“နိဗ္ဗာန်လမ်း”
========
(၁)
အသည်းကို ကမ္မဝါညှပ်ပါလို့
နှလုံးသားကို ဘုရားလှူ
ခင် ငြူစူလည်း ငြူစူတော့။
(၂)
အနုသယနွေကန္တာမှာ
သမုဒယ ဆွေသဟာ မထားချင်ဘူး
ယုယမှု အကြင်နာကိုလည်း
သံသရာဘဝများစွာက
ဖန်ခါခါ ခံစားဖူးသူမို့
ရသာထူးသို့ မခုန်မင်
မစင်ဘင်ပုတ် ကာမဂုဏ်ကို
နတ်သုဒ္ဒါထင်မှတ်မှားအောင်
ဝိပလ္လာသူလှည့်စားတယ်
မှားခဲ့နောင်တ။
(၃)
ခုချိန်မှာလေ
မြတ်စိန္တေရှင်တော်ဘုရားရဲ့
သတိပဋ္ဌာန်ဘာဝနာတရားရယ်ကြောင့်
အသိဉာဏ်လမ်းမှန်ရောက်ပါလို့
သမုဒယကိုလည်းမလိုချင်တယ်
အနုသယကိုလည်း မခုန်မင်တယ်……ကွယ်။
(၄)
သွားတော့မယ်ကွယ့်
သွားတော့မယ်တဲ့
သွားတော့မယ်ဟဲ့
နိဗ္ဗာန်…………….လမ်း……………။
ဝီရသူ(မစိုးရိမ်)
(၂၀၀၁ခုနှစ် ဧရာဝတီတိုင်း ကြံခင်းမြို့ နဝင်းကုန်းကျောင်းတိုက် ဓမ္မာစရိယသင်တန်းမှာ ဟောကြားသည်။)
Tagsသတင်း