သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း”(ဇ)

“တစ္စံုတရာက သတိေပးေနသလား”
စပ္ဆက္ေမးစရာရွိလာတာက ကိုေဆြဝင္း သံတြဲခရီးမွာ ခဲစထိမွန္တယ္ဆိုတဲ့သတင္းပါ။ ေက်ာက္မုိင္းခြဲရာမွ အစအနလာထိမွန္သလိုလို၊ လုပ္ႀကံခံရသလိုလို ေရးေနၾကတာေၾကာင့္ အဲဒီျဖစ္စဥ္ေလး မျခြင္းမခ်န္ အမွန္အတုိင္း ထုတ္ျပန္ေပးပါလားကြာ။ လုပ္ႀကံတယ္ဆုိရင္လည္း မီးျခစ္ဆံေခါင္းသာသာ ခဲစေလးနဲ႔ အလုပ္ျဖစ္ပါ့မလား။ ေျခေထာက္ကိုေခ်ာင္းပစ္တာကေကာ သေဘာေလာက္ျပခ်င္တဲ့ သေဘာလား။ေလကာမွန္ကို မပစ္ဘဲ တံခါးလက္ကိုင္ကို ပစ္တယ္ဆိုတာကေကာ ေသေစခ်င္လို႔ပဲလား ေတြးစရာေလးေတြမုိ႔ပါ။ လုပ္ႀကံတာမဟုတ္ဘူး၊ တုိက္ဆုိင္တာဆိုရင္ေတာ့ သတိထားေတာ့ ကိုေဆြဝင္းေရ…။ တစ္စံုတရာက သတိေပးေနၿပီလို႔ ေျပာရေတာ့မွာပဲကြာ။

ခင္ပြန္းႀကီးဆယ္ပါးဆိုတာ ၾကားဖူးမွာေပါ့ေနာ္။ အဲဒီထဲမွာ ဓမၼကထိကဆိုတာ ပါတယ္ေနာ္။ မေတာ္တဆ စိတ္ထဲမွာျပစ္မွားမိရံုေလးနဲ႔တင္ ျပန္ေတာင္းပန္သင့္တဲ့ ပုဂၢဳိလ္ ၁၀ဦးေပါ့။ ယန္ဟီးလီကို ဆဲတာ၊ ကိုၾကည္လင္းကို ေက်းဇူးတင္တာ၊ ကုလားယူမည့္အစား ေခြးယူဆိုၿပီး (ေခြးတရား) ေဟာတာေလာက္ေလး ၾကည့္ၿပီး ငွက္ဆိုးေတြက ထိုးၾက ဆိတ္ၾက အာၾက စြာၾကတယ္။ ကိုေဆြဝင္းလည္း ဦးပဥၥင္းအေပၚ အေတာ္မုန္းတီးေနတာေတြ႔ရတယ္။ ဒါေတာင္ ဦးပဥၥင္းက ကိုေဆြဝင္းအက်ဳိးစီးပြား ပ်က္ျပားေအာင္ ဘာတစ္ခုမွ မလုပ္ေဆာင္ခဲ့တဲ့အျပင္ စိတ္ထဲမွာေတာင္ ျပစ္မွားလုိစိတ္ မေပၚခဲ့ဖူးဘူး။ တရားတစ္ပုဒ္နာရင္ပဲျဖစ္ေစ ေဟာေျပာပြဲတစ္ခု နားေထာင္ရင္ပဲျဖစ္ေစ ေဟာၾကားသူရဲ႕ အသံနဲ႔ ဟန္ေလာက္တင္ ကြက္ၾကည့္လို႔ မရပါဘူး။ အသံရယ္၊ ဟန္ရယ္၊ ဝါစာရယ္၊ ေစတနာရယ္၊ ေဒတာရယ္လို႔ အခ်က္ငါးခ်က္လံုး အျပည့္အစံုၾကည့္ႏိုင္မွ တကယ့္ပညာရွင္အစစ္ျဖစ္ႏိုင္တာပါေနာ္။အာေဘာ္ေနာက္ကြယ္က ေစတနာကို ထင္ထင္ရွားရွားႀကီး ေတြ႔ျမင္ႏိုင္တာပါေနာ္။ေစတနာထိ ျမင္ေအာငၾ္ကည့္ႏိုင္ေတာ့ ေ၀ဒနာမျဖစ္ေတာ့ဘူးေပါ့။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အသံ ဟန္နဲ႔ ဝါစာေလာက္တင္ ၿပီးသြားတာမ်ားပါတယ္။ ေဒတာေတြ ေစတနာေတြထိ မၾကည့္ၾကေတာ့ပါဘူး။ အဲဒီေတာ့ ေဝဒနာေတြ ျဖစ္ကုန္ၾကရတာေပါ့ေနာ္။ ေခြးတရားေဟာတာ ကိုေဆြဝင္းကို ထိခိုက္လား၊ ယန္ဟီးလီကိုဆဲတာ ကိုေဆြဝင္းကို ထိခုိက္လား၊ ကိုၾကည္လင္းကို ေက်းဇူးတင္စကားေျပာတာ ကိုေဆြဝင္းကို ထိခိုက္လား၊ ကိုေဆြဝင္းကို မထိခုိက္ပါဘဲနဲ႔ ဦးပဥၥင္းကို ဘာလို႔ မုန္းၿပီး ဘာလို႔ ေစာ္ကားရတာလဲကြာ။

