သတင်း

“ကံထပ် မင်္ဂလာ အလှူတော်”

========။========

“ကံထပ် မင်္ဂလာ အလှူတော်”

========။========

        မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက – အရှင်ဝီရသူ(မစိုးရိမ်)အား ပုနောပသမ္ပဒါအဖြစ် သိက္ခာထပ် ကံထပ်ပွဲ အခမ်းအနားကို ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည်ကျော်၁ရက် ( 21.7.2024) တနေင်္ဂတွေနေ့မှာ ကျင်းပပါတယ်။

        မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက် ဇေယျာ ရွှေမြေကျောင်းမှာ ကျင်းပတာပါ။

        ဝါခင်းကုန်း – ဗြဟ္မစိုရ်ဆရာတော်ကြီး၊ ပုသိမ်ကြီးမြို့နယ် ကျောက်ချောဆရာတော်ကြီး၊ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။

        မနက် ၇း၀၀ နာရီ သိမ်ဝင်ပြီး၊ သိမ်ဆင်းလောင်းလှူအပြီးမှာ ဆရာတော်များက ပရိတ်တရားချီးမြှင့်တော်မူပါတယ်။

        ဇေယျာရွှေမြေဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) က အနုမောဒနတရား ဟောကြားတော်မူပြီး ရေစက်ချ အမျှဝေကြပါတယ်။

        ကံထပ်ပွဲ ကုသိုလ်ရှင်ကတော့ ရဟန်းဒါယိကာမကြီး ဒေါ်အေးအေးသိန်း – မော်ရွှေမြိုင် ရွှေရတနာရောင်းဝယ်ရေး မော်လမြိုင်မြို့ ဖြစ်ပါတယ်။

        သံဃာတော်များနှင့် ဧည့်ပရသတ်များအား ဒန်ပေါက်ဆွမ်းနှင့် ကြက်ဆီထမင်းများဖြင့် ဆက်ကပ်ဧည့်ခံပြီး ပင့်သံဃာများအား ငါးသောင်းကျပ်စီ၊ ဆရာတော်ကြီးများအား သင်္ကန်းခြင်းနှင့် တစ်သိန်းကျပ်စီ၊ ရေစက်ချဆရာတော်ကြီးအား ဓမ္မပူဇာ ငါးသိန်းကျပ်၊ ဆရာတော် ဦးဝီရသူအား နဝကမ္မအလှူငွေ သိန်း ၁၅၀ကျပ် လှူဒါန်းပါတယ်။

        ဒီကံထပ်ပွဲဟာ ဆရာတော် ဦးဝီရသူအတွက် ဒုတိယအကြိမ် ပုဂ္ဂလိကကံထပ်ပွဲဖြစ်ပြီး ပထမ အကြိမ်အဖြစ် ၁၃၈၅ခုနှစ် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တာပါ။ အလှူရှင်များကတော့ ထာဝရအနုဂါမိကကုသိုလ်ရှင်များဖြစ်တဲ့ ဦးတင်မောင်ဝင်း+ဒေါ်ဌေး(ရွှေအိမ်) မိသားစုပဲ ဖြစ်ပါတယ်။

        ဆရာတော် အရှင်ဝီရသူအနေနဲ့ ပုဂ္ဂလိက ကံထပ်ပွဲတွေကို ဟိုအရင် အမျိုးသားရေး ဦးဆောင်ဆရာတော်ဖြစ်စဉ်တုန်းက လုံးဝ ခွင့်မပြုခဲ့ဘဲ အခုနောက်ဆုံး အင်းစိန်တောရမှ ပြန်လာချိန်မှာ စတင်ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

        ခွင့်ပြုရခြင်းအကြောင်းရင်းကတော့ ဆရာတော်ရဲ့ ပညာဒါနပရဟိတလုပ်ငန်းတွေမှာ အထောက်အပံ့ဖြစ်စေနိုင်အာင်ရည်ရွယ်တာလို့ ဆိုပါတယ်။        ။

        ရဟန်းဒါယိကာမကြီး ဒေါ်အေးအေးသိန်း အမှူးပြုသော မော်ရွှေမြိုင် ရွှေရတနာရောင်းဝယ်ရေး မိသားစုများနှင့် ပရသတ်အပေါင်း သူတော်ကောင်းအားလုံး ပေးလို့မကုန် လှူလို့မခမ်း ပုဒုမ္မရွှေကြာပန်းများလို ထာဝရလန်းဆန်းနိုင်ပါစေ။