သတင်း
“ဒီမိုကရေစီကို အသရေမဖျက်မိအောင် စောင့်ထိန်းပါ (အပိုင်း-၂ နိဂုံး)”
====================================
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ၊ ဖြေသမျှ)
မေး- မတ်လ ၂၈ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကိုတင်သွင်းမယ့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ မချယ်ရီဇာဟောင်က ၂၀၁၅ NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်က ပိုပြီးတော့ အားကောင်းလာမယ်လို့ မျှော်လင့်ထားပေမယ့် အဲဒီဘက်မှာ မရပ်တည်ဘဲ ပြဿနာတွေ ကြုံတွေ့နေရတာ တွေ့ရတယ်လို့ ပြောထားပါတယ်။ အရှင်ဘုရားဆိုရင်လည်း တရားဟောခွင့် တစ်နှစ်ပိတ်ခံထားခဲ့ရတယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို စောင့်ကြည့်နေတာတွေ၊ ထိန်းချုပ်နေတာတွေရဲ့ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာနိုင်လဲဘုရား။
ဖြေ- အကျိုးဆက်အနေနဲ့တော့ တဖြည်းဖြည်း မိမိရဲ့ သြဇာတွေကျဆင်းသွားပြီးတော့ မိမိကို ထောက်ခံတဲ့ ဦးရေတွေ လျော့သွားမှာပေါ့။ ပြည်သူတွေကတော့ သည်းခံအားကောင်းနေတုန်းပေါ့နော့။ အတိုင်းထက်အလွန် ဖိနှိပ်တာမျိုး လုပ်လာရင်တော့ ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရကို ပြည်သူကပဲ ဒဏ်ခတ်ပါလိမ့်မယ်။
မေး- ဆိုရှယ်မီဒီယာတွေကို စောင့်ကြည့်ဖို့ သန်းခြောက်ထောင်ကျော် သုံးပြီး စောင့်ကြည့်ရန်အဖွဲ့တွေဖွဲ့ထားတယ်ဆိုပေမယ့် သံဃာတွေကို စော်ကားတဲ့အကောင့်တွေနဲ့ သတင်းမှားကို ထုတ်လွှင့်နေတဲ့အကောင့်တွေကိုတော့ တွေ့နေရတုန်းပါပဲဘုရား။ တစ်ဖက်မှာလည်းပဲ အရှင်ဘုရားတို့ အကောင့်တွေကျတော့ ဖယ်ရှားခံရတယ်။ အဲဒါဘာကြောင့် ဖြစ်မယ်လို့ ထင်ပါသလဲဘုရား။
ဖြေ- အဲဒါကတော့ အာဏာတည်မြဲရေးလမ်းစဉ်လို့ခေါ်တာပေါ့နော်။ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မင်းလောင်းသုတ်သင်ရေးစစ်ဆင်ရေးပေါ့။ မင်းလောင်းပေါ်မယ်ဟေ့ဆိုတော့၊ ကျန်စစ်သား ပဋိသန္ဓေယူတော့၊ အနော်ရထာက ကိုယ်ဝန်ဆောင်မိခင်တွေ လိုက်နှိမ်နင်းတာတို့၊ ကျန်စစ်သာ မီးဖွားပြန်ပြီဆိုတော့ မီးဖွားစကလေးငယ်နဲ့ မိခင်တွေကို လိုက်ပြီး နှိမ်နင်းတာတို့၊ ကျန်စစ်သား နွားကျောင်းသားအရွယ်ရောက်ပြီ ဆိုပြန်တော့ နွားကျောင်းသားတွေ သုတ်သင်တာတို့ ဒါမျိုးတွေ လုပ်ခဲ့တာကိုး။ အခုလည်း အဲဒီအတိုင်းပဲ၊ အာဏာတည်မြဲရေးအတွက် ငွေကျပ် ၆၄၂၆ သန်းကို သုံးစွဲလာသလားလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။
