သတင်း

“ဆီးချိုသမားများနှင့် ရွှေမျက်စဉ်း”

“ဆီးချိုသမားများနှင့် ရွှေမျက်စဉ်း”
====================

ဆီးချို သွေးချိုသမားများသည် ခေါင်းအုံ ခေါင်းခဲခြင်း ဇက်ကြောတက်ခြင်းများ ဖြစ်တတ်ပါသည်။

ရွှေမျက်စဉ်းသည် ဆီးချို သွေးချိုကြောင့် ဇက်ကြောတက် ခေါင်းအုံသည်ဖြစ်စေ၊ မျက်စိကြောင့် ဇက်ကြောတက် ခေါင်းအုံသည်ဖြစ်စေ ဇက်ကြောတက် ခေါင်းအုံခြင်းများကိုလည်း သက်သာပျောက်ကင်းစေပါသည်။

‘မျက်စိကြည်ရုံတင် မကဘူး၊ ခေါင်းပါ ပေါ့သွားတာ’ဟု ရွှေမျက်စဉ်း အမြဲခတ်သူများက ပြောတတ်ကြပါသည်။

အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်တာဝန်ကျ ဒုတပ်ကြပ်ဝန်ထမ်းတစ်ဦးသည် ဆီးချိုသွေးတိုးရောဂါ ခံစားနေရပါသည်။ ဆီးချိုသမားတို့ထုံစံအတိုင်း ဇက်ကြောတက်ခြင်း ခေါင်းအုံခေါင်းခဲခြင်းများ ဖြစ်ပေါ်လာပါသည်။ ထိုအခါ ရွှေမျက်စဉ်းခတ်လေ့ရှိပါသည်။

‘အကြောတက်တာတွေ၊ ဇက်ထိုးတာတွေ သက်သာတယ်၊ ခေါင်းလည်း ပေါ့သွားတယ်’ဟု မကြာခဏ ပြောလေ့ရှိပါသည်။ ထိုသို့သော ဝေဒနာများ ခံစားရသည့်အခါတိုင်း မျက်စဉ်းခတ်လေ့ရှိပြီး မျက်စဉ်းခတ်သည့်အခါတိုင်းလည်း အကြောတက် အကြောထိုးခြင်းများ ခေါင်းအုံ ခေါင်းခဲခြင်းများ သက်သာပျောက်ကင်းသည်မှာ အမှန်ပင်။

မန္တလေး၊ မဟာအောင်မြေမြို့နယ်နေ ကိုသန်းဇော်သည် ဆီးချိုသက်တမ်း ဆယ်နှစ်ကျော် ရှိပါပြီ။ ‘ဆီးချိုတက်ရင် မျက်စိတွေပါ မှုံကုန်တာ’ဟုဆိုကာ ရွှေမျက်စဉ်းနှင့် ခုခံကာကွယ်နေပါသည်။ ‘ဆီးချိုတက်ရင် သိသာတယ်၊ မျက်စဉ်းခတ်လိုက်ရင် တန်းလျော့သွားတယ်’ဟု ဆိုပါသည်။ အဓိပ္ပါယ်မှာ ဆီးချိုတက်သည့်အခါ ဇက်ကြောတက် ဦးခေါင်းအုံ၊ စိတ်တွေလေး၊ မျက်စိမှုံပြာလာခြင်းမျိုး ဖြစ်ပေါ်လေ့ရှိပြီး မျက်စဉ်းခတ်သည့်အခါ ထိုဝေဒနာများ သက်သာပျောက်ကင်းကာ ကိုယ်လက်ပေါ့ပါးပြီး မျက်စိလည်း ကြည်လင်လန်းဆန်းလာသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

