(၅)
ကမ္ဘာကြီးနဲ့ လူ့အခွင့်အရေးဝါဒီတွေ၊ ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံ တွေ ပြောကြတာကတော့ လူနည်းစုက မွတ်ဆလင်(ဘင်္ဂါလီ)၊ လူများစုက ရခိုင်(ဗုဒ္ဓဘာသာ)တွေဖြစ်ပြီး ရခိုင်ပြည်မြောက်ပိုင်းမှာ ရိုဟင်ဂျာ(လူမျိုး လိမ်)တွေကို မြန်မာ့တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ လုပ်နေကြ တယ်ဆိုတဲ့ စွပ်စွဲ၊ တိုက်ခိုက်၊ အနိုင်ကျင့်၊ ဖိအားပေးမှုတွေပါ။
တကယ်တမ်း တကယ့်လက်တွေ့ မြေပြင်အနေအထားမှာကျ ဘူးသီး တောင်၊ မောင်တောနယ်မှာ လူနည်းစု အကြမ်းဖက်ခံတွေဆိုတာ ဒေသခံ ရခိုင်တွေဖြစ်နေပြီး လူများစု အကြမ်းဖက်သမားတွေကတော့
ဘင်္ဂါလီတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။
အငူမော်ကနေ ရသေ့တောင်ဘက်ကို တိုးထွက်သွားပြီဆိုတာနဲ့ ဆင်ပိုက်၊ အောင်ဗလ၊ ချိန်ခါလိန်၊ ကိုးတန်ကောက်အစရှိတဲ့ ရွာတွေ တစ်ရွာ ပြီးတစ်ရွာ ဖြတ်သွားရသလို တပ်ဖွဲ့ဝင် အင်အားအနည်းငယ်သာရှိတဲ့ ရဲကင်းစခန်းငယ် တချို့တို့ကိုလည်း ရသေ့ တောင်-မောင်တော လမ်းကြောတစ်လျှောက် တွေ့ရပါတယ်။
တပ်စခန်း တွေဝင်စီးခံခဲ့ရတဲ့အချိန်တုန်းက ရခိုင်ရွာတွေမှာရှိတဲ့ ဒေသခံနဲ့ တကယ့်လူ နည်းစုဟိန္ဒူတွေကို ဘင်္ဂါလီတွေက ခြိမ်းခြောက်၊ သတ်ဖြတ်မှုတွေရှိခဲ့ပြီး ရဲကင်းစခန်းရှိရာ အချိန်မီထွက်ပြေး နိုင်ခဲ့လို့ အသက်ချမ်းသာရာရတဲ့ ဟိန္ဒူ မိသားစုဝင်တချို့ကိုလည်း တွေ့ခဲ့ရပါ တယ်။
အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကွဲမှုအဖွဲ့၊ အင်းဒင်စခန်းရှိတဲ့ အင်းဒင် ရွာကို ရောက်တဲ့အချိန်မှာ တခြားရွာကနေ ထွက်ပြေးလာတဲ့ ဟိန္ဒူအိမ် ထောင်စု ၉ စုရဲ့ မိသားစုဝင်တွေကို တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန်တုန်းက ဘင်္ဂါလီကုလားတွေက သူတို့(ဟိန္ဒူတွေ)ကို အ ပြင်မထွက်ဖို့နဲ့၊ ဟိုသတင်းဒီသတင်းတွေ မပြောဖို့၊ ပြောရင် သတ်ပစ်မယ် လို့ ကြိမ်းမောင်းခြိမ်းခြောက်တာကြောင့် အင်းဒင်ရဲကင်းစခန်းရှိရာဆီ မနည်းလွတ်အောင် ထွက်ပြေးလာခဲ့ရကြောင်း၊ အင်းဒင်ကို ရောက်လို့သာ သူတို့မိသားစုဝင်တွေ ခုလို အသက်ရှင် ခဲ့ရကြောင်း ဟိန္ဒူလူမျိုး ကိုရွှေမောင် က ရှင်းပြပြီး ဒကုလားရှိရင် မနေရဲဘူးဒ လို့လည်း သူ့ရဲ့အကြောက်တရားကို ရင်ဖွင့်ပါတယ်။
