သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း”(တ)

“ေဒတာခ်င္းၿပဳိင္မွာလား ေဝဒနာခ်င္းၿပဳိင္မွာလား”
အဲဒီအထဲ စတုတၳမ႑ုဳိင္ဆုရွင္ ကိုေဆြဝင္းႀကီး ပါမပါေတာ့ မသိဘူးေပါ့။ ဦးပဥၥင္း ေထာင္ထဲမွာ ဝိနည္းနဲ႔အညီ ဘယ္လိုေနခဲ့တယ္၊ အက်ဥ္းသားေတြကို ဘယ္လိုအက်ဳိးျပဳခဲ့တယ္၊ သူ႔အေပၚ ဘယ္လိုကူညီခဲ့တယ္၊ ဘုရားတရား ဘယ္လိုလုပ္ခဲ့တယ္ဆိုတာ ကိုေအာင္စိုးအသိဆံုးပါ။ အဲဒီအေၾကာင္းေတြ တစ္လံုးမွမပါေအာင္ ေျပာသြားတာဆန္းတယ္ေနာ္။ ဦးဇင္းေပါက္နဲ႔ အင္တာဗ်ဴးယူထားၿပီးမွ ဘာလို႔မထည့္ေတာ့တာလဲ။ ၾကည္ညဳိစရာေတြပါေနတာက ျမန္မာေနာင္း မူဝါဒနဲ႔ မညီလို႔ပဲလား၊ ကိုေဆြဝင္းအပါအဝင္ မီဒီယာေလာကသားေတြက ဝီရသူက်ဆံုးေအာင္ အၿမဲတန္း ထိုးႏွက္တိုက္ခိုက္ေနၾကတာ ေတြ႔ရတယ္။ ဓေမၼ ဌိတံ န ဝိဇဟတိ ကိတၱိ (အမွန္တရားဘက္ရပ္တည္ေနသူ-အမွန္တရားဘက္ေတာ္သားကို ေက်ာ္ၾကားမႈက စြန္႔လႊတ္မသြားဘူး)တဲ့ ဘုရားေဟာတာပါ။ တစ္နည္းအားျဖင့္ေျပာရရင္ အမွန္တရားကို ပန္းကန္ျပားနဲ႔ ဖုံးကြယ္ထားလို႔ မရပါဘူးကြာ။ အခုလို အင္တာနက္ေခတ္ဆိုေတာ့ ပိုဆိုးတာေပါ့။ တစ္ခ်ိန္မွာ ဝီရသူဟာ ဘယ္လိုရဟန္းေတာ္မ်ဳိးလဲဆိုတာ ကမၻာႀကီးက အေျဖထုတ္ေပးပါလိမ့္မယ္။

ကေလာင္ခ်င္း စီးခ်င္းထိုးၾကမယ္ဆိုရင္ေတာ့ ျမန္မာေနာင္းမကလို႔ ကမၻာေနာင္းနဲ႔လည္း ယဥ္ရဲပါတယ္။ ေဝဒနာမပါဘဲ ေဒတာနဲ႔သာ ေျပာေၾကး၊ အမုန္းမစြက္ဘဲ အၿပဳံးသက္သက္နဲ႔ပဲ အရႈံးကိုရင္ဆုိင္ေၾကး၊ ေအာက္လမ္းမသံုး ေျခာက္လံုးမပါ ေျမႇာက္လံုးဗလာနဲ႔ ယဥ္ၿပဳိင္ၾကမယ္ဆိုရင္ ျမန္မာ့မီဒီယာ၊ ကမၻာ့မီဒီယာအားလံုးကို စိန္ေခၚပါတယ္ကြာ။ သတင္းသမားေတာ့ ပီသရမွာေပါ့(အတင္းသမားမဟုတ္ရဘူးေပါ့)။ မီဒီယာက်င့္ဝတ္ လိုက္နာသူေတာ့ ျဖစ္ရမွာေပါ့(အက်င့္ပ်က္ လာဘ္စား အရက္သမားေတာ့ မဟုတ္ရဘူးေပါ့)။ စတုတၳမ႑ဳိင္ပီသတဲ့ ျပည္သူလူထုကို ဗဟိုျပဳသူေတာ့ ျဖစ္ရမွာေပါ့(စပြန္ဆာအလိုက် ညႊန္ရာေဟာင္ျပသူေတာ့ မဟုတ္ရဘူးေပါ့)။