အဲဒါနဲ့ပတ်သက်ပြီး ဦးဇင်းတို့က ပြောချင်တာက အမျိုးသားရေးကို နှိမ်နင်းဖို့တစ်ခုတည်းနဲ့တော့ ငွေကျပ် အဲဒီလောက်အများကြီး အကုန်မခံပါနဲ့လို့။ အဲဒီ ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်းကို ပြည်သူအတွက် ဂရာမင်းဘဏ်လို ပြည်သူအကျိုးရှိမယ့် စီမံကိန်းတစ်ခုခု အတိအကျဖော်ဆောင်ပေးမယ်ဆိုလို့ရှိရင် ဝီရသူဖေ့ဘုတ်စ်တို့၊ ဝီရသူဝက်ဘ်ဆိုဒ်တို့ လုံး၀ မမြင်မတွေ့စေရပါဘူးလို့။ ဝီရသူလိုင်းပေါ်မှာ လုံးဝမရှိစေရပါဘူးလို့။ ဒါကြောင့် သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဝီရသူကို နှိမ်နင်းချင်တာဆိုရင် အဲဒီအစား ပြည်သူလူထု အကျိုးရှိရာရှိကြောင်း စီမံကိန်းလေးတစ်ခုလောက် အဲဒီငွေတွေနဲ့ ဖော်ဆောင်ပေးပါလို့ တိုက်တွန်းချင်တာပေါ့နော်။
မေး- ဆိုရှယ်မီဒီယာလို့ ပြောလိုက်ရင် Facebook ပေါ့ဘုရား။ လူတော်တော်များများဟာ Facebook ထဲကနေ အပြင်ကို မထွက်နိုင်ကြတော့ဘူးဖြစ်လာတယ်။ Facebook ထဲမှာပဲ တဝဲ၀ဲလည်လည်ဖြစ်နေကြတဲ့ လူငယ်တွေ များသထက်များလာပါတယ်ဘုရား။ ဘင်္ဂလားဒေ့ရှ်ကဆိုရင် ဒီဂျစ်တယ်ဘိန်းလို့ ယူဆတဲ့ အက်ပလီကေးရှင်းတွေကို လျော့ချဖို့ အစီအစဉ်တွေလည်း ထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ ဆိုတော့ Facebook အလွန်အကျွံသုံးတာ၊ ဒါကိုပဲ တကယ်လို့ စိတ်ထဲ စွဲထင်လာတာတွေနဲ့ပတ်သက်ပြီး လူငယ်တွေ၊ လူငယ်တွေဆိုတဲ့နေရာမှာ အရှင်ဘုရားကို ယုံကြည်လေးစားကြတဲ့ ရဟန်းသံဃာအငယ်တွေရောပေါ့ဘုရား၊ သူတို့အတွက် အရှင်ဘုရားရဲ့ ဆိုရှယ်မီဒီယာသုံးတာနဲ့ပတ်သက်တဲ့ ဆုံးမသြဝါဒစကားကိုလည်း မိန့်ပေးပါဦးဘုရား။
