တစ္ခ်ိန္တုန္းက ရွင္သာရိပုတၱရာမေထရ္ႀကီးက တပည့္ရင္းတစ္ပါးကို လာဘ္ေပါမ်ားေၾကာင္း (ဘုန္းကံႀကီးေၾကာင္း) တရားေလးပါးကို ေဟာၾကားခဲ့ဖူးပါတယ္။
ဟိရီၾသတၱပၸကင္းမဲ့စြာ ရဟန္းဘဝကိုေမ့ထားလုိက္ၿပီး
၁။ မရူးဘဲနဲ႔ ရူးသလိုေနရမယ္။
၂။ ကုန္းတုိက္စကား (အမုန္းတရား ဂ်င္းစကား)ကို ေျပာဆိုရမယ္။
၃။ ကေခ်သည္လို ျပဳမူရမယ္။
၄။ ဘေလာင္းဘလဲ တတ္ရမယ္ (ဗရမ္းဗတာစကားေတြ ေျပာတတ္ရမယ္)။
တကယ္ေတာ့ ရွင္သာရိပုတၱရာက ဒီတရားကို ေဟာခ်င္လို႔ ေဟာခဲ့တာ မဟုတ္ပါဘူး။ တပည့္ေလးက ေမးျမန္းလုိ႔ ေဟာခဲ့တာပါ။ တရားလည္းေဟာၿပီးေရာ တပည့္ေလးလည္း သခၤန္းစာရၿပီး ျပန္သြားပါေတာ့တယ္။ ဘုန္းကံမႀကီးရင္ ေနပါေစ ဒီလိုေအာက္တန္းက်တဲ့ အလုပ္မ်ဳိးေတာ့ မလုပ္ႏိုင္ဘူးဆိုတဲ့ ခံယူခ်က္နဲ႔ စက္ဆုပ္သြားတာပါ။
ရွင္သာရိပုတၱရာရဲ႕ တပည့္ေလးကို အေၾကာင္းျပဳၿပီး ျမတ္စြာဘုရားက အတိတ္ဇာတ္ေၾကာင္းကို ျပန္ေျပာင္းေဟာၾကားခဲ့တာပါ။
ဒိသာပါေမာက္ဆရာႀကီးရဲ႕ တပည့္ငါးရာထဲမွာ တစ္ဦးက ကိုယ္က်င့္သီလအလြန္ေကာင္းတာကို ေတြ႔ရပါတယ္။ ဒီတပည့္ေလးက ပါေမာကၡႀကီးထံ လာဘ္ေပါမ်ားေၾကာင္းေတြကို ေမးျမန္းတဲ့အခါမွာလည္း ပါေမာကၡႀကီးက ရွင္သာရိပုတၱရာလုိပဲ ေျဖၾကားခဲ့တာပါ။
နာႏုမၼေတၱာ နာပိသုေဏာ၊ နာနေဋာ နာကုတူဟေလာ။
မုေဠွသု လဘေတ လာဘံ၊ ဧသာ ေတ အႏုသာသနီ။
မရူးဘဲလ်က္ ရူးေသာသူတုိ႔၏ အမူအရာကို က်င့္ေသာ၊ ေခ်ာပစ္ကုန္းတုိက္ေသာအမ်ဳိးမဟုတ္ဘဲလ်က္ ေခ်ာပစ္ကုန္းတုိက္ေသာ၊ ကေခ်သည္မဟုတ္ဘဲလ်က္ ကေခ်သည္တုိ႔၏ အမူအရာကို က်င့္ေသာ၊ ဖရုိဖရဲေျပာဆိုတတ္ေသာအမ်ဳိးမဟုတ္ဘဲလ်က္ ဖရိုဖရဲေျပာဆိုတတ္ေသာသူတုိ႔၏ အမူအရာကိုက်င့္ေသာ သတၱဝါသည္ မုိက္မဲေတြေဝကုန္ေသာသူတုိ႔ဆီက လာဘ္ကိုရ၏။
ဤသည္ကား သင့္အား ေပးေသာ အဆံုးအမတည္း။
တိကနိပါတ္၊ လာဘဂရဟဇာတ္ (ဇာ၊ ႒၊ ၂။ ၃၇၉။)
တပည့္ေလး ေမာင္သီလကလည္း ျပန္ေျပာပါေတာ့တယ္။
ဝီရတၳဳ တံ ယသလာဘံ၊ ဓနလာဘဥၥ ျဗဟၼဏ။
ယာ ဝုတၱိ ဝိနိပါေတန၊ အဓမၼစရေဏန ဝါ။
