သတင္း

“ပထမဆုရ ရိုးရာ(ဂႏၴဝင္)ကဗ်ာ”

“ပထမဆုရ ရိုးရာ(ဂႏၴဝင္)ကဗ်ာ”

ကဗ်ာအမည္ – သူ႔ Dictionary
ကဗ်ာဆရာ – သာကီႏြယ္(နတ္ေမာက္)
ရမွတ္ – (၃၇)မွတ္

“သူ႔ DICTIONARY”

=DICTIONARYသူသည္
တုိင္းျပည္ဆြဲလိပ္ ၊ ကြၽန္တံဆိပ္ျဖင့္
ခပ္ႏွိပ္ေလရာ ၊ ထုိအခါ၌
ဘာသာလူမ်ဳိး ၊ တုိင္းျပည္က်ဳိးကုိ
ျမတ္ႏုိးႏွစ္သက္ ၊ ရင္ျဖင့္ဆက္၍
အသက္ကုိခြၽတ္ ၊ သတၱိဆြတ္လွ်က္
တုိက္ပြတ္ေဆးသုတ္ ၊ ကြၽန္နံ႔႐ုတ္သည့္
ဦးဥတၱမ ၊ ႏွလုံးလွကုိ
လုံးဝမိတၱဴ ဆြဲခဲ့သူ။

သူသည္
ဗုဒၶျမတ္စြာ ၊ သာသနာကုိ
႐ွည္ၾကာေလးျမင့္ ၊ အေနတင့္ဖုိ႔
ဆင့္ဆင့္ႀကိဳးပမ္း ၊ လေရာင္ထမ္း၍
ၿငိမ္းခ်မ္းေရးစိတ္ ၊ အျပည့္သိပ္လွ်က္
မုိးမိတ္ေက်ာက္စာ ၊ အလႊာလႊာကုိ
အစာဟုညႊန္း ၊ ဘုဥ္းေပးလြန္းသည့္
မင္းကြန္းဆရာ ၊ ေျမာက္မ်ားစြာကုိ
ကုိယ္မွာသေႏၶ လြယ္ထားသူ။

သူသည္
အမွန္တရား ၊ သစၥာျမားေၾကာင့္
အမ်ားမဲ့ရြဲ႔ ၊ ဆုိကဲ့ရဲ႕လည္း
မဖဲ့မေစာင္း ၊ သူ႔လမ္းေၾကာင္းသည္
မေျပာင္းမၿပိဳ ၊ တုိင္းျပည္အုိတြက္
ေထာင္ကုိသူ႔ေက်ာင္း ေအာက္ေမ့သူ။

သူသည္
ဘုရားရင္ခြင္ ၊ ေသးေပါက္ဝင္သည့္
ေထရ္႐ွင္ေထရ္ႀကီး ၊ အသီးသီးႏွင့္
အျမႇီးလည္းရမ္း ၊ သမီးထမ္းလွ်က္
လက္ၾကမ္းႏွင့္ကုပ္ ၊ ေသြးကုိစုပ္၍
မ်ဳိးပုပ္စပ္ေဖ်ာ္ ၊ ရန္စေဖာ္သည့္
က်ဴးေက်ာ္နယ္ခ်ဲ့ ၊ ေခြးတစ္ဖြဲ႔တြက္
မႏြဲ႔မေၾကာင္ ၊ သူ႔ကေလာင္ကုိ
ေျပာင္ေျပာင္ေျမာက္ေျမာက္ ၊ မီးႏွင့္ေပါက္သည့္
အေျမာက္တစ္လက္ ျဖစ္ေစသူ။

သူသည္
ဗုဒၶဘာသာ ၊ သာသနာကုိ
ေရာင္ဝါညႇဳိးႏြမ္း ၊ သေရခမ္းေအာင္
ျပဳစြမ္းေဆာင္လစ္ ၊ မိစၦာညစ္တြက္
အုတ္ျမစ္ခုိင္ခုိင္ ၊ ႏွလုံးစုိင္ျဖင့္
မယုိင္မတြန္႔ ၊ မေၾကာက္ရြ႔ံပဲ
သက္စြန္႔ခ်ဳိးခ် ၊ မင္းဒု႒သုိ႔
ဘဝပီပီ ၊ သြးနီနီျဖင့္
ေရးသီ သမုိင္းထုိးခဲ့သူ။

သူသည္
ဥာဏ္ကန္းတုိ႔ျငမ္း ၊ ခေယာင္းလမ္းဝယ္
ေျမစမ္းၿပီးေနာက္ ၊ ခရမ္းေပါက္ဖုိ႔
မေၾကာက္မရြံ ့ ၊ ေနာက္မတြန္႔သည့္
ရဲဝံ့ႂကြႂကြ ၊ မင္းဒု႒၏
အဘယေလာင္းလ်ာ ျဖစ္ေပ၏။