၂ဝ၁၇ ခု၊ အောက်တိုဘာ ၁ ရက်နေ့၊ မောင်တောမြို့ကနေ ကြိမ် ချောင်းရွာကို ရောက်တဲ့အချိန်မှာတော့ ဘင်္ဂါလီကုလားတွေ ဓားနဲ့ဝိုင်းခုတ်လို့ ဒဏ်ရာဒဏ်ချက်တွေကြားထဲက အသက်ပြန်ရှင်လာတဲ့ လူနည်းစု မြိုတိုင်း ရင်းသားအမျိုးသားတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရပြန်ပါတယ်။
သြဂုတ် ၂၅ ရက်နေ့၊ နယ်ခြားစောင့်တပ်စခန်းတွေ ဝင်စီးခံခဲ့ရပြီးတဲ့ နောက် ဘင်္ဂါလီကုလားတွေက အင်အား ၇ဝဝ လောက်နဲ့ ခုံတိုင်မြိုရွာကို ဝင်ရောက်မီးရှို့ပြီး ကိုနေအောင်လို့ခေါ်တဲ့ မြိုတိုင်းရင်းသားတစ်ဦးကိုလည်း ဓားနဲ့ ဝိုင်းခုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြိုလူမျိုး ကိုနေအောင်ဟာ သြဂုတ် ၂၈ ရက်နေ့မှာ ဘင်္ဂါလီတွေရဲ့ ဓားနဲ့ခုတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ညာ ဘက်လက်မောင်း၊ တံတောင်ဆစ်နဲ့ ကြောတွေမှာ ဓားဒဏ်ရာတွေကို ရခဲ့ တာပါ။ ကိုနေအောင်ကို တပ်မတော် တာဝန်ရှိသူတွေက ဘူးသီးတောင် ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနိုင်ခဲ့တာကြောင့် အသက်ရှင်ခဲ့ တယ်လို့ သိရပေမဲ့ ဘင်္ဂါလီကုလားတွေ ဝင်ရောက်မီးရှို့ခဲ့ကြတဲ့ ခုံတိုင်မြို ရွာမှာတော့ မြိုလူမျိုးတွေ ဆက်ပြီးမ နေရဲကြတော့ပါဘူး။ ရဲကင်းစခန်းရှိတဲ့ ကြိမ်ချောင်းရွာမှာပဲ လူနည်းစုမြိုလူမျိုးတွေ ပြောင်းရွှေ့နေထိုင်နေတာ တွေ့ ခဲ့ရပါတယ်။ (ခုတော့ ခုံတိုင်ရွာမှာ အိမ်တွေ ပြန်ဆောက်ပေးနေပြီဆိုတဲ့သ တင်း ကြားရပါတယ်)။
ရခိုင်ပြည်မြောက်ပိုင်းမှာ ရခိုင်၊ ဟိန္ဒူ၊ မြိုစတဲ့ ဒေသခံတိုင်းရင်းသား တွေရဲ့ဘဝဟာ နေ့စဉ်နဲ့အမျှဆိုသလို စိတ်မလုံခြုံမှုတွေ၊ စိုးရိမ်ချောက်ချားမှု တွေနဲ့ ရှင်သန်နေရတာပါလားလို့ပဲ တွေးမိလိုက်ပါတော့တယ်။
(၆)
ဒီနေရာမှာ ဘင်္ဂါလီလူမျိုးတွေ တစ်စထက်တစ်စ တိုးပွားလာတဲ့ ရခိုင် မြောက်ပိုင်းမှာ ဟိုအရင်တုန်းကရော ဒီဘင်္ဂါလီတွေနဲ့ ရခိုင်တွေနဲ့ ရောနှော ပြီးနေခဲ့ကြတာပဲ အကြမ်းဖက်တိုက် ခိုက်မှုတွေ မကြာခဏ ဖြစ်ခဲ့လို့လား၊ ဘူးသီးတောင်၊ မောင်တောဒေသတစ်လျှောက် ရွာစဉ်တွေမှာ နေထိုင် ကြတဲ့ ဘင်္ဂါလီတွေအကုန်လုံးက အ ကြမ်းဖက်တွေ ဖြစ်နေလို့လားဆိုပြီး မေးစရာတစ်ခုရှိပါတယ်။
ခုနောက်ပိုင်းမှာ တစ်ဘက်နဲ့တစ်ဘက် မယုံကြည်မှုသံသယတွေ၊ စိတ်မလုံခြုံမှုတွေ ပိုတိုးလာခဲ့တဲ့အကြောင်းရင်းကတော့ အကြမ်းဖက်သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်မှု၊ မော်လဝီဆရာတွေရဲ့ စည်းရုံးသိမ်းသွင်းမှုနဲ့ အချိန်ကြာလာတာနဲ့အမျှ ဘင်္ဂါလီတွေကိုယ်တိုင်က ရခိုင်မြေကို သူတို့မြေအဖြစ် အပိုင်သိမ်းလိုမှုတွေ ကြောင့်လို့ ဒေသခံတိုင်းရင်းသားတွေက သူတို့အမြင်ကို ရှင်းပြကြပါတယ်။
