သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၃)

ဒါကတော့ မန်း မဘသ အဖွဲ့က ဦးစီးထုတ်ဝေတဲ့ အတုမရှိ အမျိုးသားရေးသတင်းဂျာနယ် ပိတ်ပင်ကြောင်းစာပါ။
အကြောင်းပြချက်ကတော့ မဘသအဖွဲ့ ပျက်သွားပြီဖြစ်လို့ အဖွဲ့ကထုတ်ဝေတဲ့ဂျာနယ်လည်း ထုတ်ဝေခွင့် မရှိတော့တဲ့အတွက် ထုတ်ဝေခွင့်လက်မှတ်ကို ပြန်အပ်နှံဖို့ ထုတ်ပြန်တဲ့စာပါ။
15.7.2017 ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းဖို့ မဟနပေးထားတဲ့ ရက်စွဲကိုအတည်ပြုကာ ရက်(၆၀)အတွင်း ထုတ်ဝေခွင့်လက်မှတ် ပြန်လည် သိမ်းဆည်းမယ်ဆိုတဲ့သဘောပါပဲ။
မဟနအမိန့်စာထုတ်ပြန်ပြီးလျှင်ပြီးချင်း ပြန်ကြားရေးက စာမထုတ်ပြန်ဘဲ ရက်(၆၀)ပြည့်ခါနီးမှ ကပ်ပြီး ထုတ်ပြန်တာကိုကြည့်လျှင် တကယ်လို့ ရက်(၆၀)ကျော်ပါလျက် ဆက်လက်ထုတ်ဝေနေရင် အရေးယူဖို့ ကပ်လုပ်တဲ့သဘောပါပဲ။
နိုင်ငံရေး ကလိမ်ကျမှုပေါ့ဗျာ။
မဟနရဲ့အမိန့်စာဟာ အခြေခံဥပဒေကို မလွှမ်းမိုးနိုင်ဘူး၊ အသင်းအဖွဲ့ဥပဒေကို မကျော်လွန်နိုင်ဘူးဆိုတာနှင့် မဟနအမိန့်စာဟာ အခြေခံဥပဒေအောက် အသင်းအဖွဲ့ဥပဒေအောက်မှာပဲ ရှိတယ်ဆိုတာ ဒီမိုကရေစီစာပေသမားတွေ ကောင်းကောင်းသိပုံမရဘူး။
မဘသအဖွဲ့ကြီး ပျက်သွားပြီလို့ ဘယ်သူတွေပြောတာလဲ
မဘသအဖွဲ့ကြီးကို ပျက်အောင် ဘယ်သူက ဖျက်နိုင်သလဲ
ဘယ်ဥပဒေအရ ဖျက်နိုင်သလဲ
အဲဒီလိုပဲ ကရင်မဘသ၊ ရခိုင်မဘသ၊ မန်းမဘသ စတဲ့အဖွဲ့အစည်းတွေဟာ ဒီကနေ့အထိ ပေါ်ပေါ်တင်တင် တရားဝင် ရပ်တည်နေတာပါပဲ။
ဒါကိုပဲ အဖွဲ့အဖျက်ခံရလို့ အဖွဲ့ပျက်သွားလို့ အဖွဲ့ကထုတ်ဝေတဲ့ဂျာနယ်လည်း ဖျက်ရမယ်ဆိုတဲ့သဘောမျိုး လုပ်နေတာဟာ အရပ်သားဒီမိုကရေစီအစိုးရရဲ့ အလုပ်တွေပဲလား။

မဘသအဖွဲ့ကြီးကို အညှိုးထားပြီး ဖျက်သိမ်းဖို့ ကြံစည်တယ်၊ မဘသအဖွဲ့ကြီးက ဖောင်ဒေးရှင်း အဖွဲ့ကြီးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ သူတို့ချီးထုပ်ကျတာ လူသိကုန်တာပဲ အဖတ်တင်တယ်၊ မဘသဟာ မဘသပဲ။
မဘသအဖွဲ့ကြီးကို အညှိုးထားပြီး ဆိုင်းဘုတ်ဖြုတ်ဖို့ ကြံစည်လာတယ်၊ မဘသ ဆိုင်းဘုတ်တွေ လျှော့မသွားဘဲ တိုးတောင်လာသေးတယ်။
သူတို့ချီးထုပ်ကျတာ လူသိကုန်တာပဲ အဖတ်တင်တယ်။
မဘသအဖွဲ့ကြီးကို အညှိုးထားပြီး အတုမရှိဂျာနယ်နှင့် အောင်ဇေယျတုဂျာနယ်ကို ဖျက်သိမ်းဖို့ကြံစည်လာတယ်။
ပြည်ချစ်သားနှင့် မြန်မာ့ဥဒါန်းဂျာနယ်ဆိုပြီး ပေါ်ထွက်လာတယ်။
ပရိသတ်စိတ်ဝင်စားမှု မြင့်တက်သွားတယ်။
သူတို့ချီးထုပ်ကျတာပဲ အဖတ်တင်တယ်။
အမျိုးသားရေးသမားတွေကို နှိပ်ကွပ်တယ်၊ စမက ပုဒ်မနှင့် ထောင်ထဲထည့်တယ်။ အမျိုးသားရေးအင်အားစုတွေ ပိုအားကောင်းလာတယ်။ စင်ပေါ်ရောက် လူသစ်တန်းတွေ ပိုတိုးလာတယ်။ သူတို့ချီးထုပ်ကျတာပဲ အဖတ်တင်တယ်။
အရပ်သားဒီမိုကရေစီအစိုးရကြီးကိုပြောချင်ပါတယ်၊ ချီးထုပ်ကျတာ ဘာရည်ရွယ်ချက်လဲ?
ဘယ်အချိန်ထိ ချီးထုပ်ကျနေမှာလဲ?
(ချီးထုပ်ဆိုတာ ထောင်ဝေါဟာရပါ။ အစိုးရအဖွဲ့မှာရော လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာပါ ထောင်ထွက်တွေ ပါဝင်နေလို့ ထောင်ထွက်ကြီးများသိအောင် ထောင်ဝေါဟာရ သုံးနှုံးလိုက်ရခြင်းအပေါ် ထောင်ဆိုတာ ဘယ်လိုဟာမှန်းမသိသူအားလုံး စာနာပေးနိုင်ပါ့မလားတော့ မသိပါဘူး။ မစာနာနိုင်ရင်လည်း လွတ်လပ်စွာ မစာနာဘဲ နေလို့ရပါတယ်။)
ဝီရသူ(မစိုးရိမ်)
1.10.2017
PM 6:41