ဒီအခ်ိန္မွာ ဗာရာဏသီမင္းႏွင့္ ပုေရာဟိတ္ပုဏၰားတုိ႔ ေရာက္လာၿပီး ေဗဒင္သင္ေနၾကပါတယ္။ ဆရာပုဏၰားက ေအာက္မွာထုိင္ၿပီး သင္ၾကားေပးေနကာ တပည့္ျဖစ္သူက အေပၚမွာေနၿပီး သင္ယူေနတာကို သစ္ပင္ေပၚက ဘုရားေလာင္း ေတြ႔ျမင္သြားၿပီး အခုလို ေတြးေတာမိပါတယ္။
“အၾကင္မင္းသည္ ျမင့္ေသာေနရာ၌ေနထုိင္၍ ေဗဒင္ကို သင္ယူေန၏။ ထိုမင္းသည္ တရားမေစာင့္လြန္းရာေရာက္ေနသည္။ ဆရာပုဏၰားသည္ နိမ့္ေသာေနရာမွာ ထုိင္ေနၿပီး ျမင့္ေသာေနရာမွာထုိင္ေနေသာ မင္းအား ေဗဒင္သင္ေပးေန၏။ ဤပုဏၰားသည္လည္း တရားမေစာင့္။
ငါသည္ မိန္းမဟူေသာအေၾကာင္းေၾကာင့္ သရက္သီးကို လာခိုးျခင္းျဖစ္၏။ ငါသည္လည္း တရားမေစာင့္။
ငါတုိ႔သံုးဦးလံုး ယုတ္ညံ့သူတုိ႔အမႈကို ျပဳလုပ္ခဲ့ၾကၿပီ။”
(ဝိ၊ ႒၊ ၂။ ၂၆၇-၂၆၈)
ဒီလိုစိတ္ကူးအၿပီးမွာ ဘုရားေလာင္းက အပင္ေပၚမွ ဆင္းသက္လုိက္ပါေတာ့တယ္။
မင္းႏွင့္ ဆရာပုဏၰားအၾကားမွာ ရပ္ေနၿပီး စကားစေျပာပါတယ္။
အရွင္မင္းႀကီး
ကၽြႏု္ပ္က အက်င့္ပ်က္သူပါ။
သင္မင္းႀကီးက ေတြေဝသူပါ။
ပုေရာဟိတ္က ရမၼက္ႀကီးသူပါ။
ရွင္ဘုရင္က အံ့ၾသမင္သက္စြာ ေမးတဲ့အခါ ဘုရားေလာင္းက ရွင္ဘုရင္ေရာ ပုေရာဟိတ္ပုဏၰားပါ တရားမေစာင့္ပံုေတြကို လက္ပူးလက္ၾကပ္ ေျပာျပပါေတာ့တယ္။
ဘုရားရဲ႕စကားထဲမွာ ဥေဘာ ဓမၼံ န ပႆေရ – မင္းေရာ မင္းဆရာေရာ ႏွစ္ပါးလံုး တရားမျမင္ၾကေတာ့ဘူး။ ဥေဘာ ပကတိယာ စုတာ – ႏွစ္ပါးလံုး တရားမွ ေရြ႕ေလ်ာကုန္ၾကၿပီ ဆုိတာပါပါတယ္။
ဒီအခါ ဆရာပုဏၰားက သူ႔ဆန္စား ရဲမွ စကားပံုအတုိင္း ရွင္းျပပါတယ္။ ရွင္ဘုရင္လစာ စားေနရတာေၾကာင့္ ဘုရား ပေစၥကဗုဒၶါ ရဟႏၲာေတြ မွီဝဲတဲ့ တရားကို မမွီဝဲႏိုင္တာပါ တဲ့။
ဘုရားေလာင္းကလည္း ဆရာပုဏၰားကို ျပန္ဆူပါတယ္။ ေလာကမွာ ရွင္ဘုရင္ကလြဲလို႔ ကိုယ့္ထမင္းကိုယ္စားတဲ့သူေတြခ်ည္းပဲ။ အပါယ္အက်ခံၿပီး စည္းစိမ္ဥစၥာရွာေဖြတာလည္း ငါ လက္မခံဘူး။ အဓမၼနည္းနဲ႔ စီးပြားရွာတာလည္း ငါ စက္ဆုပ္တယ္။
ဘုရားေလာင္းစကားကို ရွင္ဘုရင္က ေလးစားသြားၿပီး ၿမဳိ႕ေစာင့္ရာထူး ေပးအပ္လုိက္ပါတယ္။
တိကနိပါတ္၊ ဆဝဇာတ္၊ (ဇာ၊ ႒။ ၃။ ၂၇-၂၈)
