သတင္း

မာနေလးေတာ့ ထားၾကပါ (ဂ-နိဂံုး)

အဖ်င္းအသြမ္း၊ ဂုဏ္မဲ့ႏြမ္းေအာင္၊ ကိုယ္ဝမ္းေမြးမႈ၊ လူ႔ႏွယ္တုလ်က္၊ လူျပဳလူက်င့္၊ ရွင္ႏွင့္မေတာ္၊ ပစၥည္းေမွ်ာ္၍၊ မေလ်ာ္ေလ်ာက္ပတ္၊ ေျမၾကန္တတ္က၊ နကၡတ္ပညာ၊ ေစပါဒူတ၊ အဂၤဝိဇၨာ၊ တိရစၧာျဖင့္၊ ငံု႔စားေမာ္စား၊ အေျမာ္စားႏွင့္၊ ေထာင့္စားေခၚရိုး၊ ရဟန္းဆိုးတုိ႔၊ စားမ်ဳိးေလးျဖာ၊ မိစၧာဇီဝ၊ ေနသနလည္း၊ စိတ္မွတရံ၊ အႀကံမဆန္း၊ မွဲ႔မစြန္းတည့္။ (မဃေဒဝ။ ၄၂၅)
(သာရိပုတၱသံယုတ္။ သုစိမုခီသုတ္၊ သံ၊ ႒။ ၃။ ၃၁၈-၃၁၉)

ေျမယာအတတ္ျဖင့္ အသက္ေမြးသူက ငံု႔စား၊
နကၡတ္ပညာျဖင့္ အသက္ေမြးသူက ေမာ္စား၊
ေပးႏိုးေကၽြးႏိုး ေမွ်ာ္ကိုးၿပီး အေစခံလုပ္သူက ေမွ်ာ္စား၊
အဂၤရုပ္ၾကည့္ေဟာတာတုိ႔ ေဗဒင္ေဟာစားတာတုိ႔က ေထာင့္စား (ေဒါင့္စား)၊
ဘုန္းကံကိုထူးေထာင္တဲ့ေနရာမွာပဲျဖစ္ျဖစ္ ပစၥည္းေလးပါးရွာေဖြတဲ့ေနရာမွာပဲျဖစ္ျဖစ္ ဒီေလးမ်ဳိးနဲ႔ စီးပြားျဖစ္ရင္ မိစၧာအာဇီဝပဲ။ ရဟန္းဆိုးပဲ။ ဘုရားမႀကဳိက္ ကဲ့ရဲ႕ထုိက္သူပဲ။

နာမည္ႀကီးခ်င္တာလည္း ပါပိစၧ(အလိုဆိုး)ပဲ။
ဘုန္းကံႀကီးခ်င္တာလည္း ပါပိစၧပဲ။
ထင္ေပၚေက်ာ္ၾကားခ်င္တာလည္း ပါပိစၧပဲ။
လာဘ္ဘာဘေပါမ်ားခ်င္တာလည္း ပါပိစၧပဲ။
ဘြဲ႔တံဆိပ္ေတြ မက္ေမာတာလည္း ပါပိစၧပဲ။
ေနရာလိုခ်င္တာလည္း ပါပိစၧပဲ။
ရာထူးဌာနႏၲရ ႀကီးမားခ်င္တာလည္း ပါပိစၧပဲ။
ပါပိစၧ (အလိုဆိုး) အားႀကီးေလ အရွက္မဲ့ေလပဲ။
အလိုဆိုးႏွိပ္စက္ခံရသူေတြကို ဣစၧာပကတလို႔ ေခၚတယ္။
အလိုဆိုးႏွိပ္စက္ခံရလို႔ ရွက္ရေကာင္းမွန္းမသိၾကေတာ့ဘဲ မရူးဘဲ အရူးလိုက်င့္တတ္လာၾကတယ္။ ရူးခ်င္ေယာင္ ေဆာင္လာတတ္ၾကတယ္။
သံဃာအခ်င္းခ်င္းလည္း ေသြးခြဲစကားေတြ ေျပာတတ္လာၾကတယ္။
ကေခ်သည္ေတြလုိပဲ အရွက္မဲ့စြာ ျပဳမူလာတတ္ၾကတယ္။
ဗရမ္းဗတာေတြေျပာ ဘေလာင္းဘလဲေတြလည္း လုပ္လာတတ္ၾကတယ္။
အားလုံးဟာ ရဟန္းနဲ႔မတူေတာ့ဘူး။ ရွက္ေၾကာျပတ္ ဆဗၺဂၢီရဟန္းဆိုးေတြလို ျဖစ္လာတ္ၾကေတာ့တယ္။
အလိုဆိုးႏွိပ္စက္ခံရသူရဲ႕သႏၲာန္မွာ တရားမရွိေတာ့လို႔ သိကၡာပုဒ္ေတြလည္း ဂရုမစိုက္ၾကေတာ့ဘူး။ ပတ္ဝန္းက်င္ကိုလည္း ထည့္မတြက္ၾကေတာ့ဘူး။ ဘယ္သူ႔မွ ဂရုမစိုက္ဘူးဆိုတဲ့ အစားထဲ ေရာက္သြားၿပီး ထင္ရာစုိင္းတတ္ၾကေတာ့တယ္။