ဖြေ – ဝိနည်းသိက္ခာပုဒ်မှာတော့ ဆိုရှယ်မီဒီယာသုံးခွင့်မရှိဘူးလို့ တားမြစ်ထားတာ၊ ပိတ်ပင်ထားတာ မရှိဘူးပေါ့နော်။ ဒါပေမယ့် နစ္စဂီတနဲ့ပတ်သက်တာတွေပါလာရင် မသုံးကောင်းဘူးပေါ့နော့။ နောက်တစ်ခုက သိက္ခာပုဒ်ကို ပျက်ယွင်းစေတဲ့ အရေးအသားတွေ၊ သူတစ်ပါးနစ်နာအောင် ပြောတာတွေ၊ ဆိုကြပါစို့ ကြမ်းတမ်းတဲ့စကားလုံးတွေရေးတာတွေရယ်၊ သူတစ်ပါး ဂုဏ်သိက္ခာကို ဖျက်လိုဖျက်စီးအရေးအသားတွေရယ် အဲဒါတွေကိုရှောင်ကြဉ်မယ်ဆိုလို့ရှိရင် ဒီ Facebook က သာသနာပြုလုပ်ငန်းအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ အမျိုးသားရေးလုပ်ငန်းအတွက်လည်း အထောက်အကူပြုပါတယ်။ ဘာသာတရားနဲ့ပတ်သက်ပြီးလည်း အများကြီး အထောက်အကူပြုပါတယ်။အဲတော့ မိမိ ဝိနည်းစည်းကမ်းဘောင်အတွင်းကနေပဲ Facebook ကို အကျိုးရှိရှိ အသုံးချပါလို့ ပြောချင်တာပေါ့။
မေး- the Voice က AFPကို ကိုးကားပြီး ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်တွေ့ရပါတယ်ဘုရား။ ဘင်္ဂါလီအရေး တပ်ချုပ်ရဲ့မှတ်ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဝေဖန်ဆိုတဲ့သတင်း ခေါင်းစဉ်နဲ့ပါဘုရား။ အဲဒီသတင်းမှာ မတ်လ ၂၅ ရက်နေ့က ကချင်ပြည်နယ်ရောက်နေတဲ့ တပ်ချုပ်က ဘင်္ဂါလီများဟာ မြန်မာတိုင်းရင်းသားတွေနဲ့ တူညီတဲ့ ဝိသေသလက္ခဏာ၊ ယဉ်ကျေးမှုမျိုး တစ်ခုမှ မရှိဘူးဆိုပြီး ပြောခဲ့လို့ဆိုပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရှင်ဘုရားအနေနဲ့ ဘာများပြောချင်ပါသလဲဘုရား။
ဖြေ – အဲဒါ ဦးဇင်းကရင်ပြည်နယ်မှာတုန်းကလည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး ထည့်ဟောခဲ့ဖူးတယ်။ ဆူးလေမှာဟောတုန်းကလည်းပဲ အနည်းအကျဉ်းပါတာပေါ့။ ဘယ်လိုမှ စရိုက်ချင်းလည်းမတူ၊ ယဉ်ကျေးမှုချင်းလည်းမတူ၊ ဘာသာစကားချင်းလည်းမတူ၊ ကိုးကွယ်ရာချင်းလည်းမတူ ဆန့်ကျင်ဘက် ဖြစ်တဲ့သူက တကယ့်ကို ယဉ်ကျေးသိမ့်မွေ့နူးညံပြီး တကယ့် စိတ်ကောင်းစေတနာကောင်းနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ တိုင်းရင်းသူတိုင်းရင်းသားတွေနဲ့ ဆွေမျိုးလိုက်စပ်နေတာကို ရာရာစစလို့ ပြောချင်တာပေါ့နော့။ တကယ်တမ်းကျတော့ တန်ရာ တန်ရာပဲ တောင်းဆိုသင့်တာပေါ့လေ။ ဆိုကြပါစို့၊ လူတိုင်းသိနေတာပဲ။ ဘင်္ဂလားဒေ့ရှ်မှာ အမျိုးတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်က အမျိုးတွေက သူတို့ဆီလာပါလို့ ဖိတ်ခေါ်တယ်၊ ခဏခဏပြန်လာဖို့ ပြောကြတယ်။ အဲတော့ အနီးစပ်ဆုံး ဘင်္ဂလားဒေ့ရှ်နဲ့ ယဉ်ကျေးမှုခြင်းလည်းတူ၊ စရိုက်ခြင်းလည်းတူ၊ ဘာသာစကားချင်းလည်းတူ၊ ကိုးကွယ်ယုံကြည်ရာလည်း တူနေတာကြီးကိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ အမျိုး မစပ်ဘဲနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့လာပြီး အမျိုးစပ်နေတာကြီးက တကယ့်ကို အံ့သြဖို့ ကောင်းနေတာပေါ့။ အဲတော့ ကုလသမဂ္ဂဆိုတဲ့ပုဂ္ဂိုလ်တွေရော၊ နိုင်ငံတကာဆိုတဲ့သူတွေရော အားလုံးဟာ သူတို့ အကျိုးစီးပွားကို မထိခိုက်ဘူး၊ သူတို့အကျိုးစီးပွားအတွက် ဘင်္ဂါလီအရေးဟာ အရေးပါနေတဲ့အတွက် မကောင်းကျောင်းပို့ လုပ်နေကြတာပေါ့လေ။
မေး- ဘင်္ဂါလီနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမှာ ၂၃ ရက်အတွင်း ဘင်္ဂါလီ ၃၄ ဦး၊ ပို့တဲ့သူ ၉ ဦးထိ ဖမ်းမိခဲ့တယ်။ ရန်ကုန်မှာလည်းပဲ တာမွေမှာ မတ်လ ၂၇ ရက်နေ့ကပဲ ခိုးဝင်ဘင်္ဂါလီတစ်ဦး ဖမ်းမိခဲ့သေးတယ်။ ရန်ကုန်လိုနေရာမျိုးထိ စိမ့်ဝင်နေတာရယ်၊ နောက် ခိုးဝင်တွေ တစ်စထက် တစ်စပိုပိုများလာတာရယ်နဲ့ပတ်သက်ပြီး ဘာပြောချင်ပါလဲဘုရား။
ဖြေ- ဒီအစိုးရတက်ခါစတုန်းကတော့ သဘောကောင်းသလိုလိုဘာလိုလိုနဲ့ မောင်းတံဂိတ်လေးတွေ ဖွင့်ပေးလိုက်တာပေါ့။ မြို့ဝင်ကြေးတို့၊ ဘီးခွန်တို့ဆောင်ရတဲ့ဂိတ်ကလေးတွေပေါ့။ နှစ်ရာ၊ ငါးရာ အစရှိသဖြင့် အခွန်ဆောင်ပြီး ဖြတ်သွားနေရတဲ့သူတွေအတွက်ကတော့ ဒါဟာ အင်မတန်မှကို ထူးကဲတဲ့ အခွင့်အရေးကြီးပေါ့၊ ရခဲတဲ့အခွင့်ကြီးဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ ကြည်နူး ပီတိဖြစ်နေကြတာပေါ့။ တကယ်တော့ မောင်းတံဂိတ် ဖွင့်ပေးလိုက်တာ ခေါင်းစဉ်သာဖြစ်ပြီးတော့ မောင်းတံဂိတ်နောက်ကွယ်မှာ စစ်ဆေးရေးဂိတ်တွေ ညဆိုရင် စစ်ဆေးခွင့်မရှိတော့ဘူး၊ ဂိတ်လုံး၀ ပိတ်ပစ်လိုက်တယ်၊ အတားအဆီးလုံးဝမရှိတော့ဘဲနဲ့ တံခါးမရှိဓားမရှိ ဝင်ခွင့်ပြုနေသလိုကြီးကို ဖြစ်နေတယ်။ ပြောရမယ်ဆိုရင် မောင်းတံဂိတ်တွေပိတ်ပေးလိုက်တဲ့ ဆိုင်းဘုတ်ရဲ့နောက်ကွယ်မှာ တံခါးမရှိဓားမရှိ ဝင်လို့ရနိုင်တဲ့ အခွင့်အရေးတွေ အခွင့်အလမ်းတွေ ကပ်ပါလာနေသလား။