“သံေဝဂယူထုိက္သူေလးမ်ား”
ဦးပဥၥင္းရဲ႕ အေတြ႔အႀကဳံအရ နယ္ပယ္သံုးခုမွ လူသံုးဦးစီအေၾကာင္း သာဓကထုတ္ျပလုိက္ပါ့မယ္။ အိုးဘိုေထာင္မွာ ဦးစီးအရာရွိ ဦး—- ဆိုတာရွိတယ္။ တစ္ေန႔ ဦးပဥၥင္းကို လူနာမည္တပ္ၿပီး ပယ္ပယ္နယ္နယ္ လာဆဲတယ္။ မနက္ေစာႀကီး တန္းေတာင္မဖြင့္ေသးဘူး။ ကိုေဆြဝင္းေျပာသလို မုိးမႊြန္ေအာင္ဆဲတာ။ ေလွာင္အိမ္ထဲကေန သူ႔ကိုၾကည့္ၿပီး သနားေနမိတယ္။ သူလည္း ရိပ္မိပုံရတယ္။ “ေထာင္မွဴးက ဘာမွေျပာမထားဘူးလား”လို႔ ေမးတယ္။ ေထာင္မွဴးက ဘာမွေျပာမထားေတာ့ ဘယ္သူမွ ပံုစံဝတ္ ပံုစံထုိင္ရမွန္း မသိၾကဘူး။ အကုန္အဆဲခံရတာ။ တစ္ေထာင္လံုး ပတ္ဆဲလာတာ။ ဒါနဲ႔ ဦးပဥၥင္းအခန္းေရွ႕ကေန ေထာင္မွဴးကို ေအာ္ဆဲတယ္။ ၿပီးေတာ့ ျပန္သြားတယ္။ ဦး—–နဲ႔ ေတြ႔ဆံုရတာ အဲဒီေန႔ဟာ ေနာက္ဆံုးေန႔ပါပဲ။ လာႏႈတ္ဆက္သြားသလားေတာင္ ထင္ရတယ္။ ျပာသိုလျပည့္မွာ လာဆဲတယ္။ အခုလို မတ္လ(တေပါင္းလႀကီး)မွာ ဆံုးသြားတယ္။ အသဲေရာဂါနဲ႔ ရုတ္တရက္ေသသြားတာ။

