ပြည်သူတင်ထားတိုင်း ဖူးဖူးမှုတ်ထားရမယ်ဆိုတဲ့ဥပဒေမရှိဘူး။
ပြည်သူတင်ထားတဲ့ အစိုးရကိုပြည်သူက ပြန်ဖြုတ်ချခွင့်တော့ အမှန်တကယ်ရှိနေတယ်။
ထိုင်းမှာ သက်ဆင်ပါတီ အမြဲနိုင်ပြီးအမြဲဖြုတ်ချခံရတယ်။
စစ်အာဏာရှင်က သံဃာကိုသာ နှိပ်ကွပ်တာ။ သာသနာကို မဖျက်ဆီးဘူး။
သံဃာတောင်မှ သူ့အာဏာကို ထိပါးလာမှ နှိပ်ကွပ်တာ။ မထိပါးရင် အောက်ကျို့  ဆည်းကပ်တာ။
ဒီအစိုးရက သံဃာကို အသလွတ်နှိပ်ကွပ်ရုံတင်မကဘူး။ သာသနာကိုပါ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာ။
စစ်အာဏာရှင်က နိုင်ငံရေးသမားသာ နှိပ်ကွပ်တာ။ အမျိုးသားရေးကို သစ္စာမဖောက်ဘူး။
ဒီအစိုးရက အမျိုးသားရေးကို သစ္စာဖောက်ရုံမကဘူး နိုင်ငံကိုပါ ရောင်းစားနေတာ။
အမျိုးသားရေးသမားနဲ့ နိုင်ငံရေးသမား စံထားတာချင်း မတူဘူးလေ။
ဝီရသူ < မစိုးရိမ် >
4.8.2017
am
00.25
……………………………………………………………………………….
NLDအစိုးရပြုတ်ကျရေး ဆန္ဒပြမှု့အပေါ် ၈၈ ကိုမြအေးရဲ့အမြင်
_________
နိုင်ငံရေးမို့လို့ ပြောမယ်။ အာဏာရှင်စစ်အစိုးရ ပြုတ်ကျဖို့ တောင်းတယ်၊ တိုက်တယ်၊ ဆန္ဒပြတယ် ဆိုတာ ရှင်းတယ်။ ဘယ်ပြည်သူကမှ မဲပေးတင်ထားတာ မဟုတ်ဘူး။ ပြည်သူလူထုကို ဗိုလ်ကျစိုးမိုးပြီး အာဏာကို လုယူထားတဲ့အတွက် ဖြစ်တယ်။
NLDအစိုးရက လူထုက မဲပေးပြီး လိုလိုလားလား ရွေးချယ်တင်မြောက်ထားတာ ဖြစ်တယ်။ လူထုအစိုးရ ဖြစ်တယ်။ သဘောထား မတူရင် ဝေဖန်မယ်၊ ထောက်ပြမယ်။ ဒါပေမယ့် NLD အစိုးရ ပြုတ်ကျရေးတော့ မလုပ်ဘူး။
ကိုယ့်ကိုကိုယ် ယုံကြည်ရင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပေါ့။ ဒါ ဒီမိုကရေတစ်စံဘဲ။ ဒါကြောင့် NLD အစိုးရ ပြုတ်ကျရေး ဆန္ဒပြပွဲတွေကို သဘောမတူဘူး။ ဒီကိစ္စမှာ NLD အစိုးရနဲ့ တသားတည်း ရှိမယ်။
ကိုမြအေး (၈၈)
လေးစားလျက်
wa than aung