ခုဆို အနောက်တံခါးတစ်ခုတည်းမဟုတ်ဘဲနဲ့ ကလေး၊တမူးဘက်မှာလည်း စစ်ဆေးရေးဂိတ်တွေ မရှိတော့ဘူးဖြစ်သွားတာကို တွေ့ရတယ်။ အဲဒီတော့ အရင်တုန်းကဆိုရင် စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ စစ်ဆေးတယ်။ ဒီကနေ့ကျတော့ ကားပေါ်ကတောင် ဆင်းစရာမလိုဘူး၊ ကားမောင်းသူက ကားနံပါတ်ဘယ်လောက်ပါ၊ ဘယ်ကိုသွားမှာပါ သတင်းပို့ရုံလေးပဲ ပို့ရတော့တယ်။ ဒီအတွက် သူတို့ တံခါးမရှိဓားမရှိ ဝင်ခွင့်ရသွားပြီးတော့ ပြည်မကြီးထဲမှာပဲ ခဏခဏဖမ်းမိတဲ့အဆင့်ကို ရောက်သွားတာပေါ့။
ဆိုလိုတာက တံခါးတွေကို ဖွင့်ပေးတယ်၊ လွတ်လွတ်လပ်လပ်ဝင်ခွင့်ရသွားတယ်၊ တာဝန်သိပြည်သူ တွေကြောင့် ပြန်ဖမ်းမိတယ်ဆိုတော့ ရည်ရွယ်ချက်ရှိရှိ ပြည်ဝင်ခွင့်ပေးနေတယ်ဆိုတဲ့ အကြံအစည်ကြီးက ထင်ရှားလာတာပေါ့။
မေး- ခိုးဝင်တွေနဲ့ပတ်သက်လာရင် ရှေ့မှာလည်း သတင်းပေးတဲ့သူတွေ၊ ရဲနဲ့ပူးပေါင်းပြီး ဖမ်းဖို့ကြိုးစားတဲ့သူတွေကို ပြန်ပြီး အရေးယူထားတာတွေလည်း ရှိနေတော့ ခိုးဝင်ဘင်္ဂါလီတွေရဲ့ ရန်ကို ပြည်သူတွေအနေနဲ့ ဘယ်လိုကာကွယ်သင့်ပါသလဲဘုရား။
ဖြေ- ပြည်သူတွေကတော့ အတိုင်းထက်အလွန်တာဝန်ကျေခဲ့ပြီ။ ပြည်သူတွေရဲ့ အခန်းကဏ္ဍက ကုန်ဆုံးသွားပြီ။ သဗ္ဗေသတ္တာ ကမ္မဿကာအဖြစ်နဲ့ပဲ မျက်နှာလွှဲရမယ့်အဆင့်ကို ရောက်သွားတာပေါ့။ အရင့်အရင်အစိုးရတွေလက်ထက်တုန်းက ဝန်ထမ်းတွေ၊ အရာရှိတွေ အဂတိလိုက်စားတဲ့သူပဲဖြစ်ဖြစ်၊ ငွေကြေးယူပြီးတော့ပဲဖြစ်ဖြစ် ခိုးသွင်းတဲ့သူတွေ ရှိခဲ့တာပေါ့။ ဒါပေမယ့် ဒါဟာ အစိုးရရဲ့ ပေါ်လစီမဟုတ်ဘူး။ အစိုးရရဲ့ မူဝါဒမဟုတ်ဘူး။ ဒီကနေ့ကျတော့ ပေါ်လစီနဲ့မူဝါဒကိုက လာပါလာပါ၊ မသိမသာလေး လာခဲ့ပါလို့ ဖိတ်ခေါ်နေသလိုကြီးဖြစ်နေတာပေ့ါနော့။
မေး- ဒီတစ်ပတ်အတွက် သြဝါဒစကားလေးလည်း မိန့်ကြားပေးပါဦး။
ဖြေ- သွားလေသူအတွက် လွမ်းလောက်စရာမရှိသလို၊ လာလေသူအတွက်လည်း မက်လောက်စရာမရှိပါဘူး။ ဒါကြောင့် အပြောင်းအလဲအပေါ်မှာ အများကြီးမျှော်လင့်မထားပါနဲ့။ ပုံမှန်အတိုင်းပဲ အမျိုး ဘာသာ သာသနာအရေး ဆက်လက်ဆောင်ရွက်ကြပါ။ အမျိုး ဘာသာ သာသနာလုံခြုံရေးအတွက် မျက်ခြေမပြတ် စောင့်ကြည့်အကဲခတ်တာမျိုး အမြဲမပြတ် ပြုလုပ်ကြပါလို့ပဲ တိုက်တွန်းပါရစေ။
ငြိမ်းချမ်းသာ- ဆက်သွယ်မေးမြန်းသည်။