“မင်းကွန်း ပုထိုးတော်ကြီး ဘကကျောင်း”
ကဆုန်လပြည့်ကျော်(၉)ရက်၊ 10.5.2018 ရက်နေ့၊ ညနေပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီးဘကကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။
မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ)နှင့်အတူ သွားရောက်ကုသိုလ်ပြုကြတာပါ။ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းက ပုထိုးတော်ကြီးအနောက်ဘက်ကပ်လျက် တည်ရှိသော ဓမ္မစေတီကျောင်းတိုက်ကြီးအတွင်းမှာ ဖွင့်လှစ်ထားတာပါ။
ယခုနှစ်မှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသားကျောင်းသူ (၁၀၀)နီးပါးရှိပါတယ်။ ဆရာ ဆရာမ (၂၀)ကျော်ရှိပါတယ်။ ကိုရင်လေးများ ကျောင်းသားလေးများ ကျောင်းသူလေးများ ကိုယ့်အဆောင်နှင့်ကိုယ် ဆရာ ဆရာမများက အဆောင်မှူးများအဖြစ် အနီးကပ်ထိန်းကျောင်းကြသလို ဘကကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌနှင့် လက်ထောက်ဆရာတော် ဦးသောဘိတတို့က အုပ်ချုပ်စီမံကြပါတယ်။
ဓမ္မစေတီဆရာတော် ဦးနာဂိန္ဒာလင်္ကာရနှင့် ၎င်း၏ညီ ခန်းနေဆရာတော် ဦးသုမနာလင်္ကာရတို့က ရိက္ခာများ၊ နေစရာများနှင့် အခြားလိုအပ်ချက်များ ထောက်ပံ့အားပေးကြပါတယ်။ ဘကကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌက စာရေးသူမြစ်ကြီးနားထောင်မှာနေရစဉ် ထောင်တွင်းအမြဲတန်း တရားလာဟောရင်း ဥပုသ်သီလလာပေးရင်း စာရေးသူကို လိုလေသေးမရှိအောင် ထောက်ပံ့ကူညီခဲ့တဲ့နောင်တော်ကြီးပါ။ လက်ထောက်ဆရာတော် ဦးသောဘိတကတော့ ကျောက်ဆည်မြို့၊ သောကြာကြယ်ဘကကျောင်းရဲ့ လက်ထောက်ဆရာတော်ဖြစ်ပါတယ်။
ဒီ ညီတော်နောင်တော်နှစ်ပါး စီမံအုပ်ချုပ်လျက်ရှိသော မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းမှာ စာရေးသူက ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ကွန်ပါဘူး၊ ဘောပင်၊ ခဲတံ၊ အထူးထုတ်စာအုပ်များ သွားရောက်လှူဒါန်းတာပါ။ ဆရာတော်ကြီး ဦးကုသလက သြဝါဒပေးပြီး စာရေးသူက မိတ်ဆက်စကားပြောကြားကာ စာအုပ်စာတန်းများ လှူဒါန်းပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းမှာ (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသားကျောင်းသူများ (၁၅၀)မှ (၂၀၀)အထိ လက်ခံသင်ကြားပေးသွားမယ်လို့ သိရပါတယ်။
အခြေအရပ်ရပ်ကြောင့် မိမိကျေးရွာမှာ ကျောင်းဆက်လက်တက်ဖို့ရန် အခက်အခဲရှိနေသော အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားများ အပ်နှံလိုပါက ဆက်သွယ်နိုင်သလို ကျောင်းသူကျောင်းသားများရဲ့ စားဝတ်နေရေး ပညာရေးအတွက် လှူဒါန်းထောက်ပံ့လိုသူများလည်း ဆက်သွယ်နိုင်ပါတယ်။
ဦးသောဘိတ(သောကြာကြယ်) – 09454611969
ဦးသုမနာလင်္ကာရ – 09797107964 / 09422212933
ဦးဥက္ကဋ္ဌ – 09781513980 / 0947234939
ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/