သတင်း

“မျက်စိမှုံခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိမှုံခြင်းနှင့် ရွှေမျက်စဉ်း”
=================
ရွှေမျက်စဉ်းသည် မျက်စိမှုံခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။

သွေးလေမညီညွတ်၍ဖြစ်စေ၊ မျက်စိကျန်းမာရေးမလိုက်စား၍ဖြစ်စေ၊ မျက်စိသန့်ရှင်းမှု မရှိ၍ဖြစ်စေ၊ အရွယ်အိုမင်း၍ဖြစ်စေ မျက်စိများ မှုံလာတတ်ပါသည်။ ဝေဝါး မှုံရီကာ အမြင်မကြည်လင် မရှင်းလင်းတော့ပါ။ ရွှေမျက်စဉ်းသည် မျက်စိကို ရေချိုသန့်စင်ပေးသကဲ့သို့ပင် ဆေးကြောသန့်စင် ပေးတတ်ပါသည်။ ထိုအခါ မျက်ကြည်လွှာမျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများ လွင့်စင်သွား တတ်ကြပါသည်။ ရွှေမျက်စဉ်းက မျက်စိကို ညတွင်းချင်း သန့်စင်ပေးလိုက်သဖြင့် အိပ်ရာနိုးသည့်အခါ မျက်ဝတ်များ ထူထဲစွာ ထွက်နေသဖြင့် မီးသီးကိုကြည့်လျှင် မီးသီးနှစ်လုံး သုံးလုံး ဖြစ်နေခြင်း၊ မီးသီးကို သက်တံရောင်များ စက်ဝိုင်းသဖွယ် ကာရံထားခြင်းများပင် ဖြစ်နေတတ်ပါသည်။ မျက်နှာသစ်ပြီးသည်မှစ၍ အမြင်ရှင်းသွားပြီး တစ်နေကုန် ကြည်လင်လန်းဆန်းကာ စိတ်ပါရွှင်ပျ နေတတ်ပါသည်။

နောင်ချိုမြို့နယ်၊ သံဘိုအုပ်စု၊ ရွာသစ်ရွာနေ အဘဦးစိုင်းကျော်သည် အသက် ၈၀ကျော်အရွယ်ရှိပါပြီ။ ဘယ်ဘက်မျက်စိတစ်ဖက် တိမ်ကျ၍ မှုံနေသည်မှာ မမြင်ရတော့သလောက်ပင် ဖြစ်ပါသည်။ ပြင်ဦးလွင်သို့တက်၍ ဆေးခန်းပြရာ မျက်မှန်တပ်ဆင်ခဲ့ရပါသည်။ မျက်မှန်ပါဝါသည် လစဉ် တိုးနေ၍ လစဉ်တက်ပြီး ပါဝါလဲ မှန်လဲနေရပါသည်။ အဝေးကြည့်မျက်မှန် ပါဝါ ၃၅၀နှင့် အနီးကြည့်မျက်မှန် ပါဝါ ၇၀၀ တပ်ဆင်ရသည်အထိ မျက်စိအားနည်းခဲ့ပါသည်။ ငွေကြေးကုန်ကျမှုလည်း များပါသည်။ တစ်နေ့သော် ရွာသားတစ်ဦးက ညွှန်ပြ၍ ရွှေမျက်စဉ်းခတ်ကြည့်ပါသည်။ မှုံသောမျက်စိတစ်ဖက်တည်းကိုသာ အမြဲခတ်ခြင်း ဖြစ်ပါသည်။ ၂၀စီစီ မျက်စဉ်းနှစ်ဘူးကုန်သည့်အခါ အဝေးကြည့်မျက်မှန်လွတ်သွားသည့်အပြင် ကောင်းနေသောမျက်စိတစ်ဖက်ထက် ပို၍အမြင်အားကောင်းနေပါတော့သည်။ ယခုအခါ အဘဦးစိုင်းကျော်သည် မျက်စိနှစ်ဖက်လုံး မျက်စဉ်းခတ်နေလေတော့၏။ အနီးကြည့် ပါဝါ ၇၀၀မျက်မှန် တပ်ဆင်ထားရသည်မှာလည်း ရွှေမျက်စဉ်းခတ်လျှင် တဖြည်းဖြည်း လျော့ကျလာလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် ပုံမှန်မှီဝဲနေခြင်း ဖြစ်ပါသည်။

