“စစ္ကြ်န္ဘ၀က လြတ္ေျမာက္ျပီး ဘာသာျခားကြ်န္ဘ၀
က်ေရာက္သြားမယ္ဆိုရင္”
===ေမာင္ေသြးခြ်န္===
အတုမရွိဂ်ာနယ္မွာ ဆရာမႏၲေလးသားရဲ႕ ေဝဖန္စာ တစ္ပုဒ္ကို ဖတ္ခဲ့ရပါတယ္။ ၂ဝ၁၅ မတ္ လထုတ္ ‘ဝိဘဇၨပဲ့တင္သံ’စာအုပ္မွာ အ ရွင္ထာဝရ(ေခတၱ ေနာ္ေဝႏုိင္ငံ)ေရးသားခဲ့တဲ့ ‘ေခတ္နဲ႔အညီ လက္ခံဖို႔ အေရးႀကီးၿပီ’ဆိုတဲ့ ေဆာင္းပါးကို ေဝဖန္ထားတာပါ။
ဆရာမႏၲေလးသားရဲ႕ တုံ႔ျပန္ခ်က္ကို ေထာက္ခံ ေသာအားျဖင့္ အရွင္ထာဝရရဲ႕ အေရးအသားေတြကို ဆက္လက္ေဝဖန္ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။
ထုံးစံအတိုင္း ‘သံဃာေတြဟာ ကိုယ့္အလုပ္ ကိုယ္မလုပ္’ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တာထြက္လာတယ္။ သံဃာ့အလုပ္ သံဃာ့တာဝန္ကို အျပည့္အဝနားမလည္ရွာတဲ့ အခ်ဳိ႕ေသာသံဃာေတာ္မ်ားကလည္း ဒီစကားမ်ဳိး ေျပာခဲ့ဖူးေပါင္း မ်ားလွေပၿပီ။
သံဃာဆိုတာ ဗုဒၶဘုရားရွင္နဲ႔ အျမင္တူ အက်င့္တူမွ သံဃာလို႔ ေခၚႏိုင္တယ္။ သံဃာေတာ္မ်ားအေနနဲ႔ သံဃာ့အဖြဲ႕အစည္းကို ထူေထာင္ခဲ့တဲ့ မိမိတို႔ရဲ႕ အဘဘုရား ဘာလုပ္သြားသလဲ ဆိုတာ ေျခရာေကာက္မိဖို႔ လိုပါတယ္။
ဗုဒၶျမတ္စြာဘုရားကိုယ္ေတာ္တိုင္ သာသနာေတာ္ျမတ္ႀကီးကို ကာကြယ္ ေစာင့္ေရွာက္ခဲ့ရတဲ့ အစဥ္အလာေတြကို သတိျပဳၾကေစခ်င္ပါတယ္။ ေအာင္ျခင္း ရွစ္ပါးဇာတ္ေတာ္ေတြမွာ ဗုဒၶျမတ္စြာဘုရားဟာ အႏုနည္းေရာ အၾကမ္းနည္းပါသုံးၿပီး သာသနာကို ဖ်က္ဆီးလာသူ မွန္သမွ်တို႔အား ဆုံးမကာကြယ္ခဲ့ပုံေတြကို ေတြ႕ရပါလိမ့္မယ္။
နာဠာဂီရိဆင္ မိုက္ႀကီးကို ေမတၱာတရားျဖင့္ အႏုနည္း နဲ႔ ေအာင္ႏိုင္ခဲ့ေသာ္လည္း နေႏၵာပနႏၵ နဂါးမင္းႀကီးက်ေတာ့ ေထာင္းေထာင္း ညက္ညက္ေၾကေအာင္ အၾကမ္းဖက္ၿပီး ဆုံးမခဲ့တယ္မဟုတ္ပါလား။ ကမၻာေလာကကိုသာမက တာဝတႎသာနတ္ျပည္ႀကီးကိုပါ အမိုက္ေမွာင္နဲ႔ ဖုံးလႊမ္းထားတဲ့ နေႏၵာပနႏၵနဂါးမင္းကို အရွင္ရ႒ပါလ၊ အရွင္ဘဒၵိယတို႔အျပင္ သားေတာ္ရာဟုလာကိုယ္တိုင္ ဆုံးမပါရေစလို႔ ျမတ္စြာဘုရားထံေတာ္မွာ ခြင့္ပန္ေလွ်ာက္ထား ၾကတယ္။
သံဃာေတာ္ေတြ တာဝန္သိသိ သစၥာရွိရွိနဲ႔ ကိုယ့္အလုပ္ ကိုယ္လုပ္ၾကတာေနာ္။ နဂါးမင္းႀကီးက သံဃာနဲ႔သာသနာကို ဖ်က္ဆီးေနခ်ိန္၊ ေလာကႀကီးကို အေမွာင္ခ်ထားခ်ိန္မွာ သံဃာေတာ္ေတြဟာ ဆြမ္းစားကြမ္းစား တရားလည္း ေဟာမေနပါဘူး။ ဂႏၴဓုရ ဝိပႆနာဓုရ ေတြလည္း လုပ္မေနပါဘူး။ ဒီအခ်ိန္မွာ သံဃာ့အလုပ္က နေႏၵာပနႏၵနဂါးမင္းကို ဆုံးမဖို႔ပဲ။ ဒါ့ေၾကာင့္ သံဃာေတာ္ေတြက သူဆုံးမပါရေစ၊ ငါဆုံးမပါရေစနဲ႔ အလုအယက္ ေလွ်ာက္ထားၾကတာ။
ေနာက္ဆုံးမွာ ျမတ္စြာဘုရားက တန္ခိုးအရာမွာ ဧတဒဂ္ရေတာ္မူတဲ့ အရွင္မဟာေမာဂၢလာန္ကို ေရြးခ်ယ္လိုက္တယ္။
‘ခ်စ္သား- သြား ဆုံးမေခ်’တဲ့။ ဘုရားကိုယ္တုိင္ တာဝန္ေပးေစခိုင္းခဲ့တာပါ။
အရွင္ဘဒၵိယတုိ႔ဆိုရင္ အရွင္ေမာဂၢလာန္ေလာက္ တန္ခိုးအင္အား မႀကီးထြားေလေတာ့ နဂါးမင္းကို မွတ္ေလာက္သားေလာက္ ဆုံးမႏိုင္မွာမဟုတ္ ဘူး။ နဂါးမင္းႀကီးမွာလည္း ေျခြရံသင္းပင္းေတြက နည္းလွတာမဟုတ္ဘူး။ နဂါးထုေခါင္းေဆာင္ႀကီး၊ သူေလာ္ဘီ လုပ္ထားတဲ့ မိစၧာအင္အားစုေတြကလည္း ရွိေနေသး၊ သာသနာနဲ႔ သံဃာေတြကို ေႏွာင့္ယွက္ဖ်က္ဆီးတာ ‘နဂါးအခြင့္အေရး’ပဲလို႔ အေၾကာင္းျပခ်င္ ျပေနဦးမွာ။