အပိ ေစ ပတၱမာဒါယ၊ အနဂါေရာ ပရိဗၺေဇ။
ဧသာဝ ဇီဝိကာ ေသေယ်ာ၊ ယာ စာဓေမၼန ဧသနာ။
မိမိကိုယ္ကို ဖ်က္ဆီးသျဖင့္လည္းေကာင္း၊ ဓမၼကိုက်င့္ရသျဖင့္လည္းေကာင္း၊ အၾကင္စည္းစိမ္ဥစၥာကို ရ၏။ ထုိစည္းစိမ္ဥစၥာကို ရျခင္းမ်ဳိးကို ငါစက္ဆုပ္၏။
အဓမၼျဖင့္ ဥစၥာရွာျခင္းထက္ ရေသ့ရဟန္းဝတ္၍ သပိတ္ပိုက္လ်က္ ဆြမ္းခံထြက္ျခင္းကသာ မြန္ျမတ္၏။
(ဇာ၊ ႒၊ ၂။ ၃၈၀။)
တပည့္ေလး ေမာင္သီလစကားကို ပံုေပၚေအာင္ ေျပာရမယ္ဆုိရင္ အဲဒီလိုလုပ္စားမည့္အစား ေတာင္းစားတာကမွ ျမတ္ေသးတယ္လုိ႔ ဆိုလိုပံုရပါတယ္။ ျမတ္တာမွ အဆတစ္ရာ တစ္ေထာင္မက ျမင့္ျမတ္ေနတာပါ။
ႏိုင္ငံေရးေလာကမွာ နာမည္ႀကီးၿပီး မင္းေျမႇာက္ခံေနရတဲ့သူေတြကို ၾကည့္လိုက္ရင္ အဓမၼနည္းေလးပါးထဲက မလြတ္တာကို ေတြ႔ရပါလိမ့္မယ္။
အထူးသျဖင့္ ကုန္းစကား (မုန္းစကား)ေတြနဲ႔ ေထရ္ႀကီးဝါႀကီးေတြကို ျပစ္မွားေစာ္ကားေနတာ ဗရမ္းဗတာေတြေျပာၿပီး ဘေလာင္းဘလဲလုပ္ျပေနတာေတြဟာ ဘုန္းကံႀကီးေၾကာင္း အဓမၼနည္းလမ္းေတြ ျဖစ္ေနတာပါပဲ။
ျမတ္စြာဘုရားလက္ထက္မွာ ဆဗၺဂၢီရဟန္းေတြဆိုတာ ရွိပါတယ္။ ရဟန္းေျခာက္ပါးအဖြဲ႔ပါ။ စရိုက္တူ ဝါသနာတူ ရဟန္းေျခာက္ပါး စိတ္တူကိုယ္တူ သြားလာျပဳမူတတ္ၾကပါတယ္။ အဲဒီရဟန္းေတြဟာ နိမ့္က်တဲ့ေနရာမွာေနၿပီး ျမင့္ျမတ္တဲ့ေနရာမွာထုိင္ေနတဲ့ ဒကာ ဒကာမေတြကို တရားေဟာခဲ့ဖူးပါတယ္။ ဒီအေၾကာင္းကိုသိလုိ႔ ျမတ္စြာဘုရားက ကဲ့ရဲ႕ရႈတ္ခ်ၿပီး ေနာက္ အဲဒီလိုမလုပ္ၾကနဲ႔လုိ႔ တားျမစ္ခ်က္ေတြ ပညတ္ခဲ့ဖူးပါတယ္။ အဲဒီပညတ္ေတာ္ဟာ ရွင္က်င့္ဝတ္စာအုပ္ထဲက ေသခိယသိကၡာပုဒ္ေတြထဲမွာ ပါဝင္ၿပီး နီစာသနသိကၡာပုဒ္လုိ႔ အသိမ်ားၾကပါတယ္။
တရားေဟာေျပာသူ ရဟန္းေတာ္က ျမင့္ေသာေနရာ ျမတ္ေသာေနရာမွာ ေနရမယ္။ နိမ့္ေသာေနရာ ယုတ္ေသာေနရာမွာေနၿပီး တရားမေဟာရလုိ႔ ပညတ္ခဲ့တာပါ။
ဗုဒၶသာသနာေတာ္ဟာ အလြန္တရာျမင့္ျမတ္ပါတယ္။ သာသနာျပဳရဟန္းေတာ္ေတြကလည္း ျမင့္ျမတ္တဲ့ ေနရာနဲ႔ပဲ ထုိက္တန္ပါတယ္။ ေအာက္က်ဳိ႕ၿပီး သာသနာမျပဳပါနဲ႔။ ေအာက္တန္းစား သာသနာျပဳေတြ ေအာက္တန္းစား ရဟန္းေတြလုိ႔ အေျပာမခံရပါေစနဲ႔ဆိုတာမ်ဳိးကို ရည္ရြယ္ေတာ္မူတာပါ။
