည်း ရေသောက်ပါ။ “
“ အလုပ်မလုပ်ခင် ရေသောက်ပါ။
အလုပ်လုပ်နေစဉ် ရေသောက်ပါ။
အလုပ်ပြီးလျှင်ရေသောက်ပါ။”
” ရေကို မကြာခဏသောက်ပါ။ “
” သတိရတိုင်း သောက်ပါ။”
” တာဝန်တစ်ရပ်အဖြစ် သောက်သုံးပါ’ ဟုသာ တိုက်တွန်းရပါတော့သတည်း။

စာရေးသူ၏ ကျန်းမာရေးမှတ်တိုင်ကား လက်ဖဝါးနှင့် ခြေဖဝါးတို့ပင် ဖြစ်ပါသည်။ လက်ဖဝါး ခြေဖဝါးများ အဆီထွက်နေလျှင် ကျန်းမာရေးကောင်းသည်။ မထွက်လျှင် ကျန်းမာရေးမကောင်းပါ။ ကျန်းမာရေးညံ့လွန်းသူများကို တွေ့လျှင် “ခြေဆီလက်ဆီ ထွက်သလား”ဟု မေးတတ်ပါသည်။ မထွက်သူက များပါသည်။ ထိုအခါ ခြေဆီထွက်အောင် လှေကားစောင်းများ နင်းခြင်း၊ အုံးမှုတ်ခွက်နင်းခြင်း၊ ကျန်းမာရေးဖိနပ်ခုံနင်းခြင်း တစ်ခုခုကို ပြုလုပ်ခိုင်းပါသည်။ ရက်ပိုင်းအတွင်း ခြေဆီထွက်လာသည်က များပါသည်။ လက်ဆီ မထွက်သူများကိုမူ လက်ချောင်းကြားမှ လက်ခုံများကို နှိပ်ခိုင်းပါသည်။ လက်ဖဝါးထောင်ရပါသည်။ လက်ဖဝါးကို အပြင်ဘက် လက်ဖမိုးကို အတွင်းဘက် ထားရပါသည်။ လက်ညှိုးနှင့် လက်မကြားမှ ကြွက်သားများကို ဖြည်းဖြည်းချင်း နှိပ်ရပါသည်။ လက်နှစ်ဖက် အပြန်အလှန်နှိပ်ခိုင်းပါသည်။ အချို့ နှိပ်ရုံမျှဖြင့် လက်ဆီမထွက်ပါ။ထိုအခါ ပရုပ်ဆီလိမ်းခိုင်းရပါသည်။ ပရုပ်ဆီစစ်ကူခေါ်၍ နှိပ်ပါမှ လက်ဆီထွက်ကြပါသည်။ အိပ်ရာဝင်တိုင်း လက်ချောင်းများကြားမှ ကြွက်သားများကို နှိပ်ပေးဖို့၊ လက်ချောင်းထိပ်ဖျားလေးများကို နှိပ်ပေးဖို့ အမြဲတိုက်တွန်းပါသည်။ ပြောသည့်အတိုင်းလုပ်သူများ ကျန်းမာရေး ကောင်းလာကြပါသည်။

“ ခြေဆီလက်ဆီ ဆိုတာ လူတွေရဲ့ ကျန်းမာရေး မှတ်တိုင်ကွ”
“ ခြေဆီလက်ဆီ ထွက်မထွက် မပြတ်သတိ ထားရတယ်”
“ မထွက်ရင် ထွက်အောင် လေ့ကျင့်ခန်း လုပ်ပေး”
ဤကား စာရေးသူ၏ သြဝါဒ ဖြစ်ပါသည်။
မှန်ပါသည်။ အချို့ ခြေဆီသာ ထွက်ပြီး လက်ဆီမထွက်ကြပါ။ ထိုသူများသည် ကျန်းမာရေး ကောင်းတစ်ချက် မကောင်းတစ်ချက် ဖြစ်နေတတ်ပါသည်။အချို့ ခြေဆီလက်ဆီ နှစ်ခုလုံး လုံး၀ မထွက်ကြပါ။ထိုသူများကျန်းမာရေး လုံး၀ မကောင်းကြပါ။ အချို့ ခြေဆီလက်ဆီ နှစ်ခုလုံး ထွက်ကြပါသည်။ ထိုသူများ ကျန်းမာရေး အပြည့်အဝ ကောင်းသည်ကို တွေ့ရနိုင်ပါသည်။ စာရှုသူများလည်း ခြေဆီလက်ဆီထွက်အောင် အမြဲ လေ့ကျင့်စေလိုပါသည်။ ငွေမကုန် လူမပန်းဘဲ ကျန်းမာရေး ကောင်းမွန်သည့် လေ့ကျင့်ခန်း တစ်ရပ်ပင်။

