သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဂ)
—————————
“ ပြုပြင်သင့်သော အားနည်းချက်
————————
အရှင်ဝီရသူ (မစိုးရိမ်)

ထို့ကြောင့် စာရေးသူသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအပေါ်လေးစားစွာ ဆက်ဆံပါသည်။ အတ္တကိုထိပါးစေမည့် စကားမျိုးဆိုလျှင် လူရှေ့သူရှေ့မဆိုထားဘိ ၊ နှစ်ဦးတည်းရှိနေချိန်မှာပင် ပြောလေ့မရှိပါ။ အတ္တကြောင့် ဒေါသကြီးရသည်။ အတ္တ ကြောင့် လောဘကြီးရသည်။ အတ္တကြောင့် မာနကြီးရသည်။ အငြိုးအတေးကြီးသူများ၊ ဝိသမလောဘသမားများ၊ မောက်မာမှုကြီး မားသူများသည် အတ္တကို မထိန်းချုပ်နိုင်သူ များပင် ဖြစ်ပါသည်။ အတ္တသည် ရာထူးကြီးလျှင် ကြီးသည့်အလျောက်၊ အာဏာ လျှင် ကြီးသည့်အလျောက်၊ ဥစ္စာကြီးလျှင် ကြီးသည့်အလျောက်၊ လက်နက်ရှိလျှင် ရှိသည့်အလျောက် ပို၍အဆိပ်ပြင်းတတ် ပါသည်။ လောဘ၊ ဒေါသနှင့် မာန်မာနတို့ သည် လောင်စာကြီးလျှင် ကြီးသည့်အ လျောက် လောင်အားကြီးမားတတ်သကဲ့သို့ မီးလောင်ရာလေပင့်လုပ်တတ်သော အတ္တ ကြောင့်လည်း ကူးစက်မှုအားကြီးတတ်ပါ သည်။ အတ္တကို မထိန်းချုပ်နိုင်လျှင် ရာထူး အာဏာနှင့် စည်းစိမ်ဥစ္စာများ မည်မျှပင် ကြီးမားများပြားစေကာမူကျရှုံးတတ်ပါသည်။ ထိုအခါ အကျနာခြင်း၊ အထိနာခြင်းများ ကြုံတွေ့ရကာ မရှုမလှခံစားရတတ်ပါသည်။

ထို့ကြောင့် မိုးကောင်းတုန်း အကုန် မရွာဘဲ မိုးခေါင်သည့်အခါ အသုံးပြုရန် အနည်းအကျဉ်းတော့ ချန်ထားသင့်ပါသည်။ သို့မှသာ နေ့ဖို့ညစာ ကျန်မည်ဖြစ်ပါ၏။ ခြိုးခြံချွေတာကြပါကုန်။

စာရေးသူ၏တပည့်ရင်းမဟုတ်သည့် ဝန်းရံတပည့်လေးတစ်ပါးရှိပါသည်။ အားနာ သဖြင့် ပညာအရည်အချင်း မမေးမိပါ။ ရဟန်းဘွဲ့များပင် ပီသစွာမဖတ်တတ်မှ စုံစမ်းကြည့်ရပါသည်။ ဘုန်းကြီးစာအရာ တွင် မူလတန်းအဆင့်ပင် မရှိရှာပါ။ အစက အဖွဲ့ရုံးတွင်အိပ်သော်လည်း နောက်ပိုင်း တွင်စာရေးသူကျောင်း၌ လာအိပ်ပါသည်။ စာရေးသူသည် နံနက်အစောဆွမ်းစားလျှင် တစ်ပါးတည်းသာ စားလေ့ရှိသော်လည်း အာဂန္တုလာလျှင်ကား အတူစားလေ့ရှိပါသည်။

တစ်ရက်၊ နှစ်ရက် လာအိပ်သည်အထင်ဖြင့် ဆွမ်းအတူစားခွင့်ပေးထားခြင်းဖြစ်သော်လည်း တစ်လ၊ ကိုးသီတင်း အတူစားနေရပါသည်။ ကျောင်းတွင် အမြဲနေမည်ဆိုလျှင် ကျောင်းနေတပည့်များနှင့် အတူစားစေချင်သော်လည်း ပြောမထွက်ပါ။ စားပုံ၊ သောက်ပုံကလည်း ဖိုးတော (တောထွက်ဦးပဉ္ဇင်းများ)နှင့် တူနေသဖြင့် နံနက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်နေရပါသည်။ တပည့်များကိုပြောခိုင်းသော်လည်း မရပါ။ စာရေးသူနှင့်အတူ စားရသည်ကိုပင် ဂုဏ်တစ်ခုလိုမှတ်ယူနေသဖြင့် တပည့်များနှင့်အတူ မစားခြင်းဖြစ်ပါသည်။ စားစရာကား အတူတူပင်။ တပည့်များနှင့်အတူစားလျှင် ပို၍ပင် လွတ်လပ်ပါသေး၏။