ဒီေတာ့ အရွင္မဟာေမာဂၢလာန္ဆိုတဲ့ သံဃာရဲ႕အားကို ဘုရား ယုံေတာ္မူတယ္။ ၾကည့္စမ္းပါဦး၊ အရွင္ေမာဂၢလာန္ႀကီး ဆုံးမလိုက္ပုံမ်ား၊ နဂါးမင္းကို င႐ုတ္ဆုံထဲ ထည့္ေထာင္းသလို ျမင့္မိုရ္ေတာင္ႀကီးနဲ႔ ႀကိတ္ေခ်ပစ္လိုက္တာ။
ဘုရားရဟႏၲာႀကီးေတြကိုယ္တိုင္ သာသနာကို အဲဒီလို ကာကြယ္ေစာင့္ေရွာက္ခဲ့တာပါ။ အဲဒီလိုသာ မကာကြယ္မေစာင့္ေရွာက္ႏိုင္ခဲ့ရင္ သံဃာ့မ်ဳိးဆက္ အၫြန္႔တက္လာစရာအေၾကာင္း မရွိဘူး။ အရွင္ထာဝရတို႔၊ အရွင္ဇဝနတို႔၊ ဓမၼဂဂၤါ တုိ႔ စသည္ျဖင့္ ဝိဘဇၨအေရၿခံဳ သံဃာေတြ ေပၚလာစရာအေၾကာင္း မရွိဘူး။
ဗုဒၶဘုရား ကိုယ္ေတာ္တိုင္မွသည္ ေခတ္အဆက္ဆက္ ယေန႔ထိတိုင္ သံဃာေတာ္ေတြ ကိုယ့္အလုပ္ကိုယ္လုပ္ခဲ့ၾကလို႔ (ဝါ) သာသနာကို ကာကြယ္ေစာင့္ေရွာက္ခဲ့ၾကလို႔ ဒီေန႔ သံဃာမ်ဳိးဆက္ ရွင္သန္ေနတာပါ။ အရွင္ထာဝရက ဒီလို ေရးခဲ့ပါတယ္။
‘အဓိကအေနနဲ႔ မဘသအဖြဲ႕ႀကီးရဲ႕ မေလ်ာ္ညီတဲ့ အျပဳအမူလုပ္ရပ္ေတြေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းမွာ မ်က္ႏွာပ်က္စရာေတြနဲ႔ အလြန္႔ကို မ်ားျပားေနၿပီျဖစ္ပါတယ္။ အမုန္းတရားေတြကို တိုးတိုးတစ္မ်ဳိး က်ယ္က်ယ္တစ္ဖုံ လႈံ႔ေဆာ္ ေဟာေျပာရမယ့္အလုပ္ဟာ သံဃာေတြရဲ႕ အလုပ္မဟုတ္ပါဘူး’
(ဝိဘဇၨ၊ စာ-၈၇)
မဘသအဖြဲ႕ႀကီးရဲ႕ မေလ်ာ္ည္ီတဲ့ အျပဳအမူ လုပ္ရပ္ေတြဆိုတာ ဘယ္လို ေပတံ ဘယ္လိုစံနဲ႔ တိုင္းၿပီး ေျပာလိုက္တာလဲ။ ခရစ္ယာန္ေတြလည္း သူ႔သာသနာ သူကာကြယ္ေစာင့္ေရွာက္ေနတာပဲ။ ႏွစ္ေပါင္း ႏွစ္ရာေလာက္ၾကာတဲ့ ခ႐ူး ဆိတ္စစ္ပြဲႀကီး ဆင္ႏႊဲၿပီးေတာ့ေတာင္ ခရစ္ယာန္ဘာသာကို ကာကြယ္ေစာင့္ေရွာက္ခဲ့ၾကတယ္။ အစၥလာမ္ဘာသာဝင္ေတြလည္း ဂ်ီဟတ္စစ္ပြဲႀကီးေတြနဲ႔ သူတို႔ဘာသာကို ကာကြယ္ေစာင့္ေရွာက္႐ုံမက တိုးခ်ဲ႕ေနတယ္။
မဘသမွာ စစ္တပ္ႀကီးေတြ မရွိပါဘူး။ မဘသဟာ အၾကမ္းဖက္အဖြဲ႕အစည္း မဟုတ္ပါဘူး။ အမ်ဳိး ဘာသာ သာသနာကို
ကာကြယ္ေစာင့္ေရွာက္ပါလို႔ ေျပာဆိုစည္း႐ုံး လႈပ္ရွားေနတာ ႏိုင္ငံတကာ အသိုင္းအဝန္း ဘာမ်က္ႏွာပ်က္စရာလိုသလဲ။
ႏုိင္ငံတကာက ကူညီပါဆိုၿပီး ပိုက္ဆံေခ်း ထားတာလည္း မရွိ၊ ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ မဘသၾကားမွာ ဘယ္လိုကတိကဝတ္ေတြမွ မရွိ၊ ေႏွာင္ႀကိဳးေတြမရွိ၊ အေပးအယူမရွိ။
မဘသဟာ အစိုးရလည္းမဟုတ္၊ ႏိုင္ငံေရးပါတီ လည္း မဟုတ္၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ဳိး လည္းမဟုတ္။ မဘသဟာ ဘာအ႐ႈပ္အ ရွင္းမွမရွိတဲ့ အင္မတန္႐ိုးစင္းတဲ့ အဖြဲ႕အ စည္းျဖစ္တယ္။ မဘသအဖြဲ႕ႀကီးခမ်ာ ခရစ္ယာန္ အစၥလာမ္အဖြဲ႕ႀကီးေတြေလာက္ မႀကီးက်ယ္ရွာပါဘူး။
႐ိုး႐ိုးေလးပါ။ အမ်ဳိး ဘာသာ သာသနာကို ကာကြယ္ေစာင့္ေရွာက္ၾက၊ ဒါပဲ လုပ္ပါတယ္။ ကိုယ့္သာသနာကိုယ္ ကာကြယ္ေစာင့္ေရွာက္တာ ဘာမ်က္ႏွာပ်က္စရာလိုသလဲ။ ပ်က္ခ်င္းပ်က္ရင္ ႏုိင္ငံတကာအသိုင္းအဝန္းဆိုတာႀကီးကပဲ မ်က္ႏွာပ်က္႐ုံမက ရွက္လည္းရွက္သင့္တယ္။
