ပါရမီပျိုးခင်းသွေးလှူအသင်း

“စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပမည်”

“စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပမည်”

——————————————-

မန္တလေး – ဇွန် – ၁၅ ရက်

        ပါရမီပျိုးခင်း သွေးလှူအသင်းကြီး၏ ၂၇ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယ္ခု ၂၆ရက်နေ့(နယုန်လပြည့်ကျော်၅ရက်နေ့)၌ ကျင်းပမည်ဖြစ်သည်။

        ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော် ၅၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အဆိုပါသွေးလှူဒါန်းပွဲကြီးကို ဆေးရုံကြီး၊ ဗဟိုအမျိုးသ္မီးဆေးရုံ၊ အရိုးအထူးကုဆေးရုံတို့၌ တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်ကြောင်း – ရဟန်းရှင်လူ မည်သူမဆို သွေးလှူဒါန်းနိုင်ကြောင်း၊ သွေးလှူရှင်များအား နေ့လည်စာ၊ လက်ဆောင်ပစ္စည်းများနှင့် စက်ဆီဖိုး လှူဒါန်းမည့် အစီစဉ်လည်း ပါဝင်ကြောင်း သိရှိရသည်။

        ပါရမီပျိုးခင်း သွေးလှူအသင်းကြီးကို မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသက ၂၀၀၁ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၂၀၀၃ခုနှစ်၌ ခေတ္တရပ်နားခဲ့ရကာ ၂၀၁၂ခုနှစ်မှစ၍ ပြန်လည် လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပြီး ယက္ခု ၂၇ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကြီးသည် ၂၀၁၂ ခုနှစ် ပြန်လည်လှူဒါန်းချိန်မှစ၍ ပြုလုပ်ခဲ့သော အကြိမ်အရေအတွက် ဖြစ်ကြောင်း သိရသည်။

        ယ္ခင်နှစ်များ၌ မန္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊ နောင်ချို၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ရမည်းသင်း၊ မြင်းခြံ အစရှိသည့် မြို့များမှ ဥပပါရမီရှင်များ လာရောက် သွေးလှူဒါန်းလေ့ရှိကြပြီး၊ သွေးလှူရှင် အသီးသီးအား ဆရာတော်ကိုယ်တိုင် ကြွရောက်အားပေးခြင်း၊ အနုမောဒနာတရားဟောကြား၍ ရေစက်ချ အမျှဝေခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

        ပါဝင်လှူဒါန်းလိုသော ဥပပါရမီကုသိုလ်ရှင်များသည် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရှိရသည်။

၀၉ ၆၆၈ ၇၆၁ ၇၂၀

၀၉ ၆၆၆ ၈၅၅ ၅၆၆

၀၉ ၂၅၉ ၉၉၅ ၉၆၉