ပြင်ဦးလွင်မြို့နေ စာချဆရာတော်တစ်ပါးသည် ဆီးချိုရောဂါ စွဲကပ်လျက်ရှိပါသည်။ ပါဝါမျက်မှန်လည်း တပ်ထားရပါသည်။ ရွှေမျက်စဉ်းကို စမ်းခတ်ကြည့်ရာ မျက်စိကြည်လင်သည့်အပြင် ဇက်ကြောတက်ခြင်း၊ ခေါင်းအုံခြင်းပါ သက်သာသဖြင့် ရွှေမျက်စဉ်းကို စွဲမြဲစွာ မှီဝဲလေ့ရှိပါသည်။ ဆီးချိုတက်သည့်နေ့များ၌ဆိုလျှင် တစ်ရက်တည်းနှင့် ၂၀စီစီ တစ်ဘူးကုန်အောင် ခတ်ပစ်တတ်ပါသည်။ မျက်စိကို ရေချိုးသကဲ့သို့ မျက်စဉ်းဖြင့် ဆေးကြောပစ်ခြင်းဖြစ်၏။ ထိုဆရာတော်သည် ၂၀၂၀ခုနှစ် နှစ်လယ်မှစ၍ ရွှေမျက်စဉ်းကို ပုံမှန်မှီဝဲလာရာ ယခု ၂၀၂၁ခုနှစ်ပင် ကုန်ခါနီးပါပြီ။ မျက်စဉ်းမခတ်သည့်နေ့ရက်ဟူ၍ တစ်ရက်မျှ မရှိခဲ့ပါ။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ သစ္စဝေဒဂူမိုးကုတ်ရိပ်သာမှ အသက် ၆၆နှစ်အရွယ်ရှိ သီလရှင်ဆရာကြီး ဒေါ်ခိပ္ပဉာဏီသည် ဆီးချိုရောဂါရှိသူဖြစ်၏။ ဆီးချိုတက်လျှင် နောက်ကျောတက်ခြင်း၊ မျက်စိမှုံခြင်း၊ နောက်စေ့ထိုးခြင်းများကို ခံစားရလေ၏။

သီလရှင်ဆရာကြီးတစ်ပါးက စွန့်ကြဲသဖြင့် ရွှေမျက်စဉ်းရရှိသည့်အခါ စမ်း၍ခတ်ကြည့်ရာ မျက်ရည်ပူများ ထွက်ကျလာသည်ကို သတိထားမိသည်ဟု ဆို၏။ ၎င်းနောက် နောက်ကျောတက်ခြင်း၊ မျက်စိမှုံခြင်း၊ နောက်စေ့ထိုးခြင်းများလည်း ပျောက်ကင်းသွားသည်ဆို၏။

၎င်းသည် ရွှေမျက်စဉ်းကို အမြဲမှီဝဲကာ ဆီးချိုကြောင့် မျက်စိမထိခိုက်စေရန် ကာကွယ်လျက်ရှိ၏။

“ကောင်းလိုက်တာ၊ မျက်စိကို ကာကွယ်ပြီးသားဖြစ်ရုံတင်မကဘူး၊ နောက်ကျောတက်တာတွေ၊ နောက်စေ့ထိုးတာတွေပါ ပျောက်သွားတာ၊ ကြည့်လို့လည်း အတော်ကောင်းတယ်”ဟု ဝမ်းသာအားရ အမြဲပြောနေလေတော့၏။

မန္တလေးမြို့၊ ဘုရားကြီးတိုက်မှာ သီတင်းသုံးနေထိုင်တော်မူလျက်ရှိသော အဘိဓဇ
ဆရာတော်ကြီးတစ်ပါး မျက်စိမှုံနေသည်ကား တစ်နှစ်နီးပါး ရှိပါပြီ။ ယင်ခင်က ကျောင်းတိုက်ဆိုင်းဘုတ်ကို အဝေးမှ လှမ်း၍ကြည့်လျှင် မြင်ရသော်လည်း ယခု လုံးဝ မမြင်တော့ဟု ဆိုပါသည်။

တစ်နေ့သောအခါ ဦးပဉ္ဇင်းတစ်ပါး ရောက်လာပြီး ဆရာတော်ကြီးအား မေးမြန်းလျှောက်ထားပါသည်။ ဆရာတော်ကြီးသည် ဆီးချိုရောဂါ ဖြစ်ပွားနေသည်မှာ ခြောက်နှစ်ခန့်ပင်ရှိကြောင်း သိရှိလိုက်ရပေသည်။

ဆရာတော်ကြီး မျက်စိမှုံခြင်းသည် မျက်စိ၌ရောဂါရှိ၍ မှုံခြင်းမဟုတ်ပါ။ ဆီးချိုကြောင့် မှုံခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ဆီးချိုကျလျှင်ဖြစ်စေ၊ မျက်စဉ်းခတ်လျှင်ဖြစ်စေ ပြန်လည်မြင်နိုင်ပါသည်။

