မစိုးရိမ်တိုက်သစ် သံဃဒါန ဆွမ်းလှူပွဲ
======================
မစိုးရိမ်တိုက်သစ် သံဃဒါန ဆွမ်းလှူပွဲ
======================
တပိုတွဲလပြည့်ကျော် ၂ (၂၆-၂-၂၀၂၄) ရက်နေ့မှာ ကျင်းပပါတယ်။
အာရုဏ်ဆွမ်းအဖြစ် မုန့်တီ(နန်းကြီး)သုပ် ဆက်ကပ်လှူဒါန်းပြီး သံဃာ -၂၂၆၀ပါးအား နဝကမ္မ(လိုရာသုံးဖွယ်) ဝတ္ထုငွေ ငါးထောင်ကျပ်စီကို ကိုယ်တိုင်လောင်းလှူကြပါတယ်။
အလှူရှင်များက ဟင်္သာတမြို့မှ ဒေါ်စန်းယဉ်၊ ဒေါ်လှမြင့် မိသားစုဖြစ်ပါတယ်။
ဖခင် – ဦးမောင်ကြီး (၁၄နှစ်၉လ)
မိခင် – ဒေါ်စောကြင် (၁၀နှစ်၈လ)
မောင်လေး – ဒေါက်တာလှရွှေ(၂နှစ်၇လ)တို့ကို ရည်စူးလှူဒါန်းကြတဲ့ ကုသိုလ်ကောင်းမှု ဖြစ်ပါတယ်။
မစိုးရိမ်တိုက်သစ် နာယကဆရာတော်များအား တစ်ပါးလျှင်တစ်သိန်းကျပ်စီ။
စာရေးသူအား နဝကမ္မ ၁၅ သိန်းကျပ်။
မင်းကွန်း ၊ ပညာရေးအကယ်ဒမီဆွမ်းအလှူ ၁၀ သိန်းကျပ် လှူဒါန်းကြပါတယ်။
၂၄ရက်နေ့၌ သီတဂူဆရာတော်ကြီးအား နဝကမ္မ သိန်း၁၀၀ ကျပ်။
၂၅ ရက်နေ့၌ တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်အား နဝကမ္မ ၁၀ သိန်းကျပ် လှူဒါန်းခဲ့ကြပါတယ်။
စုစုပေါင်းအလှူငွေဟာ ၂၈၅ သိန်းကျပ် ဖြစ်ပါတယ်။
ဟင်္သာတမြို့မှ ဒေါ်စန်းယဉ်၊ ဒေါ်လှမြင့် ညီအစ်မတစ်စုဟာ သမိဒ္ဓိကျောင်းသားဟောင်း အရှင်ဣန္ဒက၏ ဒကာ ဒကာမများဖြစ်ပြီး သမိဒ္ဓိဆရာတော်ကြီး မရှိ၍ သဟာယကျောင်းရှေ့မှာ လောင်းလှူခြင်း ဖြစ်ပါတယ်။
သဟာယကျောင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ စာဖြေသံဃာအာရုံဆွမ်းအတွက်လည်း နှစ်စဉ်လှူဒါန်းခဲ့ကြသလို ဒီနှစ်လည်း လှူဒါန်းကြအုံးမှာ ဖြစ်ပါတယ်။
သဟာယကျောင်းမှာပဲ အနုမောဒနာတရားနာယူကြပြီး ရေစက်ချ အမျှဝေ ခဲ့ကြပါတယ်။
အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ……….။
အတုမရှိသော ကုသိုလ်မြေ၊
သီးနှံကောင်းတွေ ဖြစ်ထွန်းပေ။
ဒါနမျိုးစေ့ စိုက်ပျိုးက၊
လူနတ်စည်းစိမ် ချမ်းသာရ။
သီလမျိုးစေ့ စိုက်ပျိုးက၊
အသက်ရှည်ကာ ကျန်းမာကြ၊
ဘာဝနာမျိုးစေ့ စိုက်ပျိုးက၊
ကိုယ်ရောစိတ်ပါ ချမ်းသာရ။ ။