ရွှေမျက်စဉ်းသည် တိမ်ကျ၍ မှုံသည်ဖြစ်စေ၊ အပူအောင်း၍ မှုံသည်ဖြစ်စေ၊ အညစ်အကြေးများ၍ မှုံသည်ဖြစ်စေ မျက်ကြည်လွှာပေါ်မှာရှိသော အညစ်အကြေးမှန်သမျှကို သန့်စင်ပေးခြင်း၊ အပူထုတ်ပေးခြင်း၊ တိမ်များကို ဖယ်ရှားပေးခြင်း အလုပ်ကို လုပ်တတ်ပါသည်။

တိမ်ကျရောရသော်လည်း အခက်အခဲတစ်ခုခုကြောင့် ခွဲစိတ်ရန် အခွင့်အရေးမပေးသော လူနာများသည် ရွှေမျက်စဉ်းကို အမြဲမှီဝဲသင့်ပါသည်။
ထိုသို့ မျက်စိမှုံနေရာမှ ရွှေမျက်စဉ်းတန်ခိုးကြောင့် မျက်စိပြန်လည်ကြည်လင်ခြင်းများတွင် အသက်အရွယ်ရသူများက အရေအတွက် ပိုပါသည်။

ရှမ်းမြောက် တန့်ယန်းမြို့နယ် မိုင်းပတ်အုပ်စု ခေးနိမ်းကျေးရွာနေ အဖွား ဒေါ်မန် ၈၇ နှစ်သည် မျက်စိနှစ်ဖက်လုံးမှုံသည့် ရောဂါရှိပါသည်။ တစ်နေ့သော် ရွှေမျက်စဉ်းလက်ဆောင်ရသဖြင့် ခတ်ကြည့်ရာ အမြင်ပိုမိုကြည်လင်ပြီး ကြည့်၍ကောင်းလာသည်ဟုဆိုပါသည်။

တစ်နေ့ ၃ကြိမ် နှစ်ရက်ဆက်ခတ်ရာ ဘယ်ဘက်မျက်စိ မှုံတာ အလျင်းပျောက်ကင်းပြီး ညာဘက်မျက်စိ(ကလေးလက်ထိုးမိထားတဲ့ ဒဏ်ရှိထား)မှုံတာ သက်သာလာကြောင်း ပြောပါသည်။

သုံးလေးဘူးလောက် ဆက်တိုက်ခတ်ရရင် ဒဏ်ရှိတဲ့တစ်ဖက်လည်း အလျင်းပျောက်မမည်ဟု ယုံကြည်ကြောင်း ပြောပါသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ သပြေကန်ကျေးရွာနေ ဒေါ်ယမင်းဦးသည် အမြင်အာရုံဝေဝါးခြင်း၊ မျက်ဝတ်ထွက်ခြင်းရောဂါများ မကြာခဏခံစားနေရသူ ဖြစ်ပါသည်။

ရွှေမျက်စဉ်းခတ်ရာမှ ယခုအခါ အကောင်းပကတိနီးပါး ပျောက်ကင်းသွားသည်ကို တွေ့ရှိရပါသည်။

နေပြည်တော် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီး၌ ချက်ပြုတ်ရေး ဝေယျာဝစ္စပြုလုပ်သူ အမျိုးသမီးတစ်ဦးသည် မျက်စိအားနည်းသဖြင့် မျက်မှန်ပါဝါ ၂၅၀ တပ်ထားရပေသည်။ အိမ်နောက်ဖေး တောင်တန်း(ပဲခူးရိုးမ)ကြီးကိုပင် မမြင်ဟု ဆိုပါသည်။ တရားနာလျှင်လည်း တရားဟောဆရာတော်နှင့် ပလ္လင်တော်ကို မမြင်ရဟု ဆိုပါသည်။

