“ငပလီမြို့ ကျောင်းရေစက်ချပွဲ(၁)”
4.5.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်သို့ ရောက်ရှိပါတယ်။ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်၊ ပင်မသာသနာ့ဗျူဟာကျောင်းဆောင် ရေစက်ချပွဲအခမ်းအနား တက်ရောက်ကြတာပါ။
စာရေးသူတို့နှင့်အတူ ရန်ကုန်မြို့မှ ထေရ်ကြီးဝါကြီး ရခိုင်ဆရာတော်ကြီးများလည်း လေယာဉ်တစ်စီးတည်းမှာ လိုက်ပါလာကြပါတယ်။ ငပလီမြို့သူမြို့သား ဂျိတ်တောရွာသူရွာသား ကျောင်းသူကျောင်းသား ဆရာ ဆရာမများ လှိုက်လဲပျူငှာ ကြိုဆိုကြတာတွေ့ရပါတယ်။ ပုလဲဆရာတော်ကြီးကလည်း ၎င်း၏ငယ်ဆရာများဖြစ်ကြသော ရန်ကုန်မြို့မှကြွရောက်လာသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား လှိုက်လှိုက်လဲလဲ ဝမ်းပန်းတသာ အားရပါးရ ကြိုဆိုတာတွေ့ရပါတယ်။
၎င်းနောက် စာရေးသူတို့က ငပလီကမ်းခြေ ဦးမောင်မောင်ဧည့်ရိပ်သာမှာ သွားရောက်တည်းခိုပါတယ်။ ပင်လယ်ကမ်းစပ်မှာ ဖိနပ်ချွတ်လမ်းလျှောက်ရင်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ စာရေးသူနှင့်အတူ မစိုးရိမ်တိုက်ကြီး နိရုတ္တိဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသလည်း အတူလမ်းလျှောက် အတူရွတ်ဖတ်ပူဇော်ပါတယ်။
ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/