(ဆရာတော်ဦးဝီရသူနှင့် ဆက်သွယ်မေးမြန်းချက်)
မေး- သီဟိုဠ်က မဟာဝင်၊ ဒီပ၀င်မှာပါတဲ့ ဒုဋ္ဌဂါမဏိမင်းအကြောင်းကို သီတဂူဆရာတော်ကြီးက တရားပွဲတစ်ခုမှာ ထည့်ဟောတာနဲ့ပတ်သက်ပြီး
ဝိ၀ါဒတွေကွဲပြားပြီး အတော်လေး အငြင်းပွားနေကြတာတွေ့ရပါတယ်ဘုရား။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲဘုရား။
ဖြေ – သီတဂူဆရာတော်ကြီးဟောတာကို ကြည့်တာတော့ တော်တော်ကို ဓမ္မဓိဋ္ဌာန်ကျတာပေါ့နော်။ ပြည်သူနဲ့အစိုးရ ညီညွတ်ရမယ်၊
တပ်နဲ့သံဃာနဲ့ညီညွတ်ရမယ်။ နိုင်ငံတစ်ခုမှာ ဒီအဖွဲ့အစည်းတွေမှ မညီညွတ်တော့ဘူးဆိုရင် ဘာမှအလုပ်မဖြစ်တော့ဘူးလေ။
ဓမ္မဓိဋ္ဌာန်ကျပြီး အင်မတန်ကောင်းတဲ့ တရားတော်ကိုပဲ ဆရာတော်ကြီးကို ၀ိုင်းပြီးတော့ မှိုချိုမျစ်ချိုးပြောကြ၊ ပိုးစိုးပက်စက်ပစ်မှားနေကြတာတွေ တွေ့ရတယ်ပေါ့နော်။
တော်ရုံတန်ရုံ ပုဂိုလ်တွေ ဆရာတော်ကြီး ပြစ်မှားတာ စော်ကားတာ ထားလိုက်ဦး၊ ပညာတတ်အသိုင်းအ၀ိုင်းက နိုင်ငံရေးသမားတွေကပါ
စော်ကားလာတာကို တွေ့ရတာပေါ့။
အဲဒီပုံစံမျိုးနဲ့ ဒီမိုကရေစီ ထူထောင်မယ်ဆိုရင်တော့ အဲဒီ ဒီမိုကရေစီက ဒီမိုကရေစီပီသမှာမဟုတ်ဘူး။ အာဏာရှင်ဘက်ပဲ ယိမ်းနေဦးမှာပေါ့။
ဒါကြောင့် နိုင်ငံကို ကောင်းစေချင်တယ်၊ ပြည်သူကို ကြီးပွားစေချင်တယ်ဆိုရင်တော့
အတ္တစွဲတွေဖြုတ်လိုက်ပါ။အာဃာတတွေထားခဲ့ပါ။ သီတဂူဆရာတော်ကြီးလို ဓမ္မဓိဋ္ဌာန်ကျကျ ဟောပြောတဲ့တရားတွေကို
အပြည့်အ၀ထောက်ခံလိုက်ပါလို့ ပြောချင်ပါတယ်။
မေး – ထေရ်ကြီးဝါကြီးဆရာတော်တွေကိုတောင် ဝေဖန်အပြစ်တင်တာတွေ ရှိလာတယ်ဆိုတော့ ဗုဒ္ဓဘာသာ ဆုတ်လျော့လာတဲ့သဘောလို့
ပြောလို့ရနိုင်မလား။
ဖြေ – အဲဒါက ဒီလိုရှိတယ်ကွ။ ဆုတ်ယုတ်လာတာမဟုတ်ဘူး၊ နိုင်ငံရေးအရောင်အသွေးဝင်သွားရင် ဘယ်သူ့ကိုမှ ချမ်းသာမပေးတတ်တဲ့
သဘာဝကို ပြတာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ လိုအပ်ရင် အဖေကိုတောင်သတ်ရမယ်ဆိုတဲ့ ကွန်မြူနစ်ဝါဒကြီး ကြီးစိုးနေတာပေါ့ကွာ။
မင်းကွန်းတိပိဋကဆရာတော်ကြီးတုန်းကလည်း လက်အုပ်မချီဘဲ ဗိုလ်ချုပ်ကြီးဆိုပြီး အလေးပြုပုံတွေလုပ်ပြပြီး စော်ကားခဲ့တဲ့သူက စော်ကားခဲ့ကြတယ်လေ။
အခုနောက်ပိုင်း သီတဂူဆရာတော်ကြီးတို့လို ရွာမဆရာတော်ကြီးတို့လို ထပ်ပြီးတော့ ပစ်မှားလာကြတာပေါ့။
ပြောရရင်တော့ ဘုရားရှင်သာ သက်တော်ထင်ရှားရှိလို့သီတဂူ ဆရာတော်ကြီးလို ဓမ္မဓိဋ္ဌာန်ကျကျဟောလည်း ဘုရားရှင်လည်း အစော်ကားခံရမှာပဲ။