တုိ္က္ဝန္းကို ေထာင္မွဴးဦး—-တာဝန္က်တယ္။ ေထာင္ထဲမွာ ဘုန္းႀကီးမရွိဘူး။ ဘုန္းႀကီးလို မေျပာရ၊ မေနရ၊ မဝတ္ရ အမိန္႔ထုတ္တယ္။ ေခါင္းမရိတ္ရ၊ ဘုန္းႀကီးဖိနပ္မစိးရ၊ သင္းပိုင္လိုလိပ္မဝတ္ရ၊ ဒကာႀကီးလုိ႔ မေခၚရ သေဘာမ်ဳိးေပါ့။ ဦးပဥၥင္းက ပုဆိုးကို သင္းပိုင္လိုလိပ္ဝတ္တာဆိုေတာ့ ဦးပဥၥင္းအတြက္ သီးသန္႔အမိန္႔ထုတ္တာေပါ့ကြာ။ ဦးပဥၥင္းလည္း ေခါင္းကိုေျပာင္ေနေအာင္ ထပ္ရိတ္၊ ဖိနပ္ကို ေသခ်ာပြတ္တုိက္ၿပီးစီး၊ ပုဆိုးကို အလိပ္ႀကီးလိပ္ သင္းပိုင္လုိဝတ္ၿပီး သူ႔ကိုပဲ ဒကာ— ‘အေျခအေန’ဆိုၿပီး လွမ္းႏႈတ္ဆက္လုိက္တယ္။ သူက ႏႈတ္ခမ္းႀကီးစူ၊ မ်က္လံုးႀကီးျပဴး၊ ေခါင္းႀကီးခါၿပီး ေရွာင္ထြက္သြားတယ္။ ႏွစ္အနည္းငယ္ၾကာေတာ့ သူ႔သတင္းၾကားရတယ္။ ျမစ္ႀကီးနားေထာင္မွာ တာဝန္က်တုန္း ဇနီးနဲ႔ သမီး ကားေမွာက္တယ္။ ဇနီးေသၿပီး သမီး ေဆးရံုတင္လုိက္ရတယ္။ အဲဒီအခ်ိန္မွာ ေထာင္ေဖာက္မႈနဲ႔ ႀကဳံတယ္။ တာဝန္မွဴးက်တုန္း ျဖစ္ပြားတာဆိုေတာ့ သူအလုပ္ျပဳတ္သြားတယ္။

ဒုတပ္ၾကပ္—-ဆိုတဲ့ ကတံုးႀကီးက ဦးပဥၥင္းကို ေအာင္ဟစ္ဆဲဆို ႀကိမ္းေမာင္းၿပီး လက္သီးႏွင့္ ေျပးထိုးဖူးတယ္။ “ငါဟာ ဘုန္းႀကီးတစ္ပါးဆိုတာ သူမသိရွာလို႔ေနမွာပဲ”လို႔ ေတြးၿပီး သူ႔အေပၚ အျပစ္မယူခဲ့ဘူး။ ဦးပဥၥင္းကို ထုိးတာက တေပါင္းလ(မတ္လ) သူေထာင္က်တာက တန္ခူးလ(ဧၿပီလ)ပါ။ သႀကၤန္တြင္း မူးဆူအက်ဥ္းသားတစ္ဦးကို ရိုက္ႏွက္အလုပ္ခုိင္းလုိက္တာ အရက္နာက်ၿပီး ေသသြားလို႔ ဝန္ထမ္း—– ေထာင္က်ခဲ့ရတာ။

ရန္ကုန္သံရုံုးတစ္ခုမွ ျမန္မာဝန္ထမ္းသံုးဦးလည္း ဦးပဥၥင္းအေပၚ ပစ္ပစ္ခါခါ ျပစ္မွားေနၾကတယ္။ သိပ္မၾကာဘူး တစ္ဦးက မ်က္စိကြယ္၊ တစ္ဦးက ေလျဖတ္၊ တစ္ဦးက ကားအက္ဆီးဒင့္ျဖစ္ၿပီး ဒုကၡိတဘဝ ေရာက္သြားတယ္။ သံရံုးဝန္ထမ္းေလးတစ္ဦး ျပန္ေျပာလို႔ သိရတာပါ။