သိကၡာပုဒ္ပညတ္အၿပီးမွာ ဇာတ္ဝတၳဳေလးတစ္ပုဒ္ ခင္းက်င္းၿပီး ျမင့္ျမတ္ေသာတရားဓမၼရဲ႕ တန္ဖိုးကို နားလည္ေအာင္ မိန္႔ေတာ္မူခဲ့တာပါ။
ဘုရားေလာင္းက ဘဝတစ္ခုမွာ စ႑ာလ(အလုပ္ၾကမ္းသမား) ျဖစ္ခဲ့ဖူးပါတယ္။ ဘုရားေလာင္းရဲ႕ ဇနီးျဖစ္သူက သရက္သီးရာသီကုန္ဆံုးပါမွ သရက္သီးခ်ဥ္ျခင္းတပ္လာပါတယ္။ ဘုရားေလာင္းက တားျမစ္ေသာ္လည္း သရက္သီးမစားရရင္ အသက္ေသေတာ့မွာျဖစ္လုိ႔ ဘုရားေလာင္းလည္း အႀကံဉာဏ္ထုတ္ရပါေတာ့တယ္။ ဗာရာဏသီမင္းရဲ႕ ဥယ်ာဥ္ေတာ္ထဲမွာ သရက္သီး အဆက္မျပတ္သီးေျကာင္းသိရလို႔ မင္းဥယ်ာဥ္ထဲ ခိုး၀င္ခဲ့ပါတယ္။ ညအခါ ခိုးဝင္ၿပီး မနက္လင္းမွ သရက္သီးရွာရပါတယ္။ သရက္သီးရွာေတြ႔ေသာ္လည္း ေန႔ဘက္ဆုိရင္ အေစာင့္အၾကပ္ထူထပ္တာေၾကာင့္ မျပန္ေသးဘဲ သစ္ပင္ေပၚမွာပဲ ပုန္းေအာင္းေနလုိက္ပါတယ္။
“မာနလေးတော့ ထားကြပါ” (က)
တစ်ချိန်တုန်းက ရှင်သာရိပုတ္တရာမထေရ်ကြီးက တပည့်ရင်းတစ်ပါးကို လာဘ်ပေါများကြောင်း (ဘုန်းကံကြီးကြောင်း) တရားလေးပါးကို ဟောကြားခဲ့ဖူးပါတယ်။
ဟိရီသြတ္တပ္ပကင်းမဲ့စွာ ရဟန်းဘဝကိုမေ့ထားလိုက်ပြီး
၁။ မရူးဘဲနဲ့ ရူးသလိုနေရမယ်။
၂။ ကုန်းတိုက်စကား (အမုန်းတရား ဂျင်းစကား)ကို ပြောဆိုရမယ်။
၃။ ကချေသည်လို ပြုမူရမယ်။
၄။ ဘလောင်းဘလဲ တတ်ရမယ် (ဗရမ်းဗတာစကားတွေ ပြောတတ်ရမယ်)။
တကယ်တော့ ရှင်သာရိပုတ္တရာက ဒီတရားကို ဟောချင်လို့ ဟောခဲ့တာ မဟုတ်ပါဘူး။ တပည့်လေးက မေးမြန်းလို့ ဟောခဲ့တာပါ။ တရားလည်းဟောပြီးရော တပည့်လေးလည်း သင်္ခန်းစာရပြီး ပြန်သွားပါတော့တယ်။ ဘုန်းကံမကြီးရင် နေပါစေ ဒီလိုအောက်တန်းကျတဲ့ အလုပ်မျိုးတော့ မလုပ်နိုင်ဘူးဆိုတဲ့ ခံယူချက်နဲ့ စက်ဆုပ်သွားတာပါ။
ရှင်သာရိပုတ္တရာရဲ့ တပည့်လေးကို အကြောင်းပြုပြီး မြတ်စွာဘုရားက အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားခဲ့တာပါ။
