နာမည်ကြီးမင်္ဂလာတောင်ညွန့်ဖြစ်ရပ်မှာ အဖမ်းခံထားရတဲ့ အမျိုးသားရေးသမားတွေကို ရုံးထုတ်ပြီး လုံးဝမစစ်ဆေးဘဲ ပြန်လွှတ်နေတာ လေးချိန်းရှိပါပြီ။
လိုပြသက်သေငါးဦးထဲက နောက်ဆုံးတစ်ဦးဖြစ်သူ တောင်ညွန့်အုပ်ချုပ်ရေးမှူး မလာနိုင်တာကြောင့်ပါ။ ကချင်ပြည်နယ်ပြောင်းသွားလို့ မလာနိုင်တာလို့ တရားသူကြီးက ဆိုပါတယ်။
မစစ်ဘဲပြန်လွှတ်တဲ့ နှစ်ပတ်မြောက်မှာ လူမလာနိုင်လည်း စာနဲ့သက်သေထွက်ဖို့ စီစဉ်ပေးမယ်လို့ တရားသူကြီးက ဆိုပေမယ့် ခုဆိုရင် စာလည်းမလာ လူလည်းမရောက်တာ လေးပတ်ရှိပါပြီ။
လိုပြသက်သေကို ပယ်ပေးဖို့ တင်ပြပေမယ့် တရားလိုဘက်ကသက်သေဖြစ်တာကြောင့် ပယ်လို့မရဘူးလို့ဆိုပါတယ်။ ငါးဦးလုံးကို ၅၀၅ (ဂ)နဲ့ စွဲဆိုထားပြီး အချုပ်ခံထားရတာ မေလ ၁၅ ရက်နေ့ကတည်းက ဖြစ်တာကြောင့် အခုဆိုရင် ငါးလပြည့်ဖို့ လေးရက်ပဲ လိုပါတော့တယ်။
တရားသူကြီးဟာ အမျိုးသားရေးသမားတွေကို ထောင်ထဲမှာရေရှည်နေစေချင်လို့ တမင်ဆွဲထားတာလား သူ့စိတ်ဆန္ဒနဲ့ လုပ်ခွင့်မရလို့ အခုလို ညှဉ်းထားတာလားဆိုတာ မသိနိုင်ပေမယ့် ဝင်းကိုလတ်တို့အမှုမှာတော့ ဥပဒေအထက်မှာ ထောင်ထွက်ကျေးဇူးရှင်ကြီး အမိန့်ရှိနေတာကြောင့် ခြောက်လချလိုက်ရတာလို့ သိရပါတယ်။
ငါးဦးထဲမှာ အကြီးကောင်၊ တင်လင်းထိုက်၊ မြတ်ဘုန်းမိုရ်တို့ဟာ တောင်ညွန့်အခင်းဖြစ်စဉ်မှာ မပါဝင်ခဲ့သလို တိုက်ပေါ်တက်ရှာတာနဲ့ လူစုလူဝေးထဲမှာလည်း လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ သာကေတကိစ္စ အငြှိုးအတေးကြောင့် အခုလို စမကပုဒ်မတပ်ပြီး အနီနဲ့အနက်တွေက ထောင်ထွက်ကျေးဇူးရှင်ကြီး အားကိုးနဲ့ လက်တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်။
အခုဆိုရင် ၁၆ ရက်နေ့နဲ့ ၂၀ရက်နေ့တွေမှာ ရုံးချိန်းခေါ်ထားပြန်ပါပြီ။ မြို့နယ်တရားသူကြီး( ၁) ဦးခင်ကျော်ဟာ ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားမလား ထောင်ထွက်ကျေးဇူးရှင်ကြီးအမိန့်အတိုင်း စီရင်မလားဆိုတာ မြန်မာ့နိုင်ငံရေးရဲ့ ငွေရောင်ပိတ်ကားပေါ်က စီရင်ထုံးကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
အာဏာရှင်တွေ ဥပဒေမလေးစားတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အာဏာရှင်ဖြစ်နေလို့ပါ။ ကျေးဇူးရှင်ကြီး ဥပဒေမလေးစားတာကတော့ အတော်ဆန်းတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေစိုးမိုးရေးမယ်တော်ကြီးရဲ့သားတစ်ဦး
ဖြစ်နေပြီး ပြည်သူနဲ့အတူလို့ကြွေးကြော်ထားတာကြောင့်ပါ။
အာဏာရှင်ပဲဖြစ်ဖြစ် မာယာရှင်ပဲဖြစ်ဖြစ် အတ္တကိုရှေ့တန်းတင်နေသရွေ့ သူတို့အားလုံးဟာ အာဏာယစ်မူးတတ်တဲ့ ပုထုဇဉ်သဘာဝကိုဖော်ကြူးနေဦးမည်ဆိုတာ၊ ဘာမှမကွာဘူးဆိုတာ ပြည်သူတွေ သိထားဖို့လိုပါတယ်ဗျာ။၊
ဝီရသူ( မစိုးရိမ် )
11.10.2017.
am 9:31