တရားပြဲပိတ္ဖုိ႔ အတင္းအဓမၼ ႀကဳိးစားခဲ့တဲ့ ဧရာ၀တီတိုင္းမွ ေဂ်ာ္နီ၀ါ့ကား၊ ပညာေရး ပရဟိတေက်ာင္းေဆာက္ခြင့္ မေပးတဲ့အျပင္ ပႏၷက္တင္လို႔ဆိုၿပီး မန္းမေဟာ္သဓာေကာ္မတီကို တရားစြဲခုိင္းခဲ့တဲ့ ေဒါက္တာဒူတာေတးႏွင့္ (မဘသ- ဗဟို ဆရာေတာ္ႀကီးေတြထံသြားၿပီး “အျမင္မေတာ္တာရွိရင္ ေထာင္းႏိုင္ထုႏိုင္တယ္ဘုရား၊ ေခၚဆံုးမႏိုင္ပါတယ္ဘုရား”လို႔ ဖိတ္ၾကားခဲ့ၿပီး မဘသမလိုအပ္ဘူးလို႔ေျပာတဲ့ ၿဖဳိးမင္းသိန္းစကားေၾကာင့္ သူ႔ဆီစာတင္မယ္ဆိုေတာ့ “က်ေနာ္က သံဃာမုိ႔ ဆည္းကပ္တာပါ။ မဘသဆရာေတာ္ေတြမုိ႔ သြားခဲ့တာမဟုတ္ပါဘူးလို႔ ဘေလာင္းဘလဲေျပာခဲ့တဲ့ နာယကႀကီးတစ္ဦး)တို႔ရဲ႕ ျဖစ္ရပ္ေတြႏွင့္ ကာခ်ဳပ္က မစိုးရိမ္တုိက္သစ္ဆြမ္းကပ္တာကိုပဲ အျပစ္ႀကီးတစ္ခုလုပ္ၿပီး ေဝဖန္ခဲ့တဲ့ ေတာက္ရူးေျခာက္ခါႀကီးက ဦးမတပ္ အရွင္မတပ္၊ ပါးစပ္ကေန ဝီရသူ ၀ီရသူလို႔ ခပ္ရိုင္းရိုင္း အင္တာဗ်ဴးၿပီး မၾကာခင္ေလးတင္ပဲ ေနျပည္ေတာ္ေဆးရံုမွာ ဝမ္းေလွ်ာလူနာအျဖစ္ အေရးေပၚကုသလုိက္ရတာေတြဟာ တုိက္ဆိုင္မႈေတြလား ကိုေဆြဝင္း။ အျခားျဖစ္ရပ္သာဓကေတြ ရွိေသးေသာ္လည္း လံုးေလာက္ၿပီထင္လို႔ ထည့္မေျပာေတာ့ပါဘူး။ဒါလည္း ကိုေဆြ၀င္း သတိထားမိေစခ်င္လို႔သာ ေရးလိုက္ရတာ စိတ္မရွိပါနဲ႔ေနာ္။ကိုယ့္ဂုဏ္ကိုယ္ေဖာ္ရတဲ့အလုပ္မ်ဳိး ၀န္ေလးလြန္းလို႔ အၿမဲေရွာင္ခဲ့ေသာ္လည္း ဒီေနရာမွာ သတိႀကီးႀကီးျဖစ္ေစခ်င္တဲ့ ေစတနာေၾကာင့္ ေျပာလိုက္မိတာလို႔ မွတ္လိုက္ပါေနာ္။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ဇ)

“တစ်စုံတရာက သတိပေးနေသလား”
စပ်ဆက်မေးစရာရှိလာတာက ကိုဆွေဝင်း သံတွဲခရီးမှာ ခဲစထိမှန်တယ်ဆိုတဲ့သတင်းပါ။ ကျောက်မိုင်းခွဲရာမှ အစအနလာထိမှန်သလိုလို၊ လုပ်ကြံခံရသလိုလို ရေးနေကြတာကြောင့် အဲဒီဖြစ်စဉ်လေး မခြွင်းမချန် အမှန်အတိုင်း ထုတ်ပြန်ပေးပါလားကွာ။ လုပ်ကြံတယ်ဆိုရင်လည်း မီးခြစ်ဆံခေါင်းသာသာ ခဲစလေးနဲ့ အလုပ်ဖြစ်ပါ့မလား။ ခြေထောက်ကိုချောင်းပစ်တာကကော သဘောလောက်ပြချင်တဲ့ သဘောလား။လေကာမှန်ကို မပစ်ဘဲ တံခါးလက်ကိုင်ကို ပစ်တယ်ဆိုတာကကော သေစေချင်လို့ပဲလား တွေးစရာလေးတွေမို့ပါ။ လုပ်ကြံတာမဟုတ်ဘူး၊ တိုက်ဆိုင်တာဆိုရင်တော့ သတိထားတော့ ကိုဆွေဝင်းရေ…။ တစ်စုံတရာက သတိပေးနေပြီလို့ ပြောရတော့မှာပဲကွာ။