မေး – သီဟိုဠ်က ပညာရှင်တွေ ရေးသားထားတဲ့ မဟာဝင်ကျမ်း၊ ဒီပ၀င်ကျမ်းတို့ဟာ ထေရ၀ါဒသာသနာတော်အတွက် ဘယ်လောက်ထိ ကျေးဇူးများမလဲဘုရား။
ဖြေ – ပြောရမယ်ဆိုရင်တော့ သူ့အတိုင်းအတာနဲ့သူပေါ့။ ဦးဇင်းတို့ သံဂါယနာတင်တယ်ဆိုတာလည်း သီဟိုဠ်တင်ပြီးမှ တင်နိုင်တာကိုး။
ဒီပိဋကတ်တော်ကိုလည်း သီဟိုဠ်သံဃာတွေ ရဟန္တာတွေက သယ်ပိုးလာလို့ ဦးဇင်းတို့ လက်ထဲကို ရောက်တာကိုး။
အဲဒီတော့ ဒီကျေးဇူးရှိတယ်။ ဒါကြောင့်မို့ လုံးဝ ပစ်ပယ်လို့ မရဘူး။ သူတို့ မဟာဝင်၊ ဒီပ၀င်တွေပဲဖြစ်ဖြစ်
မြန်မာနိုင်ငံရဲ့ ဒီပ၀င်၊ မဟာဝင်တွေပဲဖြစ်ဖြစ် ဒါတွေဟာ အရှိတရားတွေအနေနဲ့ မဖြစ်မနေ လက်ကို လက်ခံရမှာလေ။
မေး-သီတဂူဆရာတော်ကြီးနဲ့ပတ်သက်တဲ့အငြင်းပွားမှုတွေအကြောင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်အကြောင်း မေးချင်ပါတယ်ဘုရား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်ခရီးစဉ်ကို အရှင်ဘုရားအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ – အဓိကကတော့ကွာ လက်ဝါးချင်းရိုက်ထားတာလေးကို လာပြီးတော့ မျက်နှာပြတဲ့သဘောပါပဲ။ တကယ် သွားချင်လာချင်လို့လား၊
တကယ် စေတနာရှိလို့လားဆိုတာ အများကြီး မေးခွန်းထုတ်စရာတွေ၊ တွေးစရာတွေက ရှိနှင့်နေပြီးသားဖြစ်တယ်။ ပိုဆိုးတာက
ရခိုင်ပြည်သွားပြီး ဘင်္ဂါလီတွေအများစုနေကြတဲ့ရွာကိုမှ ဘာကြောင့်အဦးဆုံးသွားသလဲ
ရခိုင်တွေနဲ့ ဘာကြောင့်မတွေ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေမှာ မေးစရာတွေ တစ်ပုံကြီးရှိနေလိမ့်မယ်။ ရခိုင်ပြည်ကို
ရခိုင်ပြည်လို့အသိအမှတ်မပြုဘဲ ဘင်္ဂါလီတွေကို အတင်းကာရော အသိအမှတ်ပြုသလို ဖြစ်မနေဘူးလားလို့လည်း မေးရမှာပဲ။
မေး – အဲဒီခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးစုတွေရဲ့ သမိုင်းအစဉ်အလာ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ပြောခဲ့တာ
တွေ့ရပါတယ်ဘုရား။ အဲဒါကိုရော ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။
ဖြေ – နိုင်ငံရေးသမားဆိုတာ ဒီလိုပါပဲကွာ။ တကယ်တမ်းကျတော့ လက်တွေ့မှာ ဘာမှမဟုတ်ပါဘူး။
မေး – မဘသရဲ့ ပွဲဦးထွက်လှုပ်ရှားမှုဖြစ်တဲ့ အမျိုးစောင့်ဥပဒေအကြောင်းလည်း နည်းနည်းလေးမေးချင်ပါတယ်ဘုရား။
အမျိုးစောင့်ဥပဒေမှာ နည်းဥပဒေထွက်ဖို့ လိုအပ်နေသေးတဲ့ ဥပဒေတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်ဘုရား။