သူ မတို့၊ မထိသော အာဟာရများ ဆိုလျှင် မတည့်လို့လား၊ မကြိုက်လို့လား မေးကာ တည့်လျှင်၊ ကြိုက်လျှင် သူ့အနားထိ တိုးပေးတတ်ပါသည်။ နှုတ်ဖြင့်လည်း ဘုဉ်းပေး၊ ဘုဉ်းပေး ဟု တိုက်တွန်းတတ် ပါသည်။ သူ့ကြောင့် မိမိတွင် အနှောင့် အယှက်ဖြစ်ရကြောင်း သိစေလို၍ စကား မပြောခြင်း၊ မျက်နှာထားတင်းခြင်းစသည့် အမူအရာမျိုးပင် မပြုလုပ်ခဲ့ပေ။

ကလေကချေပင်ဖြစ်ပါစေ ချိုးနှိမ်၍မပြောတတ်သကဲ့သို့ မောက်မာစွာ ဆက်ဆံခြင်းလည်းမရှိပေ။ ဤသည်မှာ အလိုက်မသိ (မသိတတ်) သူတို့အတွက် အခွင့်ကောင်းတစ်ရပ် ဖြစ်သွားခြင်းဖြစ်ပေသည်။

တစ်နေ့သောအခါ မယ်တော်ကြီး တစ်ပါး ရောက်လာပေသည်။ ရောက်သည့် အခါတိုင်းလည်း ကျန်းမာရေးနှင့်ညီညွတ် ရာ အာဟာရများ ကပ်လှူလေ့ရှိပါသည်။ နောက်တစ်နေ့နံနက်အစော ဆွမ်းစားသည့် အခါ ဝန်းရံတပည့်လေးမလာသဖြင့် မေး ကြည့်ရာ မယ်တော်ကြီးက ဆရာတော်နဲ့ အတူမစားဖို့ လျှောက်ထားတယ်။ ဦးဇင်း တွေနဲ့ အတူစားလိမ့်မယ်ဟု လျှောက်ထား မှ သက်သာရာရသွားလေ၏။

ပြောမှသိ၊ ထိမှနာ ဆိုရိုးစကားသည် အလို အလျောက်ဖြစ်ပေါ်လာသည့်စကား မဟုတ်၊ ရှေးပညာရှိ၊ လူကြီးသူမတို့၏ အတွေ့အကြုံတစ်ရပ်သာ ဖြစ်လေသည်။ မယ်တော်ကြီးကို ကျေးဇူးတင်နေမိ၏။

စာရေးသူသည် ပုဂ္ဂိုလ်ရေးတွင် အားနာတတ်သကဲ့သို့ သူတစ်ပါးသိက္ခာကိုလည်း လေးစားလေ့ရှိပါသည်။ လူတွင် လူသိက္ခာရှိသည်။ ထို့ကြောင့် လူ့သိက္ခာကို ထိပါးနိုင်သည့်စကားမျိုး လုံးဝပြောလေ့မရှိပါ။ အပျိုကြီးတွင်လည်း အပျိုကြီးသိက္ခာနှင့် မုဆိုးမတွင်လည်း မုဆိုးမသိက္ခာနှင့်၊ ဆင်းရဲသားတွင်လည်း ဆင်းရဲသားသိက္ခာ နှင့်၊ ကပ္ပိယတွင်လည်း ကပ္ပိယသိက္ခာနှင့် အားလုံး သိက္ခာကိုယ်စီ ရှိကြသည်သာ။

တောထွက်ဦးပဉ္ဇင်း (ဖိုးတော) ကြီးဆို၍လည်း အထက်စီးမှ မပြောပါ။ ကလေကချေ သို့မဟုတ် ဂျလေဘီဖြစ်စေ ကာမူ အထင်သေးသည့်အမူအရာပင် မပြ ဆိုမိပါ။ ရဟန်းအချင်းချင်းဆို ပြောစရာ မလိုလောက်ပေ။ ပါရာဇိကချိုး (ဂျိုး) ကြီး ဖြစ်စေကာမူ သည်းခံပေါင်းသင်းလေ့ရှိပါ သည်။

ဘ/က ပညာရေးနှင့်ပတ်သက်၍ စာရေးသူနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ညီတော်တစ်ပါးက စာရေးသူကို ယခုလို ပြောဆိုလာပါသည်။ ဝီရသူကိုဘုန်းကြီးလို့ မသတ်မှတ်တဲ့ ကျောင်းဒကာ၊ ဒကာမတွေ ရှိတယ်။ ဒါကြောင့်လုပ်ရကိုင်ရခက်တယ်။ ဖိအားတစ်စုံတစ်ရာကြောင့် ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ ပညာရေးဆိုင်းဘုတ် ဖြုတ်ချ ပစ်သည်ကို ဖုံးကွယ်လို၍ အထက်ပါ စကားကိုပြောဆိုခြင်းဖြစ်ပါသည်။ကျူးလွန်သူ ဘာသာခြားက ကြောက်ရမည့်ကိစ္စ၌ အကျူးလွန်ခံရသည့် နစ်နာသူကာယကံရှင်ကကြောက်လန့်နေခြင်းသည်မိမိသိက္ခာကို မိမိမယုံကြည်၍သာ ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

(၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၈)တွင် ဖော်ပြပါရှိသော စာမူဖြစ်ပါသည်)