ခင်ပွန်းကြီးဆယ်ပါးဆိုတာ ကြားဖူးမှာပေါ့နော်။ အဲဒီထဲမှာ ဓမ္မကထိကဆိုတာ ပါတယ်နော်။ မတော်တဆ စိတ်ထဲမှာပြစ်မှားမိရုံလေးနဲ့တင် ပြန်တောင်းပန်သင့်တဲ့ ပုဂ္ဂိုလ် ၁၀ဦးပေါ့။ ယန်ဟီးလီကို ဆဲတာ၊ ကိုကြည်လင်းကို ကျေးဇူးတင်တာ၊ ကုလားယူမည့်အစား ခွေးယူဆိုပြီး (ခွေးတရား) ဟောတာလောက်လေး ကြည့်ပြီး ငှက်ဆိုးတွေက ထိုးကြ ဆိတ်ကြ အာကြ စွာကြတယ်။ ကိုဆွေဝင်းလည်း ဦးပဉ္စင်းအပေါ် အတော်မုန်းတီးနေတာတွေ့ရတယ်။ ဒါတောင် ဦးပဉ္စင်းက ကိုဆွေဝင်းအကျိုးစီးပွား ပျက်ပြားအောင် ဘာတစ်ခုမှ မလုပ်ဆောင်ခဲ့တဲ့အပြင် စိတ်ထဲမှာတောင် ပြစ်မှားလိုစိတ် မပေါ်ခဲ့ဖူးဘူး။ တရားတစ်ပုဒ်နာရင်ပဲဖြစ်စေ ဟောပြောပွဲတစ်ခု နားထောင်ရင်ပဲဖြစ်စေ ဟောကြားသူရဲ့ အသံနဲ့ ဟန်လောက်တင် ကွက်ကြည့်လို့ မရပါဘူး။ အသံရယ်၊ ဟန်ရယ်၊ ဝါစာရယ်၊ စေတနာရယ်၊ ဒေတာရယ်လို့ အချက်ငါးချက်လုံး အပြည့်အစုံကြည့်နိုင်မှ တကယ့်ပညာရှင်အစစ်ဖြစ်နိုင်တာပါနော်။အာဘော်နောက်ကွယ်က စေတနာကို ထင်ထင်ရှားရှားကြီး တွေ့မြင်နိုင်တာပါနော်။စေတနာထိ မြင်အောြင်ကည့်နိုင်တော့ ဝေဒနာမဖြစ်တော့ဘူးပေါ့။ တော်တော်များများကတော့ အသံ ဟန်နဲ့ ဝါစာလောက်တင် ပြီးသွားတာများပါတယ်။ ဒေတာတွေ စေတနာတွေထိ မကြည့်ကြတော့ပါဘူး။ အဲဒီတော့ ဝေဒနာတွေ ဖြစ်ကုန်ကြရတာပေါ့နော်။ ခွေးတရားဟောတာ ကိုဆွေဝင်းကို ထိခိုက်လား၊ ယန်ဟီးလီကိုဆဲတာ ကိုဆွေဝင်းကို ထိခိုက်လား၊ ကိုကြည်လင်းကို ကျေးဇူးတင်စကားပြောတာ ကိုဆွေဝင်းကို ထိခိုက်လား၊ ကိုဆွေဝင်းကို မထိခိုက်ပါဘဲနဲ့ ဦးပဉ္စင်းကို ဘာလို့ မုန်းပြီး ဘာလို့ စော်ကားရတာလဲကွာ။

