“ပဲခူးရေဘေးအလှူ”
“ပဲခူးရေဘေးအလှူ”
ပဲခူးက အမျိုးတွေနဲ့ တွေ့ဆုံခဲ့ပုံလေးပါ။
22.10.2023 ရက်နေ့ မနက်အစာ ပဲခူးရွှေမော်ဓောဘုရား – ဖူးမြော်ပါတယ်။
ရှင်စောပုရပ်ကွက်နဲ့ နန်းတော်ရာရပ်ကွက်က ရေဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံဖို့ ထီးချိုင့်ကျောင်းသို့ ရောက်ရှိပါတယ်။
နှစ်ရပ်ကွက်လုံးက ပြည်သူတွေကို သီးစုံပဲဟင်း၊ ပါလချောင်ကြော်နဲ့ စတုဒိသာကျွေးမွေးတာကို သွားရောက် အားပေးခဲ့ပါတယ်။
နေ့ဆွမ်းစားအပြီးမှာ အမျိုးတွေနဲ့ တွေဆုံပါတယ်။
ဘေးကင်းလုံခြုံပြည့်စုံဖို့ နမောတဿ ရွတ်ပွားပုံဩဝါဒပေးခဲ့ပါတယ်။
နှစ်ရပ်ကွက်ပေါင်း အိမ်ခြေ ခြောက်ရာကျော်ရှိပါတယ်။
အိမ်ပျက်စီးခဲ့တာက ခြောက်အိမ်ပါ။
ခြောက်အိမ်ကို တစ်သိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။
တစ်ခြားအိမ်ခြေတွေကို သုံးသောင်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။
စုစုပေါင်း သိန်းနှစ်ရာကျပ် အလှူတော် ဖြစ်ပါတယ်။
ဦးဇင်းပေါက်က သိန်း၃၀။
စာရေးသူက သိန်း၃၀။
ဦးဇင်းပေါက်ထံ လှူဒါန်းကြသူများ၊ ရန်ကုန်မျိုးချစ်သမဂ္ဂထံ လှူဒါန်းကြသူများနဲ့ အခမ်းအနားတက်ရောက်လာတဲ့ ရန်ကုန်မျိုးချစ်မိသားစုများ လှူဒါန်းကြတာက သိန်းပေါင်း ၁၄၀ပါ။
ကျူးရပ်ကွက်လေးပါ။ ဆင်းရဲသားရပ်ကွက်လို့လဲ ဆိုကြပါတယ်။
အိုးပိုင် အိမ်ပိုင် မရှိပါဘူးဆိုမှ ရေကမြုပ်သေးတယ်ဆိုတော့ ငတ်ပြီပေါ့ဗျာ။
ဒါကြောင့် ပဲခူးရေဘေးတစ်ခုလုံးထဲကမှ ဒီနှစ်ရပ်ကွက်ကို ရွေးချယ်လှူဒါန်းရဖြင်းဖြစ်ပါတယ်။
ထီးချိုင့်ကျောင်းထိုင်ဆရာတော်လေး ဦးတိဏ္ဏဝရက အလှူထမြောက်အောင် ကြီးမှူးစီစဉ်ပေးပြီး မြို့ခံပြည်သူများက ဝိုင်းဝန်းကူညီလုပ်အားပေးခဲ့ကြလို့ ရေဘေးအလှူလေးထမြောက်ခဲ့တာပါ။
ပြန်လည်ထူထောင်ရေး ကုသိုလ်လေးပေါ့ဗျာ။
အားလုံးသော ပြည်သူတွေ ဘေးဒုက္ခအဝဝမှ
ကင်းလွတ်ကြပါစေသော်……….ဝ်။