“မီဒီယာအားကိုးနဲ႔ အႏိုင္က်င့္တဲ့ေခတ္”
ကိုေဆြဝင္းအေပၚ အစုိးရကလည္း တာဝန္ေက်ပါတယ္။ NLDကလည္း တာဝန္ေက်ပါတယ္။ တရားလုိဘက္က “မ႑ဳိင္ေတြ အေရာမခံႏိုင္လို႔ တရားစီရင္ေရးမ႑ဳိင္ကို လြတ္လြတ္လပ္လပ္စီရင္ဖုိ႔ ေမတၱာရပ္ခံႏိုင္လုိ႔သာ” ကိုေဆြဝင္းအမႈက တရားရံုးအဆင့္ထိ ေရာက္လာခဲ့တာပါ။ ကိုေဆြဝင္းအမႈကို ဥပေဒအႀကံေတာင္းတင္ေတာ့ ၿမဳိ႕နယ္ရံုးမွာ အၾကာႀကီးပါ။ ဥပေဒအရာရွိက အေထာက္အထားေတြ တစ္ခုၿပီးတစ္ခု ေတာင္းလုိ႔သာ စခန္းမွဴးဦးေက်ာ္သူက ရွာေဖြေပးရတာပါ။ အမႈတည္ေဆာက္ပံုက တအားခုိင္ေနလုိ႔ ဦးေက်ာ္သူ အၿငႇဳိးခံလိုက္ရတာပါ။ ဦးေက်ာ္သူက ပဲေလွာ္ၾကား ညႇပ္တဲ့ဆား ျဖစ္သြားခဲ့ရတာေပါ့။ ခရိုင္အဆင့္ တုိင္းအဆင့္ ဥပေဒရံုးေတြက ကိုေဆြဝင္းအမႈကို အျခားအမႈေတြလို အလြယ္တကူ ခ်မေပးတာဟာ ကိုေဆြဝင္းကို ခ်စ္လို႔ အထိမခံခ်င္ၾကတာ ျဖစ္မွာေပါ့။

ကိုေဆြဝင္းအမႈကလည္း ေတာ္တာ္ဆန္းတယ္ေနာ္၊ တရားလိုျဖစ္တဲ့ ကိုေက်ာ္မ်ဳိးေရႊလည္း တရားစြဲခံရ၊ ေထာင္လည္း က်ရ၊ သက္ေသျဖစ္တဲ့ ဦးေက်ာ္သူလည္း တုိင္ၾကားခံရ၊ တိမ္းေရွာင္သြားရ၊ ဦးပဥၥင္းလည္း အခုထိ ေက်ာင္းမကပ္ႏိုင္ေသးဘူး။ တရားလိုက အျပစ္မဲ့ေထာင္က်သြားၿပီး တရားခံက အသိုင္းနဲ႔ အဝိုင္းနဲ႔ ရံုးခ်ိန္းလာလုိက္ သတင္းသမားေတြတရံုးရံုးနဲ႔ အင္တာဗ်ဴးလိုက္နဲ႔ ထူးျခားတဲ့အမႈလို႔ ေျပာရမွာေပါ့။