လူဦးရေပေါက်ကွဲမှုဖြစ်ပေါ်နေပြီး သူ့လူဦးရေနဲ့ ညီမျှလုံလောက်တဲ့ စိုက်ပျိုးမြေဧရိယာ ရှားပါးလှတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့စာလိုက်ရင် ရခိုင်ပြည်နယ်မှာ စပါးပဲစိုက်စိုက်၊ ဘာပဲစိုက်စိုက်၊ ရေလုပ်ငန်းပဲလုပ်လုပ် စားဝတ်နေရေးအတွက် အလွယ်တကူ လုပ်ကိုင်စားသောက်လို့ ရပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်တိုင်းရင်းသားစစ်စစ် မဟုတ်တဲ့ ဘင်္ဂါလီတွေက ရခိုင်မြေမှာ အဆင်ပြေစွာလုပ်ကိုင်စားသောက်ပြီး အချိန်ကြာလာတာနဲ့အမျှ ဒီရေဒီမြေ ဒီလယ် ဒီနွားတွေကို သူတို့ချည်းပဲ အပိုင်စီးချင်လာကြတယ်။ ဒီအတွက် တချို့ ဘင်္ဂါလီကုလား လူဦးရေများ ပြားတဲ့ ရွာတွေမှာ လူနည်းစု ရခိုင်တွေ ဆက်မနေနိုင်အောင် အမျိုးမျိုး နှောင့်ယှက်ဖျက်ဆီးမှုတွေ လုပ်လာကြပါတယ်။
အကြမ်းဖက် ခေါင်းဆောင်တွေက မေယုတောင်တန်းပေါ်မှာ အကြမ်း ဖက်သင်တန်းတွေပေးပြီး ကုလားရွာတွေက ဘင်္ဂါလီတွေကို အကြမ်းဖက် သင်တန်းတက်ဖို့ ဖိအားပေးကြတယ်၊ တကယ်လို့ မတက်ဘူးဆိုရင် ခြိမ်း ခြောက်သတ်ဖြတ်မှုတွေ လုပ်တယ်။ တစ်ဘက်မှာကျတော့လည်း မော်လဝီ ဆရာတွေကိုယ်တိုင်က အကြမ်းဖက်ခေါင်းဆောင်တွေအလိုကျ အကြမ်း ဖက်သင်တန်းတွေ တက်ရောက်ဖို့ ရွာသားတွေကို စည်းရုံးပေးပြီး နယ်မြေ သိမ်းစီမံချက်တွေ လုပ်ဆောင်ဖို့ နှိုးဆော်လာပါတယ်။ ဒီအချိန်မှာ ဒီနိုင်ငံ မှာမရှိတဲ့ လူမျိုးလိမ်(ရိုဟင်ဂျာ)အရေးအတွက် နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ပါ ပေါင်းလိုက်တဲ့အခါ ဘင်္ဂါလီအကြမ်းဖက်တွေရဲ့ လှုပ်ရှားမှုတွေ ခိုင်မာ အားကောင်းလာပြီး ဒေသခံရခိုင်တွေအတွက် စိုးရိမ်ကြောင့်ကြမှုတွေ၊ အ သက်အန္တရာယ် မလုံခြုံမှုတွေ ဖြစ်လာကြရတော့တာပါပဲ။
ဒအဓိကက (အကြမ်းဖက်သမား တွေနဲ့) ချိတ်မိသွားတာလည်း
တစ်ချက်ပေါ့။ နောက်ပြီး အင်အားများလာတဲ့အခါကျတော့ ရေကိုမြေကို ပိုင်ချင်လာတယ်။ တခြားနိုင်ငံတွေမှာလည်း ရှိခဲ့တာပဲ။ တိုင်းရင်းသားတွေကို ကျော်ပြီးတော့ မွတ်ဆလင်နိုင်ငံဖြစ်အောင် လုပ်သွားတယ်။ ဒီစခန်းတွေကို ဝင်ပြီးတော့ တိုက်တယ်ဆိုကတည်းက ဒီမှာရှိတဲ့ တိုင်းရင်းသားတွေကို ဘာမှ မမှုတော့ဘူး။ အဲဒီစခန်းတွေ ကျသွား လို့ရှိရင် ဒီမှာရှိတဲ့ ကိုယ့်တိုင်းရင်းသားတွေက ခွေးပြေးဝက်ပြေး