ဒိသာပါမောက်ဆရာကြီးရဲ့ တပည့်ငါးရာထဲမှာ တစ်ဦးက ကိုယ်ကျင့်သီလအလွန်ကောင်းတာကို တွေ့ရပါတယ်။ ဒီတပည့်လေးက ပါမောက္ခကြီးထံ လာဘ်ပေါများကြောင်းတွေကို မေးမြန်းတဲ့အခါမှာလည်း ပါမောက္ခကြီးက ရှင်သာရိပုတ္တရာလိုပဲ ဖြေကြားခဲ့တာပါ။
နာနုမ္မတ္တော နာပိသုဏော၊ နာနဋော နာကုတူဟလော။
မုဠှေသု လဘတေ လာဘံ၊ ဧသာ တေ အနုသာသနီ။
မရူးဘဲလျက် ရူးသောသူတို့၏ အမူအရာကို ကျင့်သော၊ ချောပစ်ကုန်းတိုက်သောအမျိုးမဟုတ်ဘဲလျက် ချောပစ်ကုန်းတိုက်သော၊ ကချေသည်မဟုတ်ဘဲလျက် ကချေသည်တို့၏ အမူအရာကို ကျင့်သော၊ ဖရိုဖရဲပြောဆိုတတ်သောအမျိုးမဟုတ်ဘဲလျက် ဖရိုဖရဲပြောဆိုတတ်သောသူတို့၏ အမူအရာကိုကျင့်သော သတ္တဝါသည် မိုက်မဲတွေဝေကုန်သောသူတို့ဆီက လာဘ်ကိုရ၏။
ဤသည်ကား သင့်အား ပေးသော အဆုံးအမတည်း။
တိကနိပါတ်၊ လာဘဂရဟဇာတ် (ဇာ၊ ဋ္ဌ၊ ၂။ ၃၇၉။)
တပည့်လေး မောင်သီလကလည်း ပြန်ပြောပါတော့တယ်။
ဝီရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။
အပိ စေ ပတ္တမာဒါယ၊ အနဂါရော ပရိဗ္ဗဇေ။
ဧသာဝ ဇီဝိကာ သေယျော၊ ယာ စာဓမ္မေန ဧသနာ။
မိမိကိုယ်ကို ဖျက်ဆီးသဖြင့်လည်းကောင်း၊ ဓမ္မကိုကျင့်ရသဖြင့်လည်းကောင်း၊ အကြင်စည်းစိမ်ဥစ္စာကို ရ၏။ ထိုစည်းစိမ်ဥစ္စာကို ရခြင်းမျိုးကို ငါစက်ဆုပ်၏။
အဓမ္မဖြင့် ဥစ္စာရှာခြင်းထက် ရသေ့ရဟန်းဝတ်၍ သပိတ်ပိုက်လျက် ဆွမ်းခံထွက်ခြင်းကသာ မွန်မြတ်၏။
(ဇာ၊ ဋ္ဌ၊ ၂။ ၃၈၀။)
တပည့်လေး မောင်သီလစကားကို ပုံပေါ်အောင် ပြောရမယ်ဆိုရင် အဲဒီလိုလုပ်စားမည့်အစား တောင်းစားတာကမှ မြတ်သေးတယ်လို့ ဆိုလိုပုံရပါတယ်။ မြတ်တာမှ အဆတစ်ရာ တစ်ထောင်မက မြင့်မြတ်နေတာပါ။
နိုင်ငံရေးလောကမှာ နာမည်ကြီးပြီး မင်းမြှောက်ခံနေရတဲ့သူတွေကို ကြည့်လိုက်ရင် အဓမ္မနည်းလေးပါးထဲက မလွတ်တာကို တွေ့ရပါလိမ့်မယ်။
အထူးသဖြင့် ကုန်းစကား (မုန်းစကား)တွေနဲ့ ထေရ်ကြီးဝါကြီးတွေကို ပြစ်မှားစော်ကားနေတာ ဗရမ်းဗတာတွေပြောပြီး ဘလောင်းဘလဲလုပ်ပြနေတာတွေဟာ ဘုန်းကံကြီးကြောင်း အဓမ္မနည်းလမ်းတွေ ဖြစ်နေတာပါပဲ။
