သတင်း

ဆိုပဲ တရား

ကိုကျော်မျိုးရွှေရဲ့ အစ်ကိုအရင်း ဦးမျိုးချစ်ရဲ့ တရားရုံးအတွေ့အကြုံ `ဆိုပဲ´ တရားပါ။

အရှင်အရိယဝံသ( ပေါက်ကိုယ်တော်)ကို သပိတ်ခေါင်းဆောင်ဆိုပြီး တရားစွဲထားတဲ့အမှုပါ။

လိုင်းပေါ်က လုပ်ကြံဖန်တီးထားတဲ့ ရဟန်းတုတွေဆိုတဲ့ အင်သတင်းကို သက်သေတင်သွင်းထားပါတယ်။

အင်သတင်းမှာ တက်တူးအပြည့်ထိုးထားတဲ့ပုံတွေပါပါတယ်။

တရားရုံးမှာ ပေါက်ကိုယ်တော်ကို အင်္ကျီချွတ်ပြီးစစ်ဆေးတော့ ဘာတက်တူးမှ မရှိလို့ တစ်ခါအရှက်ကွဲပြီးပါပြီ။

အခုတစ်ခါ vcdမှာပါတယ်ဆိုပြီး ဖွင့်ပြတော့လည်း မတွေ့ရပြန်ပါဘူး။

ပေါက်ကိုယ်တော်ဟာ သပိတ်ခေါင်းဆောင်မဟုတ်သလို ဝန်းရံသူလည်းမဟုတ်ပါဘူး။
မျိုးချစ်သမဂ္ဂ မှ သူငယ်ချင်းတွေက အကူအညီတောင်းလို့ သွားအိပ်ပေးတာပါ။

ဝီရသူရဲ့တပည့်ဖြစ်တာကြောင့်ပဲ အတိုင်ခံရတာပါ။

အာဏာပိုင်တွေက ဘယ်လောက်ထိညစ်ပြီး တရားရုံးက ဘယ်လောက်ထိ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတာ မကြာခင်သိရတော့မှာပါ။

ဝီရသူ( မစိုးရိမ်)
23.11.2017
pm 8:16