စာရေးသူအတွက် ဖျားနာတော့မည့် လက္ခဏာသည် အာခေါင်ခြောက်ခြင်း၊ လည်ချောင်းပူခြင်းပင်။ နည်းနည်းပူလျှင် နည်းနည်းဖျားမည်။ များများပူလျှင် များများဖျားမည်။ ပူလာပြီဆိုလျှင် ဖျားတော့မည်မှာ သေချာပေသည်။ထိုအခါ ပါရာစီတမောလ် ဆေးတစ်ပြားကို ဝါးစားကာ ချွေးထုတ်လိုက်ပါတော့၏။ ချွေးထုတ်ပြီးသွားလျှင် ပျောက်သွားပေတော့သည်။အဖျားကြီးမလာရောက်ခင်အဖျားလေးကို လက်ဦးမှု ယူကာ ရှင်းပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။ ပါရာစီတမောလ် မရှိလျှင် အခိုးထုတ်ဆေး သောက်၍ ချွေးထုတ်လိုက်ပါသည်။ ထိုနည်းတူစွာ ပျောက်သွားတတ်ပါသည်။ ထို့ကြောင့် စာရေးသူ ဖျားနာခဲပါသည်။ မဖျားခင် ကြိုတင်ဆေးသောက်ခြင်း၏ အကျိုးတရားပင်။ ဆေးမသောက်ဘဲ အဖျားပျောက်သည်လည်း ရှိပါသည်။ အိပ်ရေးဝအောင် အိပ်လိုက်ရုံဖြင့် အဖျားကျသွားတတ်ပါသည်။လုံးဝ မဖျားတော့ပါ။ အလုပ်များ၍ ပင်ပန်းသည့်ဒဏ်ကြောင့် ဖြစ်ရသည့် ပန်းဖျားဝေဒနာဟု ဆိုရပေမည်။ ဆေးသောက်စရာ မလိုဘဲ အိပ်လိုက်လျှင် ပျောက်သွားသောကြောင့်တည်း။

