သတင္း

ဒုတိယဆုရ ေမာ္ဒန္ကဗ်ာ

“ဒုတိယဆုရ ေမာ္ဒန္ကဗ်ာ”

===============

ကဗ်ာအမည္ – ေဆာင္းအိပ္မက္ႏွင့္ ေရႊျပည္ေတာ္

ကဗ်ာဆရာ – ေနမင္းႏြယ္ (မေကြး)

ရမွတ္ – (၄၅)မွတ္

————————————

“ေဆာင္းအိပ္မက္ႏွင့္ ေရႊျပည္ေတာ္”

====================

“ခ်စ္ပါတယ္”စကားလံုးကို သံုးလိုက္ရင္

ရင္စုိ႔အတည့္ ပစ္ပစ္ထိုးေနတဲ့ ဓားခ်က္ေတြေတာင္

က်ီစယ္သေယာင္ထင္တဲ့ တုိင္းျပည္မွာ

“ရုိးအ”ျခင္းေတြ ခ်နင္းခံတာ

သိပ္ေတာ့ မဆန္းပါဘူး။

ရိုးသားမႈမွာ

ရဲရင့္ျခင္းအေတာင္အတက္ေတြ မထြက္ေသးသ၍

အႏွစ္တစ္ေထာင္ေက်ာ္က ပုဂံျပည္လို

က်ဳပ္တုိ႔ႏွလံုးသားေတြ

“အ-ျခင္း” နာတာရွည္ေတြ ျဖစ္ေနဦးမွာပဲ

ရိုးလုိက္ၾကစမ္းပါ ပုိးစိုးပက္စက္

ဒါေပမယ့္

တစ္ေလးမွ “အ”ေနစရာ မလိုဘူး

ခင္ဗ်ာတုိ႔ ေဆာင္းအိပ္မက္က … ထၾက။

အမဲသားတစ္မွ်င္ စားခ်င္ရုံနဲ႔

ႏြားတစ္ေကာင္လံုးသတ္ဖုိ႔ အႀကံေပးေတြ ရွိေနသ၍

ေမွ်ာ္လင့္ျခင္း ႏိုင္ငံေတာ္ဟာ

ေခ်ာ္ေတာ … ေငါ့ၿပီး

အႀကဳိ၊ အက်၊ အၾကတ္၊ အတက္နဲ႔

ႏွစ္ဆန္းတစ္ရက္ထိလည္း ေရာက္လာမွာမဟုတ္ဘူး။

ခင္ဗ်ားတုိ႔ရဲ႕ ေတာ္လွန္ႏိုင္မယ့္ “အား”ကို

နတ္ေရကန္ထဲ ပစ္ခ်လိုက္

ဘက္လိုက္တဲ့သူေတာ္စဥ္ဆိုတာ

စႀကၤာဝဠာတစ္ခြင္မွာ မရွိဘူး

ခင္ဗ်ာတုိ႔ ေဆာင္းအိပ္မက္က … ထၾက။

ေမြးေန႔ပြဲအတြက္ ဆုေတာင္းလုိက္

ခ်ဳပ္ရက္အတြက္ ငွက္တစ္ေသာင္းလႊတ္လုိက္

သိပ္မုိက္တယ္ … ဒါေပမယ့္

နယူတန္ရဲ႕ သက္ေရာက္မႈ နိယာမက

ျမန္မာျပည္မွာ အက်ဳံးမဝင္ခဲ့တာ ဝမ္းနည္းစရာပဲ

ယုံၾကည္မႈေတြ …

ေျခလြန္လက္လြန္ျဖစ္ခဲ့လို႔

“အာလူး”ဖုတ္သူေတြရဲ႕လက္မွာ ဆံုးပါးသြားတဲ့

အျဖဴေရာင္ေမွ်ာ္လင့္ျခင္းေတြအတြက္

ခင္ဗ်ာတုိ႔ ေဆာင္းအိပ္မက္က … ထၾက။

“မႈိင္း”မိေနသူ လူတစ္စုရဲ႕

ခဏေစာင့္ပါ က်ည္တစ္ေထာင့္နဲ႔ ႏႈတ္ပိတ္လုိက္တုိင္းသာ

တိတ္ဆိတ္ေနၾကမယ္ဆိုရင္

ခင္ဗ်ားတုိ႔ရဲ႕ ေရႊေရာင္မနက္ခင္းဟာ