သူသည္
မလုိမဲ့ရြဲ ့၊ ဆုိကဲ့ရဲ႕လည္း
မႏြဲ ့မရြံ ့၊ ေနာက္မတြန္႔ပဲ
ရဲ၀ံ့လမ္းေၾကာင္း ၊ ၾကံ့ဦးေခါင္းသုိ႔
မေစာင္းမႏြမ္း ၊ ခေယာင္းလမ္း၀ယ္
လန္းလန္းစြင့္စြင့္ ၊ တလြင့္လြင့္ႏွင့္
ဆန္းတင့္မ်ဳိးေစာင့္ ၊ ပ်ဳိးေစ့ေတာင့္ကုိ
မေၾကာင့္မၾက ၊ သူလွ်င္ခ်၍
ဘဝကုိခ်ဳိး ၊ သူလွ်င္ပ်ဳိးကာ
စည္း႐ုိးမထုိး ၊ တုိ႔အမ်ဳိးတြက္
စႏုိးစေနာင့္ ၊ စိတ္မေျဖာင့္သည့္
မ်ဳိးေစာင့္တာ၀န္ ၊ သူ႔ဝတ္မြန္ကုိ
ေက်ပြန္စြာပင္ ထမ္းေဆာင္သူ။

သူသည္
ျမတ္႐ွင္ဘာသာ ၊ သာသနာႏွင့္
ျမန္မာလူမ်ဳိး ၊ ျပည္အက်ဳိးတြက္
တန္ခုိးအာဏာ ၊ မကုိးပါပဲ
သစၥာတစ္ခု ၊ လက္နက္ျပဳ၍
အန္တုတြန္းလွန္ ၊ ျပည္သူကန္လည္း
ေနာင္ျပန္မပုန္း ၊ သူ႔အျပဳံးျဖင့္
အမုန္းေတြကုိ နမ္းခဲ့သူ။

သူသည္
ျမန္မာမင္းသား ၊ ထူးခြၽန္ျငား၍
ေရႊသား႐ုပ္လွ ၊ လက္ခံရဖုိ႔
ေဒါသထြက္ေယာင္ ၊ ႐ုိက္ႏွက္ေယာင္ႏွင့္
မုိက္ေယာင္လည္းျပဳ ၊ ပီျပင္မႈေၾကာင့္
မုန္းလုရန္ဖြဲ႔ ၊ ဆဲဆုိခဲ့လည္း
မပဲ့အျပံဳး ၊ ေမတၱာသုံး၍
မ႐ႈံးသူ႔လမ္း ၊ ဇာတ္ဝင္ခန္းသည္
လူၾကမ္းမင္းသား အံ့ေက်ာ္ေပါ့။

သာကီႏြယ္ နတ္ေမာက္

“ပထမဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ”

ကဗျာအမည် – သူ့ Dictionary
ကဗျာဆရာ – သာကီနွယ်(နတ်မောက်)
ရမှတ် – (၃၇)မှတ်
—————————————–

“သူ့ DICTIONARY”

=DICTIONARYသူသည်
တိုင်းပြည်ဆွဲလိပ် ၊ ကျွန်တံဆိပ်ဖြင့်
ခပ်နှိပ်လေရာ ၊ ထိုအခါ၌
ဘာသာလူမျိုး ၊ တိုင်းပြည်ကျိုးကို
မြတ်နိုးနှစ်သက် ၊ ရင်ဖြင့်ဆက်၍
အသက်ကိုချွတ် ၊ သတ္တိဆွတ်လျှက်
တိုက်ပွတ်ဆေးသုတ် ၊ ကျွန်နံ့ရုတ်သည့်
ဦးဥတ္တမ ၊ နှလုံးလှကို
လုံးဝမိတ္တူ ဆွဲခဲ့သူ။

သူသည်
ဗုဒ္ဓမြတ်စွာ ၊ သာသနာကို
ရှည်ကြာလေးမြင့် ၊ အနေတင့်ဖို့
ဆင့်ဆင့်ကြိုးပမ်း ၊ လရောင်ထမ်း၍
ငြိမ်းချမ်းရေးစိတ် ၊ အပြည့်သိပ်လျှက်
မိုးမိတ်ကျောက်စာ ၊ အလွှာလွှာကို
အစာဟုညွှန်း ၊ ဘုဉ်းပေးလွန်းသည့်
မင်းကွန်းဆရာ ၊ မြောက်များစွာကို
ကိုယ်မှာသန္ဓေ လွယ်ထားသူ။