ႏုိင္ငံတကာအသိုင္းအဝန္းဆုိတာ ခရစ္ယာန္နဲ႔ အစၥလာမ္ႏိုင္ငံေတြေပါင္းဖြဲ႕ထားတာပဲ။ ေပါင္းသာေပါင္းေနၾကတယ္၊ သူတို႔ခ်င္းလည္း တည့္တာမဟုတ္ဘူး။ မတည့္တာမွ ဗုံးေတြ တဝုန္းဝုန္းႀကဲ၊ စစ္ပြဲႀကီးေတြ ဆင္ႏႊဲတဲ့အထိ ရက္ရက္စက္စက္ အရွက္မရွိ ခ်ေနၾကတာ၊ ေဂ်ာ္ဒန္ဘုရင္က တတိယကမ႓ာစစ္ႀကီးျဖစ္ ေနၿပီလို႔ေတာင္ ဆိုတယ္။
ကမ႓ာႀကီး မီးဟုန္းဟုန္းေတာက္ေနတာ ဗုဒၶဘာသာေၾကာင့္ မဟုတ္ဘူး။ မဘသက အဲဒီ ကမ႓ာစစ္မီးေတြ ဗုဒၶဘာသာဝင္ေတြဆီ ကူးစက္မလာေအာင္ ကာကြယ္ေပး႐ုံ သက္သက္သာ၊ ရွက္စရာေကာင္းတာ ကမ႓ာစစ္မီးကို ဖန္တီးေနသူေတြပဲ။
ကမ႓ာႀကီးတစ္ခုလုံး ပ်က္စီးေအာင္ ဖ်က္ဆီး ေနမွေတာ့ မ်က္ႏွာပ်က္တယ္ဆိုတာကို ႏိုင္ငံတကာအသိုင္းအဝန္းက ဘယ္သိလိမ့္မလဲ။ အဲဒီလို စစ္ေရး၊ ႏုိင္ငံေရး၊ စီးပြားေရးေတြနဲ႔ ႐ႈပ္ေထြးေနတဲ့ ႏိုင္ငံတကာ အသိုင္းအဝန္းအတြက္ မဘသကေဆာင္ရြက္ေနတာ မဟုတ္ဘူး။
ေစာ္ကားခံေနရတဲ့ ဖ်က္ဆီးခံေနရတဲ့ ဗုဒၶဘာသာဝင္ျပည္ေထာင္စုတိုင္းရင္းသားေတြ အတြက္ တတ္အားသမွ်ေဆာင္ရြက္ေနတာ၊ ျပည္သူေတြၾကားမွာေတာ့ မဘသက ဆရာ ေတာ္သံဃာေတာ္ေတြဆိုရင္ အားကိုးလွေပါ့။ အစိုးရနဲ႔ လူထုေခါင္းေဆာင္ဆိုသူေတြ ဘယ္သူ႔မွ အားမကိုးရေတာ့ ဆရာေတာ္ သံဃာေတာ္ေတြကိုပဲ အားကိုးရရွာတာေပါ့။ ဒီေတာ့ မဘသသံဃာေတာ္ေတြဆိုတာ (ႏုိင္ငံတကာမွာ မ်က္ႏွာပ်က္ခ်င္ပ်က္၊ ႀကိဳက္သေလာက္ပ်က္) ျပည္သူၾကားမွာေတာ့ မ်က္ႏွာပြင့္လိုက္တာ။
ေၾသာ္- မဘသဆရာေတာ္ သံဃာေတာ္မ်ား အဘဘုရားရွင္ရဲ႕ လမ္းစဥ္အတိုင္း သာသနာေတာ္ႀကီးကို ကာကြယ္ ေစာင့္ေရွာက္ေနၾကတာပါလား။ ဗုဒၶ ဘုရားရွင္က မာရ္နတ္ကို’အယုတ္တမာ’ လို႔ေျပာတာ အမုန္းစကားေျပာတာလား။ သာသနာကို ကာကြယ္ေစာင့္ေရွာက္တာလား။
မဘသ သံဃာေတာ္မ်ားဟာ ဘုရားေျပာသလို ေျပာေနၾကတာပါ။ ဘုရားကာကြယ္သလို ကာကြယ္ေနၾက ရွာတာပါ။
‘အခုေတာ့ မဘသအဖြဲ႕ႀကီးဖြဲ႕ၿပီး မ်ဳိးေစာင့္ ဥပေဒေရးဆြဲၿပီး လႊတ္ေတာ္မွာ အတည္ျပဳေပးဖို႔ ႏိုင္ငံေရးပါတီေတြကို ဖိအားေပးေနတာဟာ သံဃာရဲ႕အလုပ္ မဟုတ္ပါဘူး’တဲ့။ (စာ-၈၈) သံဃာရဲ႕အလုပ္က နယ္ခ်ဲ႕ၿဗိတိသွ် ေတြကိုေတာင္ ေမာင္းထုတ္ခဲ့တယ္ ေလ…။
မ်ဳိးေစာင့္ဥပေဒသာ မျပ႒ာန္းႏိုင္ရင္ တစ္မ်ဳိးသားလုံး ဘာသာျခားေတြရဲ႕ ေက်းကြၽန္ေတြျဖစ္ကုန္မွာေပါ့။ ဗုဒၶဘာသာႀကီးလည္း ပ်က္စီးေပ်ာက္ဆုံးသြား ေတာ့မွာေပါ့။ သံဃာရဲ႕အလုပ္က တိုင္းျပည္လြတ္လပ္ေရးရၿပီး ျပည္တြင္းစစ္မီးႀကီး ေတာက္ေလာင္ေနခ်ိန္(၁၉၅ဝ-၆ဝ ၾကား) ၿငိမ္းခ်မ္းေရးလႈပ္ရွားမႈႀကီးေတြကို ဦးေဆာင္ခဲ့တယ္ဆိုတာလည္း သတိရလိုက္ပါဦး။
ဆရာႀကီးသခင္ကိုယ္ေတာ္မိႈင္း ဦးေဆာင္ၿပီး ဗိုလ္မွဴးခ်ဳပ္ေက်ာ္ေဇာ တို႔လို ပုဂၢိဳလ္ႀကီးေတြပင္လွ်င္ သံဃာေတာ္မ်ားရဲ႕ ၾသဝါဒကို မလြန္ဆန္ခဲ့တဲ့ သမိုင္းမွတ္တမ္းေတြ ရွိေနဆဲပါ။ ျပည္တြင္းၿငိမ္းခ်မ္းေရးအဖြဲ႕ႀကီးရဲ႕ တံဆိပ္ေတာ္(လိုဂို)ဟာ ‘ေဗာဓိေညာင္ေတာ္’ပါ။ ႏိုင္ငံတကာမွာ မ်က္ႏွာပ်က္စရာ တစ္ကြက္မွမရွိဘဲ အင္မတန္ ဂုဏ္တက္စရာ ျဖစ္ခဲ့တယ္ မဟုတ္ပါလား။
မဘသက မ်ဳိးေစာင့္ဥပေဒျပ႒ာန္းေရးအတြက္ ျပည္သူလူထုရဲ႕အားကိုယူၿပီး ေတာင္းဆိုေနတာပါ။ ဘယ္ပါတီကိုမွ ဖိအားေပးတာ မရွိဘူး။ ပါတီေတြကသာ ျပည္သူလူထုကို တကယ္အလုပ္အေကြၽးျပဳခ်င္တယ္ဆိုရင္ ျပည္သူလူထု ေတာင္းဆိုေနတဲ့ မ်ဳိးေစာင့္ဥပေဒကို အေလးအနက္ျပဳရမွာပါ။ မ်ဳိးေစာင့္ဥပေဒ ျပ႒ာန္းေရးသည္ ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခ ခံဥပေဒျပင္ဆင္ေရးကို အၿပိဳင္အဆိုင္ လုပ္ေနတာလို႔ အရွင္ထာဝရက စြပ္စြဲျပန္ပါတယ္။ (စာ-၈၉ ႐ႈ)