အဲဒါနဲ့ပတ်သက်လို့ကော ဘာတွေလုပ်ဖို့ ရှိမလဲဘုရား။
ဖြေ – ရှိတာပေါ့။ လက်ထပ်ထိမ်းမြားခြင်းမှာလည်း သူ့အားနည်းချက် ချို့ယွင်းချက်လေးတွေ ရှိတယ်။
ဘာသာကူးပြောင်းချင်းမှာလည်း အားနည်းချက် ချို့ယွင်းချက်ကလေးတွေ တွေ့တယ်လေ။ ဒါပေမယ့် တစ်လောကလုံး
တစ်ကမ္ဘာလုံးက ကန့်ကွက်ပိတ်ပင်နေတဲ့ကြားထဲကနေ လုပ်ရတာဆိုတော့ ဦးဇင်းတို့က အတိုင်းအတာတစ်ခုထိတော့
ခွင့်လွှတ်နိုင်တာပေါ့။ ဒီအစိုးရလက်ထက်မှာတော့ တခြားမျှော်လင့်စရာထက် အမျိုးစောင့်ဥပဒေ မဖျက်ဆီးအောင်ပဲ ဆုတောင်းနေရတာလေ။
ပြီးတော့ ဒီအစိုးရလက်ထက်မှာ ဒါတွေပြောလည်း ထိရောက်မှာမဟုတ်လို့ မပြောတော့ပါဘူး။
မေး – အမျိုးစောင့်ဥပဒေကြောင့် အရေးယူနိုင်တာတွေ ပြဿနာတွေ ပြေလည်သွားတာတွေကော ရှိမလားဘုရား။
ဖြေ – ရှိပါတယ်။ အများကြီးရှိပါတယ်။ သူများတွေကတော့ ကိုယ့်အချင်းချင်းဖြစ်တာတွေကိုပဲ ရေးသားနေတော့
ယုန်ထောင်ကြောင်မိဆိုတဲ့ ပုံစံမျိုးပဲ လူသိကြတာပေါ့။ တကယ်တမ်းကျတော့ မွတ်ဆလင်တွေက မိန်းမအများကြီး
ရှိပါလျက်နဲ့ မိန်းမထပ်ယူလို့၊ မိန်းမရှိပါလျက်နဲ့ နောက်ထပ်မိန်းမထပ်ယူလို့ တရားစွဲခံရတာတွေ အရေးယူခံရတာတွေလည်း
အများကြီးရှိတယ်လေ။ ပြောရမယ်ဆိုရင်တော့ ဥပဒေတစ်ခုရှိထားတော့ တော်ရုံတန်ရုံလူက မကျူးလွန်ရဲတော့ဘူးပေါ့။
အမျိုး ဘာသာ သာသနာအတွက် အရံအတားလေးတော့ ဖြစ်သွားတာပေါ့နော့။
မေး – ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွေလုပ်တယ်။
တစ်ဖက်ကလည်းပဲ တပ်မတော် ထောက်ခံပွဲတွေ လုပ်တဲ့သူတွေက လုပ်နေကြတယ်။ အပြိုင်အဆိုင်ထောက်ခံပွဲတွေ
လုပ်နေတာထက် တိုင်းပြည်ကို ပိုကောင်း ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်တယ်လို့ အရှင်ဘုရား သုံးသပ်ပါသလဲဘုရား။
ဖြေ – အဲဒါကတော့ သူတို့ ကြွေးကြော်ထားတဲ့အတိုင်း အောင်မြင်အောင် လုပ်သင့်တာပေါ့ကွာ။
အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ရင်ကြားစေ့ရေးတို့၊ ငြိမ်းချမ်းရေးတို့ ပြီးတော့ အင်မတန်အရေးကြီးတဲ့
တရားဥပဒေစိုးမိုးရေးတို့၊ လွတ်လပ်စွာဟောပြောခွင့်တို့၊ လွတ်လပ်စွာ ရေးသားခွင့်တို့၊ လွတ်လပ်စွာ ချီတက်ဆန္ဒထုတ်ဖော်ခွင့်တို့
အဲဒါတွေ အောင်မြင်အောင်၊ တကယ်ဖြစ်အောင် လုပ်သင့်တာပေါ့။ အခုဟာက အစိုးရကိုယ်တိုင်ကိုယ်က အတိုက်အခံတုန်းက ပုံစံအတိုင်း
အလုပ်လုပ်နေတော့ ကျန်တဲ့သူတွေလည်း သူတို့လို လိုက်အတုခိုးပြီး လုပ်လာကြတာပေါ့။