အလိုလို ပျောက်သွားလိမ့်မယ်ဆိုတဲ့သဘောပေါ့။
သူတို့ စလုပ်တဲ့နေ့က တပည့်တော်တို့ကျောင်းကို တပ်ရင်းတစ်ရင်း ရောက်လာလို့။ မဟုတ်ဘူးဆိုရင် ဒီကျောင်းလည်း ပါမှာ။ ပထမတစ်ကြိမ် တုန်းကလည်း ဒီကျောင်းက နာမည်ထွက်သွားတာပဲ။ ဒုတိယတစ်ကြိမ်ကျ တော့လည်း တပ်ရင်းတစ်ရင်းကရောက်လာတဲ့အခါကျတော့ အချိတ်အဆက်မိသွားလို့ သူတို့(အကြမ်းဖက်တွေ) ဘာမှ မလုပ်တော့ဘူး။ အဲဒီလို လုပ်မရတဲ့အခါကျတော့ သူတို့(ဘင်္ဂါလီအကြမ်းဖက်သမားတွေ)က ဘာလုပ်လဲဆိုတော့ မိုင်းတွေထောင်တာ။ မိုင်းထောင်တာ ဟိုထောင့်ကွေ့လေး(ကြိမ်ချောင်းရွာအဝင်အနီး)မှာ ထောင်တယ်။ နောက် ပြီး အနောက်ကွင်းနားလေးမှာ ထောင်တယ်။ နောက်ပြီး ဆေးရုံရှေ့တံခါး ပေါက်ရှေ့တည့်တည့်မှာ ထောင်တာ။
သူတို့က အကွက်ချပြီးတော့ လုပ်တာ လေ။
လောင်းဒုံမှာ (အကြမ်းဖက်တိုက်ခိုက်မှု) ဖြစ်တယ်၊ လောင်းဒုံမှာဖြစ်ရင် ဒီကအဖွဲ့ လိုက်မှာပေါ့။ လိုက်လို့ရှိရင် ဟိုနားအထွက်မှာ မိုင်းပေါက်မယ်။ မိုင်းပေါက်လို့ရှိရင် သူတို့ ဆေးရုံကိုသွား မယ်။ ဆေးရုံမှာ ထပ်ပေါက်မယ်။ အဲလို အချက်အချာ၊ အချိတ်အဆက်နဲ့ လုပ်တာ၊ သူတို့။ တော်တော်ဥာဏ်များတာ။
တပည့်တော်တို့ ကျောင်းတောင် ကံကောင်းလို့ဒလို့ ကြိမ်ချောင်းရွာ ကျောင်းထိုင်ဆရာတော်က ကျွန်တော်တို့အဖွဲ့ကို ဦးဆောင်စီစဉ်လာတဲ့
ဆရာတော်များကို အကြောင်းစုံရှင်းပြခဲ့ ပါတယ်။
၂ဝ၁၆ အောက်တိုဘာ ၉၊ ဘင်္ဂါလီအကြမ်းဖက်မှုနောက်ပိုင်း၊
၂ဝ၁၇ သြဂုတ် ၂၅ အကြမ်းဖက်မှုနောက်ပိုင်း ရခိုင်ပြည်မြောက်ပိုင်းမှာ ဒေသခံရခိုင်တွေနဲ့ ဘင်္ဂါလီတွေ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတဲ့စကား ဖြစ်နိုင်၊ မဖြစ်နိုင် အားလုံးကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်စေချင်တာပါ။ တကယ်လို့ ဒီရွာတွေမှာ ဘင်္ဂါလီတွေနဲ့ ရခိုင် တွေ အရင်လို အတူတူပြန်နေမယ်ဆိုရင်ရော တစ်ဘက်နိုင်ငံဘက်
ထွက်ပြေးရာကနေ ပြန်ရောက်လာတဲ့ ဘင်္ဂါလီတွေထဲမှာ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အားပေး အစွန်းရောက်တွေ ပါဝင်မလာဘူးလို့ရော ဘယ်သူက တာဝန်ယူ အာမခံပေးနိုင်မှာတဲ့လဲ။
ဘင်္ဂါလီအကြမ်းဖက်သမားတွေ ပြဿနာရှာလို့ စခဲ့တဲ့ ဒီရခိုင်အရေး ဟာ ဒေသခံတွေနဲ့ မြန်မာနိုင်ငံအတွက်တော့ တကယ့်ကို ဆုပ်လည်းစူး စား လည်း ရူးပါ။
(၇)