မ်ဳိးေစာင့္ဥပေဒျပ႒ာန္းေရး ေတာင္းဆိုလႈပ္ရွား မႈမ်ားဟာ အမ်ဳိးသားပညာေရး ဥပေဒျပ႒ာန္းေရး ေက်ာင္းသားသပိတ္ေလာက္ မျပင္းထန္ပါဘူး။ ေက်ာင္းသားေတြ ေတာင္းဆိုေနတဲ့ အမ်ဳိးသား ပညာေရးဥပေဒျပ႒ာန္းေရးဟာ ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကို အၿပိဳင္အဆိုင္ လုပ္ေနတာလား၊ လမ္းလႊဲ ပစ္တာလား။ ဝိဘဇၨဉာဏ္ ရင့္သန္စြာနဲ႔ စဥ္းစဥ္းစားစား သုံးသပ္ေစခ်င္ပါတယ္။
အရွင္ထာဝရက ‘မဘသအဖြဲ႕အေနနဲ႔ မိမိလူမ်ဳိးကို တကယ္ခ်စ္တယ္ဆိုရင္ စစ္ကြၽန္ျဖစ္ေနတဲ့ ဆင္းရဲတြင္းထဲက ဒကာ ဒကာမေတြရဲ႕ဘဝကို ဗုဒၶအဆုံး အမနဲ႔အညီ အရင္ဆုံး ကယ္တင္ႏိုင္ေအာင္ႀကိဳးစားရမွာပါ’တဲ့။ (စာ-၈၉) စစ္ကြၽန္ဘဝက လြတ္ေျမာက္ေအာင္ ကယ္တင္ရမွာက လူထုေခါင္းေဆာင္လို႔ဆိုတဲ့ ႏိုင္ငံေရးပါတီေတြရဲ႕တာဝန္၊ မကယ္တင္ႏိုင္ရင္ ႏိုင္ငံေရးအရ ႐ႈံးမယ္၊ လူထုေခါင္းေဆာင္ဘြဲ႕ကို ခံယူ မေနနဲ႔ေတာ့။
မဘသက ‘ဘာသာျခား ကြၽန္’ဘဝက လြတ္ေျမာက္ေအာင္ ႀကိဳးစားမယ္။ ဗုဒၶဘာသာဝင္ေတြ ဘာသာျခားကြၽန္ဘဝက မလြတ္ေျမာက္ရင္ မဘသကို ညံ့တယ္လို႔ေျပာပါ။ အသုံး မက်ဘူး၊ အခ်ည္းႏွီးပဲဆိုၿပီး ဆဲခ်င္ဆဲ ဆိုခ်င္ဆို ႀကိဳက္သလို တုံ႔ျပန္ပါ။
စစ္ကြၽန္ဘဝကလြတ္ေအာင္လုပ္ရမွာက ႏိုင္ငံေရး သမား/ေခါင္းေဆာင္ေတြရဲ႕တာဝန္၊ ဘာသာျခား ကြၽန္ဘဝက လြတ္ေျမာက္ေအာင္လုပ္ရမွာက မဘသရဲ႕တာဝန္။ ဒီလို ခြဲျခားနားလည္ေစခ်င္တယ္။
မဘသက ကိုယ့္အလုပ္ကိုယ္ လုပ္ေနတယ္။ ႏိုင္ငံေရးပါတီ/လူထုေခါင္းေဆာင္ ဆိုသူေတြက ကိုယ့္အလုပ္ကိုယ္ မလုပ္တဲ့အျပင္ မဘသကို လာလာၿပီးခလုတ္တိုက္႐ုံမက အျပဳတ္တိုက္ဖို႔ ႀကိဳးပမ္းေနတယ္။ အဲဒီေတာ့ ႏိုင္ငံေရးစကားေတြ အျမႇဳပ္ထေအာင္ေျပာေနသူေတြဟာ ဘာသာျခားရဲ႕ကြၽန္ ျဖစ္ခ်င္သလားလို႔ပဲ ေမးလိုက္ခ်င္ပါတယ္။
စစ္ကြၽန္ဘဝဆိုတာ တစ္ေန႔မွာ လြတ္ေျမာက္ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ရွိေသးတယ္။ ဘာသာျခားကြၽန္ဘဝကို တစ္တိုင္းျပည္လုံး က်ေရာက္သြားၿပီဆိုရင္ ဘယ္ေတာ့မွ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး။ ဘာသာ သာသနာ၊ တိုင္းျပည္နဲ႔လူမ်ဳိး အားလုံး ေသဆုံးသြား
မယ့္အေျခအေန၊ ကြၽန္ရဲ႕ေအာက္ သေဘာက္ဘဝကို ေရာက္သြားေတာ့မယ္ လို႔ မွတ္လိုက္ပါ။
မဘသက ဓမၼဝိနယလမ္းစဥ္အတိုင္း ခ်ီတက္ေနတာျဖစ္လို႔ စစ္အာဏာရွင္ေတြရဲ႕ ေဒါက္တိုင္ဘဝနဲ႔ ဘယ္ေတာ့မွ အသုံးခ်ခံမွာမဟုတ္ဘူး။ အရွင္ထာဝရ တို႔သာလွ်င္ ဘာသာျခား လူမ်ဳိးျခားတို႔ရဲ႕ ေဒါက္တုိင္ဘဝမ်ဳိး အျဖစ္ဆိုးနဲ႔ မႀကံဳရေအာင္ ႀကိဳးစားရပ္တည္ၾကပါလို႔ ေလွ်ာက္ထားခ်င္ပါတယ္။
ေမာင္ေသြးခြၽန္
“မဘသ(ဗဟို) Online Media”
“စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ဘာသာခြားကျွန်ဘ၀
ကျရောက်သွားမယ်ဆိုရင်”
===မောင်သွေးချွန်===