ေညာင္သုံုးပင္ဆရာေတာ္ဟာ စစ္အစုိးရလက္ထက္တုန္းက ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ ေပါင္းၿပီး ဘုန္းကံထူးေထာင္ခဲ့သူပါ။ အခုလည္း အတုိင္ပင္ခံကို ပင့္ဖိတ္ၿပီး အရင္လုိပဲ ဘုန္းကံျပန္ထူေထာင္ေနပါၿပီ။ ပင့္တာဖိတ္တာ အျပစ္မျမင္ပါ။ ဘုရားေက်ာင္းကန္ႏွင့္ ရင္းနီးေအာင္ လုပ္ေပးတာ သာဓုေတာင္ ေခၚရမွာပါ။ ဒါေပမဲ့ ရဟန္းပီပီ သမဏသညာေလးေတာ့ ရွိေစခ်င္တယ္။ ရဟန္းမာန ရဟန္းသိကၡာေလးေတာ့ ေမြးေစ ထားေစခ်င္ပါတယ္။
ေအာက္က်ဳိ႕ေပါင္းတာလည္း မေကာင္းပါဘူး။
ေျမႇာက္ပင့္စားတာလည္း မေကာင္းပါဘူး။
ဖားတာ ၾကြားတာလည္း မေကာင္းပါဘူး။
စာသင္တုိက္ႀကီးတစ္ခုရဲ႕ အဓိပတိ အျမင့္ဆံုးအုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းႀကီးရဲ႕ အတြင္းေရးမွဴးတစ္ပါးအေနနဲ႔ လူရိုေသ ရွင္ရိုေသ သိကၡာေလးေတာ့ ရွိေစခ်င္တာ ရင္ထဲကဆႏၵအမွန္ပါ။

မူေဠႇသု လဘေတ လာဘံ – ဘုရားမႀကဳိက္တဲ့ နည္းလမ္းေတြနဲ႔ အရွက္မဲ့စြာ စီးပြားရွာေနသူေတြဟာ မသိနားမလည္သူေတြဆီကပဲ ရွာလုိ႔ရႏိုင္ပါတယ္။ သိနားလည္သူေတြကေတာ့ တာ့တာေပါ့။
ဧသာဝ ဇီဝိတာ ေသေယ်ာ၊ ယာစာဓေမၼန ဧသနာ – မတရားတဲ့နည္းနဲ႔ စီးပြားရွာမယ့္အစား ေတာင္းစားတာကမွ ျမတ္ဦးမယ္။
ဘုရားသားေတာ္တုိင္း ဒီလိုခံယူခ်က္မ်ဳိးပဲ ထားသင့္တာပါ။

