မန်းမဟော်သဓာသတင်း





 

“မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာ စာမေးပွဲအောင်စာရင်း”

2.4.2018 ရက်နေ့မှာ အောင်ဂေဇက်ထုတ်ခဲ့ပါတယ်။ 31.3.2018 ရက်နေ့မှာ ဖြေဆိုခဲ့တဲ့ စာမေးပွဲအောင်စာရင်းပါ။
အခြေခံအဆင့် ၁၇ဦး အောင်မြင်ကြပါတယ်။ ပ ဒု တ နှင့် နှစ်သိမ့်ဆု (၅)ဆု စုစုပေါင်း (၈)ဆု ပထမအဆင့် အောင်မြင်သူ(၃၁)ဦး။ ပ ဒု တ နှင့် နှစ်သိမ့်ဆု(၅)ဆု စုစုပေါင်း (၈)ဆုကို အထူးဆုအဖြစ် သတ်မှတ်ပေးထားပါတယ်။

ဒီထဲမှာ မန်း မဘသ စာမေးပွဲ တိုင်းအဆင့် ဆက်လက်ဖြေဆိုမည့်သူများကို ဆက်လက် သင်ကြားပို့ချပေးသွားပါမယ်။
ကလေးလေးတွေ အောင်စာရင်းကြည့်ပြီး ပျော်ရွှင်နေတာမြင်ရတော့ မိဘတွေလည်း စိတ်ချမ်းသာကြပါတယ်။ လိမ္မာရေးခြားရှိတဲ့ကလေးတွေကိုကြည့်ပြီး မိဘတွေလည်း ကြည်နူးနေကြမှာပါ။ ကျောက်ချောရွာသူရွာသားတွေတော့ ကံကောင်းတယ်လို့ ဆိုရမှာပေါ့။