ျမန္မာ့ဥပေဒကလည္း အစိုးရကိုေထာက္ခံသူဆိုတစ္မ်ဳိး၊ ေဝဖန္သူဆိုတစ္မ်ဳိးနဲ႔ လိုတစ္မ်ဳိး မလိုတစ္မ်ဳိး ခြဲျခားက်င့္သံုးခြင့္ရေနေလေတာ့ အစိုးရဘက္ေတာ္သား ဘုန္းႀကီးဆိုရင္ တရားခံျဖစ္ေနဦးေတာ့ ရံုးခ်ိန္းလာစရာမလို ေရွ႕ေနနဲ႔ပဲ ၿပီးေအာင္လုပ္ေပးထားၿပီး ျပည္သူ႔ဘက္ေတာ္သားဘုန္းႀကီးက် လိုျပသက္ေသထြက္ဆိုေရးအတြက္ သံဃနာယကရံုးမွာ စစ္ေဆးဖုိ႔ ခြင့္ေတာင္းတာေတာင္ မရရွိခဲ့ဘူး။ လိုျပသက္ေသထဲမွာ ၿမဳိ႕နယ္သံဃနာယကဥကၠ႒ဆရာေတာ္ကိုယ္တိုင္ ပါဝင္ေနလို႔ သံဃနာယကရံုးမွာ လာစစ္ေဆးဖို႔ ခြင့္ေတာင္းတာပါေနာ္။ ဒါေတာင္ ခြင့္မေပးခဲ့ဘူးမဟုတ္လား။ အဲဒီလို စစ္ေဆးဖို႔ကို ကိုေဆြဝင္းတုိ႔ဘက္က ဘာေၾကာင့္ကန္႔ကြက္ခဲ့တာလဲဟင္။ ၿမဳိ႕နယ္သံဃနာယကဥကၠ႒ဆရာေတာ္က လူ႔တရားရံုးလာဖို႔ သင့္ေတာ္ပါ့မလား။ ကိုေဆြဝင္းတုိ႔ကသာ မကန္႔ကြက္ဘူးဆိုရင္ ဦးပဥၥင္းတို႔ႏွစ္ပါးလံုး ထြက္ဆိုၿပီးသြားေလာက္ၿပီေပါ့။ ကိုေဆြဝင္းတို႔ ကန္႔ကြက္လို႔ အမႈၾကာခဲ့တာေတာင္ ဦးပဥၥင္းတုိ႔က အခ်ိန္ဆြဲေနလို႔ ၾကာတဲ့ပုံစံမ်ဳိး အျပစ္ဖို႔ေနၾကေသးတယ္။ ကိုယ့္ေနာက္မွာ မီဒီယာရွိတယ္ဆိုၿပီး မီဒီယာအားကိုးနဲ႔ အႏိုင္က်င့္ၾကတာေပါ့ေလ။

ေလာ္ဘီေတြကလည္း ေရးၾကေသးတယ္။ ဦးပဥၥင္းကပဲ မတရားအႏိုင္က်င့္ တရားစြဲတာလိုလို၊ ကိုေဆြဝင္းမုိ႔ သက္သက္အႏိုင္က်င့္တာလိုလို၊ သက္ေသမလာႏိုင္တာကိုပဲ ေၾကာက္လုိ႔ မမွန္လို႔ မတရားလုပ္ထားလုိ႔ မလာရဲတာလိုလို ေရးေနၾကတာေပါ့။ ကိုေဆြဝင္းကို စြဲခ်င္လို႔ စြဲခဲ့တာမဟုတ္ဘူးေလ။ လူ႔ယဥ္ေက်းမႈတစ္ရပ္အရ ျပန္ေတာင္းပန္ခုိင္းသားပဲ။ မေတာင္းပန္တဲ့အျပင္ ထပ္မံေစာ္ကားလိုက္ေသးတယ္မဟုတ္လား။ အထင္မလြဲပါနဲ႔ ကိုေဆြဝင္း။ ဦးပဥၥင္းတုိ႔အားလံုး ထြက္ဆိုၿပီးသြားတာနဲ႔ ကိုေဆြဝင္း ေထာင္ထဲဝင္ရႏိုင္တယ္မဟုတ္လား။ လူတစ္ေယာက္ ေထာင္ထဲမွာေနရတာနဲ႔စာရင္ ႏွစ္ပတ္တစ္ခါေလာက္ေလးပဲ ရံုးခ်ိန္းလာရတာ ပိုမလြတ္လပ္ဘူးလား။ ဦးပဥၥင္းတုိ႔ဘက္က လိုျပသက္ေသေတြ တစ္ေယာက္မွ လာမထြက္ရင္ေတာင္ ျပစ္မႈကေျမာက္ေနတာပဲေလ။ အမႈက ခုိင္မာၿပီးသားမဟုတ္လား။ သက္ရွိသက္ေသနဲ႔ သက္မဲ့သက္ေသမွာ သက္မဲ့သက္ေသကေတာင္ ပိုၿပီးအားေကာင္းပါတယ္တဲ့။ ဘေကာင္းအေကာင့္မွာ ေရးသားထားတာလည္း ျငင္းမရ၊ ရုပ္သံမွာ ဗ်ဴးထားတာ၊ သတင္းစာရွင္းလင္းပြဲလုပ္ထားတာေတြအားလံုးကလည္း ခိုင္လံုေနတာပဲမဟုတ္လား…။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(တ)