“ဂ်င္း”ပြဲစားေတြၾကားမွာ

ႏိုင္ငံေတာ္ႏွင့္အတူ ေနဝင္သြားလိမ့္မယ္

ခင္ဗ်ာတုိ႔ ေဆာင္းအိပ္မက္က … ထၾက။

ပံုျပင္ႀကဳိက္သူေတြ ရွိေနသ၍

လမုိက္ညတုိင္း “ငေတ”မာႏိုင္ေပမယ့္

“ငေတ”တစ္ေယာက္တည္း က်န္ခဲ့တဲ့ႏိုင္ငံဟာ

ဒီကမၻာမွာ မရွိဘူး

ခင္ဗ်ာတုိ႔ …

ခုခ်က္ခ်င္း ေဆာင္းအိပ္မက္က … ထ

က်လုလု … ေမွ်ာ္လင့္ျခင္းကို

ယုံၾကည္ခ်က္နဲ႔ ခ်ည္ေႏွာင္

ပစၥပၸန္ မေမွာင္ေအာင္ ႀကဳိးစားလုိက္။

ကၽြံခဲ့တဲ့ ခ်စ္စိတ္နဲ႔

“ရိုးအ”ျခင္း အရိပ္ဆိုးေတြအတြက္

ခင္ဗ်ာတုိ႔ တိုးတိုးတိတ္တိတ္ေနလို႔ မရေတာ့ဘူး

မ်က္လံုးေတြ ျပဴးၿပီး

ရူး … မျပၾကနဲ႔

ပဲ့က်ေတာ့မယ့္ ႏိုင္ငံေတာ္ရဲ႕ တစ္ေနရာမွာ

ခင္ဗ်ားတုိ႔ က်ဳပ္တုိ႔ ရပ္ေနရတယ္။

“ခ်က္ႀကဳိး”ျဖတ္ၿပီးခ်ိန္ကတည္းက

ရင္ခြင္ထဲသိမ္းထားခဲ့တဲ့ … တာဝန္ေတြ

ခင္ဗ်ာတုိ႔ က်ဳပ္တုိ႔ ေက်ဖို႔ … လိုၿပီ

ေရွ႕မွာ … ေရႊျပည္ေတာ္

ခင္ဗ်ားတုိ႔ ေမွ်ာ္ေနစရာမလိုဘူး

ေဆာင္းအိပ္မက္ကပဲ … ထလိုက္

ေဆာင္းအိပ္မက္ကပဲ … ထလိုက္

ခင္ဗ်ားတုိ႔ ေဆာင္းအိပ္မက္က … ထလိုက္ၾက။

ေနမင္းႏြယ္ (မေကြး)

 

 

“ဒုတိယဆုရ မော်ဒန်ကဗျာ”
===============

ကဗျာအမည် – ဆောင်းအိပ်မက်နှင့် ရွှေပြည်တော်
ကဗျာဆရာ – နေမင်းနွယ် (မကွေး)
ရမှတ် – (၄၅)မှတ်
————————————

“ဆောင်းအိပ်မက်နှင့် ရွှေပြည်တော်”
====================

“ချစ်ပါတယ်”စကားလုံးကို သုံးလိုက်ရင်
ရင်စို့အတည့် ပစ်ပစ်ထိုးနေတဲ့ ဓားချက်တွေတောင်
ကျီစယ်သယောင်ထင်တဲ့ တိုင်းပြည်မှာ
“ရိုးအ”ခြင်းတွေ ချနင်းခံတာ
သိပ်တော့ မဆန်းပါဘူး။

ရိုးသားမှုမှာ
ရဲရင့်ခြင်းအတောင်အတက်တွေ မထွက်သေးသ၍
အနှစ်တစ်ထောင်ကျော်က ပုဂံပြည်လို
ကျုပ်တို့နှလုံးသားတွေ
“အ-ခြင်း” နာတာရှည်တွေ ဖြစ်နေဦးမှာပဲ
ရိုးလိုက်ကြစမ်းပါ ပိုးစိုးပက်စက်
ဒါပေမယ့်
တစ်လေးမှ “အ”နေစရာ မလိုဘူး
ခင်ဗျာတို့ ဆောင်းအိပ်မက်က … ထကြ။