ဘုရားအေလာင္း သူေတာ္ေကာင္းေတြဟာ စ႑ာလဘဝမ်ဳိးက်ေရာက္ေနတာေတာင္မွ ပညာရဲ႕တန္ဖိုးကို အဲဒီလို အေလးထားသလို ဆရာရဲ႕ သိကၡာကိုလည္း အဲဒီလို ျမတ္ႏိုးၾကပါတယ္။
နိေျဂာဓသာမေဏေလးနဲ႔ တိတၳိႀကီးေတြရဲ႕ သႏၲာန္မွာ တရားရွိ မရွိ စမ္းသပ္တဲ့အေနနဲ႔ သူတုိ႔နဲ႔ ထုိက္တန္တဲ့ေနရာေတြကို ေရြးခ်ယ္ထုိင္ခိုင္းတဲ့အခါ ကိုရင္နိေျဂာဓေလးက အေသာကမင္းရဲ႕ သီဟာသနပလႅင္ထက္မွာ ရဲဝံ့တည္ၾကည္စြာ ေနရာယူခဲ့တာကို အားလံုးသိထားၿပီး ျဖစ္ပါတယ္။
သာမာဝတီမိဖုရားရဲ႕ အေစခံ ခါးကုန္းမႀကီး ခုဇၨဳတၱရာက ပန္းဝယ္သြားရင္း တရားနာခဲ့ရာမွ ေသာတာပန္တည္ခဲ့သူပါ။ ေသာတာပန္တည္ေတာ့ ကံငါးပါးလံုၿခဳံသြားၿပီးေပါ့။ ဒါေၾကာင့္ အရင္အေခါက္ေတြတုန္းက ပန္းဖိုးေစ်းတင္ေတာင္းခဲ့ေပမယ့္ အခုအေခါက္မွာေတာ့ ေစ်းမတင္ေတာ့ဘဲ ဝယ္ေစ်းအတုိင္း ေငြျပန္ရွင္းေပးလုိက္ပါေတာ့တယ္။ မိဖုရားက ေလးစားသြားၿပီး တရားေတာင္းေတာ့ အေစခံမႀကီး ခုဇၨဳတၱရာက “ေရခ်ဳိးခြင့္ေပးပါ။ ဝတ္ျဖဴစင္ၾကယ္ဝတ္ခြင့္ေပးပါ။ အားလံုး ယုတ္ေသာေနရာ နိမ့္ေသာေနရာမွာ ထုိင္ၾကပါ။”လုိ႔ ခြင့္ေတာင္းပါတယ္။ မိဖုရားႏွင့္ ေမာင္းမငါးရာလည္း အေစခံမႀကီး ေတာင္းဆိုတဲ့အတုိင္း ခြင့္ျပဳၾကပါတယ္။ ခုဇၨဳတၱရာက ဝတ္ျဖဴစင္ၾကယ္ဝတ္ၿပီး ပလႅင္ေပၚထုိင္ ယပ္ေတာင္ေလးကိုင္ၿပီး တရားေဟာပါတယ္။ တရားနာပရိသတ္အားလံုး ေသာတာပန္တည္သြားပါတယ္။ ေနာက္ပိုင္းမွာ ခုဇၨဳတၱရာဟာ မိဖုရားရဲ႕ အမိအရာ ဆရာသမားအရာမွာ ေနခြင့္ရၿပီး ဘုရားထံ တရားနာလိုက္ မိဖုရားကို ျပန္ေဟာလုိက္နဲ႔ အမ်ဳိးသမီးဓမၼကထိက အရိယာသာဝိကာႀကီး ျဖစ္သြားပါေတာ့တယ္။
(ပဋံသံ၊ ႒။ ၂။ ၂၈၈-၂၈၉)
မုိးကုတ္ၿမဳိ႕၊ ေညာင္သံုးပင္ဆရာေတာ္နဲ႔က ဆရာတူတပည့္ခ်င္းျဖစ္လုိ႔ ေျပာမနာ ဆိုမနာ ခင္မင္ၾကသူေတြပါ။ ေဒါက္တာအရွင္ဇဝနကိုေတာ့ အခုမွ ေတြ႔ဖူးတာမုိ႔ ပရိယတၱိအဆင့္မွာ ဘယ္အထိ ရွိတယ္ဆိုတာ မသိရပါဘူး။ဒါေပမဲ့ ႏွစ္ပါးလံုးရဲ႕ အျပဳအမူေတြဟာ အခုေျပာခဲ့တဲ့ ဘုရားေဟာ တရားေတာ္ေတြနဲ႔ ဆန္႔က်င္ေနတာကို ေတြ႔ရပါတယ္။