အဆိုပါ တပည့်လေးတစ်ပါးက ရွှေမျက်စဉ်း ဆက်ကပ်ခဲ့ပါသည်။ ဆီးချိုဓာတ်စာ ( မီးကွင်းဂမုန်း ပေါင်းခံရည် ) လည်း ဆက်ကပ်ခဲ့ပါသည်။

၎င်းည မျက်စဉ်းခတ်၍ အိပ်ပါသည်။ ရွှဲနစ်နေသည်အထိ ခတ်ခြင်းဖြစ်ပါသည်။ မနက်ရောက်သော် “ ရှင်းလာတယ်ကွ ” ဟု မိန့်တော်မူပါသည်။ နောက်ရက်များတွင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ခတ်ပေးပါသည်။ လေး၊ ငါး ရက်ကြာသော် ထူးခြားစွာ မြင်လာရပါတော့သည်။

“ ထူးတယ်ကွ ”
“ အတော်ရှင်းတယ် ” ဟု မိန့်တော်မူပါသည်။
ကြည့်ရှုသည့်အခါ အမြင်အာရုံကို ရှင်းလင်းစွာ မြင်ရသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ယခင်က ၀တ်ကြီးဝတ်ငယ် ပြုနေသော တပည့်လေးတစ်ပါး ကျောင်းပေါ်တက်လာလျှင် မမြင်ရပါ။ (လူလုံးမကွဲပါ။ )

“ လူပဲ မြင်ရတာကွ။ မျက်နှာမသဲကွဲဘူး ” ဟု မိန့်တော်မူလေ့ရှိပါသည်။
ယခုသော် – ဇနိန်လားဟု လှမ်းမေးသည်အထိ မြင်လာခြင်း ဖြစ်ပါသည်။

အဆိုပါ ဆရာတော်ကြီးသည် စာချအကျော် ဆရာတော်ကြီးတစ်ပါး ဖြစ်သည့်အပြင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။

သက်တော်ရှစ်ဆယ်ပြည့်စကတည်းက ဆီးချိုရောဂါ ဖြစ်ပွားခဲ့ရာ ရှစ်ဆယ့်ငါးနှစ်ထဲ ရောက်သည့်အခါမှ မျက်စိမှုံသွားခြင်း ဖြစ်ပါသည်။
ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆီးချိုဆေးလည်း မှီဝဲပါသည်။ မျက်စဉ်းလည်း ခတ်ပါသည်။ တိုင်းရင်းဆေးများလည်း မှီဝဲပါသည်။

ယခုအခါ ဆရာဝန်ညွှန်ကြားသည့် နိုင်ငံခြားမျက်စဉ်းကို လုံးဝမခတ်တော့ပါ။
“ ဆီးချို မပျောက်ရင်နေပါ။ ”
“ မျက်စိပြန်မြင်ရင် တော်ပါပြီ ” ဟု မကြာခဏ မိန့်လေ့ရှိပါသည်။
ရွှေမျက်စဉ်း ရသည့်နေ့၌ကား
“ မျက်စိပြန်မြင်ရရင်တော့ နတ်ဆေးပဲ ” ဟု အားရ၀မ်းသာ မိန့်တော်မူပါသည်။
နေ့စဉ် ပုံမှန် ဆက်ခတ်သွားလျှင် ပြန်မြင်ရမည်မှာ သေချာနေပါသည်။
ချစ်ရင်ခတ် ရွှေမျက်စဉ်းကား-
အမှန်တကယ် နတ်မျက်စဉ်း ဖြစ်နေသောကြောင့်တည်း။
သို့ဖြစ်၍ ဆီးချို သွေးတိုးသမားများသည် မျက်စိမထိခိုက်စေရန် ရွှေမျက်စဉ်းကို ဆောင်ထားသင့်ပါသည်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာမှ ရှေ့နေအမျိုးသမီး ဒေါ်မီးမီးသည် တရားရုံးသို့သွားစဉ် တရားရုံးရှေ့ ဈေးဆိုင်တစ်ဆိုင်မှ အဒေါ်ကြီးတစ်ယောက် မျက်စိရောဂါ ဖြစ်ပွားနေသည်ကို တွေ့မြင်လိုက်ရ၏။ အဆိုပါ အဒေါ်ကြီးသည် မျက်စိလည်းမှုံ၊ မျက်ရည်လည်းကျ၊ မျက်တောင် ပေကလပ် ပေကလပ်ြ