မေး – သီတဂူဆရာတော်ကြီး အဝေဖန်ခံနေရတဲ့ကိစ္စဆိုရင်လည်း မီဒီယာတစ်ခုက သတင်းလုပ်ရေးရာကနေ ပျံ့သွားတဲ့သဘောပေါ့ဘုရား။
မီဒီယာတွေက ပြည်သူတွေကို သူတို့လိုချင်တဲ့ ပုံစံမျိုး ပုံသွင်းနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်ဘုရား။ ဥပမာ –
အရှင်ဘုရားရဲ့ ဖေ့ဘုတ်စ်အပိတ်ခံရတာတုန်းကဆိုရင်လည်း သတင်းဌာနတွေတော်တော်များများက တညီတညာတည်း ဖော်ပြကြတာကို
တွေ့ရပါတယ်ဘုရား။ နောက်တစ်ခါ ဆရာမောင်သွေးချွန်တို့ မှတ်ပုံတင်ထားတဲ့ မျိုးချစ်ညီညွတ်ရေးပါတီမှတ်ပုံတင်မကျသေးတဲ့ကိစ္စဆိုလည်း ပြည်တွင်း၊
ပြည်ပမီဒီယာတွေက ပေါင်းပြီး အကြောင်းအရာကြီးတစ်ရပ်အနေနဲ့ သတင်းရေးကြတာတွေ့ရတယ်ပေါ့ဘုရား။ မီဒီယာတွေက
လူထုကို သူတို့လိုချင်တဲ့ပုံစံမျိုး၊ သူတို့ဖြစ်ချင်တဲ့ပုံစံမျိုး ပုံသွင်းနေတာရယ်၊ သူတို့ပြောတာကို အတင်းယုံခိုင်းနေကြတာနဲ့ပတ်သက်ပြီး
ဘာများပြောစရာရှိမလဲဘုရား။
ဖြေ – အဲဒါကတော့ ပြည်သူလူထုကို မျက်စိတစ်ဖက်ကန်းအောင် လုပ်လိုက်တာပေါ့နော်။ ဟိုအရင်တုန်းကတော့ စတုတ္ထမဏ္ဍိုင်ဆိုပြီးတော့
အထင်ကြီး လေးစားပြီး သူတို့ကို အများကြီးအကူအညီတွေ ပေးခဲ့တာပေါ့။ ဒါပေမယ့် သူတို့တွေဟာ တကယ်တမ်းကြတော့
သတင်းကို သတင်းအဖြစ်ရေးကြတာမဟုတ်ဘူး၊ သတင်းကို အကြောင်းပြုပြီး လုပ်စားနေကြသူတွေလည်း ရှိပါလားဆိုတာကို
သိလာရတာပေါ့နော်။ ပြည်သူလူထုကို မိမိတတ်သိထားတဲ့ စာနယ်ဇင်းပညာနဲ့၊ သတင်းမီဒီယာပညာနဲ့ အလုပ်အကျွေးပြုမယ်လို့
ထင်ထားခဲ့တာပေါ့နော်။ တကယ်တမ်းကျတော့ မီဒီယာကို လက်နက်တစ်ခုအဖြစ်သဘောထားပြီး သူတို့မူဝါဒနဲ့
မကိုက်ညီတဲ့လူတွေကို လိုက်တိုက်ခိုက်နေတာများပါတယ်။
ဥပမာ ဆိုကြပါစို့။ ဦးဇင်းကို တရားပွဲပိတ်တဲ့ မဟနညွန်ကြားလွှာကို တိုင်းသံဃာနာယကကခေါ်ပြီး ဖတ်ပြတယ်။
ခေါင်းစဉ်ကလည်း အသိပေးရုံပဲ။ ဒါပေမယ့် အဲဒီသတင်းကို အသိပေးကနေ သတိပေးဖြစ်အောင် ရေးကြတယ်၊
အစည်းအဝေးတက်ရောက်ကြောင်း လက်မှတ်ကိုပဲ ခံဝန်ကတိလက်မှတ်ဆိုပြီးတော့ ရေးသွားကြတယ်။
တစ်ယောက်ရေးတော့ နောက်ထပ်လူတွေလည်းအကုန်ရေးတယ်ပေါ့။ အဲတော့ တသီတတန်းကြီး အကုန်လုံး လိုက်မှားကြတာပေါ့။
အဲဒါတွေလည်း ဦးဇင်းစုဆောင်းထားပါတယ် လောလောဆယ် ပါရာဇိကနဲ့စွပ်စွဲခံရတဲ့ ကိစ္စမပြီးသေးလို့ အဲဒါတွေကို ရုံးမတင်သေးတာပေါ့နော်။
အခုစဥ့်ကိုင်ကိစ္စနဲ့ စဥ့်ကိုင်မြို့နယ် NLDဥက္ကဋ္ဌကော၊ စဥ့်ကိုင်မြို့နယ်ကိုယ်စားပြု တိုင်းကိုယ်စားလှယ်ရော၊ ပြီးတော့ မန္တလေးတိုင်းဥက္ကဋ္ဌရော၊ ခရိုင်ရောက