“ဒေတာချင်းပြိုင်မှာလား ဝေဒနာချင်းပြိုင်မှာလား”
အဲဒီအထဲ စတုတ္ထမဏ္ဍိုုင်ဆုရှင် ကိုဆွေဝင်းကြီး ပါမပါတော့ မသိဘူးပေါ့။ ဦးပဉ္စင်း ထောင်ထဲမှာ ဝိနည်းနဲ့အညီ ဘယ်လိုနေခဲ့တယ်၊ အကျဉ်းသားတွေကို ဘယ်လိုအကျိုးပြုခဲ့တယ်၊ သူ့အပေါ် ဘယ်လိုကူညီခဲ့တယ်၊ ဘုရားတရား ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကိုအောင်စိုးအသိဆုံးပါ။ အဲဒီအကြောင်းတွေ တစ်လုံးမှမပါအောင် ပြောသွားတာဆန်းတယ်နော်။ ဦးဇင်းပေါက်နဲ့ အင်တာဗျူးယူထားပြီးမှ ဘာလို့မထည့်တော့တာလဲ။ ကြည်ညိုစရာတွေပါနေတာက မြန်မာနောင်း မူဝါဒနဲ့ မညီလို့ပဲလား၊ ကိုဆွေဝင်းအပါအဝင် မီဒီယာလောကသားတွေက ဝီရသူကျဆုံးအောင် အမြဲတန်း ထိုးနှက်တိုက်ခိုက်နေကြတာ တွေ့ရတယ်။ ဓမ္မေ ဌိတံ န ဝိဇဟတိ ကိတ္တိ (အမှန်တရားဘက်ရပ်တည်နေသူ-အမှန်တရားဘက်တော်သားကို ကျော်ကြားမှုက စွန့်လွှတ်မသွားဘူး)တဲ့ ဘုရားဟောတာပါ။ တစ်နည်းအားဖြင့်ပြောရရင် အမှန်တရားကို ပန်းကန်ပြားနဲ့ ဖုံးကွယ်ထားလို့ မရပါဘူးကွာ။ အခုလို အင်တာနက်ခေတ်ဆိုတော့ ပိုဆိုးတာပေါ့။ တစ်ချိန်မှာ ဝီရသူဟာ ဘယ်လိုရဟန်းတော်မျိုးလဲဆိုတာ ကမ္ဘာကြီးက အဖြေထုတ်ပေးပါလိမ့်မယ်။

ကလောင်ချင်း စီးချင်းထိုးကြမယ်ဆိုရင်တော့ မြန်မာနောင်းမကလို့ ကမ္ဘာနောင်းနဲ့လည်း ယဉ်ရဲပါတယ်။ ဝေဒနာမပါဘဲ ဒေတာနဲ့သာ ပြောကြေး၊ အမုန်းမစွက်ဘဲ အပြုံးသက်သက်နဲ့ပဲ အရှုံးကိုရင်ဆိုင်ကြေး၊ အောက်လမ်းမသုံး ခြောက်လုံးမပါ မြှောက်လုံးဗလာနဲ့ ယဉ်ပြိုင်ကြမယ်ဆိုရင် မြန်မာ့မီဒီယာ၊ ကမ္ဘာ့မီဒီယာအားလုံးကို စိန်ခေါ်ပါတယ်ကွာ။ သတင်းသမားတော့ ပီသရမှာပေါ့(အတင်းသမားမဟုတ်ရဘူးပေါ့)။ မီဒီယာကျင့်ဝတ် လိုက်နာသူတော့ ဖြစ်ရမှာပေါ့(အကျင့်ပျက် လာဘ်စား အရက်သမားတော့ မဟုတ်ရဘူးပေါ့)။ စတုတ္ထမဏ္ဍိုင်ပီသတဲ့ ပြည်သူလူထုကို ဗဟိုပြုသူတော့ ဖြစ်ရမှာပေါ့(စပွန်ဆာအလိုကျ ညွှန်ရာဟောင်ပြသူတော့ မဟုတ်ရဘူးပေါ့)။