မိမိတုိ႔က ဘုရားသားေတာ္ေတြပီပီ ျမင့္ေသာေနရာ ျမတ္ေသာေနရာမွာ ဣေျႏၵရရ သိကၡာရွိရွိ ခ်ီးျမႇင့္ထုိက္သူေတြျဖစ္ပါလ်က္ အေပၚမွာမထုိင္ဘဲ ေအာက္ဆင္းထုိင္လုိက္ေတာ့ မာတုဂါမေနရာေလာက္ေတာင္ မျမင့္ မျမတ္တဲ့ေနရာ ေရာက္သြားတာ ေတြ႔ရပါတယ္။ ပိုဆိုးတာက မာတုဂါမကိုပဲ ထုိင္ရွိခုိးေတာ့မတတ္ ဣေျႏၵပ်က္ေနတာပါ။ မာတုဂါမက ေကာ္ေဇာခင္းေပၚမွာမွ အေကာင္းစားေနရာထိုင္နွစ္ထပ္နဲ႔ ထုိင္ေနၿပီး ဘုရားသားေတာ္အျဖစ္ ခံယူထားတဲ့ ရဟန္းႏွစ္ပါးက ေနရာထုိင္မပါတဲ့ ေကာ္ေဇာခင္းမွာပဲ ဖင္ခ်ထုိင္လုိက္၊ ဒူးေထာက္ထုိင္လုိက္၊ ဒူးေကြးထုိင္လုိက္ လုပ္ေနၾကတာပါ။
မာတုဂါမက သာသနာအတြက္ ခ်ီးျမႇင့္ေထာက္ပံ့ပံုေတြ မေတြ႔ရဘဲ ဘုန္းႀကီးေတြကပဲ အလုအယက္ လက္ေဆာင္ေပးေနတာကို ေတြ႔ရပါတယ္။
စိတ္မေကာင္းပါဘူး။
အေတာ္ႀကီးကို စိတ္မေကာင္းျဖစ္မိပါတယ္။
ဝမ္းနည္းပါတယ္။
အလြန္အမင္းကို ဝမ္းနည္းပက္လက္ ခံစားလုိက္ရတာပါ။
ေညာင္သံုးပင္ဆရာေတာ္ဟာ ႏုိင္ငံေတာ္ဘြဲ႔တံဆိပ္မ်ဳိးစံု ရထားတာလည္း သိရွိၿပီးသားပါ။ အဲဒီဘြဲ႔တံဆိပ္ေတြကို ဘယ္ပံုဘယ္နည္း ရခဲ့တယ္ဆိုတာလည္း သူကိုယ္တုိင္ ေျပာျပလုိ႔ သိရွိခဲ့ရတာပါ။ ဘယ္လိုနည္းနဲ႔ပဲ ရခဲ့ရခဲ့ပါ။ ဓမၼာစရိယဘြဲ႔ရ၊ စာသင္တိုက္အဓိပတိဆရာေတာ္တစ္ပါးနဲ႔ ထုိက္တန္တဲ့ ဘြဲ႔ေတြလုိ႔ပဲ အေကာင္းျမင္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ဘိဝံသမရဘဲ ဘိဝံသဘြဲ႔ႀကီး တပ္ထားတာ၊ သ.စ.အ ဓမၼာစရိယဘြဲ႔ေတြပဲ ရထားသလုိလို သံုးဘြဲ႔ရ ဓမၼာစရိယလို႔ ကိုယ့္ကိုကိုယ္ ကင္ပြန္းတပ္ထားတာဟာ ဘုရားသားေတာ္တစ္ပါးရဲ႕ အျပဳအမူမဟုတ္ပါဘူး။ သုိ႔ေသာ္လည္း သူ႔အရပ္နဲ႔ သူ႔ဇာတ္ပဲေလ ဆိုတဲ့သေဘာနဲ႔ လံုးဝ မေျပာျဖစ္ခဲ့ပါဘူး။ အခုေတာ့ မေျပာလို႔ မျဖစ္ေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေညာင္သံုးပင္ဆရာေတာ္ဟာ မဟန ၄၇ ပါးထဲမွာ ပါဝင္ေနၿပီး တြဲဖက္အတြင္းေရးမွဴးရာထူးႀကီးကိုပါ ရယူထားလုိ႔ပါ။ ဥဇုံ ဂစၧတိ ပုဂၤေဝါ ဆိုတာ ေညာင္သံုးပင္သိၿပီးသားပါ။ သံဃာေတြကို အုပ္ခ်ဳပ္ေနသူက ဥဇုဂုဏ္ႏွင့္ ျပည့္စံုဖုိ႔ ပိုအေရးႀကီးတယ္ေလ။ ဒါေၾကာင့္ပါ။
“မာနလေးတော့ ထားကြပါ” (ခ)