သူသည်
အမှန်တရား ၊ သစ္စာမြားကြောင့်
အများမဲ့ရွဲ့ ၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ၊ သူ့လမ်းကြောင်းသည်
မပြောင်းမပြို ၊ တိုင်းပြည်အိုတွက်
ထောင်ကိုသူ့ကျောင်း အောက်မေ့သူ။

သူသည်
ဘုရားရင်ခွင် ၊ သေးပေါက်ဝင်သည့်
ထေရ်ရှင်ထေရ်ကြီး ၊ အသီးသီးနှင့်
အမြှီးလည်းရမ်း ၊ သမီးထမ်းလျှက်
လက်ကြမ်းနှင့်ကုပ် ၊ သွေးကိုစုပ်၍
မျိုးပုပ်စပ်ဖျော် ၊ ရန်စဖော်သည့်
ကျူးကျော်နယ်ချဲ့ ၊ ခွေးတစ်ဖွဲ့တွက်
မနွဲ့မကြောင် ၊ သူ့ကလောင်ကို
ပြောင်ပြောင်မြောက်မြောက် ၊ မီးနှင့်ပေါက်သည့်
အမြောက်တစ်လက် ဖြစ်စေသူ။

သူသည်
ဗုဒ္ဓဘာသာ ၊ သာသနာကို
ရောင်ဝါညှိုးနွမ်း ၊ သရေခမ်းအောင်
ပြုစွမ်းဆောင်လစ် ၊ မိစ္ဆာညစ်တွက်
အုတ်မြစ်ခိုင်ခိုင် ၊ နှလုံးစိုင်ဖြင့်
မယိုင်မတွန့် ၊ မကြောက်ရွံ့ပဲ
သက်စွန့်ချိုးချ ၊ မင်းဒုဋ္ဌသို့
ဘဝပီပီ ၊ သွးနီနီဖြင့်
ရေးသီ သမိုင်းထိုးခဲ့သူ။

သူသည်
ဉာဏ်ကန်းတို့ငြမ်း ၊ ခယောင်းလမ်းဝယ်
မြေစမ်းပြီးနောက် ၊ ခရမ်းပေါက်ဖို့
မကြောက်မရွံ့ ၊ နောက်မတွန့်သည့်
ရဲဝံ့ကြွကြွ ၊ မင်းဒုဋ္ဌ၏
အဘယလောင်းလျာ ဖြစ်ပေ၏။

သူသည်
မလိုမဲ့ရွဲ့၊ ဆိုကဲ့ရဲ့လည်း
မနွဲ့မရွံ့၊ နောက်မတွန့်ပဲ
ရဲဝံ့လမ်းကြောင်း ၊ ကြံ့ဦးခေါင်းသို့
မစောင်းမနွမ်း ၊ ခယောင်းလမ်းဝယ်
လန်းလန်းစွင့်စွင့် ၊ တလွင့်လွင့်နှင့်
ဆန်းတင့်မျိုးစောင့် ၊ ပျိုးစေ့တောင့်ကို
မကြောင့်မကြ ၊ သူလျှင်ချ၍
ဘဝကိုချိုး ၊ သူလျှင်ပျိုးကာ
စည်းရိုးမထိုး ၊ တို့အမျိုးတွက်
စနိုးစနောင့် ၊ စိတ်မဖြောင့်သည့်
မျိုးစောင့်တာဝန် ၊ သူ့ဝတ်မွန်ကို
ကျေပွန်စွာပင် ထမ်းဆောင်သူ။

သူသည်
မြတ်ရှင်ဘာသာ ၊ သာသနာနှင့်
မြန်မာလူမျိုး ၊ ပြည်အကျိုးတွက်
တန်ခိုးအာဏာ ၊ မကိုးပါပဲ
သစ္စာတစ်ခု ၊ လက်နက်ပြု၍
အန်တုတွန်းလှန် ၊ ပြည်သူကန်လည်း
နောင်ပြန်မပုန်း ၊ သူ့အပြုံးဖြင့်
အမုန်းတွေကို နမ်းခဲ့သူ။

သူသည်
မြန်မာမင်းသား ၊ ထူးချွန်ငြား၍
ရွှေသားရုပ်လှ ၊ လက်ခံရဖို့
ဒေါသထွက်ယောင် ၊ ရိုက်နှက်ယောင်နှင့်
မိုက်ယောင်လည်းပြု ၊ ပီပြင်မှုကြောင့်
မုန်းလုရန်ဖွဲ့ ၊ ဆဲဆိုခဲ့လည်း
မပဲ့အပြုံး ၊ မေတ္တာသုံး၍
မရှုံးသူ့လမ်း ၊ ဇာတ်ဝင်ခန်းသည်
လူကြမ်းမင်းသား အံ့ကျော်ပေါ့။

သာကီနွယ် နတ်မောက်