တိုင်းရင်းသားတွေ အများကြီးရှိပါတယ်။ စစ်ပွဲဖြစ်နေတဲ့ပြည်နယ်တွေလည်း အများကြီးပါပဲ။ ဒီထဲမှာမှ ရခိုင်ပြည်နယ်တစ်ခုတည်း မောင်တော ဘူးသီးတောင် ရသေ့တောင် ဝန်းကျင်တစ်ခုတည်းမှာမှ ဘာကြောင့် စစ်အုပ်ချုပ်ရေးကို တောင့်တနေကြတာလဲ။
နောက် ဘာကြောင့် စစ်အုပ်ချုပ်ရေးကို လိုအပ်နေတာလဲ။ အဝေးမှနေပြီး လော်နေရုံနဲ့တော့ မပြီးဘူးနော်။ အဝေးမှနေပြီး စစ်တပ်မုန်းတီးရေး စစ်သားမုန်းတီးရေးတွေတင်ပြီး အခုလို အမှန်တကယ်လိုအပ်လို့ တောင်းဆိုကြသူတွေ တောင်းဆိုပေးကြသူတွေကို တောင်ပြောမြောက်ပြော လျှောက်ပြောနေရုံနှင့်မပြီးဘူးနော်။
သင်တို့တတွေ မောင်တောကို ဘယ်နှစ်ကြိမ်ရောက်ပြီးပြီလဲ။ မောင်တောပြည်သူတွေနှင့် ဘယ်နှစ်ခါထိတွေ့ပြီးပြီလဲ။ မောင်တောပြည်သူတွေရဲ့ ခံစားချက်ကိုရော ဘယ်နှစ်ခါ နားထောင်ပြီးပြီလဲ။ မောင်တောဒေသရဲ့ အခြေအနေကိုရော ဘယ်နှစ်ခါ လေ့လာပြီးပြီလဲ။
လူသားချင်းစာနာပါတို့ ကိုယ်ချင်းစာတရားတို့ အမြဲတမ်းပြောနေတဲ့ အနီလော်ဘီတွေကို ဖိတ်ခေါ်ချင်ပါတယ်။ အခုတောင်းဆိုတဲ့ ဒိုင်းနက်ပါတီခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးပါ၊ ပြီးမှဝေဖန်ပါ။ ပြီးမှ ဆုံးဖြတ်ပါလို့ ထပ်မံသတိပေးချင်တာပါ။
ဝီရသူ(မစိုးရိမ်)
6.11.2017
PM 7:11
========================================================
“မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတစ်ခုလုံးအား တပ်မတော်က တိုက်ရိုက်ချုပ်ကိုင်အုပ်ချုပ် နိုင်ပါရန် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ တောင်းဆို”
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတစ်ခုလုံးအား တပ်မတော်က တိုက်ရိုက်ချုပ်ကိုင်အုပ်ချုပ် နိုင်ပါရန် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီက အောက်တိုဘာ ၂၉ ရက်နေ့စွဲဖြင့် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
အဆိုပါသဘောထားကြေညာချက်ကို မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေနယ်မြေ မိုင်တိုင်အမှတ်(၄၆/၄၇)တွင် အောက်တိုဘာ ၂၂ရက်က ဖြစ်ပွားခဲ့သော ဘင်္ဂါလီကြမ်းဖက် ၁၅ ဦးခန့်က အောင်သပြေရွာသားဒိုင်းနက်(ဆက္ကမ)လူမျိုးလေးဦးအား တိုက်ခိုက်၍ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းအပေါ် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကြေညာချက်တွင် နိုင်ငံတော်အစိုးရပြည်နယ်အစိုးရတို့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောတွင် နယ်မြေအေးချမ်းပြီး လုံခြုံမှုရှိသည်ဟု မည်သို့ပင်ပြောဆိုစေကာမူ ယခုကဲ့သို့ တိုင်းရင်းသားများ မျိုးနွယ်စုများ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိမှုများရှိနေခြင်းသည် အစိုးရ၏ အပေါ်ယံအမြင်တစ်ခုတည်းကိုသာ ဦးတည်ပြောကြားခြင်းဖြစ်ကြောင်း အမှန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင် မောင်တော ရသေ့တောင်ဒေသတို့တွင် နယ်မြေလုံခြုံမှုလုံးဝမရှိကြောင်း အကြမ်းဖက်သမားများစုပြုံပြီး တစ်နေရာရာတွင်ရှိနေကြောင်း၊ အခွင့်သာလျှင် ဆက်လက်တိုက်ခိုက်လာ နိုင်ဖွယ်ရှိကြောင်း ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီက ယုံကြည်ကြောင်း ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း အထူးသဖြင့် မောင်တော ဘူးသီးတောင် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် အကြမ်းဖက်လက်နက်ကိုင်များရှိနေသေး၍ နယ်မြေလုံခြုံမှုလုံးဝမရှိဟု တိုင်းရင်းသားများက ယုံကြည်ကြသဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ စိတ်ချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်ရေးကို ရှေးရှုလျက် အေးချမ်းလုံခြုံမှုအပြည့်အဝရှိစေရန် နိုင်ငံတော်အစိုးရ ပြည်နယ်အစိုးရ နိုင်ငံရေးပါတီနှင့် တပ်မတော်တို့ ပေါင်းစပ်ညှိနှိုင်း၍ မောင်တော ဘူးသီးတောင် ရသေ့တောင် ဒေသတစ်ခုလုံးအား တပ်မတော်က တိုက်ရိုက်ချုပ်ကိုင်အုပ်ချုပ်နိုင်ပါရန် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီက တောင်းဆိုကြောင်း ပါရှိသည်။
ယင်းသို့ ကြေညာချက်ထုတ်ပြန်တောင်းဆိုရခြင်းနှင့်ပတ်သက်၍ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက သြဂုတ် ၂၅ ရက်နောက်ပိုင်း ပြဿနာဖြစ်တဲ့အချိန်မှာ ရွာသား ၂၆ ယောက်လောက်ဟာ ကြောက်ပြီးတော့ အောင်သပြေဘက်ကို အကူးကြောင်ဒိုးတံတားနားမှာ ဘင်္ဂါလီတွေ ဝိုင်းခုတ်တာခံရတယ်။ ခြောက်ယောက်သေတယ်။ တကယ့်ကို ရက်ရက်စက်စက် လုပ်သွားတာပါ။ ကလေးမတစ်ယောက်မှာဆိုရင် နှစ်နှစ်အရွယ် ကလေးတစ်ယောက်ကို သူ့ရင်ခွင်ထဲက ဆွဲပြီးတော့ ခုတ်သတ်၊ သူ့အမေကိုလည်း ခုတ်ထစ်သေပြီဆိုပြီး ထားခဲ့ရာကနေ ပြန်ရှင်လာတယ်။ ရှင်လာရတဲ့အကြောင်းကလည်း ၂၆ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဦးဦးဘစိန်ဆိုတဲ့ကောင်လေးက လွတ်သွားလို့ သက်ဆိုင်ရာဒေသအစိုးရကို သတင်းပို့ပြီး ပြန်ရှာတာမှာ ပြန်တွေ့တာပါ။ အခုအောင်သပြေမှာ တောဝက်လိုက်ရင်း လေးယောက်ထဲက နှစ်ယောက်သေပါတယ်။ အားလုံးပေါင်း ရှစ်ယောက်သေပါတယ်။ ပျောက်ဆုံးနေတာလည်း ရှိပါတယ်။ ပျောက်တာမှာ ဘူးသီးတောင်ဘက်က တစ်ယောက်နဲ့ မောင်တောဘက်ကတစ်ယောက်ရှိပါတယ်။ အခုထိ အစအန ရှာမတွေ့သေးပါဘူး ဟု ပြောကြားသည်။
သားရွှေဦး(ကစ္ဆပ)