ခင်ဗျားကြီးဘက်လိုက်တာ ကမ္ဘာကြီးသိကုန်ကြပြီ။ ခင်ဗျားကြီးကတော့ နှုတ်ထွက်သွားလည်း ဘာမှမပူရတော့ဘူးလေ တစ်ခွန်းပြောရင် တစ်ခါရတဲ့ဥစ္စာကြီးကို။
တိုင်းရင်းသားတွေအသတ်ခံရတဲ့သတင်းကို ခင်ဗျားကြီးထိန်ချန်ထားခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြောင်းကိုတော့ အစီရင်ခံစာတင်ပြီး ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ကိုတော့ ယောင်လို့တောင်မဟဘူး။
ဒီသုံးချက်နဲ့ခင်ဗျားကြီးကို တိုင်ကြားကြတာပါ။ ခင်ဗျားကြီး ဘယ်လိုဖြေရှင်းမလဲ။ တကယ်တော့ ခင်ဗျားကြီးက ကျုပ်နိုင်ငံအတွက်တော့ ဖာသယ်မပဲဗျလို့ပြောခဲ့တာ အတော်စောသွားတယ်။
ခင်ဗျားစိတ်ပါရင် ခင်ဗျားဖင်ကို ကုလားပေးလိုက်ပါ။ ရခိုင်ပြည်ကိုတော့ ရောင်းမစားပါနဲ့ဗျာလို့ ကျုပ်ပြောခဲ့တာတွေ လွန်သလားဗျာ။ ဘာပဲပြောပြော နှမတော်ကြီးကိုတော့ သတိရနေဦးမှာပါ။
ဝီရသူ(မစိုးရိမ်)
12.9.2017
PM 8:07
========================================================
“ရခိုင်ကိစ္စဘက်လိုက်၍ မစ္စရန်ဟီးလီကို ရာထူးမှဖယ်ရှားပေးရန် UNHCR ကို အာရှလူ့အခွင့်အရေးစင်တာ တိုက်တွန်း”
ဒေလီ၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် မြန်မာ့အရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်လိုက်မှုများရှိနေခြင်းကြောင့် ၄င်းကို ရာထူးမှ ဖယ်ရှားနိုင်ရေးအတွက် အာရှလူ့အခွင့်အရေးဆိုင်ရာစင်တာ (ACHR)က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌကို တိုက်တွန်းလိုက်သည်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် ရန်ဟီးလီသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်၅/၂၊ အထူးလုပ်ပိုင်ခွင့်ရရှိထားသူများ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်းစည်းကမ်း များကို ချိုးဖောက်ခဲ့ကြောင်း၊ အထူးသဖြင့် အပိုဒ်-၃တွင် ပါရှိသည့် ပြုမူလုပ်ဆောင်ရမည့် တာဝန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ Joaquin Alexander Maza Martelli အနေနှင့် ကြားဝင်လုပ်ဆောင်ပေးနိုင်ရန် ACHR က စတင်ကြိုးပမ်းခြင်း ဖြစ်ကြောင်းသိရသည်။
အာရှလူ့အခွင့်အရေးဆိုင်ရာစင်တာ (ACHR)၏ အဆိုပါကြိုးပမ်းချက်သည် ဖြစ်တောင့်ဖြစ်ခဲအရေးကိစ္စ တစ်ခုဖြစ်သည်။
“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မဖြစ်မနေဖြေရှင်းရမှာ ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ ဘက်လိုက်မှုကြောင့် အလားတူချိုးဖောက်မှုတွေမဖြစ်ဖို့လည်း လိုပါတယ်” ဟု ACHR၏ ညွှန်ကြားရေးမှူး မစ္စတာ Paritosh Chakma က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)၏ ဥက္ကဋ္ဌသို့ စာတစ်စောင်ရေးသားပေးပို့သည်။
UNHCR ၏ဥက္ကဋ္ဌ Joaquin Alexander Maza Martelli အနေနှင့် မြန်မာနိုငင်ံလူ့အခွင့်အရေးကိစ္စအတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ဥက္ကဋ္ဌမစ္စ Indira Jaising ကို ယင်းရာထူးမှဖယ်ရှားခဲ့စဉ်က ကျင့်သုံးခဲ့သည့် စံသတ်မှတ်ချက်များအတိုင်း ယခုကိစ္စကို လုပ်ဆောင်ပေးရန်လည်း တိုက်တွန်းထားသည်။
မစ္စ Indira Jaising သည် အာရပ်မီဒီယာ A1jazeeraနှင့်ပြုလုပ်သော အင်တာဗျူးတွင် လူမျိုးတုံးသတ်ဖြတ် မည့်အန္တရာယ်ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် အချက်အလက်ရှာဖွေရေး မစ်ရှင်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။
ယခု UNHCR ဥက္ကဋ္ဌထံသို့ပေးပို့သောစာတွင် အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် ၂၀၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က မရိုကျေးရွာမှ ရွာသားခြောက်ဦး၊ ကျောင်းဒိုးကျေးရွာအနီး အခြားတိုင်းရင်းသား ငါးဦးနှင့် အခြားမရိုတိုင်းရင်းသား ၇ ဦးကို သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီလက်နက်ကိုင်အုပ်စုများကို ဖော်ပြရန် ပျက်ကွက်ခဲ့သည်ဟု ACHR က ထောက်ပြပြောဆိုသည်။
မစ္စရန်ဟီးလီသည် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ဖော်ပြရာတွင် ဘင်္ဂါလီများကို မျက်နှာလိုက်ပြီး အတိုက်အခံလက်နက်ကိုင်အုပ်စုအဖြစ် သုံးနှုန်းဖော်ပြခြင်းမရှိခဲ့သော်လည်း ရှမ်း၊ ကချင် စသည်တိုင်းရင်းသားအဖွဲ့အစည်းများကိုမူ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအဖြစ် အလွယ်တကူ ဖော်ပြခဲ့သည်ဟု ACHR က စွပ်စွဲခဲ့သည်။
ထို့ပြင် မစ္စရန်ဟီးလီသည် ဘင်္ဂါလီလက်နက်ကိုင်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချမှုပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟုလည်း ACHR ကထောက်ပြခဲ့သည်။
F-01
September 11,2017 ရက်နေ့ထုတ် The VOICE သတင်းစာမှ ကူးယူဖော်ပြသည်။