အမဲသားတစ်မျှင် စားချင်ရုံနဲ့
နွားတစ်ကောင်လုံးသတ်ဖို့ အကြံပေးတွေ ရှိနေသ၍
မျှော်လင့်ခြင်း နိုင်ငံတော်ဟာ
ချော်တော … ငေါ့ပြီး
အကြို၊ အကျ၊ အကြတ်၊ အတက်နဲ့
နှစ်ဆန်းတစ်ရက်ထိလည်း ရောက်လာမှာမဟုတ်ဘူး။
ခင်ဗျားတို့ရဲ့ တော်လှန်နိုင်မယ့် “အား”ကို
နတ်ရေကန်ထဲ ပစ်ချလိုက်
ဘက်လိုက်တဲ့သူတော်စဉ်ဆိုတာ
စြင်္ကာဝဠာတစ်ခွင်မှာ မရှိဘူး
ခင်ဗျာတို့ ဆောင်းအိပ်မက်က … ထကြ။

မွေးနေ့ပွဲအတွက် ဆုတောင်းလိုက်
ချုပ်ရက်အတွက် ငှက်တစ်သောင်းလွှတ်လိုက်
သိပ်မိုက်တယ် … ဒါပေမယ့်
နယူတန်ရဲ့ သက်ရောက်မှု နိယာမက
မြန်မာပြည်မှာ အကျုံးမဝင်ခဲ့တာ ဝမ်းနည်းစရာပဲ
ယုံကြည်မှုတွေ …
ခြေလွန်လက်လွန်ဖြစ်ခဲ့လို့
“အာလူး”ဖုတ်သူတွေရဲ့လက်မှာ ဆုံးပါးသွားတဲ့
အဖြူရောင်မျှော်လင့်ခြင်းတွေအတွက်
ခင်ဗျာတို့ ဆောင်းအိပ်မက်က … ထကြ။

“မှိုင်း”မိနေသူ လူတစ်စုရဲ့
ခဏစောင့်ပါ ကျည်တစ်ထောင့်နဲ့ နှုတ်ပိတ်လိုက်တိုင်းသာ
တိတ်ဆိတ်နေကြမယ်ဆိုရင်
ခင်ဗျားတို့ရဲ့ ရွှေရောင်မနက်ခင်းဟာ
“ဂျင်း”ပွဲစားတွေကြားမှာ
နိုင်ငံတော်နှင့်အတူ နေဝင်သွားလိမ့်မယ်
ခင်ဗျာတို့ ဆောင်းအိပ်မက်က … ထကြ။

ပုံပြင်ကြိုက်သူတွေ ရှိနေသ၍
လမိုက်ညတိုင်း “ငတေ”မာနိုင်ပေမယ့်
“ငတေ”တစ်ယောက်တည်း ကျန်ခဲ့တဲ့နိုင်ငံဟာ
ဒီကမ္ဘာမှာ မရှိဘူး
ခင်ဗျာတို့ …
ခုချက်ချင်း ဆောင်းအိပ်မက်က … ထ
ကျလုလု … မျှော်လင့်ခြင်းကို
ယုံကြည်ချက်နဲ့ ချည်နှောင်
ပစ္စပ္ပန် မမှောင်အောင် ကြိုးစားလိုက်။

ကျွံခဲ့တဲ့ ချစ်စိတ်နဲ့
“ရိုးအ”ခြင်း အရိပ်ဆိုးတွေအတွက်
ခင်ဗျာတို့ တိုးတိုးတိတ်တိတ်နေလို့ မရတော့ဘူး
မျက်လုံးတွေ ပြူးပြီး
ရူး … မပြကြနဲ့
ပဲ့ကျတော့မယ့် နိုင်ငံတော်ရဲ့ တစ်နေရာမှာ
ခင်ဗျားတို့ ကျုပ်တို့ ရပ်နေရတယ်။

“ချက်ကြိုး”ဖြတ်ပြီးချိန်ကတည်းက
ရင်ခွင်ထဲသိမ်းထားခဲ့တဲ့ … တာဝန်တွေ
ခင်ဗျာတို့ ကျုပ်တို့ ကျေဖို့ … လိုပြီ
ရှေ့မှာ … ရွှေပြည်တော်
ခင်ဗျားတို့ မျှော်နေစရာမလိုဘူး
ဆောင်းအိပ်မက်ကပဲ … ထလိုက်
ဆောင်းအိပ်မက်ကပဲ … ထလိုက်
ခင်ဗျားတို့ ဆောင်းအိပ်မက်က … ထလိုက်ကြ။

နေမင်းနွယ် (မကွေး)