အတုမရှိဂျာနယ်မှာ ဆရာမန္တလေးသားရဲ့ ဝေဖန်စာ တစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ ၂ဝ၁၅ မတ် လထုတ် ‘ဝိဘဇ္ဇပဲ့တင်သံ’စာအုပ်မှာ အ ရှင်ထာဝရ(ခေတ္တ နော်ဝေနိုင်ငံ)ရေးသားခဲ့တဲ့ ‘ခေတ်နဲ့အညီ လက်ခံဖို့ အရေးကြီးပြီ’ဆိုတဲ့ ဆောင်းပါးကို ဝေဖန်ထားတာပါ။ ဆရာမန္တလေးသားရဲ့ တုံ့ပြန်ချက်ကို ထောက်ခံ သောအားဖြင့် အရှင်ထာဝရရဲ့ အရေးအသားတွေကို ဆက်လက်ဝေဖန် ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ထုံးစံအတိုင်း ‘သံဃာတွေဟာ ကိုယ့်အလုပ် ကိုယ်မလုပ်’ဆိုတဲ့ စွပ်စွဲချက်နဲ့ တာထွက်လာတယ်။ သံဃာ့အလုပ် သံဃာ့တာဝန်ကို အပြည့်အဝနားမလည်ရှာတဲ့ အချို့သောသံဃာတော်များကလည်း ဒီစကားမျိုး ပြောခဲ့ဖူးပေါင်း များလှပေပြီ။
သံဃာဆိုတာ ဗုဒ္ဓဘုရားရှင်နဲ့ အမြင်တူ အကျင့်တူမှ သံဃာလို့ ခေါ်နိုင်တယ်။ သံဃာတော်များအနေနဲ့ သံဃာ့အဖွဲ့အစည်းကို ထူထောင်ခဲ့တဲ့ မိမိတို့ရဲ့ အဘဘုရား ဘာလုပ်သွားသလဲ ဆိုတာ ခြေရာကောက်မိဖို့ လိုပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် သာသနာတော်မြတ်ကြီးကို ကာကွယ် စောင့်ရှောက်ခဲ့ရတဲ့ အစဉ်အလာတွေကို သတိပြုကြစေချင်ပါတယ်။ အောင်ခြင်း ရှစ်ပါးဇာတ်တော်တွေမှာ ဗုဒ္ဓမြတ်စွာဘုရားဟာ အနုနည်းရော အကြမ်းနည်းပါသုံးပြီး သာသနာကို ဖျက်ဆီးလာသူ မှန်သမျှတို့အား ဆုံးမကာကွယ်ခဲ့ပုံတွေကို တွေ့ရပါလိမ့်မယ်။
နာဠာဂီရိဆင် မိုက်ကြီးကို မေတ္တာတရားဖြင့် အနုနည်း နဲ့ အောင်နိုင်ခဲ့သော်လည်း နန္ဒောပနန္ဒ နဂါးမင်းကြီးကျတော့ ထောင်းထောင်း ညက်ညက်ကြေအောင် အကြမ်းဖက်ပြီး ဆုံးမခဲ့တယ်မဟုတ်ပါလား။ ကမ္ဘာလောကကိုသာမက
တာဝတိံသာနတ်ပြည်ကြီးကိုပါ အမိုက်မှောင်နဲ့ ဖုံးလွှမ်းထားတဲ့ နန္ဒောပနန္ဒနဂါးမင်းကို အရှင်ရဋ္ဌပါလ၊ အရှင်ဘဒ္ဒိယတို့အပြင် သားတော်ရာဟုလာကိုယ်တိုင် ဆုံးမပါရစေလို့ မြတ်စွာဘုရားထံတော်မှာ ခွင့်ပန်လျှောက်ထား ကြတယ်။
သံဃာတော်တွေ တာဝန်သိသိ သစ္စာရှိရှိနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာနော်။ နဂါးမင်းကြီးက သံဃာနဲ့သာသနာကို ဖျက်ဆီးနေချိန်၊ လောကကြီးကို အမှောင်ချထားချိန်မှာ သံဃာတော်တွေဟာ ဆွမ်းစားကွမ်းစား တရားလည်း ဟောမနေပါဘူး။ ဂန္ထဓုရ ဝိပဿနာဓုရ တွေလည်း လုပ်မနေပါဘူး။ ဒီအချိန်မှာ သံဃာ့အလုပ်က နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမဖို့ပဲ။ ဒါ့ကြောင့် သံဃာတော်တွေက သူဆုံးမပါရစေ၊ ငါဆုံးမပါရစေနဲ့ အလုအယက် လျှောက်ထားကြတာ။
နောက်ဆုံးမှာ မြတ်စွာဘုရားက တန်ခိုးအရာမှာ ဧတဒဂ်ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်ကို ရွေးချယ်လိုက်တယ်။
‘ချစ်သား- သွား ဆုံးမချေ’တဲ့။ ဘုရားကိုယ်တိုင် တာဝန်ပေးစေခိုင်းခဲ့တာပါ။
အရှင်ဘဒ္ဒိယတို့ဆိုရင် အရှင်မောဂ္ဂလာန်လောက် တန်ခိုးအင်အား မကြီးထွားလေတော့ နဂါးမင်းကို မှတ်လောက်သားလောက် ဆုံးမနိုင်မှာမဟုတ် ဘူး။ နဂါးမင်းကြီးမှာလည်း ခြွေရံသင်းပင်းတွေက နည်းလှတာမဟုတ်ဘူး။ နဂါးထုခေါင်းဆောင်ကြီး၊ သူလော်ဘီ လုပ်ထားတဲ့ မိစ္ဆာအင်အားစုတွေကလည်း ရှိနေသေး၊ သာသနာနဲ့ သံဃာတွေကို နှောင့်ယှက်ဖျက်ဆီးတာ ‘နဂါးအခွင့်အရေး’ပဲလို့ အကြောင်းပြချင် ပြနေဦးမှာ။