စာရေးသူသည် နေ့စဉ် မျက်စဉ်းခတ်ပါသည်။ နေ့ခင်းအိပ်ရာဝင် တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် ခတ်ခြင်း ဖြစ်ပါသည်။ ထိုသို့ မျက်စဉ်းခတ်လာသည်မှာ ပြည်တော်ပြန်ကတည်းက ဖြစ်ပါသည်။ အလုပ်များပြားလွန်း၍ ပင်ပန်းသည့်အခါ၊ စိတ်ဖိစီးမှုများ၍ မွန်းကြပ်သည့်အခါမျိုး၌ အခန်းအောင်းကာ မျက်စဉ်းခတ်၍ အနားယူနေလေ့ ရှိပါသည်။ ခုတင်ကို ကန့်လန့်ဖြတ်အိပ်ကာ ခြေနှစ်ဖက်ကို နံရံပေါ်တင် ဦးခေါင်းကို ခုတင်ဘောင်အောက်လှန်ချကာ မျက်လုံးမှိတ်၍ အနားယူလေ့ရှိပါသည်။ မျက်စဉ်းခတ်ထားသဖြင့် မျက်လုံးမှိတ်အနားယူခြင်းဖြစ်ကာ ခြေကအမြင့်၊ ခေါင်းကအနိမ့်မှာထားခြင်းဖြင့် အာရုံကြောများ သွေးလည်ပတ်မှု အားကောင်းစေပါသည်။ သို့သော် ကြာမြင့်စွာ မနေဝံ့ပါ။ ခေါင်းကိုက်ခြင်း သွေးလေးခြင်းမျိုး ဖြစ်နိုင်သောကြောင့်ပင်။ အနီးနေတပည့်များ ကိစ္စကြီးငယ်ရှိ၍ ရုတ်တရက်ဝင်လာသည့်အခါ ထိုအနေအထားမျိုး တွေ့မြင်သွားသဖြင့် တံခါးပြန်ပိတ်သွားသည်မျိုးလည်း ကြုံရတတ်ပါသည်။ တံခါးဖွင့်သံကြား၍ မျက်စိဖွင့်ကြည့်လိုက်ရာ မျက်စဉ်းခတ်ထားသဖြင့် မျက်လုံးထဲမှာ မျက်စဉ်းနှင့်မျက်ရည်ပူများ ပြည့်လျှံနေသည်ကို တွေ့မြင်ရသည့်တပည့်များ မည်သို့ထင်ကြမည်မသိ။ စာရေးသူကား အလုပ်များသည့်အခါ စိတ်ရှုပ်သည့်အခါတိုင်း ထိုကဲ့သို့ ကျန်းမာရေးလေ့ကျင့်တတ်ပါသည်။ ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပါသည်။

မျက်နှာသစ်သည့်အခါ ရေချိုးသည့်အခါတိုင်း၌ နှာခေါင်းဖြင့် ရေရှူပေးပါသည်။ နားထင်များ ပူထူလာသည့်တိုင်အောင် ဦးရေပြားတင်းကြပ်လာအောင် ရေရှူခြင်းမျိုးမဟုတ်ပါ။ ထိုသို့ရေရှူလျှင် အဆုတ်ထဲရေဝင်နိုင်သောကြောင့် ဖြစ်ပါသည်။ နှာခေါင်းဝမှာတင် ရေအပြည့်ငုံထားပြီး ပြန်မှုတ်ထုတ်ခြင်း ဖြစ်ပါသည်။ နှာခေါင်းသန့်ရှင်းရေးလည်း ပြုလုပ်ပြီးသားဖြစ်၊ ကျန်းမာရေးလေ့ကျင့်မှုလည်း ပြုလုပ်ပြီးသားဖြစ်သည့် တစ်ကိုယ်ရေသန့်ရှင်းမှုပင် ဖြစ်ပါသည်။

ကားပေါ်မှာသာ အချိန်ကုန်ရသည့်အခါ အလုပ်များ အထိုင်များ၍ ပင်ပန်းသည့်အခါ ခါးကအချက်ပြပါသည်။ ခါးမတ်စွာလမ်းမလျှောက်နိုင်တော့ပါ။ ခါးထဲမှာ လေခိုနေပြီ အပူလျှိုနေပြီဆိုသည့် သင်္ကေတပင် ဖြစ်ပါသည်။ ထိုအခါ အိပ်ခန်းထဲဝင်ကာ ခေါင်းအုံးမပါဘဲ ပက်လက်အနေအထားဖြင့် ခြေဖျားများကို အတွင်းဘက်၊ ဖနောင့်များကို အပြင်ဘက်သို့ရောက်အောင် ခြေထောက်ဆန့်ကာ လက်နှစ်ဖက်ကိုမှောက်လျက် ခါးဘေးမှာကပ်၍ ဆန့်တန်းထားပါသည်။ ခေါင်းကိုလည်း မော့ထားပါသည်။ ဦးခေါင်းမှ ခြေဖျားအထိ မျက်စိမှိတ်၍ စိုက်ကြည့်ပါသည်။ ခါးမှအပူများ တိုးထွက်နေသည်ကိုလည်းကောင်း၊ ထိုအပူများသည် ခြေဖျားထိ ဆင်းသွားကြသည်ကိုလည်းကောင်း တွေ့မြင်နေရပေသည်။ ခဏကြာလျှင် ခြေထောက်မဆန့်နိုင်တော့ပါ။ ခါးလည်း မတင်းနိုင်တော့ပါ။ တစ်ကိုယ်လုံး ဖြေလျှော့ကာ ခပ်ပျော့ပျော့လေး မှိန်းနေလိုက်ပါသည်။ နေ့ဘက်အိပ်သည့်အခါတိုင်းလည်း ထိုသို့ပြုလုပ်ပါသည်။ ခေါင်းအုံး လုံးဝမသုံးပါ။ ညအိပ်သည့်အခါလည်း ထိုသို့လေ့ကျင့်ပါသည်။ တစ်ရေးနိုးမှ ခေါင်းအုံးသုံးပါသည်။