“သံဝေဂယူထိုက်သူလေးများ”
ဦးပဉ္စင်းရဲ့ အတွေ့အကြုံအရ နယ်ပယ်သုံးခုမှ လူသုံးဦးစီအကြောင်း သာဓကထုတ်ပြလိုက်ပါ့မယ်။ အိုးဘိုထောင်မှာ ဦးစီးအရာရှိ ဦး—- ဆိုတာရှိတယ်။ တစ်နေ့ ဦးပဉ္စင်းကို လူနာမည်တပ်ပြီး ပယ်ပယ်နယ်နယ် လာဆဲတယ်။ မနက်စောကြီး တန်းတောင်မဖွင့်သေးဘူး။ ကိုဆွေဝင်းပြောသလို မိုးမွှွန်အောင်ဆဲတာ။ လှောင်အိမ်ထဲကနေ သူ့ကိုကြည့်ပြီး သနားနေမိတယ်။ သူလည်း ရိပ်မိပုံရတယ်။ “ထောင်မှူးက ဘာမှပြောမထားဘူးလား”လို့ မေးတယ်။ ထောင်မှူးက ဘာမှပြောမထားတော့ ဘယ်သူမှ ပုံစံဝတ် ပုံစံထိုင်ရမှန်း မသိကြဘူး။ အကုန်အဆဲခံရတာ။ တစ်ထောင်လုံး ပတ်ဆဲလာတာ။ ဒါနဲ့ ဦးပဉ္စင်းအခန်းရှေ့ကနေ ထောင်မှူးကို အော်ဆဲတယ်။ ပြီးတော့ ပြန်သွားတယ်။ ဦး—–နဲ့ တွေ့ဆုံရတာ အဲဒီနေ့ဟာ နောက်ဆုံးနေ့ပါပဲ။ လာနှုတ်ဆက်သွားသလားတောင် ထင်ရတယ်။ ပြာသိုလပြည့်မှာ လာဆဲတယ်။ အခုလို မတ်လ(တပေါင်းလကြီး)မှာ ဆုံးသွားတယ်။ အသဲရောဂါနဲ့ ရုတ်တရက်သေသွားတာ။

တိုက်ဝန်းကို ထောင်မှူးဦး—-တာဝန်ကျတယ်။ ထောင်ထဲမှာ ဘုန်းကြီးမရှိဘူး။ ဘုန်းကြီးလို မပြောရ၊ မနေရ၊ မဝတ်ရ အမိန့်ထုတ်တယ်။ ခေါင်းမရိတ်ရ၊ ဘုန်းကြီးဖိနပ်မစိးရ၊ သင်းပိုင်လိုလိပ်မဝတ်ရ၊ ဒကာကြီးလို့ မခေါ်ရ သဘောမျိုးပေါ့။ ဦးပဉ္စင်းက ပုဆိုးကို သင်းပိုင်လိုလိပ်ဝတ်တာဆိုတော့ ဦးပဉ္စင်းအတွက် သီးသန့်အမိန့်ထုတ်တာပေါ့ကွာ။ ဦးပဉ္စင်းလည်း ခေါင်းကိုပြောင်နေအောင် ထပ်ရိတ်၊ ဖိနပ်ကို သေချာပွတ်တိုက်ပြီးစီး၊ ပုဆိုးကို အလိပ်ကြီးလိပ် သင်းပိုင်လိုဝတ်ပြီး သူ့ကိုပဲ ဒကာ— ‘အခြေအနေ’ဆိုပြီး လှမ်းနှုတ်ဆက်လိုက်တယ်။ သူက နှုတ်ခမ်းကြီးစူ၊ မျက်လုံးကြီးပြူး၊ ခေါင်းကြီးခါပြီး ရှောင်ထွက်သွားတယ်။ နှစ်အနည်းငယ်ကြာတော့ သူ့သတင်းကြားရတယ်။ မြစ်ကြီးနားထောင်မှာ တာဝန်ကျတုန်း ဇနီးနဲ့ သမီး ကားမှောက်တယ်။ ဇနီးသေပြီး သမီး ဆေးရုံတင်လိုက်ရတယ်။ အဲဒီအချိန်မှာ ထောင်ဖောက်မှုနဲ့ ကြုံတယ်။ တာဝန်မှူးကျတုန်း ဖြစ်ပွားတာဆိုတော့ သူအလုပ်ပြုတ်သွားတယ်။

ဒုတပ်ကြပ်—-ဆိုတဲ့ ကတုံးကြီးက ဦးပဉ္စင်းကို အောင်ဟစ်ဆဲဆို ကြိမ်းမောင်းပြီး လက်သီးနှင့် ပြေးထိုးဖူးတယ်။ “ငါဟာ ဘုန်းကြီးတစ်ပါးဆိုတာ သူမသိရှာလို့နေမှာပဲ”လို့ တွေးပြီး သူ့အပေါ် အပြစ်မယူခဲ့ဘူး။ ဦးပဉ္စင်းကို ထိုးတာက တပေါင်းလ(မတ်လ) သူထောင်ကျတာက တန်ခူးလ(ဧပြီလ)ပါ။ သင်္ကြန်တွင်း မူးဆူအကျဉ်းသားတစ်ဦးကို ရိုက်နှက်အလုပ်ခိုင်းလိုက်တာ အရက်နာကျပြီး သေသွားလို့ ဝန်ထမ်း—– ထောင်ကျခဲ့ရတာ။