ဘာလို႔ေအာက္က်ဳိ႕ၾကတာလဲ၊ ဆြမ္းငတ္ေသမွာစုိးလုိ႔ ေအာက္က်ဳိ႕ၾကတာလား၊
ဘာလုိ႔ ေျမႇာက္ပင့္ေပါင္းစားေနၾကတာလဲ၊ စားေပါက္ေခ်ာင္မွာမုိ႔ ေျမႇာက္ေပါင္းေနၾကတာလား၊
ဘာလို႔ ၾကြားဝါခ်င္ၾကတာလဲ၊ ၾကြားဝါသူကို အထင္ႀကီးၾကတဲ့ လူတန္းစားထဲမွာ သူေတာ္ေကာင္းေတြ ပါလုိ႔လား၊
ဘာလုိ႔ အဓမၼနည္းနဲ႔ စီးပြားရွာေနၾကတာလဲ၊ ရဟန္းမစားရေသာ ဆြမ္းတစ္နပ္အေၾကာင္း သင္မထားၾကလုိ႔လား၊
ဘာလို႔ မိစၧာအာဇီဝနဲ႔ ခ်မ္းသာခ်င္ေနၾကတာလဲ၊ ရဟန္းဘဝရဲ႕ အႏွစ္သာရက ႀကီးပြားခ်မ္းသာဟုတ္ရဲ႕လား။

ေညာင္သံုးပင္ဆရာေတာ္ဘုရား အသက္အရြယ္လည္း ရေနပါၿပီ။ မဟနအတြင္းေရးမွဴးလည္း ျဖစ္ေနပါၿပီ။ သတိတရားေလးလည္း ကပ္ၿပီး အသိတရားေလးနဲ႔ ရပ္တည္ရမည့္အခ်ိန္ က်ေရာက္ေနပါၿပီဘုရား။ စာသင္သားေလးမဟုတ္ေတာ့ပါဘူး။ေက်ာင္းထိုင္ေပါက္စလည္း မဟုတ္ေတာ့ပါဘူး။အစစအရရာရာ ဆင္ဆင္ျခင္ျခင္ျပဳမူရမည့္ အဆင့္အတန္းတစ္ခုထဲ သက္ေရာက္ေနပါၿပီ။
ဒါေၾကာင့္ – ဝယ္ယူထားတဲ့ ေဒါက္တာဘြဲ႔ႀကီးလည္း အထင္တႀကီး တပ္မေနပါေတာ့နဲ႔ဘုရား။
ဘိဝံသဘြဲ႔မရဘဲ ဘိဝံသတပ္ခဲ့တာေတြလည္း စြန္႔လႊတ္လုိက္ပါေတာ့ဘုရား။
လာဘ္ေမွ်ာ္ ေပးကမ္းတာေတြ၊ ေမွ်ာ္စား ေဟာက္စား ေျခာက္စား ေျမႇာက္စားတာေတြနဲ႔ သာသနာျပဳေနတာကိုလည္း ျပန္သံုးသပ္ၾကည့္ပါေတာ့ဘုရား။
အရွင္ဘုရားရဲ႕ တပည့္သာဝက အရွင္ဇဝနရဲ႕ ေဒါက္တာဘြဲ႔ကိုလည္း ျပန္ေလ့လာပါဦးဘုရား။ အရွင္ဇဝနရဲ႕ အျပဳအမူ အေနအထုိင္ေတြကိုလည္း ဘုရားအလိုေတာ္က်ျဖစ္ေအာင္ ဆံုးမျပဳျပင္ေပးပါဦးဘုရား။
အရွင္ဘုရားကိုယ္တုိင္လည္း မင္းဆရာပီပီ မေကာင္းျမစ္တာ ေကာင္းရာညႊန္လစ္ အသစ္ေဟာၾကဴ း နာဖူးထပ္မံ နတ္ထံတင္ရာ ေမတၱာလည္းျပဳ ရဟန္းမႈ ျပဳကလြန္ေသခ်ာဆိုတဲ့ ရဟန္းက်င့္ဝတ္ႏွင့္အညီ အစုိးရအစဥ္အဆက္ကို တရားဓမၼမ်ားျဖင့္ ဆံုးမလမ္းညႊန္ေတာ္မူပါဦးဘုရား။

