တန္ခူးလၦန္း ၂ရက္(18.3.2018) ရက္ေန႔ ည ၈း၀၀ နာရီ စစ္ကုိင္းတုိင္း၊ ယင္းမာပင္ခရုိင္၊ ယင္းမာပင္ၿမဳိ႕နယ္၊ စုန္းက်င္းအုပ္စု၊ ျမေရႊစည္ေက်းရြာ၊ ေခမဝတီေက်ာင္းနယ္၊ စုန္းက်င္းအုပ္စု၊ ျမေရႊစည္ေက်းရြာ၊ ေခမာဝတီေက်ာင္းတုိက္၊ အလွဴဒါယကာ ဦးၾကည္စုိး၊ အလွဴဒါယိကာမေဒၚသန္းဝင္း မိသားစုတုိ႔ရဲ႕ ရွင္ျပဳအလွဴတရားပြဲပါ။
မစုိးရိမ္တုိက္သစ္၊ ဓမၼဂါရဝေက်ာင္းသားေဟာင္း၊ အရွင္ဉာဏိႆရ ေက်ာင္းထုိင္တဲ့ရြာပါ။ အနီးအနားရွိ တပည့္သူငယ္ခ်င္းမ်ားလည္း လာေရာက္အားေပးၾကပါတယ္။ မုံရြာၿမဳိ႕၊ အာစိဏၥာရာမေက်ာင္းတုိက္ IBEC ဆရာေတာ္ ဦးအာစိဏၰလည္း လာေရာက္အားေပးပါတယ္။
သူငယ္ခ်င္းေတြ၊ တပည့္ေတြနဲ႔ ေရွးေဟာင္းေႏွာင္းျဖစ္ေလးေတြလည္း ေျပာျဖစ္ပါတယ္။ ဝိမာနဝတၳဳပါဠိေတာ္လာ ေရဝတီဝတၳဳကုိ မေသမီငရဲလားသည့္ ေရဝတီသူေဌးမယားအမည္တပ္ၿပီး ေဟာၾကားခဲ့ပါတယ္။ တရားပြဲအၿပီးမွေတာ့ တပည့္မ်ားက ဒီလုိ ဗမာတရားပဲ ေဟာၾကားပါဘုရားဟု ေလွ်ာက္ထားၾကပါတယ္။
လင္မယားႏွစ္ေယာက္မွာ လင္ျဖစ္သူက သံဃာဆည္းကပ္လုိ႔ မေသခင္မွာ ဗိမာန္ေပါက္ေနၿပီး၊ မယားျဖစ္သူက သံဃာဆဲေရးလုိ႔ အရွင္လတ္လတ္ ငရဲေရာက္သြားတဲ့ တရားပါ။ သံဃာဆဲတဲ့ေရဝတီကုိ ဘီလူးႏွစ္ေယာက္က လာဖမ္းသြားၿပီး ဥႆဒငရဲသုိ႔ ပုိ႔လုိက္ၾကတာပါ။
သံဃာဆဲတဲ့ ေရဝတီ၊ အပါယ္ငရဲလားရၿပီ။
ငရဲဒုကၡေဝးလုိက၊ သံဃာဆဲမႈေရွာင္ၾကဥ္ၾက။
သဒၶါတရားမြဲသူေတြ မၾကည္ညဳိဘဲေနႏုိင္သေလ။
မၾကည္ညဳိေအာင္ ဖ်က္လုိက ေရဝတီေနာက္လုိက္သြားၾက။
“တရားဦးဓမ္မသဘင်”
တန်ခူးလ္ဆန်း ၂ရက်(18.3.2018) ရက်နေ့ ည ၈း၀၀ နာရီ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ မြရွှေစည်ကျေးရွာ၊ ခေမဝတီကျောင်းနယ်၊ စုန်းကျင်းအုပ်စု၊ မြရွှေစည်ကျေးရွာ၊ ခေမာဝတီကျောင်းတိုက်၊ အလှူဒါယကာ ဦးကြည်စိုး၊ အလှူဒါယိကာမဒေါ်သန်းဝင်း မိသားစုတို့ရဲ့ ရှင်ပြုအလှူတရားပွဲပါ။
မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းသားဟောင်း၊ အရှင်ဉာဏိဿရ ကျောင်းထိုင်တဲ့ရွာပါ။ အနီးအနားရှိ တပည့်သူငယ်ချင်းများလည်း လာရောက်အားပေးကြပါတယ်။ မုံရွာမြို့၊ အာစိဏ္စာရာမကျောင်းတိုက် IBEC ဆရာတော် ဦးအာစိဏ္ဏလည်း လာရောက်အားပေးပါတယ်။
သူငယ်ချင်းတွေ၊ တပည့်တွေနဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေလည်း ပြောဖြစ်ပါတယ်။ ဝိမာနဝတ္ထုပါဠိတော်လာ ရေဝတီဝတ္ထုကို မသေမီငရဲလားသည့် ရေဝတီသူဌေးမယားအမည်တပ်ပြီး ဟောကြားခဲ့ပါတယ်။ တရားပွဲအပြီးမှတော့ တပည့်များက ဒီလို ဗမာတရားပဲ ဟောကြားပါဘုရားဟု လျှောက်ထားကြပါတယ်။
လင်မယားနှစ်ယောက်မှာ လင်ဖြစ်သူက သံဃာဆည်းကပ်လို့ မသေခင်မှာ ဗိမာန်ပေါက်နေပြီး၊ မယားဖြစ်သူက သံဃာဆဲရေးလို့ အရှင်လတ်လတ် ငရဲရောက်သွားတဲ့ တရားပါ။ သံဃာဆဲတဲ့ရေဝတီကို ဘီလူးနှစ်ယောက်က လာဖမ်းသွားပြီး ဥဿဒငရဲသို့ ပို့လိုက်ကြတာပါ။
သံဃာဆဲတဲ့ ရေဝတီ၊ အပါယ်ငရဲလားရပြီ။
ငရဲဒုက္ခဝေးလိုက၊ သံဃာဆဲမှုရှောင်ကြဉ်ကြ။
သဒ္ဓါတရားမွဲသူတွေ မကြည်ညိုဘဲနေနိုင်သလေ။
မကြည်ညိုအောင် ဖျက်လိုက ရေဝတီနောက်လိုက်သွားကြ။