စာရေးသူ အိပ်စက်အနားယူသည့်အခါ ခေါင်းအုံးပျော့ပျော့ပါးပါးကိုသာ သုံးပါသည်။ ခေါင်းအုံးမာ ခေါင်းအုံးထူနေလျှင် ကျန်းမာရေးထိခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။ ခေါင်းအုံးအမြင့်ကြီးနှင့် အိပ်ပျော်နေသူများ ဇက်ကျိုးခွေခေါက်နေနေသည်ကိုတွေ့လျှင် သူ့အစားတွေး၍ ပူပန်နေမိတတ်ပေသည်။ နီးစပ်ရာတပည့်များ ဒကာများဖြစ်နေလျှင် ထိုကဲ့သို့မအိပ်ဖို့ သတိပေးတတ်ပါသည်။ “ကျီးပေါင်းတက်တတ်သည်။ အသက်ရှူကြပ်တတ်သည်။ ခေါင်းအုံးအမြင့်ကြီးနှင့် မအိပ်ရ”ဟု သတိပေးဆုံးမတတ်ပါသည်။ လူသားတို့သည် ချမ်းချမ်းသာသာနှင့် သက်သောင့်သက်သာ အိပ်တတ်ကြဖို့လည်း လိုအပ်ပါသည်။ သို့မှသာ ကျန်းမာချမ်းသာကြမည်ဖြစ်ပါ၏။

စာရေးသူသည် လေအေးစက်ကို အကြိုက်ကြီးမဟုတ်လှပါ။ ကျန်းမာရေးထိခိုက်မည်စိုးသောကြောင့်ပင်။ အပူဒီဂရီမည်မျှပင် မြင့်တက်စေကာမူ မွန်းတည့်ချိန်အတွင်း လေအေးစက်မဖွင့်ပါ။ ချွေးထွက်မှသာလျှင် ကျန်းမာနိုင်မည်ဖြစ်သောကြောင့်ပင်။ ဧည့်သည်အာဂန္တုများက ညည်းညူမှသာလျှင် ဖွင့်ပေးပါသည်။ နေ့လည်၌လည်း လေအေးစက် ဒီဂရီ ၂၃/၂၄အထိသာ မိုင်ကုန်ဖွင့်ပါသည်။ အေးစက်နေစရာမလို၊ သက်သောင့်သက်သာရှိလျှင် အဆင်ပြေပြီဟု ယူဆသောကြောင့်ဖြစ်ပါသည်။ တပည့်များ အလုပ်လုပ်ရာ ကွန်ပျူတာခန်း၌ ချမ်းစိမ့်နေအောင် လေအေးစက်ဖွင့်ထားလျှင် ခဏသာထိုင်ပါသည်။ အလုပ်ခိုင်းပြီးလျှင် အိပ်ခန်းထဲ ပြန်ဝင်နေတတ်ပါသည်။ နေ့ဖြစ်စေ ညဖြစ်စေ အိပ်ရာဝင်သည့်အခါ လေအေးစက် လုံးဝ မဖွင့်ပါ။ အိပ်ပျော်နေလျှင် ချွေးထွက်နေမှ ကျန်းမာရေးကောင်းနိုင်သောကြောင့် ဖြစ်ပါသည်။ ကိုယ်ငွေ့အသေမခံနိုင် အပူငုပ်မခံနိုင်သောကြာင့် ဖြစ်ပါသည်။ အခန်းထဲမှ အပြင်ထွက်သည့်အခါ အပူအအေး မမျှတလျှင် ရုတ်တရက် သေဆုံးနိုင်ပါသည်။ ကားစီးသည့်အခါလည်း ထို့အတူပင်။ နည်းနည်းအေးလာလျှင် ပြန်လျှော့လိုက်၊ နည်းနည်းပူလာလျှင် ပြန်တင်လိုက်ဖြင့် လေအေးစက်ကို ကျန်းမာရေးအတွက်သာ အသုံးပြုပါသည်။ ဇိမ်ခံပစ္စည်းကဲ့သို့ အသုံးမပြုပါ။

