သတင်း

ဘီဘီစီလား ပိသုဏီလား

မဟနနဲ့ရန်​တိုက်​​ပေးသွား​သေးတယ်​။
ဖမ်း​စေချင်​ရင်​လည်း ပွင့်​ပွင့်​လင်းလင်း​​ရေး​ပေါ့ဗျာ။

တရား​ဟောတာမဟုတ်​ဘူးဗျ။
မိန့်​ခွန်း​ပြောတာ။

မဟနတရားပွဲ ပိတ်​ပင်​တာနဲ့ မဆိုင်​ဘူး။

ဝီရသူ(မစိုးရိမ်​)
30.8.2017
pm 10:47
…………………

ဦးဝီရသူ တရားဟောတဲ့ ရန်ကုန်က ရခိုင်အရေး ဆန္ဒပြပွဲ

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အစီရင်ခံစာကို ကန့်ကွက်ခြင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား လုပ်ရပ်ကို ရှုတ်ချပွဲ အမည်နဲ့  စုရုံးဟောပြောပွဲ တခုကို ဒီနေ့ ညနေ ၃ နာရီ က ရန်ကုန် မြို့တော် ခန်းမရှေ့မှာ ပြုလုပ်ခဲ့ရာ နာမည်ကြီး အမျိုးသားရေးဆရာတော် တပါးဖြစ်တဲ့ ဦးဝီရသူလည်း တက်ရောက်ဟောပြောခဲ့ပါတယ်။

အဲဒီမှာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက လူမှုကူညီရေးအဖွဲ့တွေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေကို ဦးဝီရသူက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ခဲ့ပါတယ်။
ရန်ကုန်မြို့လယ်ခေါင်က အထင်ကရ နေရာတခုဖြစ်တဲ့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ အဲဒီ ပွဲကို လူရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ နိုင်ငံတကာ INGO တွေ ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပြီး INGO တွေ မြန်မာပြည်ကနေ ထွက်ခွာဖို့ ဦးဝီရသူက ပြောကြားခဲ့ပါတယ်။

#ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ – ရွှေအင်းသားခင်မောင်ဝင်း