ဒီအချိန်မှာ ဗာရာဏသီမင်းနှင့် ပုရောဟိတ်ပုဏ္ဏားတို့ ရောက်လာပြီး ဗေဒင်သင်နေကြပါတယ်။ ဆရာပုဏ္ဏားက အောက်မှာထိုင်ပြီး သင်ကြားပေးနေကာ တပည့်ဖြစ်သူက အပေါ်မှာနေပြီး သင်ယူနေတာကို သစ်ပင်ပေါ်က ဘုရားလောင်း တွေ့မြင်သွားပြီး အခုလို တွေးတောမိပါတယ်။
“အကြင်မင်းသည် မြင့်သောနေရာ၌နေထိုင်၍ ဗေဒင်ကို သင်ယူနေ၏။ ထိုမင်းသည် တရားမစောင့်လွန်းရာရောက်နေသည်။ ဆရာပုဏ္ဏားသည် နိမ့်သောနေရာမှာ ထိုင်နေပြီး မြင့်သောနေရာမှာထိုင်နေသော မင်းအား ဗေဒင်သင်ပေးနေ၏။ ဤပုဏ္ဏားသည်လည်း တရားမစောင့်။
ငါသည် မိန်းမဟူသောအကြောင်းကြောင့် သရက်သီးကို လာခိုးခြင်းဖြစ်၏။ ငါသည်လည်း တရားမစောင့်။
ငါတို့သုံးဦးလုံး ယုတ်ညံ့သူတို့အမှုကို ပြုလုပ်ခဲ့ကြပြီ။”
(ဝိ၊ ဋ္ဌ၊ ၂။ ၂၆၇-၂၆၈)
ဒီလိုစိတ်ကူးအပြီးမှာ ဘုရားလောင်းက အပင်ပေါ်မှ ဆင်းသက်လိုက်ပါတော့တယ်။
မင်းနှင့် ဆရာပုဏ္ဏားအကြားမှာ ရပ်နေပြီး စကားစပြောပါတယ်။
အရှင်မင်းကြီး
ကျွနု်ပ်က အကျင့်ပျက်သူပါ။
သင်မင်းကြီးက တွေဝေသူပါ။
ပုရောဟိတ်က ရမ္မက်ကြီးသူပါ။
ရှင်ဘုရင်က အံ့သြမင်သက်စွာ မေးတဲ့အခါ ဘုရားလောင်းက ရှင်ဘုရင်ရော ပုရောဟိတ်ပုဏ္ဏားပါ တရားမစောင့်ပုံတွေကို လက်ပူးလက်ကြပ် ပြောပြပါတော့တယ်။
ဘုရားရဲ့စကားထဲမှာ ဥဘော ဓမ္မံ န ပဿရေ – မင်းရော မင်းဆရာရော နှစ်ပါးလုံး တရားမမြင်ကြတော့ဘူး။ ဥဘော ပကတိယာ စုတာ – နှစ်ပါးလုံး တရားမှ ရွေ့လျောကုန်ကြပြီ ဆိုတာပါပါတယ်။
ဒီအခါ ဆရာပုဏ္ဏားက သူ့ဆန်စား ရဲမှ စကားပုံအတိုင်း ရှင်းပြပါတယ်။ ရှင်ဘုရင်လစာ စားနေရတာကြောင့် ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတွေ မှီဝဲတဲ့ တရားကို မမှီဝဲနိုင်တာပါ တဲ့။
ဘုရားလောင်းကလည်း ဆရာပုဏ္ဏားကို ပြန်ဆူပါတယ်။ လောကမှာ ရှင်ဘုရင်ကလွဲလို့ ကိုယ့်ထမင်းကိုယ်စားတဲ့သူတွေချည်းပဲ။ အပါယ်အကျခံပြီး စည်းစိမ်ဥစ္စာရှာဖွေတာလည်း ငါ လက်မခံဘူး။ အဓမ္မနည်းနဲ့ စီးပွားရှာတာလည်း ငါ စက်ဆုပ်တယ်။
ဘုရားလောင်းစကားကို ရှင်ဘုရင်က လေးစားသွားပြီး မြို့စောင့်ရာထူး ပေးအပ်လိုက်ပါတယ်။
တိကနိပါတ်၊ ဆဝဇာတ်၊ (ဇာ၊ ဋ္ဌ။ ၃။ ၂၇-၂၈)