ရန်ကုန်သံရုံးတစ်ခုမှ မြန်မာဝန်ထမ်းသုံးဦးလည်း ဦးပဉ္စင်းအပေါ် ပစ်ပစ်ခါခါ ပြစ်မှားနေကြတယ်။ သိပ်မကြာဘူး တစ်ဦးက မျက်စိကွယ်၊ တစ်ဦးက လေဖြတ်၊ တစ်ဦးက ကားအက်ဆီးဒင့်ဖြစ်ပြီး ဒုက္ခိတဘဝ ရောက်သွားတယ်။ သံရုံးဝန်ထမ်းလေးတစ်ဦး ပြန်ပြောလို့ သိရတာပါ။

တရားပွဲပိတ်ဖို့ အတင်းအဓမ္မ ကြိုးစားခဲ့တဲ့ ဧရာဝတီတိုင်းမှ ဂျော်နီဝါ့ကား၊ ပညာရေး ပရဟိတကျောင်းဆောက်ခွင့် မပေးတဲ့အပြင် ပန္နက်တင်လို့ဆိုပြီး မန်းမဟော်သဓာကော်မတီကို တရားစွဲခိုင်းခဲ့တဲ့ ဒေါက်တာဒူတာတေးနှင့် (မဘသ- ဗဟို ဆရာတော်ကြီးတွေထံသွားပြီး “အမြင်မတော်တာရှိရင် ထောင်းနိုင်ထုနိုင်တယ်ဘုရား၊ ခေါ်ဆုံးမနိုင်ပါတယ်ဘုရား”လို့ ဖိတ်ကြားခဲ့ပြီး မဘသမလိုအပ်ဘူးလို့ပြောတဲ့ ဖြိုးမင်းသိန်းစကားကြောင့် သူ့ဆီစာတင်မယ်ဆိုတော့ “ကျနော်က သံဃာမို့ ဆည်းကပ်တာပါ။ မဘသဆရာတော်တွေမို့ သွားခဲ့တာမဟုတ်ပါဘူးလို့ ဘလောင်းဘလဲပြောခဲ့တဲ့ နာယကကြီးတစ်ဦး)တို့ရဲ့ ဖြစ်ရပ်တွေနှင့် ကာချုပ်က မစိုးရိမ်တိုက်သစ်ဆွမ်းကပ်တာကိုပဲ အပြစ်ကြီးတစ်ခုလုပ်ပြီး ဝေဖန်ခဲ့တဲ့ တောက်ရူးခြောက်ခါကြီးက ဦးမတပ် အရှင်မတပ်၊ ပါးစပ်ကနေ ဝီရသူ ဝီရသူလို့ ခပ်ရိုင်းရိုင်း အင်တာဗျူးပြီး မကြာခင်လေးတင်ပဲ နေပြည်တော်ဆေးရုံမှာ ဝမ်းလျှောလူနာအဖြစ် အရေးပေါ်ကုသလိုက်ရတာတွေဟာ တိုက်ဆိုင်မှုတွေလား ကိုဆွေဝင်း။ အခြားဖြစ်ရပ်သာဓကတွေ ရှိသေးသော်လည်း လုံးလောက်ပြီထင်လို့ ထည့်မပြောတော့ပါဘူး။ဒါလည်း ကိုဆွေဝင်း သတိထားမိစေချင်လို့သာ ရေးလိုက်ရတာ စိတ်မရှိပါနဲ့နော်။ကိုယ့်ဂုဏ်ကိုယ်ဖော်ရတဲ့အလုပ်မျိုး ဝန်လေးလွန်းလို့ အမြဲရှောင်ခဲ့သော်လည်း ဒီနေရာမှာ သတိကြီးကြီးဖြစ်စေချင်တဲ့ စေတနာကြောင့် ပြောလိုက်မိတာလို့ မှတ်လိုက်ပါနော်။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020