ထိုအမျိုးသမီးသည် ရွှေမျက်စဉ်းလက်ဆောင်ရသဖြင့် ခတ်ကြည့်ရာ တစ်ဘူးမကုန်ခင်ပင် စက္ခုအမြင် ပြန်လည်ရရှိသွားပေသည်။ တောင်ရိုးတောင်တန်းကြီးကို ပြန်လည်မြင်နိုင်ပြီး စာကြည့်လျှင်လည်း စာလုံးသေးသေးလေးများကိုပင် မြင်နိုင်ဖတ်နိုင်သည်ဟု ဆိုပါသည်။ မျက်မှန်လည်း မတပ်ရတော့ပါ။
နေပြည်တော်လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာနေ အဖွားဒေါ်ဆန်းတင်(၇၈) နှစ်သည် မျက်စိမှုံနေသဖြင့် ထိုင်နေသည့် လူများကိုပင် တိုက်မိ နင်းမိ သွားတတ်ပေသည်။ အောင်းကုန်းရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးဆရာတော်က ရွှေမျက်စဉ်းတစ်ဘူးပေးသဖြင့် ခတ်ကြည့်ရာ အမြင်အာရုံ ပြန်လည်ရရှိလာခဲ့ပါသည်။ ရွှေမျက်စဉ်းတစ်ဘူးကုန်သည့်အခါ၌ကား အနီးနားရှိလူများကိုမဆိုထားဘိ ကိုက်ငါးဆယ်အကွာမှာရှိသော လူများကိုပင် မြင်လာပါတော့သည်။ ဂျာနယ်လ်များကိုလည်း မျက်မှန်မပါဘဲ ဖတ်နိုင်လာပါသည်။

၎င်း၏သားဖြစ်သူ ကိုတိုးက အောင်းကုန်းဆရာတော်၊ ရွှေမျက်စဉ်းဆရာတော်တို့အား သံဃာ့ဂုဏ်ကို ရည်မှန်းကာ အမြဲရှိခိုးနေလေ၏။ရွှေမျက်စဉ်း နှစ်ဘူးရရှိရာတွင် တစ်ဘူးကို အခြားသို့ လှူဒါန်းလိုက်သဖြင့် တစ်ဘူးသာကျန်ပါတော့သည်။ ထပ်မံရရှိလိုသေးကြောင်း သားဖြစ်သူကိုတိုးက အောင်းကုန်းဆရာတော်အား လျှောက်ထားလာသည်ကား “ဟိုနေ့က အရှင်ဘုရားပေးလိုက်တဲ့ မျက်စဉ်းနှစ်ဘူးက အခြားသူကို တပည့်တော် တစ်ဆင့် ကုသိုလ်ယူ လှူလိုက်ပါပြီဘုရား။ ထပ်ရနိုင်ရင် တပည့်တော်ကို စွန့်ပါဦးဘုရား” ဟူသတည်း။

(ဤအကြောင်းကို အောင်းကုန်းဆရာတော်၏ ဖေ့စ်ဘုတ်၌ အဖွားဒေါ်ဆန်းတင်၏ ဓာတ်ပုံနှင့်အတူ တင်ပြထားပါသည်။)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ့်မွန်းမြို့နေ အဖွားဒေါ်မြိုင် (၈၂) နှစ်သည် မျက်စိတစ်ဖက် မှုံနေသဖြင့် လူများကို တိုက်မိနင်းမိသည်ဆို၏။ အဖွား၏ အာရုံထဲတွင် မျက်စိကို အဖြူရောင်မိုးကာစနှင့် ကာထားသလို အဖြူထည်ကြီးသာ မြင်နေရပြီး အခြားမည်သည့်အရာဝတ္ထုကိုမှ မမြင်ဟု ဆိုပါသည်။

တစ်နေ့သောအခါ မြေးဖြစ်သူ ဒေါ်ဝင်းငွေက ရွှေမျက်စဉ်းလက်ဆောင်ပေးကာ ခတ်ဖြစ်အောင်ခတ်ဖို့ တိုက်တွန်းခဲ့ပေသည်။ တစ်ဘူးမကုန်ခင်ပင် ပြန်လည်ကောင်းမွန်လာကာ အစစအရာရာကို ကြည့်နိုင် မြင်နိုင်ပြီဟု ဆိုပါသည်။

မြေးဖြစ်သူ ဒေါ်ဝင်းငွေက ရွှေမျက်စဉ်းလက်ဆောင်ပေးသော ဆရာတော်နှင့် တပည့်များကို အဖွားကိုယ်စား ကျေးဇူးတင်ကြောင်း သူမ၏ဖေ့စ်ဘုတ်၌ အဖွားဒေါ်မြိုင်၏ ဓာတ်ပုံနှင့်တကွ ရေƟ