ဒီတော့ အရှင်မဟာမောဂ္ဂလာန်ဆိုတဲ့ သံဃာရဲ့အားကို ဘုရား ယုံတော်မူတယ်။ ကြည့်စမ်းပါဦး၊ အရှင်မောဂ္ဂလာန်ကြီး ဆုံးမလိုက်ပုံများ၊ နဂါးမင်းကို ငရုတ်ဆုံထဲ ထည့်ထောင်းသလို မြင့်မိုရ်တောင်ကြီးနဲ့ ကြိတ်ချေပစ်လိုက်တာ။
ဘုရားရဟန္တာကြီးတွေကိုယ်တိုင် သာသနာကို အဲဒီလို ကာကွယ်စောင့်ရှောက်ခဲ့တာပါ။ အဲဒီလိုသာ မကာကွယ်မစောင့်ရှောက်နိုင်ခဲ့ရင် သံဃာ့မျိုးဆက် အညွန့်တက်လာစရာအကြောင်း မရှိဘူး။ အရှင်ထာဝရတို့၊ အရှင်ဇဝနတို့၊ ဓမ္မဂင်္ဂါ တို့ စသည်ဖြင့် ဝိဘဇ္ဇအရေခြုံ သံဃာတွေ ပေါ်လာစရာအကြောင်း မရှိဘူး။
ဗုဒ္ဓဘုရား ကိုယ်တော်တိုင်မှသည် ခေတ်အဆက်ဆက် ယနေ့ထိတိုင် သံဃာတော်တွေ ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့ကြလို့ (ဝါ) သာသနာကို ကာကွယ်စောင့်ရှောက်ခဲ့ကြလို့ ဒီနေ့ သံဃာမျိုးဆက် ရှင်သန်နေတာပါ။ အရှင်ထာဝရက ဒီလို ရေးခဲ့ပါတယ်။
‘အဓိကအနေနဲ့ မဘသအဖွဲ့ကြီးရဲ့ မလျော်ညီတဲ့ အပြုအမူလုပ်ရပ်တွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မျက်နှာပျက်စရာတွေနဲ့ အလွန့်ကိုများပြားနေပြီဖြစ်ပါတယ်။ အမုန်းတရားတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ လှုံ့ဆော် ဟောပြောရမယ့်အလုပ်ဟာ သံဃာတွေရဲ့ အလုပ်မဟုတ်ပါဘူး’
(ဝိဘဇ္ဇ၊ စာ-၈၇)
မဘသအဖွဲ့ကြီးရဲ့ မလျော်ည်ီတဲ့ အပြုအမူ လုပ်ရပ်တွေဆိုတာ ဘယ်လို ပေတံ ဘယ်လိုစံနဲ့ တိုင်းပြီး ပြောလိုက်တာလဲ။ ခရစ်ယာန်တွေလည်း သူ့သာသနာ သူကာကွယ်စောင့်ရှောက်နေတာပဲ။ နှစ်ပေါင်း နှစ်ရာလောက်ကြာတဲ့ ခရူး ဆိတ်စစ်ပွဲကြီး ဆင်နွှဲပြီးတော့တောင် ခရစ်ယာန်ဘာသာကို ကာကွယ်စောင့်ရှောက်ခဲ့ကြတယ်။ အစ္စလာမ်ဘာသာဝင်တွေလည်း ဂျီဟတ်စစ်ပွဲကြီးတွေနဲ့ သူတို့ဘာသာကို ကာကွယ်စောင့်ရှောက်ရုံမက တိုးချဲ့နေတယ်။
မဘသမှာ စစ်တပ်ကြီးတွေ မရှိပါဘူး။ မဘသဟာ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ပါဘူး။ အမျိုး ဘာသာ သာသနာကို
ကာကွယ်စောင့်ရှောက်ပါလို့ ပြောဆိုစည်းရုံး လှုပ်ရှားနေတာ နိုင်ငံတကာ အသိုင်းအဝန်း ဘာမျက်နှာပျက်စရာလိုသလဲ။
နိုင်ငံတကာက ကူညီပါဆိုပြီး ပိုက်ဆံချေး ထားတာလည်း မရှိ၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ မဘသကြားမှာ ဘယ်လိုကတိကဝတ်တွေမှ မရှိ၊ နှောင်ကြိုးတွေမရှိ၊ အပေးအယူမရှိ။
မဘသဟာ အစိုးရလည်းမဟုတ်၊ နိုင်ငံရေးပါတီ လည်း မဟုတ်၊ နိုင်ငံတကာအဖွဲ့အစည်းမျိုး လည်းမဟုတ်။ မဘသဟာ ဘာအရှုပ်အ ရှင်းမှမရှိတဲ့ အင်မတန်ရိုးစင်းတဲ့ အဖွဲ့အ စည်းဖြစ်တယ်။ မဘသအဖွဲ့ကြီးခမျာ ခရစ်ယာန် အစ္စလာမ်အဖွဲ့ကြီးတွေလောက် မကြီးကျယ်ရှာပါဘူး။
ရိုးရိုးလေးပါ။ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြ၊ ဒါပဲ လုပ်ပါတယ်။ ကိုယ့်သာသနာကိုယ် ကာကွယ်စောင့်ရှောက်တာ ဘာမျက်နှာပျက်စရာလိုသလဲ။ ပျက်ချင်းပျက်ရင် နိုင်ငံတကာအသိုင်းအဝန်းဆိုတာကြီးကပဲ မျက်နှာပျက်ရုံမက ရှက်လည်းရှက်သင့်တယ်။
