သတင်း

ဒီမိုကရေစီနိုင်ငံဆိုတာ သာလယံဇရပ်ပေါ်က ဖာခန်းမဟုတ်

ဒီဝန်ချုပ်က ခုချိန်ထိ ဘုံရန်သူဆိုတာ ဘယ်သူမှန်း မသိသေးဘူး။

သူတို့ကိုးကွယ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အမျိုးသားရေးသမားမှန်း သိပုံမပေါ်ဘူး။

nationalism နဲ့ nationalistလောက်ပဲ သိပုံရတယ်။

national interestကို သိပုံမရဘူး။

ဝမရှိဘဲနဲ့ ဝိမလုပ်နဲ့။

အမျိုးသားရေးအခြေမခံဘဲ ဒီမိုကရေစီရေး မလုပ်နဲ့

အမျိုးသားရေးမပါတဲ့ဒီမိုကရေစီအရေးဟာ
ဇရပ်ပေါ်က ဖာခန်းလိုပဲဗျ။

ဝီရသူ( မစိုးရိမ်)

8.12.2017.
pm 8:48

@ @ @ @

“အမျိုးသားရေးဝါဒသည် ဒီမိုကရေစီအတွက် စိန်ခေါ်မှုဟု မန္တလေးဝန်ကြီးချုပ်ပြော”

============================================

မန္တလေး၊ ဒီဇင်ဘာ ၈

ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် စိန်ခေါ်မည့်အရာတစ်ခုမှ အမျိုးသားရေးဝါဒဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လူငယ်ပါတီဝင်များကို ဒီဇင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သည်။

“နိုင်ငံအတွက် ဒီမိုကရေစီဆိုတာ အရေးကြီးတယ်။ ဒီမိုကရေစီကို စိန်ခေါ်ရာမှာ အမျိုးသားရေးဝါဒက စိန်ခေါ်မှာ။ အဲဒီအမျိုးသားရေးဝါဒီဆိုတာက လှုံ့ဆော်တာ။ ဒီမိုကရေစီဆိုတာက အလယ်အလတ်။ မဇ္ဈိမပဋိပဒါ။ ပြည်သူတွေကသာ အာဏာပိုင်ဖြစ်တယ်”ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဋ္ဌမပုံမှန် အစည်းအဝေးစတုတ္ထနေ့ အခမ်းအနားသို့ လေ့လာသူများအဖြစ် လာရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ပါတီဝင်များကို နှုတ်ဆက်စကားပြောရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အမျိုးသားရေးဝါဒီဆိုသည်မှာ မည်သည်အရာကို ရည်ညွှန်းပြောဆိုသည်ဆိုသည်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုသွားခြင်းမရှိပေ။

မန္တလေးမြို့တွင် ယခုအစိုးရလက်ထက် ဖျက်သိမ်းလိုက်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နှင့် ဦးဆောင်ရဟန်းများရှိနေပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက အစိုးရကို ယခုနှစ်အတွင်းက သပိတ်စခန်းဖွင့်၍ ဆန္ဒပြခဲ့ကြသည်။

ယင်းအပြင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြည်သူများအတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ဒီမိုကရေစီစနစ် အမြစ်တွယ်နိုင်ရေးမှာလည်း အလွန်ခဲယဉ်းသည့် ကိစ္စတစ်ခုဖြစ်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

လူငယ်များအနေဖြင့် မိမိကိုယ်ကို ဝမ်းစာပြည့်အောင် ဆောင်ရွက်သင့်ပြီး နိုင်ငံရေးဆိုသည်မှာလည်း ကုသိုလ်ရသည့် အလုပ်တစ်ခုဖြစ်ကာ အများအကျိုး လုပ်ပေးမည်ဆိုသည့် စိတ်ထားတတ်ရန် မွေးမြူကြဖို့လည်း မှာကြားခဲ့သည်။

M-04
http://thevoicemyanmar.com/news/14567-amt