သတင်း

ဇွဲကပင် မ.ဘ.သ အောင်ပွဲ

နယုန်လပည့်ကျော် ၂ရက် 11.6.2017 မနက် 10:00 နာရီကျော်မှာ ကရင်ပြည်နယ် ဖားအံမြို့ကိုရောက်ရှိခဲ့ပါတယ်။ ဆရာမောင်သွေးချွန်တို့နှင့်အတူ သွားကြတာပါ။

ဖားအံမြို့ သံလွင်တံတားမရောက်ခင် အညတြကပ္ပိယကြီး ကိုသူရိန် လာရောက်ကြိုဆိုပါတယ်။ ဖားအံမြို့ မဲဘောင်ကျောင်းတိုက်မှာ ကျင်းပတဲ့ ကရင်ပြည်နယ်မဘသ အခမ်းအနားပါ။

အခမ်းအနားက မွန်းလွဲ 1:00 နာရီမှ စမှာပါ။ စာရေးသူက နေ့ဆွမ်းအမီ လာရောက်ခြင်းဖြစ်ပါတယ်။ ကိုသူရိန်က မဲဘောင်ကျောင်းတိုက်အတွင်း ရဟန်းရှင်လူပြည်သူများရဲ့ ကြိုဆိုမှုမြင်ကွင်းကို Live လွှင့်နေပုံပြပါတယ်။

အမျိုးသားရေးတေးသီချင်းတွေနဲ့ တိုင်းရင်းသူတိုင်းရင်းသားတွေဟာ WE LOVE WIRATHU ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြိုဆိုဖို့ နေရာယူထားတာကို တွေ့ရပါတယ်။

စာရေးသူတို့ မဲဘောင်ကျောင်းတိုက်မုခ်ဦးရောက်တော့ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ဝါးခယ်မ၊ စသည်တို့မှာ မျိုးချစ်သံဃာများ စီးကြိုနေကြပါတယ်။

ကားပေါ်ကဆင်းပြီး ကျောင်းတိုက်ထဲကိုဝင်တဲ့အခါ တိုင်းရင်းသူတိုင်းရင်းသားအားလုံး WE LOVE WIRATHU ဆိုင်းဘုတ်များ ငါတို့အားလုံး ဝီရသူ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ မင်္ဂလာပါနှုတ်ခွန်းဆက်သရင်း ကျေးဇူးစကား ဆိုမိပါတယ်။

တိုင်းရင်းသားများ အဖွဲ့အလိုက် ဓာတ်ပုံရိုက်ကြပြီး ကျောင်းတိုက်ကြီးပေါ်သို့ တက်ရောက်ခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် စံပြသာသနာပြုကျောင်းတိုက် မြေပုံဆရာတော်ကြီးနှင့်အတူ လှိုင်းဘွဲ့ မ.ဘ.သ ဥက္ကဋ္ဌဆရာတော်ကြီးတို့ကို ဂါရဝပြုပြီး မဲဘောင်ဆရာတော်ကြီးကို ဂါရဝပြုပါတယ်။

မဲဘောင်ဆရာတော်ကြီးက အသံချဲ့စက်မှတစ်ဆင့် ပရိသတ်များကို မိန့်ကြားနေတာပါ။ စာရေးသူရောက်လာတော့ တစ်ကမ္ဘာလုံးနှင့်တစ်ယောက်ရောက်လာပြီဟေ့ ဟု မိုက်ဖြင့်အော်ပြီး ကြော်ငြာပေးပါတယ်။ ဝမ်းပန်းတသာပါပဲ။ ကျးဇူးတင်မဆုံးပါပဲ။
မဲဘောင်ဆရာတော်ကြီးနှင့်အတူ ဇွဲကပင် မ.ဘ.သ အခမ်းအနား တက်ရောက်လာသော ထေရ်ကြီးဝါကြီးများနှင့် ညီတော်နောင်တော် သံဃာတော်များ မျိုးချစ် မိသားစုများအားလုံး ကျေးဇူးအထူး တင်ရှိကြောင်းပါဘုရား။

ဝီရသူ(မစိုးရိမ်)
12.6.2017
PM 8:52