“မီဒီယာအားကိုးနဲ့ အနိုင်ကျင့်တဲ့ခေတ်”
ကိုဆွေဝင်းအပေါ် အစိုးရကလည်း တာဝန်ကျေပါတယ်။ NLDကလည်း တာဝန်ကျေပါတယ်။ တရားလိုဘက်က “မဏ္ဍိုင်တွေ အရောမခံနိုင်လို့ တရားစီရင်ရေးမဏ္ဍိုင်ကို လွတ်လွတ်လပ်လပ်စီရင်ဖို့ မေတ္တာရပ်ခံနိုင်လို့သာ” ကိုဆွေဝင်းအမှုက တရားရုံးအဆင့်ထိ ရောက်လာခဲ့တာပါ။ ကိုဆွေဝင်းအမှုကို ဥပဒေအကြံတောင်းတင်တော့ မြို့နယ်ရုံးမှာ အကြာကြီးပါ။ ဥပဒေအရာရှိက အထောက်အထားတွေ တစ်ခုပြီးတစ်ခု တောင်းလို့သာ စခန်းမှူးဦးကျော်သူက ရှာဖွေပေးရတာပါ။ အမှုတည်ဆောက်ပုံက တအားခိုင်နေလို့ ဦးကျော်သူ အငြှိုးခံလိုက်ရတာပါ။ ဦးကျော်သူက ပဲလှော်ကြား ညှပ်တဲ့ဆား ဖြစ်သွားခဲ့ရတာပေါ့။ ခရိုင်အဆင့် တိုင်းအဆင့် ဥပဒေရုံးတွေက ကိုဆွေဝင်းအမှုကို အခြားအမှုတွေလို အလွယ်တကူ ချမပေးတာဟာ ကိုဆွေဝင်းကို ချစ်လို့ အထိမခံချင်ကြတာ ဖြစ်မှာပေါ့။

ကိုဆွေဝင်းအမှုကလည်း တော်တာ်ဆန်းတယ်နော်၊ တရားလိုဖြစ်တဲ့ ကိုကျော်မျိုးရွှေလည်း တရားစွဲခံရ၊ ထောင်လည်း ကျရ၊ သက်သေဖြစ်တဲ့ ဦးကျော်သူလည်း တိုင်ကြားခံရ၊ တိမ်းရှောင်သွားရ၊ ဦးပဉ္စင်းလည်း အခုထိ ကျောင်းမကပ်နိုင်သေးဘူး။ တရားလိုက အပြစ်မဲ့ထောင်ကျသွားပြီး တရားခံက အသိုင်းနဲ့ အဝိုင်းနဲ့ ရုံးချိန်းလာလိုက် သတင်းသမားတွေတရုံးရုံးနဲ့ အင်တာဗျူးလိုက်နဲ့ ထူးခြားတဲ့အမှုလို့ ပြောရမှာပေါ့။