ရခိုင်မြေကနေ ကျွန်တော်တို့တွေ ပြန်လာပြီးနောက်ပိုင်း အောက်တိုဘာ လဆန်းပိုင်းထဲမှာပဲ ဗျွှဗ အစွန်း ရောက်အကြမ်းဖက်တွေက ဘင်္ဂါလီ တွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးဖို့အ တွက် ဖိအားပေး လှုံ့ဆော်မှုတွေရှိနေ ပြီး အကြမ်းဖက်ဖို့အတွက် လူအင် အားစုဆောင်းနေတယ်ဆိုတဲ့ သတင်း တွေကို ကြားရပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေးနဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး လုပ်ဆောင် သွားဖို့ အတိအလင်းကြေညာထားချိန်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ကိုဖီအာနန်ကလည်း ပြီးခဲ့တဲ့နှစ်လအတွင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဘင်္ဂါလီ (မူရင်းမှာ ရိုဟင်ဂျာလို့ဖော်ပြထား) မွတ်ဆလင်ဒုက္ခသည် ငါးသိန်းကျော်ဟာ ဒုက္ခသည်စခန်းတွေဆီသွားရမှာ မဟုတ်ဘဲ နေရပ်ကိုသာ ပြန်ရမယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့က ပြော ကြားသွားတာ ရှိပါတယ်။
နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေဘက်က ရခိုင်ပြည်နယ်အရေး
နိုင်ငံတကာအမြင်ကောင်းအောင်၊ နိုင်ငံတကာဖိအားတွေ လျော့ကျအောင် ဆောင်ရွက်နေရတယ်လို့ဆိုနိုင်ပေမဲ့ ဘာအကာအကွယ်၊ ဘာလက်နက်၊ ဘာအရေးပေါ်ဆက်သွယ်မှုမှ မရှိတဲ့ ဘူးသီးတောင်၊ မောင်တောနယ်၊ တောရွာတွေက ဒေသခံတွေအတွက်တော့ သူတို့ဆီကို
ဘင်္ဂါလီတွေပြန်လာမယ့်အရေးက မဆုံးနိုင်တဲ့အကြောက်တရားတွေကိုပဲ မွေးဖွားပေးနေဦးမယ်ဆိုတာ ကျွန်တော့်အနေနဲ့ ခံစားကြည့်လို့ရပါတယ်။
တကယ်တမ်း အကြမ်းဖက်ခံရပြီဆိုတာနဲ့ အရင်ဆုံးအသတ်ခံရ၊ အရင်ဆုံး လည်လှီးခံရ၊ အရင်ဆုံး ထွက်ပြေးရတာ ဒေသခံရခိုင်တွေပဲဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးချုပ်ကိုယ်တိုင် ဒမောင်တောအကြမ်းဖက်မှုမှာ လုံခြုံရေး အပြည့်အဝမပေးနိုင်ခဲ့လို့ ဒေသခံတွေကို တောင်းပန်ကြောင်းဒ စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြောခဲ့ဖူးပါတယ်။
ဒီနေရာမှာ မဖြစ်မနေထည့်တွက် စဉ်းစားသွားရမှာကံငျအသမငခေူနါခေပ လို့ခေါ်တဲ့ သမိုင်းရဲ့ဆိုးမွေကို ဆက်ခံခဲ့ရတာကြောင့် ရှင်းလို့မဆုံးနိုင်အောင် ဖြစ်နေတဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး လက်ရှိြီူ အစိုးရအနေနဲ့ ဘယ်လောက်ထိ ပြတ်သားနိုင်မလဲဆိုတာနဲ့ ပြည်သူတွေကိုယ်တိုင်က အစိုးရအပေါ် ဘယ်လောက်ထိ