ေနာက္ဆံုးအေနနဲ႔ ေလွ်ာက္ထားရရင္
နိေျဂာဓသာမေဏေလးေလာက္ တင့္တင့္တယ္တယ္ မေနႏိုင္ မထုိင္ႏိုင္ရင္ေတာင္ အေစခံမႀကီး ခုဇၨဳတၱရာေလာက္ေတာ့ ဓမၼကို တန္ဖုိးထား ဘဝကို ေလးစားေစခ်င္ပါတယ္ဘုရား။

ညီေမာင္
ဝီရသူ(မစုိးရိမ္)
11.11.2019
PM-5:11

“မာနလေးတော့ ထားကြပါ” (ဂ-နိဂုံး)

အဖျင်းအသွမ်း၊ ဂုဏ်မဲ့နွမ်းအောင်၊ ကိုယ်ဝမ်းမွေးမှု၊ လူ့နှယ်တုလျက်၊ လူပြုလူကျင့်၊ ရှင်နှင့်မတော်၊ ပစ္စည်းမျှော်၍၊ မလျော်လျောက်ပတ်၊ မြေကြန်တတ်က၊ နက္ခတ်ပညာ၊ စေပါဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရစ္ဆာဖြင့်၊ ငုံ့စားမော်စား၊ အမြော်စားနှင့်၊ ထောင့်စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုးလေးဖြာ၊ မိစ္ဆာဇီဝ၊ နေသနလည်း၊ စိတ်မှတရံ၊ အကြံမဆန်း၊ မှဲ့မစွန်းတည့်။ (မဃဒေဝ။ ၄၂၅)
(သာရိပုတ္တသံယုတ်။ သုစိမုခီသုတ်၊ သံ၊ ဋ္ဌ။ ၃။ ၃၁၈-၃၁၉)

မြေယာအတတ်ဖြင့် အသက်မွေးသူက ငုံ့စား၊
နက္ခတ်ပညာဖြင့် အသက်မွေးသူက မော်စား၊
ပေးနိုးကျွေးနိုး မျှော်ကိုးပြီး အစေခံလုပ်သူက မျှော်စား၊
အင်္ဂရုပ်ကြည့်ဟောတာတို့ ဗေဒင်ဟောစားတာတို့က ထောင့်စား (ဒေါင့်စား)၊
ဘုန်းကံကိုထူးထောင်တဲ့နေရာမှာပဲဖြစ်ဖြစ် ပစ္စည်းလေးပါးရှာဖွေတဲ့နေရာမှာပဲဖြစ်ဖြစ် ဒီလေးမျိုးနဲ့ စီးပွားဖြစ်ရင် မိစ္ဆာအာဇီဝပဲ။ ရဟန်းဆိုးပဲ။ ဘုရားမကြိုက် ကဲ့ရဲ့ထိုက်သူပဲ။

