မန္းမေဟာ္သဓာသတင္း

မန္းမေဟာ္ ဗဟုိေကာ္မတီ အစည္းအေဝး

4.3.2018 ရက္ေန႔ မြန္းလြဲ ၂း၀၀ နာရီ ပုသိမ္ႀကီးၿမဳိ႕နယ္ ေက်ာက္ေခ်ာရြာမွာ က်င္းပပါတယ္။ မန္း မဘသ အတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ႀကီး ဘဒၵႏၲကုသလ မန္း မဘသ နာယကဆရာေတာ္ႀကီး ဘဒၵႏၲဝိစာရ အမွဴးျပဳေသာ ေထရ္ႀကီးဝါႀကီး ဆရာေတာ္သံဃာေတာ္မ်ား ဗဟုိေကာ္မတီဝင္မ်ား တက္ေရာက္ၾကပါတယ္။

ေဆြးေႏြးတာကေတာ့ စုံေနတာပါပဲ။ စည္းေဝးဆုံးျဖတ္ခ်က္ကေတာ့ အခ်က္ ၂၀ ခ်မွတ္ခဲ့ပါတယ္။ ေလာေလာဆယ္ ေႏြရာသီ ယဥ္ေက်းလိမၼာ ကေလးငယ္မ်ား ရက္ရွည္သင္တန္းအတြက္ေရာ ေက်ာင္းဖြင့္ရာသီ ဆယ္တန္းေက်ာင္းသူ ေက်ာင္းသားမ်ားအတြက္ စာက်က္ဝုိင္းေရာ မေဟာ္သဓာက ရြာသူရြာသားမ်ားအတြက္ လုပ္ေပးႏုိင္တာေတြအားလုံး စီမံခဲ့တာပါ။

မေဟာ္သဓာေက်ာင္းေတာ္ႀကီးျဖစ္ေျမာက္ေရးအတြက္ လုိအပ္ေသာျပင္ဆင္မႈမ်ား လုိအပ္ေသာပစၥည္းမ်ား ျပင္ဆင္ထားဖုိ႔ ဝယ္ယူထားဖုိ႔မ်ားလည္း ပါဝင္ပါတယ္။ မန္းမေဟာ္သဓာ ဗဟုိေကာ္မတီဥကၠ႒ ေဒါက္တာျမင့္ဦး၊ ဒုတိယဥကၠ႒ ဗုိလ္မွဴး သူရေရႊလွ(ၿငိမ္း)၊ ဒုတိယဥကၠ႒ KMM -ကုိယ္ပုိင္အထက္တန္းေက်ာင္းအုပ္ႀကီး ဆရာဦးမ်ဳိးခ်စ္၊ အတြင္းေရးမွဴး ဦးျဖဴဝင္း၊ ဗဟုိေကာ္မတီအဖြဲ႕ဝင္မ်ားျဖစ္ေသာ ေရွ႕ေနႀကီးဦးေဇာ္ႏုိင္၊ ဦးသန္းေဌး၊ ဦးထြန္းထြန္းႏုိင္၊ ေဒၚေသာင္းေသာင္းျမင့္၊ ေဒၚနီလာျမင့္တုိ႔ တက္ေရာက္ၾကပါတယ္။

ဦးမုိးကုိ MK ေက်ာက္မ်က္မိသားစုႏွင့္ ဝုိင္းေတာ္သားမ်ား လုိအပ္ေသာ အေအးႏွင့္ကိတ္မုန္႔တုိ႔ လွဴဒါန္းေကၽြးေမြးပါတယ္။
မန္း မေဟာ္သဓာ ဗဟုိေကာ္မတီအစည္းအေဝးကေတာ့ လစဥ္ ပထမပတ္ တနဂၤေႏြေန႔တုိင္း မန္းမေဟာ္သဓာ ေက်ာင္းေတာ္ႀကီးမွာ ပုံမွန္က်င္းပသြားမွာပါ။ ဒီကေန႔ က်င္းပတာကေတာ့ ဒုတိယအႀကိမ္ျဖစ္ပါတယ္။ မန္း မေဟာ္သဓာ ဝုိင္းေတာ္သူဝုိင္းေတာ္သားအားလုံး ခလုပ္မထိ ဆူးမၿငိဘဲ လုိရာခရီးသုိ႔ ေျဖာင့္ျဖဴးစြာ ေရာက္ရွိႏုိင္ပါေစ။

 

“မန်းမဟော် ဗဟိုကော်မတီ အစည်းအဝေး”

4.3.2018 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီ ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာမှာ ကျင်းပပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ မန်း မဘသ နာယကဆရာတော်ကြီး ဘဒ္ဒန္တဝိစာရ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်သံဃာတော်များ ဗဟိုကော်မတီဝင်များ တက်ရောက်ကြပါတယ်။

ဆွေးနွေးတာကတော့ စုံနေတာပါပဲ။ စည်းဝေးဆုံးဖြတ်ချက်ကတော့ အချက် ၂၀ ချမှတ်ခဲ့ပါတယ်။ လောလောဆယ် နွေရာသီ ယဉ်ကျေးလိမ္မာ ကလေးငယ်များ ရက်ရှည်သင်တန်းအတွက်ရော ကျောင်းဖွင့်ရာသီ ဆယ်တန်းကျောင်းသူ ကျောင်းသားများအတွက် စာကျက်ဝိုင်းရော မဟော်သဓာက ရွာသူရွာသားများအတွက် လုပ်ပေးနိုင်တာတွေအားလုံး စီမံခဲ့တာပါ။ မဟော်သဓာကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် လိုအပ်သောပြင်ဆင်မှုများ လိုအပ်သောပစ္စည်းများ ပြင်ဆင်ထားဖို့ ဝယ်ယူထားဖို့များလည်း ပါဝင်ပါတယ်။

မန်းမဟော်သဓာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူး သူရရွှေလှ(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ KMM -ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ကြီး ဆရာဦးမျိုးချစ်၊ အတွင်းရေးမှူး ဦးဖြူဝင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်သော ရှေ့နေကြီးဦးဇော်နိုင်၊ ဦးသန်းဌေး၊ ဦးထွန်းထွန်းနိုင်၊ ဒေါ်သောင်းသောင်းမြင့်၊ ဒေါ်နီလာမြင့်တို့ တက်ရောက်ကြပါတယ်။

ဦးမိုးကို MK ကျောက်မျက်မိသားစုနှင့် ဝိုင်းတော်သားများ လိုအပ်သော အအေးနှင့်ကိတ်မုန့်တို့ လှူဒါန်းကျွေးမွေးပါတယ်။
မန်း မဟော်သဓာ ဗဟိုကော်မတီအစည်းအဝေးကတော့ လစဉ် ပထမပတ် တနင်္ဂနွေနေ့တိုင်း မန်းမဟော်သဓာ ကျောင်းတော်ကြီးမှာ ပုံမှန်ကျင်းပသွားမှာပါ။ ဒီကနေ့ ကျင်းပတာကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ မန်း မဟော်သဓာ ဝိုင်းတော်သူဝိုင်းတော်သားအားလုံး ခလုပ်မထိ ဆူးမငြိဘဲ လိုရာခရီးသို့ ဖြောင့်ဖြူးစွာ ရောက်ရှိနိုင်ပါစေ။