နိုင်ငံတကာအသိုင်းအဝန်းဆိုတာ ခရစ်ယာန်နဲ့ အစ္စလာမ်နိုင်ငံတွေပေါင်းဖွဲ့ထားတာပဲ။ ပေါင်းသာပေါင်းနေကြတယ်၊ သူတို့ချင်းလည်း တည့်တာမဟုတ်ဘူး။ မတည့်တာမှ ဗုံးတွေ တဝုန်းဝုန်းကြဲ၊ စစ်ပွဲကြီးတွေ ဆင်နွှဲတဲ့အထိ ရက်ရက်စက်စက် အရှက်မရှိ ချနေကြတာ၊ ဂျော်ဒန်ဘုရင်က တတိယကမ္ဘာစစ်ကြီးဖြစ် နေပြီလို့တောင် ဆိုတယ်။
ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်နေတာ ဗုဒ္ဓဘာသာကြောင့် မဟုတ်ဘူး။ မဘသက အဲဒီ ကမ္ဘာစစ်မီးတွေ ဗုဒ္ဓဘာသာဝင်တွေဆီ ကူးစက်မလာအောင် ကာကွယ်ပေးရုံ သက်သက်သာ၊ ရှက်စရာကောင်းတာ ကမ္ဘာစစ်မီးကို ဖန်တီးနေသူတွေပဲ။
ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးအောင် ဖျက်ဆီး နေမှတော့ မျက်နှာပျက်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝန်းက ဘယ်သိလိမ့်မလဲ။
အဲဒီလို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝန်းအတွက် မဘသကဆောင်ရွက်နေတာ မဟုတ်ဘူး။
စော်ကားခံနေရတဲ့ ဖျက်ဆီးခံနေရတဲ့ ဗုဒ္ဓဘာသာဝင်ပြည်ထောင်စုတိုင်းရင်းသားတွေ အတွက် တတ်အားသမျှဆောင်ရွက်နေတာ၊ ပြည်သူတွေကြားမှာတော့ မဘသက ဆရာ တော်သံဃာတော်တွေဆိုရင် အားကိုးလှပေါ့။ အစိုးရနဲ့ လူထုခေါင်းဆောင်ဆိုသူတွေ ဘယ်သူ့မှ အားမကိုးရတော့ ဆရာတော် သံဃာတော်တွေကိုပဲ အားကိုးရရှာတာပေါ့။ ဒီတော့ မဘသသံဃာတော်တွေဆိုတာ (နိုင်ငံတကာမှာ မျက်နှာပျက်ချင်ပျက်၊ ကြိုက်သလောက်ပျက်) ပြည်သူကြားမှာတော့ မျက်နှာပွင့်လိုက်တာ။
သြော်- မဘသဆရာတော် သံဃာတော်များ အဘဘုရားရှင်ရဲ့ လမ်းစဉ်အတိုင်း သာသနာတော်ကြီးကို ကာကွယ် စောင့်ရှောက်နေကြတာပါလား။ ဗုဒ္ဓ ဘုရားရှင်က မာရ်နတ်ကို’အယုတ်တမာ’ လို့ပြောတာ အမုန်းစကားပြောတာလား။ သာသနာကို ကာကွယ်စောင့်ရှောက်တာလား။
မဘသ သံဃာတော်များဟာ ဘုရားပြောသလို ပြောနေကြတာပါ။ ဘုရားကာကွယ်သလို ကာကွယ်နေကြ ရှာတာပါ။
‘အခုတော့ မဘသအဖွဲ့ကြီးဖွဲ့ပြီး မျိုးစောင့် ဥပဒေရေးဆွဲပြီး လွှတ်တော်မှာ အတည်ပြုပေးဖို့ နိုင်ငံရေးပါတီတွေကို ဖိအားပေးနေတာဟာ သံဃာရဲ့အလုပ် မဟုတ်ပါဘူး’တဲ့။ (စာ-၈၈) သံဃာရဲ့အလုပ်က နယ်ချဲ့ဗြိတိသျှ တွေကိုတောင် မောင်းထုတ်ခဲ့တယ် လေ…။
မျိုးစောင့်ဥပဒေသာ မပြဋ္ဌာန်းနိုင်ရင် တစ်မျိုးသားလုံး ဘာသာခြားတွေရဲ့ ကျေးကျွန်တွေဖြစ်ကုန်မှာပေါ့။ ဗုဒ္ဓဘာသာကြီးလည်း ပျက်စီးပျောက်ဆုံးသွား တော့မှာပေါ့။ သံဃာရဲ့အလုပ်က တိုင်းပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးကြီး တောက်လောင်နေချိန်(၁၉၅ဝ-၆ဝ ကြား) ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးတွေကို ဦးဆောင်ခဲ့တယ်ဆိုတာလည်း သတိရလိုက်ပါဦး။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီး ဗိုလ်မှူးချုပ်ကျော်ဇော တို့လို ပုဂ္ဂိုလ်ကြီးတွေပင်လျှင် သံဃာတော်များရဲ့ သြဝါဒကို မလွန်ဆန်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ ရှိနေဆဲပါ။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ တံဆိပ်တော်(လိုဂို)ဟာ ‘ဗောဓိညောင်တော်’ပါ။ နိုင်ငံတကာမှာ မျက်နှာပျက်စရာ တစ်ကွက်မှမရှိဘဲ အင်မတန် ဂုဏ်တက်စရာ ဖြစ်ခဲ့တယ် မဟုတ်ပါလား။
