“ဂျပန်သတင်းဌာနနှင့် အင်တာဗျူး”
ပထမဝါဆိုလဆုတ် (၈)ရက်၊ 5.7.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ ဓမ္မသဟာယကျောင်းမှာ လက်ခံဖြေကြားပေးပါတယ်။
Vice Japan သတင်းဌာန Documentary အစီအစဉ်အတွက် သတင်းထောက်မ Hirokazu Kishida နှင့်အဖွဲ့က လာရောက်လျှောက်ထားကြတာပါ။ ဂျပန်ဘာသာပြန် ဂိုက်ဆရာတစ်ဦး ဘာသာပြန်ပေးပါတယ်။
မေးခွန်းအများစုက အပြုသဘောဆောင်ပါတယ်။
လောကအလင်း၊ ကျောက်ချောရွာကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းအပါအဝင် ပရဟိတလုပ်ငန်းတွေနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေက ဘာကြောင့် မရေးသားကြ၊ မထုတ်လွှင့်ကြတာလို့ ထင်ပါသလဲ၊ ဗုဒ္ဓဘာသာဝင်ထဲမှာပဲ စာရေးသူကို မကြည်ညိုတဲ့သူ၊ မထောက်ခံတဲ့သူတွေရှိနေတာတွေ့ရတယ်။ ဘာကြောင့်လို့ထင်ပါသလဲ စတာတွေ မေးပါတယ်။
၎င်းနောက် လောကအလင်းကျူရှင်ကျောင်းနှင့် ကျောက်ချောရွာကျူရှင်ကျောင်းတို့သို့ လိုက်လံသတင်းယူကာ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အင်တာဗျူးပါတယ်။
ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းကျေးရွာတရားပွဲသို့ လိုက်လံရိုက်ကူးဦးမယ်လို့ သိရပါတယ်။