နာမည်ကြီးချင်တာလည်း ပါပိစ္ဆ(အလိုဆိုး)ပဲ။
ဘုန်းကံကြီးချင်တာလည်း ပါပိစ္ဆပဲ။
ထင်ပေါ်ကျော်ကြားချင်တာလည်း ပါပိစ္ဆပဲ။
လာဘ်ဘာဘပေါများချင်တာလည်း ပါပိစ္ဆပဲ။
ဘွဲ့တံဆိပ်တွေ မက်မောတာလည်း ပါပိစ္ဆပဲ။
နေရာလိုချင်တာလည်း ပါပိစ္ဆပဲ။
ရာထူးဌာနန္တရ ကြီးမားချင်တာလည်း ပါပိစ္ဆပဲ။
ပါပိစ္ဆ (အလိုဆိုး) အားကြီးလေ အရှက်မဲ့လေပဲ။
အလိုဆိုးနှိပ်စက်ခံရသူတွေကို ဣစ္ဆာပကတလို့ ခေါ်တယ်။
အလိုဆိုးနှိပ်စက်ခံရလို့ ရှက်ရကောင်းမှန်းမသိကြတော့ဘဲ မရူးဘဲ အရူးလိုကျင့်တတ်လာကြတယ်။ ရူးချင်ယောင် ဆောင်လာတတ်ကြတယ်။
သံဃာအချင်းချင်းလည်း သွေးခွဲစကားတွေ ပြောတတ်လာကြတယ်။
ကချေသည်တွေလိုပဲ အရှက်မဲ့စွာ ပြုမူလာတတ်ကြတယ်။
ဗရမ်းဗတာတွေပြော ဘလောင်းဘလဲတွေလည်း လုပ်လာတတ်ကြတယ်။
အားလုံးဟာ ရဟန်းနဲ့မတူတော့ဘူး။ ရှက်ကြောပြတ် ဆဗ္ဗဂ္ဂီရဟန်းဆိုးတွေလို ဖြစ်လာတ်ကြတော့တယ်။
အလိုဆိုးနှိပ်စက်ခံရသူရဲ့သန္တာန်မှာ တရားမရှိတော့လို့ သိက္ခာပုဒ်တွေလည်း ဂရုမစိုက်ကြတော့ဘူး။ ပတ်ဝန်းကျင်ကိုလည်း ထည့်မတွက်ကြတော့ဘူး။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတဲ့ အစားထဲ ရောက်သွားပြီး ထင်ရာစိုင်းတတ်ကြတော့တယ်။

ညောင်သုံးပင်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းပြီး ဘုန်းကံထူးထောင်ခဲ့သူပါ။ အခုလည်း အတိုင်ပင်ခံကို ပင့်ဖိတ်ပြီး အရင်လိုပဲ ဘုန်းကံပြန်ထူထောင်နေပါပြီ။ ပင့်တာဖိတ်တာ အပြစ်မမြင်ပါ။ ဘုရားကျောင်းကန်နှင့် ရင်းနီးအောင် လုပ်ပေးတာ သာဓုတောင် ခေါ်ရမှာပါ။ ဒါပေမဲ့ ရဟန်းပီပီ သမဏသညာလေးတော့ ရှိစေချင်တယ်။ ရဟန်းမာန ရဟန်းသိက္ခာလေးတော့ မွေးစေ ထားစေချင်ပါတယ်။
အောက်ကျို့ပေါင်းတာလည်း မကောင်းပါဘူး။
မြှောက်ပင့်စားတာလည်း မကောင်းပါဘူး။
ဖားတာ ကြွားတာလည်း မကောင်းပါဘူး။
စာသင်တိုက်ကြီးတစ်ခုရဲ့ အဓိပတိ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့အစည်းကြီးရဲ့ အတွင်းရေးမှူးတစ်ပါးအနေနဲ့ လူရိုသေ ရှင်ရိုသေ သိက္ခာလေးတော့ ရှိစေချင်တာ ရင်ထဲကဆန္ဒအမှန်ပါ။

မူဠှေသု လဘတေ လာဘံ – ဘုရားမကြိုက်တဲ့ နည်းလမ်းတွေနဲ့ အရှက်မဲ့စွာ စီးပွားရှာနေသူတွေဟာ မသိနားမလည်သူတွေဆီကပဲ ရှာလို့ရနိုင်ပါတယ်။ သိနားလည်သူတွေကတော့ တာ့တာပေါ့။
ဧသာဝ ဇီဝိတာ သေယျော၊ ယာစာဓမ္မေန ဧသနာ – မတရားတဲ့နည်းနဲ့ စီးပွားရှာမယ့်အစား တောင်းစားတာကမှ မြတ်ဦးမယ်။
ဘုရားသားတော်တိုင်း ဒီလိုခံယူချက်မျိုးပဲ ထားသင့်တာပါ။