မြန်မာ့ဥပဒေကလည်း အစိုးရကိုထောက်ခံသူဆိုတစ်မျိုး၊ ဝေဖန်သူဆိုတစ်မျိုးနဲ့ လိုတစ်မျိုး မလိုတစ်မျိုး ခွဲခြားကျင့်သုံးခွင့်ရနေလေတော့ အစိုးရဘက်တော်သား ဘုန်းကြီးဆိုရင် တရားခံဖြစ်နေဦးတော့ ရုံးချိန်းလာစရာမလို ရှေ့နေနဲ့ပဲ ပြီးအောင်လုပ်ပေးထားပြီး ပြည်သူ့ဘက်တော်သားဘုန်းကြီးကျ လိုပြသက်သေထွက်ဆိုရေးအတွက် သံဃနာယကရုံးမှာ စစ်ဆေးဖို့ ခွင့်တောင်းတာတောင် မရရှိခဲ့ဘူး။ လိုပြသက်သေထဲမှာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ကိုယ်တိုင် ပါဝင်နေလို့ သံဃနာယကရုံးမှာ လာစစ်ဆေးဖို့ ခွင့်တောင်းတာပါနော်။ ဒါတောင် ခွင့်မပေးခဲ့ဘူးမဟုတ်လား။ အဲဒီလို စစ်ဆေးဖို့ကို ကိုဆွေဝင်းတို့ဘက်က ဘာကြောင့်ကန့်ကွက်ခဲ့တာလဲဟင်။ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်က လူ့တရားရုံးလာဖို့ သင့်တော်ပါ့မလား။ ကိုဆွေဝင်းတို့ကသာ မကန့်ကွက်ဘူးဆိုရင် ဦးပဉ္စင်းတို့နှစ်ပါးလုံး ထွက်ဆိုပြီးသွားလောက်ပြီပေါ့။ ကိုဆွေဝင်းတို့ ကန့်ကွက်လို့ အမှုကြာခဲ့တာတောင် ဦးပဉ္စင်းတို့က အချိန်ဆွဲနေလို့ ကြာတဲ့ပုံစံမျိုး အပြစ်ဖို့နေကြသေးတယ်။ ကိုယ့်နောက်မှာ မီဒီယာရှိတယ်ဆိုပြီး မီဒီယာအားကိုးနဲ့ အနိုင်ကျင့်ကြတာပေါ့လေ။

လော်ဘီတွေကလည်း ရေးကြသေးတယ်။ ဦးပဉ္စင်းကပဲ မတရားအနိုင်ကျင့် တရားစွဲတာလိုလို၊ ကိုဆွေဝင်းမို့ သက်သက်အနိုင်ကျင့်တာလိုလို၊ သက်သေမလာနိုင်တာကိုပဲ ကြောက်လို့ မမှန်လို့ မတရားလုပ်ထားလို့ မလာရဲတာလိုလို ရေးနေကြတာပေါ့။ ကိုဆွေဝင်းကို စွဲချင်လို့ စွဲခဲ့တာမဟုတ်ဘူးလေ။ လူ့ယဉ်ကျေးမှုတစ်ရပ်အရ ပြန်တောင်းပန်ခိုင်းသားပဲ။ မတောင်းပန်တဲ့အပြင် ထပ်မံစော်ကားလိုက်သေးတယ်မဟုတ်လား။ အထင်မလွဲပါနဲ့ ကိုဆွေဝင်း။ ဦးပဉ္စင်းတို့အားလုံး ထွက်ဆိုပြီးသွားတာနဲ့ ကိုဆွေဝင်း ထောင်ထဲဝင်ရနိုင်တယ်မဟုတ်လား။ လူတစ်ယောက် ထောင်ထဲမှာနေရတာနဲ့စာရင် နှစ်ပတ်တစ်ခါလောက်လေးပဲ ရုံးချိန်းလာရတာ ပိုမလွတ်လပ်ဘူးလား။ ဦးပဉ္စင်းတို့ဘက်က လိုပြသက်သေတွေ တစ်ယောက်မှ လာမထွက်ရင်တောင် ပြစ်မှုကမြောက်နေတာပဲလေ။ အမှုက ခိုင်မာပြီးသားမဟုတ်လား။ သက်ရှိသက်သေနဲ့ သက်မဲ့သက်သေမှာ သက်မဲ့သက်သေကတောင် ပိုပြီးအားကောင်းပါတယ်တဲ့။ ဘကောင်းအကောင့်မှာ ရေးသားထားတာလည်း ငြင်းမရ၊ ရုပ်သံမှာ ဗျူးထားတာ၊ သတင်းစာရှင်းလင်းပွဲလုပ်ထားတာတွေအားလုံးကလည်း ခိုင်လုံနေတာပဲမဟုတ်လား…။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020