ဘုရားအလောင်း သူတော်ကောင်းတွေဟာ စဏ္ဍာလဘဝမျိုးကျရောက်နေတာတောင်မှ ပညာရဲ့တန်ဖိုးကို အဲဒီလို အလေးထားသလို ဆရာရဲ့ သိက္ခာကိုလည်း အဲဒီလို မြတ်နိုးကြပါတယ်။
နိဂြောဓသာမဏေလေးနဲ့ တိတ္ထိကြီးတွေရဲ့ သန္တာန်မှာ တရားရှိ မရှိ စမ်းသပ်တဲ့အနေနဲ့ သူတို့နဲ့ ထိုက်တန်တဲ့နေရာတွေကို ရွေးချယ်ထိုင်ခိုင်းတဲ့အခါ ကိုရင်နိဂြောဓလေးက အသောကမင်းရဲ့ သီဟာသနပလ္လင်ထက်မှာ ရဲဝံ့တည်ကြည်စွာ နေရာယူခဲ့တာကို အားလုံးသိထားပြီး ဖြစ်ပါတယ်။
သာမာဝတီမိဖုရားရဲ့ အစေခံ ခါးကုန်းမကြီး ခုဇ္ဇုတ္တရာက ပန်းဝယ်သွားရင်း တရားနာခဲ့ရာမှ သောတာပန်တည်ခဲ့သူပါ။ သောတာပန်တည်တော့ ကံငါးပါးလုံခြုံသွားပြီးပေါ့။ ဒါကြောင့် အရင်အခေါက်တွေတုန်းက ပန်းဖိုးဈေးတင်တောင်းခဲ့ပေမယ့် အခုအခေါက်မှာတော့ ဈေးမတင်တော့ဘဲ ဝယ်ဈေးအတိုင်း ငွေပြန်ရှင်းပေးလိုက်ပါတော့တယ်။ မိဖုရားက လေးစားသွားပြီး တရားတောင်းတော့ အစေခံမကြီး ခုဇ္ဇုတ္တရာက “ရေချိုးခွင့်ပေးပါ။ ဝတ်ဖြူစင်ကြယ်ဝတ်ခွင့်ပေးပါ။ အားလုံး ယုတ်သောနေရာ နိမ့်သောနေရာမှာ ထိုင်ကြပါ။”လို့ ခွင့်တောင်းပါတယ်။ မိဖုရားနှင့် မောင်းမငါးရာလည်း အစေခံမကြီး တောင်းဆိုတဲ့အတိုင်း ခွင့်ပြုကြပါတယ်။ ခုဇ္ဇုတ္တရာက ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ပလ္လင်ပေါ်ထိုင် ယပ်တောင်လေးကိုင်ပြီး တရားဟောပါတယ်။ တရားနာပရိသတ်အားလုံး သောတာပန်တည်သွားပါတယ်။ နောက်ပိုင်းမှာ ခုဇ္ဇုတ္တရာဟာ မိဖုရားရဲ့ အမိအရာ ဆရာသမားအရာမှာ နေခွင့်ရပြီး ဘုရားထံ တရားနာလိုက် မိဖုရားကို ပြန်ဟောလိုက်နဲ့ အမျိုးသမီးဓမ္မကထိက အရိယာသာဝိကာကြီး ဖြစ်သွားပါတော့တယ်။
(ပဋံသံ၊ ဋ္ဌ။ ၂။ ၂၈၈-၂၈၉)
မိုးကုတ်မြို့၊ ညောင်သုံးပင်ဆရာတော်နဲ့က ဆရာတူတပည့်ချင်းဖြစ်လို့ ပြောမနာ ဆိုမနာ ခင်မင်ကြသူတွေပါ။ ဒေါက်တာအရှင်ဇဝနကိုတော့ အခုမှ တွေ့ဖူးတာမို့ ပရိယတ္တိအဆင့်မှာ ဘယ်အထိ ရှိတယ်ဆိုတာ မသိရပါဘူး။ဒါပေမဲ့ နှစ်ပါးလုံးရဲ့ အပြုအမူတွေဟာ အခုပြောခဲ့တဲ့ ဘုရားဟော တရားတော်တွေနဲ့ ဆန့်ကျင်နေတာကို တွေ့ရပါတယ်။