တွန်းအားပေး နိုင်မလဲဆိုတဲ့ အချက်ကိုပါ။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ခေတ်အဆက်ဆက် အစိုးရခေါင်း ဆောင်ပိုင်းနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေဟာ ကိုယ့်အာဏာမဲတစ်ပြားနဲ့ အသပြာငွေ ရရှိရေးအတွက် ခိုးဝင်ဘင်္ဂါလီတွေနဲ့ နယ်စပ်မျဉ်းတွေကို လုံလောက် ထိရောက်တဲ့ တင်းကျပ်ဆောင်ရွက်မှုတွေ မလုပ်ခဲ့ဘဲ ရခိုင်အရေးကို ဒီအတိုင်း ပစ်ထားခဲ့တယ်လို့ ဆိုချင်ပါတယ်။
အစိုးရပိုင်းတာဝန်ရှိသူတွေဘက် က မေ့လျော့ပေါ့ဆမှုတွေရှိနေချိန်မှာ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီတွေက
ရခိုင်ဘက်ကို အတားအဆီးမဲ့ ခိုးဝင်လာပြီး ပြည်တွင်းပြည်ပနိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့
ပါဝင်စွက်ဖက်မှု၊ အကြမ်းဖက်အဖွဲ့အစည်းနဲ့ တခြားနိုင်ငံပြင်ပဇာတ်ကောင် တွေ ပါဝင်လှုပ်ရှားမှု၊ အားလုံးပေါင်းပြီး ပိုမိုရှုပ်ထွေးလာခဲ့တာဖြစ်ပါတယ်။
ဒီအတွက် ရခိုင်အရေး အစိုးရအဆက်ဆက်မှာ တာဝန်မကင်းဘူးလို့ ဆိုနိုင်ပြီး ဒီမိုကရေစီအစိုးရလက်ထက် ရောက်လာတဲ့ ဒီကနေ့အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအစိုးရရဲ့ လုပ်ဆောင်ရပ်တည်ချက်ဟာလည်း ရခိုင်အရေးအတွက် အရေးကြီးဆုံးအနေ အထား ရောက်လာခဲ့ပါပြီ။
ဒီ ဘင်္ဂါလီအရေးဖြစ်ပြီဆိုကတည်းက နိုင်ငံတကာက ပေးအပ်ချီးမြှင့်ခဲ့ တဲ့ ဆုတံဆိပ်များနဲ့ နိုဘယ်ဆုပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံ တကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေး၊ ဝေဖန်မှုတွေ ဘယ်လောက်ထိ
မြင့်တက်ခဲ့တယ်ဆိုတာ အထူးပြောစရာမ လိုတော့သလို ရခိုင်အရေးကြောင့် NLD အစိုးရ ဖော်ဆောင်နေတဲ့ ဒီမို ကရေစီလမ်းကြောင်း ကြန့်ကြာမှု၊ အဟန့်အတားဖြစ်စေတဲ့အထိ ဖြစ်ခဲ့တယ် ဆိုတာလည်း အားလုံးသိကြပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရတာဝန်ရှိသူတွေ ကို ပန်ကြားလိုတာကတော့ ရခိုင်အရေးကိစ္စမှာ နိုင်ငံတကာဖိအားတွေနဲ့ ရခိုင်ပြည်သူတွေရဲ့ သွေးစက်တွေကို အလဲအထပ်၊ အလောင်းအစားမလုပ် မိဖို့ပါပဲ။
