သတင္း

စာေပေဟာေျပာပြဲအမည္ခံၿပီး သာသနာလုိက္ဖ်က္ေနလုိ႔ပါဗ်ာ

သုိ႔
ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္
စာေပေဟာေျပာပြဲက်င္းပေရးအဖြဲ႔
ေတာ္ကပူး-ကမာေကးေက်းရြာ
ေခ်ာင္းဆံုၿမဳိ႕၊ ေခ်ာင္းဆံုၿမဳိ႕နယ္

ရက္စြဲ၊ ၇-၁-၂၀၁၉
အေၾကာင္းအရာ။ စတုတၳအႀကိမ္ (ပညာပေဒသာဥပကာရီစာၾကည့္တုိက္) ႏွစ္ပတ္လည္ေန႔ စာေပေဟာေျပာပြဲကိစၥ။

အထက္ပါအေၾကာင္းအရာပါကိစၥႏွင့္ပတ္သက္၍ သက္ဆုိင္ရာ ေက်းရြာ/ရပ္ကြက္ ဆရာေတာ္ သံဃာေတာ္မ်ား၊ ၿမဳိ႕နယ္စာေရးဆရာအသင္းဥကၠ႒ထံတုိ႔မွ စာေပေဟာေျပာပြဲ ကန္႔ကြက္ေၾကာင္း စာမ်ား၊ မိတၱဳကို ၿမဳိ႕နယ္သံဃနာယကအဖြဲ႔သို႔ ေပးပို႔ေရာက္ရွိလာပါသည္။ အျခားေသာ သက္ဆိုင္ရာဌာနမ်ားကိုလည္း ေပးပို႔ေရာက္ရွိသည္ကို သိရပါသည္။
သို႔ျဖစ္၍ ၎စာေပေဟာေျပာပြဲ၌ ပါဝင္လာေသာ စာေရးဆရာထင္လင္းဦးသည္ ဗုဒၶျမတ္စြာသာသနာေတာ္ျမတ္အေပၚ ေစာ္ကား၊ ေမာ္ကား၊ ရိုင္းျပစြာ ေဟာေျပာခဲ့မႈတုိ႔ေၾကာင့္ ေထာင္ဒဏ္(၂)ႏွစ္ ခ်ခံခဲ့ရသူျဖစ္ျခင္းေၾကာင့္ ထင္လင္းဦးပါဝင္လာေသာ စာေပေဟာေျပာပြဲကို ကန္႔ကြက္ၾကေသာအဖြဲ႔မ်ားနည္းတူ ၿမဳိ႕နယ္သံဃနာယာကအဖြဲ႔မွလည္း အထူးထပ္ဆင့္ကန္႔ကြက္ေၾကာင္း အသိေပးလုိက္ပါသည္။

ဘဒၵႏၲဝါယာမိႏၵ
ဥကၠ႒ဆရာေတာ္
ၿမဳိ႕နယ္သံဃနာယကအဖြဲ႔
ေခ်ာင္းဆံုၿမဳိ႕

မိတၱဴ
-ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး၊ မြန္ျပည္နယ္၊ ေမာ္လၿမဳိင္ၿမဳိ႕။
-ျပည္နယ္သံဃနာယကအဖြဲ႔၊ မြန္ျပည္နယ္၊ ေမာ္လၿမဳိင္ၿမဳိ႕။
-ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ေခ်ာင္းဆံုၿမဳိ႕။
-ၿမဳိ႕နယ္သာသနာေရးမွဴး၊ ေခ်ာင္းဆံုၿမဳိ႕။
-ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴး၊ ကမာေကး-ေတာ္ကပူးေက်းရြာ။
-ၿမဳိ႕နယ္ျပည္သူ႔ရဲတပ္ဖြဲ႔မွဴး၊ ေခ်ာင္းဆံုၿမဳိ႕။

စာပေဟောပြောပွဲအမည်ခံပြီး သာသနာလိုက်ဖျက်နေလို့ပါဗျာ

သို့
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စာပေဟောပြောပွဲကျင်းပရေးအဖွဲ့
တော်ကပူး-ကမာကေးကျေးရွာ
ချောင်းဆုံမြို့၊ ချောင်းဆုံမြို့နယ်

ရက်စွဲ၊ ၇-၁-၂၀၁၉
အကြောင်းအရာ။ စတုတ္ထအကြိမ် (ပညာပဒေသာဥပကာရီစာကြည့်တိုက်) နှစ်ပတ်လည်နေ့ စာပေဟောပြောပွဲကိစ္စ။

အထက်ပါအကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် ဆရာတော် သံဃာတော်များ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌထံတို့မှ စာပေဟောပြောပွဲ ကန့်ကွက်ကြောင်း စာများ၊ မိတ္တုကို မြို့နယ်သံဃနာယကအဖွဲ့သို့ ပေးပို့ရောက်ရှိလာပါသည်။ အခြားသော သက်ဆိုင်ရာဌာနများကိုလည်း ပေးပို့ရောက်ရှိသည်ကို သိရပါသည်။
သို့ဖြစ်၍ ၎င်းစာပေဟောပြောပွဲ၌ ပါဝင်လာသော စာရေးဆရာထင်လင်းဦးသည် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်အပေါ် စော်ကား၊ မော်ကား၊ ရိုင်းပြစွာ ဟောပြောခဲ့မှုတို့ကြောင့် ထောင်ဒဏ်(၂)နှစ် ချခံခဲ့ရသူဖြစ်ခြင်းကြောင့် ထင်လင်းဦးပါဝင်လာသော စာပေဟောပြောပွဲကို ကန့်ကွက်ကြသောအဖွဲ့များနည်းတူ မြို့နယ်သံဃနာယာကအဖွဲ့မှလည်း အထူးထပ်ဆင့်ကန့်ကွက်ကြောင်း အသိပေးလိုက်ပါသည်။

ဘဒ္ဒန္တဝါယာမိန္ဒ
ဥက္ကဋ္ဌဆရာတော်
မြို့နယ်သံဃနာယကအဖွဲ့
ချောင်းဆုံမြို့

မိတ္တူ
-ပြည်နယ်အုပ်ချုပ်ရေးမှူး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့။
-ပြည်နယ်သံဃနာယကအဖွဲ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့။
-မြို့နယ်အုပ်ချုပ်ရေးမှူး၊ ချောင်းဆုံမြို့။
-မြို့နယ်သာသနာရေးမှူး၊ ချောင်းဆုံမြို့။
-ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ကမာကေး-တော်ကပူးကျေးရွာ။
-မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး၊ ချောင်းဆုံမြို့။