NLDတာဝန်ရှိသူတွေ အကုန်လုံးကို မန္တလေးတိုင်းသံဃာနာယကဆရာတော်ကြီးတွေ ခေါ်ပြီးတော့
သတိပေးတယ်၊ ဆုံးမတယ်။ အဲဒီကိစ္စကိုကျတော့ ဘယ်စာနယ်ဇင်းမှ မရေးဘူးလေ။ ဒါကိုထောက်သောအားဖြင့်
စာနယ်ဇင်းသမားတွေဟာ စာနယ်ဇင်းအတတ်ပညာနဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုနေတာ တကယ်ပဲဟုတ်ရဲ့လားလို့
သံသယ၀င်စရာ သိပ်ကောင်းတယ်။ ပိုက်ဆံရလို့ တစ်ဖက်သတ် ရပ်တည်နေသလားလို့ တွေးမယ်ဆိုရင် တွေးစရာတွေလည်း ရှိလာတာပေါ့။
မေး – အမျိုးသားရေးလှုပ်ရှားမှုတွေမှာ တချို့ခေါင်းဆောင်ပိုင်းတွေရဲ့ ယူဆချက်တွေက လူထုအင်အားထက်
ငွေအင်အားကို ပိုပြီး ယုံကြည်တာကိုမျိုးကို တွေ့ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက
အမျိုး ဘာသာ သာသနာအတွက်ပဲ ဖြစ်ဖြစ်၊ အမျိုးသားနိုင်ငံရေးအတွက်ပဲဖြစ်ဖြစ် လူထုအင်အားက ဘယ်လောက်အထိ
အရေကြီးမယ်လို့ အရှင်ဘုရားက သုံးသပ်လဲဆိုတာကို သိချင်ပါတယ်ဘုရား။
ဖြေ – အင်အားမရှိဘဲနဲ့တော့ ဘာမှလုပ်မရဘူးလေ။ အင်အားဆိုတဲ့နေရာမှာလည်း အများကြီးရှိတာပေါ့။
ဥာဏဗလို့၊ ဘောဂဗလတို့၊ ကာယဗလတို့ အဲဒီ အင်အားတွေ
သူ့အင်အားနဲ့သူ အားလုံးညီညွတ်မှပဲ အလုပ်တစ်ခုဆိုတာ အောင်မြင်မှာ။ အခုလို တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့အလုပ်ဆိုရင်တော့
ဒီလို အင်အားတွေက ပိုကောင်းဖို့ လိုတာပေါ့နော့။ ဒါကြောင့်မို့ ဘယ်သူ့ ဘယ်သူကိုမှ ဦးဇင်းတို့က ပစ်ပယ်လို့မရဘူး။
အင်အားမှန်သမျှ အကုန်လိုအပ်တာချည်းပဲ။
မေး – ပြီးခဲတဲ့ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက အိမ်ဖြူတော်ရှေ့မှာ မွတ်ဆလင်တွေက မြန်မာအစိုးရကို
ဆန္ဒပြကြတာတွေ့ရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိမလဲဘုရား။
ဖြေ – အဲဒီအကျိုးသက်ရောက်မှုတွေကြောင့်ပဲ လေဒီပုရောဟိတ်ကြီး မောင်တောရောက်သွားတာပဲလေ။
ဒါတွေအားလုံးက လက်ဝါးချင်းရိုက်ထားတာ ထင်ရှားနေတာကြီးကို။ ဒါပါပဲ။ အိမ်ဖြူတော်၊ လေဒီရယ်၊ ဘင်္ဂါလီရယ် ဒီလိုပဲ လုပ်နေကြတာပါပဲ။
မေး – အမျိုးရေးသမားတွေအတွက် အပတ်စဉ် မိန့်ကြားနေကြ သြ၀ါဒစကားလေးလည်း မိန့်ကြားပေးပါဦးဘုရား။
ဖြေ – အမျိုးသားရေးသမားတွေကို ပြောလိုက်ပါ အာရုံဦးလင်းရောင်ခြည်လေး သန်းနေပါပြီ။ ပန်းတိုင်းမရောက်ခင် တက်ကို လွှတ်ချတာမျိုး လုံးဝမလုပ်ပါနဲ့လို့။
ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်။