သတင္း

ဒုတိယဆုရ ရိုးရာ(ဂႏၴဝင္)ကဗ်ာ

“ဒုတိယဆုရ ရိုးရာ(ဂႏၴဝင္)ကဗ်ာ”

==================

ကဗ်ာအမည္ – ရြာျပင္ထုတ္လည္း လႈပ္ႏႈိးမည္

ကဗ်ာဆရာ – ဒီဒီ (ေရႊၿခံသား)

ရမွတ္ – (၃၃)မွတ္

—————————————–

“ရြာျပင္ထုတ္လည္း လႈပ္ႏႈိးမည္”

တုိ႔ျပည္တုိ႔တုိင္း

တုိ႔သမိုင္း

မႈိင္းမႈိင္းမႈန္ရီ ညႇဳိေျခၿပီ။

တုိ႔ျပည္တုိ႔နယ္

တို႔ကာကြယ္

မကယ္ “မ”တည္ တိုးေနၿပီ။

တို႔ျပည္တုိ႔မ်ဳိး

တို႔စည္းရိုး

ရိုက္ခ်ဳိးတပ္ခ်ီ က်ဳိးေက်ၿပီ။

တို႔ျပည္တုိ႔ရြာ

တို႔ျမန္မာ

ဝိုင္းညာပလီ ခိုးေနၿပီ။

တို႔ျပည္တုိ႔ေသြး

တုိ႔ကေလး

ယဥ္ေက်းေသြဖီ ဆိုးေပၿပီ။

တုိ႔ျပည္တုိ႔ခ်င္း

တုိ႔ေသြးရင္း

ရိုင္းပင္းမညီ မ်ဳိးေသၿပီ။

ေျခေနမရိုး၊ အမ်ဳိးမ်ဳိးလည္း၊

ဦးက်ဳိးမြေက်၊ အရႈံးေျမကို၊

ေပးေဝခါသံုး၊ သူ႔အၿပဳံးႏွင့္၊

ႏွလံုးေမတၱာ၊ ေစတနာတို႔၊

သဒၶါေဖြးေဖြး၊ အသက္ေပးလ်က္၊

ေသြးစက္ခ်ကာ၊ သာသနာသုိ႔၊

ခႏၶာအပ္ႏွင္း၊ အေမွာင္ခြင္း၍၊

မၾကြင္းလွဴလုိက္ၿပီ။

အေျခေနဆိုး၊ မယားခိုးႏွင့္၊

မကိုးဘာသာ၊ တုိ႔ျမန္မာ၌၊

မိစၧာတစ္သင္း၊ လူသိမ္ဖ်င္းတုိ႔၊

သိမ္းသြင္းေျမလူ၊ စီးပြားထူ၍၊

လုယူသားေဖာက္၊ ႏိုင္ငံေပ်ာက္ေအာင္၊

ၿခိမ္းေျခာက္တေစၧ၊ ကၽြန္သေႏၶဟု၊

ေနပမာလင္း၊ အျမင္ထင္းဖုိ႔၊

အရွင္းျပလိုက္ၿပီ။

အသေရပ်ဳိး၊ တို႔ကိုႏႈိးလ်က္၊

တိုးတုိးပဲ့ျပင္၊ သင္ဘုရင္ဟု၊

သခင္စိတ္ေမြး၊ ထီးနန္းေပးသည့္၊

ရင္းေသြးျမန္မာ၊ ရွင္သန္လာေအာင္၊

ပမာအထူး၊ ဥယ်ာဥ္မွဴးသို႔၊

စိတ္ကူးပုံေဖာ္၊ ေရွ႕ေရးေမွ်ာ္၍၊

လူေတာ္ပုံသြင္း၊ ေရွ႕ေရွ႕မင္းသို႔၊

သူထြင္းထုလုိက္ၿပီ။

ဒီဒီ (ေရႊၿခံသား)

“ဒုတိယဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ”
==================

ကဗျာအမည် – ရွာပြင်ထုတ်လည်း လှုပ်နှိုးမည်
ကဗျာဆရာ – ဒီဒီ (ရွှေခြံသား)
ရမှတ် – (၃၃)မှတ်
—————————————–

“ရွာပြင်ထုတ်လည်း လှုပ်နှိုးမည်”

တို့ပြည်တို့တိုင်း
တို့သမိုင်း
မှိုင်းမှိုင်းမှုန်ရီ ညှိုခြေပြီ။

တို့ပြည်တို့နယ်
တို့ကာကွယ်
မကယ် “မ”တည် တိုးနေပြီ။

တို့ပြည်တို့မျိုး
တို့စည်းရိုး
ရိုက်ချိုးတပ်ချီ ကျိုးကျေပြီ။

တို့ပြည်တို့ရွာ
တို့မြန်မာ
ဝိုင်းညာပလီ ခိုးနေပြီ။

တို့ပြည်တို့သွေး
တို့ကလေး
ယဉ်ကျေးသွေဖီ ဆိုးပေပြီ။

တို့ပြည်တို့ချင်း
တို့သွေးရင်း
ရိုင်းပင်းမညီ မျိုးသေပြီ။

ခြေနေမရိုး၊ အမျိုးမျိုးလည်း၊
ဦးကျိုးမွကျေ၊ အရှုံးမြေကို၊
ပေးဝေခါသုံး၊ သူ့အပြုံးနှင့်၊
နှလုံးမေတ္တာ၊ စေတနာတို့၊
သဒ္ဓါဖွေးဖွေး၊ အသက်ပေးလျက်၊
သွေးစက်ချကာ၊ သာသနာသို့၊
ခန္ဓာအပ်နှင်း၊ အမှောင်ခွင်း၍၊
မကြွင်းလှူလိုက်ပြီ။

အခြေနေဆိုး၊ မယားခိုးနှင့်၊
မကိုးဘာသာ၊ တို့မြန်မာ၌၊
မိစ္ဆာတစ်သင်း၊ လူသိမ်ဖျင်းတို့၊
သိမ်းသွင်းမြေလူ၊ စီးပွားထူ၍၊
လုယူသားဖောက်၊ နိုင်ငံပျောက်အောင်၊
ခြိမ်းခြောက်တစ္ဆေ၊ ကျွန်သန္ဓေဟု၊
နေပမာလင်း၊ အမြင်ထင်းဖို့၊
အရှင်းပြလိုက်ပြီ။

အသရေပျိုး၊ တို့ကိုနှိုးလျက်၊
တိုးတိုးပဲ့ပြင်၊ သင်ဘုရင်ဟု၊
သခင်စိတ်မွေး၊ ထီးနန်းပေးသည့်၊
ရင်းသွေးမြန်မာ၊ ရှင်သန်လာအောင်၊
ပမာအထူး၊ ဥယျာဉ်မှူးသို့၊
စိတ်ကူးပုံဖော်၊ ရှေ့ရေးမျှော်၍၊
လူတော်ပုံသွင်း၊ ရှေ့ရှေ့မင်းသို့၊
သူထွင်းထုလိုက်ပြီ။

ဒီဒီ (ရွှေခြံသား)