ဘင်္ဂါလီအကြမ်းဖက်မှုတွေဖြစ်ခဲ့တုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦး ညီပုက အကြမ်းဖက်ခံဒေသကို ရဟတ်ယာဉ်နဲ့ ဆယ့်ငါးမိနစ်၊ မိနစ် ၂ဝ လောက်ရောက်သွားတဲ့အချိန်မှာ ဒကျွန်တော်တို့ အသက်နဲ့ရင်းပြီး ဒီနေရာကို လာခဲ့ရတာပါဒဆိုတဲ့စကားမျိုး ပြောခဲ့ဖူးတာ ရှိပါတယ်။ ကျီးလန့်စာစား နေရာ တွေဆီက ဒေသခံတိုင်းရင်းသားတွေဆီ ဝန်ကြီးချုပ်ဦးညီပု ခဏလောက် သွားရောက်အားပေးတာတောင် အသက်နဲ့လုပြီး လာရတယ်လို့ဆိုရင် ဒီ နေရာ ဒီရွာ ဒီမြေတွေမှာ အကြမ်းဖက်ဘင်္ဂါလီတွေကြား နေ့စဉ် ဘဝရှင်သန် နေရတဲ့ ဒေသခံတွေဆိုရင် ဘယ်လို လုပ်ကြမလဲ။
တိုင်းရင်းသားအချင်းချင်း ကိုယ်ချင်းစာကြည့်ကြဖို့ပါ။
(၈)
ကျွန်တော်တို့ဟာ ပြည်သူတွေပါ။
ရခိုင်ရယ် ဗမာရယ်မဟုတ်သလို ရှမ်းရယ် မွန်ရယ်လည်း မမြင်စေချင်ပါ ဘူး။ ဒီလိုပဲ ကိုယ့်တိုင်းရင်းသားအ ချင်းချင်း ကချင်ရယ် ကယားရယ်ဆို ပြီးလည်း မကွဲပြားစေချင်ပါဘူး။
နောက်တစ်ခု ကျွန်တော်တို့ ပြည် သူတွေဆိုတာ တစ်ချိန်တုန်းက ပဒေ သရာဇ်တွေ မဟုတ်သလို အာဏာရှင် စနစ်ဆိုးမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် အညွန့်အဖူးတွေ ရိုက်ချိုးခံခဲ့ရ တာချင်းလည်း အတူတူပါပဲ။ ခေတ်စနစ်ဆိုးတစ်ခုအောက်မှာ ရခိုင်ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု၊ အဆင်မပြေမှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်ဆိုရင် ပြည်မဘက်မှာရှိတဲ့ ဝေးလံခေါင်းပါးတဲ့ တောရွာတွေမှာ ကျွန်တော်တို့ ဗမာပြည် သူပေါင်းများစွာဟာလည်း ဆင်းရဲကျပ်တည်းမှုတွေ၊ မပြည့်စုံမှုတွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ဖြတ်သန်းနေရတုန်းပါပဲ။
ဒရခိုင်ပြိုရင် ဗမာငိုရမယ်ဒဆိုတဲ့ စကား ရှိပါတယ်။ ခု ရခိုင်ပြည်မှာ အကြမ်းဖက်တွေ ဒုက္ခပေးလို့ ရခိုင်တိုင်းရင်းသားတွေ ငိုနေရတော့လည်း ဗမာ၊ ရှမ်း၊ ကရင်အားလုံး ရခိုင်တွေနဲ့ ထပ်တူ ဝမ်းနည်းနာကျင်ရတာပါပဲ။ ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေကို ကျွန်တော်တို့တွေ တတ်နိုင်သမျှလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီဖေးမကြပါ တယ်။
နိုင်ငံတကာရဲ့ မြောက်မြားစွာသော ဖိအားပေးထိုးနှက်ချက်တွေကြား ဒေသခံရခိုင်တိုင်းရင်းသားများစွာ မြေစာပင်ဖြစ်နေရတဲ့အရေးမှာ ကိုယ့်တိုင်း ရင်းသားတွေအချင်းချင်း အစိုးရ၊ တပ် မတော်နဲ့ ပြည်သူ ညီညီညွတ်ညွတ် ဝိုင်းဝန်းတွန်းလှန်သွားဖို့ပဲ ဆန္ဒပြုလိုက်ချင်ပါတော့တယ်။
မိုးအောင်လင်းနိုင်
(၂၀၁၇ ခု၊ နိုဝင်ဘာလထုတ် မဟာဝီရမဂ္ဂဇင်း အမှတ်(၂၉)ပါ
မိုးအောင်လင်းနိုင်၏ ဆောင်းပါးအား ဆရာရေနတ်သား၏ ဘာသာပြန်နှင့်တကွ ပြန်လည်ဖော်ပြပေးခြင်းဖြစ်သည်)