မိမိတို့က ဘုရားသားတော်တွေပီပီ မြင့်သောနေရာ မြတ်သောနေရာမှာ ဣန္ဒြေရရ သိက္ခာရှိရှိ ချီးမြှင့်ထိုက်သူတွေဖြစ်ပါလျက် အပေါ်မှာမထိုင်ဘဲ အောက်ဆင်းထိုင်လိုက်တော့ မာတုဂါမနေရာလောက်တောင် မမြင့် မမြတ်တဲ့နေရာ ရောက်သွားတာ တွေ့ရပါတယ်။ ပိုဆိုးတာက မာတုဂါမကိုပဲ ထိုင်ရှိခိုးတော့မတတ် ဣန္ဒြေပျက်နေတာပါ။ မာတုဂါမက ကော်ဇောခင်းပေါ်မှာမှ အကောင်းစားနေရာထိုင်နှစ်ထပ်နဲ့ ထိုင်နေပြီး ဘုရားသားတော်အဖြစ် ခံယူထားတဲ့ ရဟန်းနှစ်ပါးက နေရာထိုင်မပါတဲ့ ကော်ဇောခင်းမှာပဲ ဖင်ချထိုင်လိုက်၊ ဒူးထောက်ထိုင်လိုက်၊ ဒူးကွေးထိုင်လိုက် လုပ်နေကြတာပါ။
မာတုဂါမက သာသနာအတွက် ချီးမြှင့်ထောက်ပံ့ပုံတွေ မတွေ့ရဘဲ ဘုန်းကြီးတွေကပဲ အလုအယက် လက်ဆောင်ပေးနေတာကို တွေ့ရပါတယ်။
စိတ်မကောင်းပါဘူး။
အတော်ကြီးကို စိတ်မကောင်းဖြစ်မိပါတယ်။
ဝမ်းနည်းပါတယ်။
အလွန်အမင်းကို ဝမ်းနည်းပက်လက် ခံစားလိုက်ရတာပါ။
ညောင်သုံးပင်ဆရာတော်ဟာ နိုင်ငံတော်ဘွဲ့တံဆိပ်မျိုးစုံ ရထားတာလည်း သိရှိပြီးသားပါ။ အဲဒီဘွဲ့တံဆိပ်တွေကို ဘယ်ပုံဘယ်နည်း ရခဲ့တယ်ဆိုတာလည်း သူကိုယ်တိုင် ပြောပြလို့ သိရှိခဲ့ရတာပါ။ ဘယ်လိုနည်းနဲ့ပဲ ရခဲ့ရခဲ့ပါ။ ဓမ္မာစရိယဘွဲ့ရ၊ စာသင်တိုက်အဓိပတိဆရာတော်တစ်ပါးနဲ့ ထိုက်တန်တဲ့ ဘွဲ့တွေလို့ပဲ အကောင်းမြင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘိဝံသမရဘဲ ဘိဝံသဘွဲ့ကြီး တပ်ထားတာ၊ သ.စ.အ ဓမ္မာစရိယဘွဲ့တွေပဲ ရထားသလိုလို သုံးဘွဲ့ရ ဓမ္မာစရိယလို့ ကိုယ့်ကိုကိုယ် ကင်ပွန်းတပ်ထားတာဟာ ဘုရားသားတော်တစ်ပါးရဲ့ အပြုအမူမဟုတ်ပါဘူး။ သို့သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ ဆိုတဲ့သဘောနဲ့ လုံးဝ မပြောဖြစ်ခဲ့ပါဘူး။ အခုတော့ မပြောလို့ မဖြစ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ညောင်သုံးပင်ဆရာတော်ဟာ မဟန ၄၇ ပါးထဲမှာ ပါဝင်နေပြီး တွဲဖက်အတွင်းရေးမှူးရာထူးကြီးကိုပါ ရယူထားလို့ပါ။ ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ ဆိုတာ ညောင်သုံးပင်သိပြီးသားပါ။ သံဃာတွေကို အုပ်ချုပ်နေသူက ဥဇုဂုဏ်နှင့် ပြည့်စုံဖို့ ပိုအရေးကြီးတယ်လေ။ ဒါကြောင့်ပါ။