သတင်း

“စက္ခုအလင်းကျောင်းဆောင် ရေစက်ချပွဲ”

“စက္ခုအလင်းကျောင်းဆောင် ရေစက်ချပွဲ”

————————————————-

        စက္ခုအလင်း ကျောင်းဆောင် ရေစက်ချပွဲကို ဝါဆိုလပြည့်ကျော် ၁၅ရက် (4.8.2024) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

        မန္တလေး၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊၅၃×၁၁၇လမ်း၊ လောကအလင်းကျောင်းတိုက်မှာ ကျင်းပတာပါ။

        အမရပုရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ၊ သက်တော်ရှည် ဆရာတော်ကြီး အမှုးပြုသော ထေရ်ကြီးဝါကြီးဆရာတော်များ၊ သံဃာတော်များနှင့် ပရိသတ်များ တက်ရောက်ကြပါတယ်။

        မနက် ၆း၀၀ နာရီမှာ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် ပါဠိများ ရွတ်ဆိုပူ ဇော်ကြပြီး အရုဏ်ဆွမ်း ဆက်ကပ်ကြပါတယ်။

        သံဃာတော်များက ပရိတ်တရားချီးမြှင့်ပြီး ပြန်လည်ကြွချီကာ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေဆရာတော်ကြီးနှင့် အရှင်ဝီရသူ(မစိုးရိမ်)တို့က ရေစက်ချ တရားတော်များ ချီးမြှင့်ကြပါတယ်။

        အရှင်ဝီရသူက တိဏကုဋိဒါယကတ္ထေရဝတ္ထုကို ကျောင်းအလှူတရားတော်

အဖြစ် ဟောကြားတော်မူကာ ဇေယျာရွှေမြေဆရာတော်ကြီးက ရေစက်ချပေး တော်မူပါတယ်။

        စက္ခုအလင်းကျောင်းဆောင်ကို ဆရာတော် အရှင်ဝီရသူအား လှူဒါန်း သည့်ပုဂ္ဂလိကဒါနအဖြစ် လှူဒါန်းကြောင်းကို ပါဠိများရွတ်ဆို ရေစက်ချပေးတော်မူတာ ဖြစ်ပါတယ်။

        စက္ခုအလင်းကျောင်းဆောင်ဟာ လောကအလင်းကျောင်းတိုက်ထဲမှာ တည်ရှိပြီး လောကအလင်းကျောင်းတိုက်ကိုလည်း အရှင်ဝီရသူက တည်ထောင်ထားတာ ဖြစ်ပါတယ်။

        လောကအလင်းရဲ့ ကျောင်းထိုင်ဆရာတော်ဟာ ဦးသုမန- ဖြစ်ပြီး လက်ရှိမှာတော့ G12 ကျောင်းသူ ကျောင်းသားများကို စခန်းသွင်း – လေ့ကျင့်သင်ကြား

ပြသပေးလျက်ရှိပါတယ်။

        လောကအလင်း ပညာဒါနကျောင်းကို ၂၀၁၂ခုနှစ်မှာ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိနေရာကိုတော့ ၂၀၁၃ခုနှစ်မှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

        သက်တော်ရှည် မဟာဣန္ဒကာရာမ ဆရာတော်ကြီးက ခေါ်ယူပေးကမ်းတာ ဖြစ်ပြီး၊ မြို့တော်ဝန် ဦးအောင်မောင်းက တည်ဆောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

        ၂၀၁၂ မှစပြီး ပညာဒါနစာသင်ကျောင်းအဖြစ်သာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်ရောက်မှ ဘုန်းကြီးကျောင်းတိုက်အဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

        စက္ခုအလင်း ကျောင်း ဒကာ/မ များကတော့ အမရပုရမြို့၊ ကျန်တန်းရပ်ကွက်၊ ရွှေသံဇဉ် ရိုးရာချည်ထည်မိသားစုများဖြစ်တဲ့ ဦးမင်းကိုကို+ဒေါ်အေးအေးနိုင် သား ကာရံမင်းကို၊ သ္မီး သံဇဉ်မင်းကို၊ ကဗျာမင်းကို မိသားစု ဖြစ်ပါတယ်။

        ရွှေသံဇဉ် မိသားစုဟာ လောကအလင်းကျောင်းဒကာကြီး ဦးမိုးကိုရဲ့ညီမမိသား

စုဖြစ်ကာ ဦးမိုးကိုအား ကျေးဇူးဆပ်တဲ့ အနေနဲ့ ရည်စူးလှူဒါန်းတာဖြစ်ပါတယ်။

        ဦးမိုးကိုဟာ ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်း၊ ကထိန်ဒကာဖြစ်သလို ဝီရသူဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။

        ဝီရသူဖောင်ဒေးရှင်းဟာ လောကအလင်းပညာဒါနနဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း ပါရမီလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

        ကျောင်းဒကာ ဒကာမများဖြစ်တဲ့ ဦးမင်းကိုကို+ဒေါ်အေးအေးနိုင် ရွှေသံဇဉ် မိသားစုများနဲ့ ပရိသတ်အပါင်းသူတော်ကောင်းအားလုံး ဘေးဘယာတွေ ဝေးကွာကြပါစေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ- ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။

“စက္ခုအလင်းကျောင်းဆောင်အလှူတရားတော်”

၁။ ဘဝနောင်ခါ၊ နတ်ဒေဝါ၊ လူ့ရွာလားစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၂။ ဘဝါဘဝ၊ သံသာရ၊ လိုတရစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၃။ ကြက်သီးထခြင်း၊ ကြောက်ရွံ့ခြင်း၊ အရှင်းကင်းစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၎။ သားရဲတိရစ္ဆာန်၊ တောတွင်းရန်၊ အမှန်ကင်းစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၅။ ဘီလူးကုမ္ဘဏ်၊ ရက္ခိုသ်ရန်၊ အမှန်ကင်းစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၆။ အိမ်မက်ဆိုးများ၊ စိတ်ခြောက်ခြား၊ မဖြစ်ပွားစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၇။ (၉၁)ကမ္ဘာ၊ သံသရာ၊ နတ်ရွာလားစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၈။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ တည်ရာရစေလို၊

    မြက်မိုးကျောင်းလှူ၊ အလံထူ၊ စံယူမြတ်ကုသိုလ်။

၉။ သဗ္ဗသုခ၊ မြတ်ဒါန၊ ဝိဟာရအလှူ၊

   ကြည်ဖြုသဒ္ဓါ၊ဖြူစင်စွာ၊ ပါရမီကုသိုလ်ယူ။

                                                တိဏကုဋိဒါယကတ္ထေရဝတ္ထု(အပ၊ ၁ ၊ ၃၁၁)

၁၃၈၆-ခုနှစ် ၊ ဝါဆိုလပြည့်ကျော်(၁၅)ရက်၊ (4.8.2024) တနေင်္ဂနွေနေ့။

ဦးမင်းကို+ ဒေါ်အေးအေးနိုင် မိသားစု

စက္ခုအလင်းကျောင်းဆောင် ရေစက်ချပွဲ၌ ဟောကြားသည်။­­