မဘသက မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးအတွက် ပြည်သူလူထုရဲ့အားကိုယူပြီး တောင်းဆိုနေတာပါ။ ဘယ်ပါတီကိုမှ ဖိအားပေးတာ မရှိဘူး။ ပါတီတွေကသာ ပြည်သူလူထုကို တကယ်အလုပ်အကျွေးပြုချင်တယ်ဆိုရင် ပြည်သူလူထု တောင်းဆိုနေတဲ့ မျိုးစောင့်ဥပဒေကို အလေးအနက်ပြုရမှာပါ။ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကို အပြိုင်အဆိုင် လုပ်နေတာလို့ အရှင်ထာဝရက စွပ်စွဲပြန်ပါတယ်။ (စာ-၈၉ ရှု)
မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး တောင်းဆိုလှုပ်ရှား မှုများဟာ အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းရေး ကျောင်းသားသပိတ်လောက် မပြင်းထန်ပါဘူး။ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းရေးဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေးကို အပြိုင်အဆိုင်လုပ်နေတာလား၊ လမ်းလွှဲ ပစ်တာလား။ ဝိဘဇ္ဇဉာဏ် ရင့်သန်စွာနဲ့ စဉ်းစဉ်းစားစား သုံးသပ်စေချင်ပါတယ်။
အရှင်ထာဝရက ‘မဘသအဖွဲ့အနေနဲ့ မိမိလူမျိုးကို တကယ်ချစ်တယ်ဆိုရင် စစ်ကျွန်ဖြစ်နေတဲ့ ဆင်းရဲတွင်းထဲက ဒကာ ဒကာမတွေရဲ့ဘဝကို ဗုဒ္ဓအဆုံး အမနဲ့အညီ အရင်ဆုံး ကယ်တင်နိုင်အောင်ကြိုးစားရမှာပါ’တဲ့။ (စာ-၈၉)
စစ်ကျွန်ဘဝက လွတ်မြောက်အောင် ကယ်တင်ရမှာက လူထုခေါင်းဆောင်လို့ဆိုတဲ့ နိုင်ငံရေးပါတီတွေရဲ့တာဝန်၊ မကယ်တင်နိုင်ရင် နိုင်ငံရေးအရ ရှုံးမယ်၊ လူထုခေါင်းဆောင်ဘွဲ့ကို ခံယူ မနေနဲ့တော့။
မဘသက ‘ဘာသာခြား ကျွန်’ဘဝက လွတ်မြောက်အောင် ကြိုးစားမယ်။ ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြားကျွန်ဘဝက မလွတ်မြောက်ရင် မဘသကို ညံ့တယ်လို့ပြောပါ။ အသုံး မကျဘူး၊ အချည်းနှီးပဲဆိုပြီး ဆဲချင်ဆဲ ဆိုချင်ဆို ကြိုက်သလို တုံ့ပြန်ပါ။
စစ်ကျွန်ဘဝကလွတ်အောင်လုပ်ရမှာက နိုင်ငံရေးသမား/ခေါင်းဆောင်တွေရဲ့တာဝန်၊ ဘာသာခြား ကျွန်ဘဝက လွတ်မြောက်အောင်လုပ်ရမှာက မဘသရဲ့တာဝန်။ ဒီလို ခွဲခြားနားလည်စေချင်တယ်။
မဘသက ကိုယ့်အလုပ်ကိုယ် လုပ်နေတယ်။ နိုင်ငံရေးပါတီ/လူထုခေါင်းဆောင် ဆိုသူတွေက ကိုယ့်အလုပ်ကိုယ် မလုပ်တဲ့အပြင် မဘသကို လာလာပြီးခလုတ်တိုက်ရုံမက အပြုတ်တိုက်ဖို့ ကြိုးပမ်းနေတယ်။ အဲဒီတော့ နိုင်ငံရေးစကားတွေ အမြှုပ်ထအောင်ပြောနေသူတွေဟာ ဘာသာခြားရဲ့ကျွန် ဖြစ်ချင်သလားလို့ပဲ မေးလိုက်ချင်ပါတယ်။
စစ်ကျွန်ဘဝဆိုတာ တစ်နေ့မှာ လွတ်မြောက်နိုင်တဲ့ မျှော်လင့်ချက်ရှိသေးတယ်။ ဘာသာခြားကျွန်ဘဝကို တစ်တိုင်းပြည်လုံး ကျရောက်သွားပြီဆိုရင် ဘယ်တော့မှ မျှော်လင့်ချက်မရှိတော့ဘူး။ ဘာသာ သာသနာ၊ တိုင်းပြည်နဲ့လူမျိုး အားလုံး သေဆုံးသွား
မယ့်အခြေအနေ၊ ကျွန်ရဲ့အောက် သဘောက်ဘဝကို ရောက်သွားတော့မယ် လို့ မှတ်လိုက်ပါ။
မဘသက ဓမ္မဝိနယလမ်းစဉ်အတိုင်း ချီတက်နေတာဖြစ်လို့ စစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်ဘဝနဲ့ ဘယ်တော့မှ အသုံးချခံမှာမဟုတ်ဘူး။ အရှင်ထာဝရ တို့သာလျှင် ဘာသာခြား လူမျိုးခြားတို့ရဲ့ ဒေါက်တိုင်ဘဝမျိုး အဖြစ်ဆိုးနဲ့ မကြုံရအောင် ကြိုးစားရပ်တည်ကြပါလို့ လျှောက်ထားချင်ပါတယ်။
မောင်သွေးချွန်
“မဘသ(ဗဟို) Online Media”