ကားဖြင့်ခရီးသွားသည့်အခါ ကားရပ်နားခိုက်မှာ လေအဝရှူပါသည်။ နှာခေါင်းဖြင့်မရှူဘဲ ပါးစပ်ဖြင့် အားပါးတရရှူခြင်း ဖြစ်ပါသည်။ တောတောင်ရနံ့ပါဝင်သောလေများ၊ရေငွေ့ဓာတ်ပါသောလေများ၊ ဆားငွေ့ပါသောလေများဆိုလျှင် အငမ်းမရ ရှူရှိုက်ပစ်ပါသည်။ ငပလီ မောင်းမကန် စသောပင်လယ်ကမ်းခြေရောက်သည့်အခါ ကမ်းစပ်မှာ ဖိနပ်မစီးဘဲ လမ်းလျှောက်တတ်ပါသည်။ ပင်လယ်ရေချိုးကာ ရေကူးလေ့ရှိပါသည်။ လက်ပစ်ကူးခြင်း၊ ဘောင်ဘင်ခတ်ခြင်း၊ပင်လယ်ထဲ မျက်လုံးဖွင့်၍ ရေငုတ်ခြင်း၊ သဲဖြင့် ချေးတွန်းခြင်း၊နှာခေါင်းဖြင့် ရေရှူခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ပင်လယ်ကမ်းစပ်မှာ တစ်ရေးတစ်မောအိပ်ရလျှင် အတော်အရသာရှိသည်ဟု ခံစားမိပါသည်။ သံတွဲလေဆိပ်သည် ပင်လယ်ဘေးနားမှာဖြစ်၍ လေယာဉ်စောင့်နေစဉ် ပင်လယ်လေ အဝရှူပါသည်။ ဆားငွေ့လေဖြစ်သဖြင့် နှာခေါင်းသန့်ရှင်း ဝမ်းသန့်ရှင်း ဖြစ်သွားပါသည်။ ပင်လယ်ကြီးနားနေရသူများ အင်မတန်ကံကောင်းလှပါ၏။ အကြောင်းမှာ သဘာဝလေကောင်းလေသန့်များ အလကားရရှိနေသောကြောင့်ပင်။

“ကျန်းမာရေးအတွက် အချိန်ပေးပါ။
သို့မဟုတ်လျှင်
ရောဂါအတွက် အချိန်လည်း ပေးရပါမည်။
ငွေလည်း ပေးရပါမည်။
စည်းစိမ်လည်း ပေးရပါမည်။
အလှလည်း ပေးရပါမည်။
ဘဝလည်း ပေးရပါမည်။
နောက်ဆုံးမှာ
အသက်လည်း ပေးရပါလိမ့်မည်။”

(ကျန်းမာရေးလေ့ကျင့်မှု ပြီးပါပြီ။)

ဝီရသူ(မစိုးရိမ်)
17.5.2020