ကမ္ဘာကျော် ထောင်ထွက်
လက်နက်မဲ့ ဝီရသူ။
အပုန်းဗျူဟာ ဘယ်မခင်း။
အရှုံးပေါ်
ဂရုနော် တယ်မစိုက်တယ်
မိုက်ချက်က ပြင်း။ ။
မိုးတိမ်(ရွှေကာ)
ချစ်လူမိုက်
ကမ္ဘာကျော် ထောင်ထွက်
လက်နက်မဲ့ ဝီရသူ။
ကျည်မဖြုံ ဗုံးလောက်တော့
အပြုံးမပျောက်တဲ့ လူထက်လူ။
အရှုံးမကြောက်လို့ ပြိုင်ခဲ့သူပါ
အပုန်းဗျူဟာ ဘယ်မခင်း။
အဆုံးအစွန် အမျိုးချစ်ပေမယ့်
သူ့နှလုံးတွင် အယူမသည်းတာက
နိုင်တိုင်းလည်း ထူးမပျော်
အရှုံးပေါ်
ဂရုနော် တယ်မစိုက်တယ်
မိုက်ချက်က ပြင်း။ ။
မိုးတိမ်(ရွှေကာ)