ဘာလို့အောက်ကျို့ကြတာလဲ၊ ဆွမ်းငတ်သေမှာစိုးလို့ အောက်ကျို့ကြတာလား၊
ဘာလို့ မြှောက်ပင့်ပေါင်းစားနေကြတာလဲ၊ စားပေါက်ချောင်မှာမို့ မြှောက်ပေါင်းနေကြတာလား၊
ဘာလို့ ကြွားဝါချင်ကြတာလဲ၊ ကြွားဝါသူကို အထင်ကြီးကြတဲ့ လူတန်းစားထဲမှာ သူတော်ကောင်းတွေ ပါလို့လား၊
ဘာလို့ အဓမ္မနည်းနဲ့ စီးပွားရှာနေကြတာလဲ၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်အကြောင်း သင်မထားကြလို့လား၊
ဘာလို့ မိစ္ဆာအာဇီဝနဲ့ ချမ်းသာချင်နေကြတာလဲ၊ ရဟန်းဘဝရဲ့ အနှစ်သာရက ကြီးပွားချမ်းသာဟုတ်ရဲ့လား။

ညောင်သုံးပင်ဆရာတော်ဘုရား အသက်အရွယ်လည်း ရနေပါပြီ။ မဟနအတွင်းရေးမှူးလည်း ဖြစ်နေပါပြီ။ သတိတရားလေးလည်း ကပ်ပြီး အသိတရားလေးနဲ့ ရပ်တည်ရမည့်အချိန် ကျရောက်နေပါပြီဘုရား။ စာသင်သားလေးမဟုတ်တော့ပါဘူး။ကျောင်းထိုင်ပေါက်စလည်း မဟုတ်တော့ပါဘူး။အစစအရရာရာ ဆင်ဆင်ခြင်ခြင်ပြုမူရမည့် အဆင့်အတန်းတစ်ခုထဲ သက်ရောက်နေပါပြီ။
ဒါကြောင့် – ဝယ်ယူထားတဲ့ ဒေါက်တာဘွဲ့ကြီးလည်း အထင်တကြီး တပ်မနေပါတော့နဲ့ဘုရား။
ဘိဝံသဘွဲ့မရဘဲ ဘိဝံသတပ်ခဲ့တာတွေလည်း စွန့်လွှတ်လိုက်ပါတော့ဘုရား။
လာဘ်မျှော် ပေးကမ်းတာတွေ၊ မျှော်စား ဟောက်စား ခြောက်စား မြှောက်စားတာတွေနဲ့ သာသနာပြုနေတာကိုလည်း ပြန်သုံးသပ်ကြည့်ပါတော့ဘုရား။
အရှင်ဘုရားရဲ့ တပည့်သာဝက အရှင်ဇဝနရဲ့ ဒေါက်တာဘွဲ့ကိုလည်း ပြန်လေ့လာပါဦးဘုရား။ အရှင်ဇဝနရဲ့ အပြုအမူ အနေအထိုင်တွေကိုလည်း ဘုရားအလိုတော်ကျဖြစ်အောင် ဆုံးမပြုပြင်ပေးပါဦးဘုရား။
အရှင်ဘုရားကိုယ်တိုင်လည်း မင်းဆရာပီပီ မကောင်းမြစ်တာ ကောင်းရာညွှန်လစ် အသစ်ဟောကြူ း နာဖူးထပ်မံ နတ်ထံတင်ရာ မေတ္တာလည်းပြု ရဟန်းမှု ပြုကလွန်သေချာဆိုတဲ့ ရဟန်းကျင့်ဝတ်နှင့်အညီ အစိုးရအစဉ်အဆက်ကို တရားဓမ္မများဖြင့် ဆုံးမလမ်းညွှန်တော်မူပါဦးဘုရား။

နောက်ဆုံးအနေနဲ့ လျှောက်ထားရရင်
နိဂြောဓသာမဏေလေးလောက် တင့်တင့်တယ်တယ် မနေနိုင် မထိုင်နိုင်ရင်တောင် အစေခံမကြီး ခုဇ္ဇုတ္တရာလောက်တော့ ဓမ္မကို တန်ဖိုးထား ဘဝကို လေးစားစေချင်ပါတယ်ဘုရား။

ညီမောင်
ဝီရသူ(မစိုးရိမ်)
11.11.2019
PM-5:11