အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (မဘသ-ဗဟို) ပထမအကြိမ်အစည်းအဝေးပါ။
11.8.2017 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ၊ အင်းစိန်ရွာမရုံးချုပ်မှာ ကျင်းပပါတယ်။
ရွာမဆရာတော်ကြီး မြစေတီရဲကျောင်းဆရာတော်ကြီး၊ ရှင်မတောင်ဆရာတော်ကြီး အမှူးပြုသော သံဃာ့ထေရ်ကြီးများ၊ မော်ကျွန်းတိပိဋကဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။
ဆရာတော်ကြီးများ သြဝါဒပေးအပြီးမှာ မြို့နယ်ကိုယ်စားလှယ်ဆရာတော်များက အသီးသီး တင်ပြလျှောက်ထားကြပါတယ်။
စာရေးသူက နောက်ဆုံးမှာ လျှောက်ထားခွင့်ရပါတယ်။
နေရပ်စွန့်ခွာ ပြည်သူများအရေး ကိုင်းကြီးရွာ အကြမ်းဖက်ခံရသူများ၏ မိသားစုအရေး ဒီအရေးနှစ်ချက်ကို လိုရင်းအနေနဲ့ တင်ပြလျှောက်ထားခဲ့ပါတယ်။
ကရင် မဘသ၊ မန်း မဘသနှင့် ဖောင်ဒေးရှင်းအဖွဲ့သားအားလုံး ကာယသာမဂ္ဂီ(စည်းလုံးခြင်း)၊ စိတ္တသာမဂ္ဂီ(ညီညွတ်ခြင်း)အပြည့်အဝဖြင့် တစ်သွေးတည်း တစ်သားတည်း တစ်စိတ်တည်း တစ်ဝမ်းတည်းရှိကြောင်း သက်သေပြလိုက်တဲ့ပွဲပါ။
မဘသ (ဗဟို)မှ မန်း အကျဉ်းသားနှင့် ရန်ကုန်အကျဉ်းသားများအတွက် သိန်း ၂၀ ကျပ် လှူဒါန်းလိုက်ပါသေးတယ်။