မြတ်စွာဘုရားလက်ထက်မှာ ဆဗ္ဗဂ္ဂီရဟန်းတွေဆိုတာ ရှိပါတယ်။ ရဟန်းခြောက်ပါးအဖွဲ့ပါ။ စရိုက်တူ ဝါသနာတူ ရဟန်းခြောက်ပါး စိတ်တူကိုယ်တူ သွားလာပြုမူတတ်ကြပါတယ်။ အဲဒီရဟန်းတွေဟာ နိမ့်ကျတဲ့နေရာမှာနေပြီး မြင့်မြတ်တဲ့နေရာမှာထိုင်နေတဲ့ ဒကာ ဒကာမတွေကို တရားဟောခဲ့ဖူးပါတယ်။ ဒီအကြောင်းကိုသိလို့ မြတ်စွာဘုရားက ကဲ့ရဲ့ရှုတ်ချပြီး နောက် အဲဒီလိုမလုပ်ကြနဲ့လို့ တားမြစ်ချက်တွေ ပညတ်ခဲ့ဖူးပါတယ်။ အဲဒီပညတ်တော်ဟာ ရှင်ကျင့်ဝတ်စာအုပ်ထဲက သေခိယသိက္ခာပုဒ်တွေထဲမှာ ပါဝင်ပြီး နီစာသနသိက္ခာပုဒ်လို့ အသိများကြပါတယ်။
တရားဟောပြောသူ ရဟန်းတော်က မြင့်သောနေရာ မြတ်သောနေရာမှာ နေရမယ်။ နိမ့်သောနေရာ ယုတ်သောနေရာမှာနေပြီး တရားမဟောရလို့ ပညတ်ခဲ့တာပါ။
ဗုဒ္ဓသာသနာတော်ဟာ အလွန်တရာမြင့်မြတ်ပါတယ်။ သာသနာပြုရဟန်းတော်တွေကလည်း မြင့်မြတ်တဲ့ နေရာနဲ့ပဲ ထိုက်တန်ပါတယ်။ အောက်ကျို့ပြီး သာသနာမပြုပါနဲ့။ အောက်တန်းစား သာသနာပြုတွေ အောက်တန်းစား ရဟန်းတွေလို့ အပြောမခံရပါစေနဲ့ဆိုတာမျိုးကို ရည်ရွယ်တော်မူတာပါ။
သိက္ခာပုဒ်ပညတ်အပြီးမှာ ဇာတ်ဝတ္ထုလေးတစ်ပုဒ် ခင်းကျင်းပြီး မြင့်မြတ်သောတရားဓမ္မရဲ့ တန်ဖိုးကို နားလည်အောင် မိန့်တော်မူခဲ့တာပါ။
ဘုရားလောင်းက ဘဝတစ်ခုမှာ စဏ္ဍာလ(အလုပ်ကြမ်းသမား) ဖြစ်ခဲ့ဖူးပါတယ်။ ဘုရားလောင်းရဲ့ ဇနီးဖြစ်သူက သရက်သီးရာသီကုန်ဆုံးပါမှ သရက်သီးချဉ်ခြင်းတပ်လာပါတယ်။ ဘုရားလောင်းက တားမြစ်သော်လည်း သရက်သီးမစားရရင် အသက်သေတော့မှာဖြစ်လို့ ဘုရားလောင်းလည်း အကြံဉာဏ်ထုတ်ရပါတော့တယ်။ ဗာရာဏသီမင်းရဲ့ ဥယျာဉ်တော်ထဲမှာ သရက်သီး အဆက်မပြတ်သီးကြောင်းသိရလို့ မင်းဥယျာဉ်ထဲ ခိုးဝင်ခဲ့ပါတယ်။ ညအခါ ခိုးဝင်ပြီး မနက်လင်းမှ သရက်သီးရှာရပါတယ်။ သရက်သီးရှာတွေ့သော်လည်း နေ့ဘက်ဆိုရင် အစောင့်အကြပ်ထူထပ်တာကြောင့် မပြန်သေးဘဲ သစ်ပင်ပေါ်မှာပဲ ပုန်းအောင်းနေလိုက်ပါတယ်။