“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ (ပဉ္စမနေ့)”
13.7.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။
မစိုးရိမ်တိုက်သစ် အစိုးရဓမ္မာစရိယတန်းစာမေးပွဲ အဋ္ဌသာလိဏီဘာသာရပ်(ပထမနေ့)ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ကြာဇံကြော်နှင့် ငှက်ပျော်သီး ကပ်လှူတာဖြစ်ပါတယ်။
ငှက်ပျောသီးအလှူရှင်က ရမည်းသင်းမြို့၊ မချို မိသားစုဖြစ်ပါတယ်။
မချိုမိသားစုသည် စာဖြေသံဃာအရုဏ်ဆွမ်းအတွက် အလှူငွေ ၁၀၀၀၀ဝိ လှူဒါန်းထားပြီး ယနေ့မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကပ်လှူ ကုသိုလ်ယူပါတယ်။
ယနေ့ကုသိုလ်ကောင်းမှုအစုအစုအတွက် ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်းဆရာတော် အရှင်စန္ဒောဘာသမှ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူပါတယ်။
၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။
ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကြောင့် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ 23.4.2020နေ့ တစ်ရက်သာဖြေဆိုပြီး ခေတ္တရပ်ဆိုင်းလာခဲ့ရာမှ 10.7.2020နေ့မှာ ပြန်လည်စတင်ဖြေဆိုရတာဖြစ်ပါတယ်။
စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။
ဒီအရုဏ်ဆွမ်းအလှူ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို 7.3.2020 ရက်နေ့မှာ ဆရာတော်က “သံဃာကျေးဇူး ခံစားဖူးစေ” ဆောင်းပါးဖြင့် စိတ်ဝင်စားဖွယ်၊ အားကျအတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ်ရာအတိဖြင့် ရသမြှောက်စွာ ရေးသားခဲ့ပါသေးတယ်။