“ပညာရေးအကယ်ဒမီကျောင်း မန်းမဘသ အလှူတော်”
သီတင်းကျွတ်လဆုတ် ၁၁ ရက် (4.11.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် မဟာဝိဇယဆရာတော်ကြီးမှ Crownအမျိုးအစား ကားတစ်စီး၊ မန်းမဘသအဖွဲ့မှ အလှူငွေ ၁,၆၃၆,၀၀ဝိ၊ အဝတ်အစား (၁၆)အိတ်၊ ရွှေဝါဆပ်ပြာ (၁၉)ဖာ၊ သဘက်(၅၀) လှူဒါန်းကြတဲ့အခမ်းအနားဖြစ်ပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိဇယာရာမကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဝိစာရ၊ မန်မဘသ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ အတွင်းရေးမှူးချုပ်(၂)ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသတို့အမှူးပြုသော၊ သံဃာတော်များ၊ မဘသဝိုင်းတော်သားများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပါတယ်။
မဟာဝိဇယဆရာတော်ကြီးက သြဝါဒချီးမြှင့်တော်မူပါတယ်။ အဲဒီနောက် အတွင်းရေးမှူးချုပ်(၂)ဆရာတော် ဘဒ္ဒန္တပညာသာမိက လှူဒါန်းမှုဖြစ်ပေါ်လာပုံအကြောင်း၊ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသက ပညာရေးဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် ပညာရေးအကယ်ဒမီကျောင်အုပ်ဆရာတော် ဦးဥက္ကဋ္ဌက ဝမ်းမြောက်စကား မိန့်ကြားပါတယ်။ စာရေးသူက မိတ်ဆက်စကား ပြောကြားပါတယ်။
လှူဒါန်းမှုအပြီးမှာ မန်းမဘသဝိုင်းတော်သားများက ကျောင်းသားကျောင်းသူများအား ရေခဲမုန့်များ ကျွေးမွေးကြပါတယ်။
မဟာဝိဇယဆရာတော်ကြီးအမှူးပြုသော အလှူရှင် မန်းမဘသဝိုင်းတော်သားများအားလုံး သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့် လိုရာပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေသော်…ဝ်။