သတင်း


























 

 

“မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ (၅)”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။

ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။

အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။
ဒီကနေ့ ကြေညာမှာကတော့ သြဝါဒများနှင့် ဆောင်းပါးများပဲ ဖြစ်ပါတယ်။

(၂၁) အားလုံးဟာ ကြည်ညိုစရာချည်းပါ – ဘဒ္ဒန္တသာဂရာဘိဝံသ
(၂၂) ဆရာ့လို ဆရာ – ဒေါက်တာဓမ္မသီလိတာဘိဝံသ
(၂၃) ဆရာကောင်းတပည့် ရှိကားရှိ၏ – အရှင်တိက္ခိန္ဒြိယာဘိဝံသ
(၂၄) နားရင်းတစ်ချက်နဲ့ အမှတ်တရများ – အစိုးရိမ်ဗုဒ္ဓပီယ
(၂၅) စာတစ်ခြား လူတစ်ခြား မဖြစ်ကြစေနဲ့ – ဘဒ္ဒန္တကဝိန္ဒာဘိဝံသ
(၂၆) လူနဲ့တူသူကို ရွေးချယ်ကြပါ – မိုးနတ်သား
(၂၇) ခေတ်မီ သာသနာပြု – အရှင်တိလောကာဘိဝံသ(အင်းစိန်)
(၂၈) သမိုင်းတစ်ခေတ် ထွန်းလင်းလျက်ရှိသော မစိုးရိမ်တိုက်သစ် – ဘဒ္ဒန္တကုသလ(အဂ္ဂမဟာပဏ္ဍိတ)
(၂၉) စာရေးသူတို့ ပညာရည်နို့သောက်စို့ခဲ့စဉ်က မစိုးရိမ်တိုက်သစ် – ခင်မောင်ညို(မန်း န.ပ.သ)
(၃၀) မေတ္တာမျက်ဝန်းတစ်စုံသို့ ဦးခိုက်ပူဇော်ခြင်း – လတ်လတ်ထွန်း(မန္တလေး)
(၃၁) မစိုးရိမ်တိုက်သစ် ခဲခြစ်ကောက်ကြောင်း – တရားလွတ်တော်ရှေ့နေတစ်ဦး
(၃၂) ကို သီ တိုက် သစ် က (သို့မဟုတ်) ပဲ့ကိုင်ရှင်သို့လွမ်းချင်း – အရှင်ကုမာရ(ဓမ္မနာဒ၊ရွာတန်း)
(၃၃) မပျင်းအောင် အလုပ်လုပ် – သီလာစာရ
(၃၄) မလိမ်တတ် မကြောက်တတ် သူတော်မြတ် အပူမကပ် အေးငြိမ်းသည် – ကောမလ(မဏ္ဍလာရာမတိုက်)
(၃၅) ဆရာပေးတဲ့ အားဆေး – ပါဠိကဝိ(ကျောက်စိမ်းမြေ)
(၃၆) လရောင်ထက်က အက္ခရာများ – ဦးစန္ဒိမာ(စလင်း)
(၃၇) တည်ငြိမ်အေးချမ်းသော ဆရာတော် – အာဂမဆရာတော်
(၃၈) မိမိအပေါ် ပစ္စည်းသုံးပါးဖြင့် ချီးမြှောက်ပေးတော်မူခဲ့ဖူးသော မစိုးရိမ်တိုက်သစ်ဆရာတော် – စန္ဒသိရီ(ဓမ္မဒီပကျောင်း)
(၃၉) အားကိုးရာအစစ် – ဘုရားကြီး
(၄၀) ပညာလို အိုသည်မရှိ – အရှင်မာဃိန္ဒ(သဟာယ)