တစ္ေန႔တြင္ ကၽြႏု္ပ္၏ ဓမၼမိတ္ေဆြမ်ားက ဆြမ္းစားလာပင့္ၾက၏။ အိမ္မွာ ႏုိင္ငံျခားသာသနာျပဳ ဆရာေတာ္ႏွစ္ပါးၾကြလာ၍ ဆြမ္းကပ္ရင္း ဆြမ္းတစ္ဝုိင္းစာျပည့္ေအာင္ စီစဥ္ၿပီး လာပင့္ျခင္းျဖစ္၏။ ႏုိင္ငံျခားသာသနာျပဳဆရာေတာ္မ်ားကုိ ဖူးခြင့္ရ၍ ဝမ္းသာေၾကာင္း ႏုိင္ငံျခားသာသနာျပဳရာ၌ အခက္ခဲမ်ား ေအာင္ျမင္မႈမ်ား ျပဳပုံျပဳနည္းမ်ား သိရမွာျဖစ္၍ ဝမ္းေျမာက္ဝမ္းသာျဖစ္မိေၾကာင္း ဆြမ္းဒကာအလာ ေျပာလုိက္မိေလသည္။ ထုိအခါ ဆြမ္းဒကာက ဆရာေတာ္ႏွစ္ပါးစလုံးက အလြန္ေအးၾကေၾကာင္း စကားနည္းၾကေၾကာင္း သူတုိ႔အခ်င္းခ်င္းပင္ စကားမေျပာၾကေၾကာင္း ငူငူႀကီးထုိင္ေနသည္ကုိသာ ေတြ႕ရေၾကာင္း ကၽြႏ္ုပ္ႏွင့္ေတြ႕လွ်င္ေတာ့ ေျပာျဖစ္မည္ထင္ေၾကာင္း ျပန္ေလွ်ာက္ေလသည္။
ဆြမ္းဒကာအိမ္ေရာက္သည့္အခါ ဆရာေတာ္ႏွစ္ပါးစလုံးအား ဖူးေတြ႕ရပါသည္။ တစ္ပါးက အသားညဳိညဳိ က်န္တစ္ပါးက အသားခပ္လပ္လပ္ျဖင့္ ကုိယ္လုံးကုိယ္ေပါက္မွာ ဝဝဖုိင့္ဖုိင့္ႀကီးမ်ားျဖစ္ပါသည္။ ဆြမ္းဒကာက မိတ္ဆက္စကားေလွ်ာက္ထားေပးပါသည္။ ဆရာေတာ္ႏွစ္ပါးစလုံးက ေခါင္းညိတ္ရုံသာ အသိအမွတ္ျပဳ၏။ ဆြမ္းပြဲမျပင္ခင္ စကားေျပာရေအာင္ ႀကဳိတင္ပင့္ျခင္းျဖစ္၍ ကၽြႏ္ုပ္က ကၽြႏ္ုပ္သိလုိသည္မ်ားကုိ ေမးျမန္းေလွ်ာက္ထားပါသည္။ ထုိဆရာေတာ္ႏွစ္ပါးစလုံးက ပင္ကုိယ္ကပင္ စကားနည္းၾကသည္လား ဒကာ ဒကာမေရွ႕ျဖစ္၍ ေအးေနၾကသည္လား သံဃာအခ်င္းခ်င္းမုိ႔ မေျပာခ်င္ၾကသည္လား မေတြးတတ္ေတာ့ပါ။ ေမးသည္ကုိပင္ မေျဖၾက။ ေျဖလွ်င္လည္း တစ္လုံးႏွစ္လုံးသာ စတိအျဖစ္ ေျဖဆုိၾက၏။ ၄င္းတုိ႔က အဆုံးအမ ၾသဝါဒေျပာဖုိ႔ တရားစကားေဆြးေႏြးဖုိ႔ အႀကံျပဳဖုိ႔ ဆုိသည္မွာ ေဝးသည္ထက္ေဝးလြန္းလွပါသည္။ ကၽြႏ္ုပ္လက္ေလွ်ာ့လုိက္ရေလ၏။
ႏုိင္ငံျခားသာသနာျပဳဆရာေတာ္ထံမွ ႏုိင္ငံျခားအေတြ႕အႀကဳံမ်ားယူမည္၊ မိမိႏုိင္ငံရွိ မိမိသာသနာဘက္မွ အားနည္းခ်က္ အားသာခ်က္မ်ားကုိ ေထာက္ျပလွ်င္ ျပဳျပင္မည္၊ ေရးသင့္ကေရး ေဟာသင့္က ေဟာၿပီး လုိအပ္ခ်က္ကုိ ျဖည္ဆည္းမည္ဆုိသည့္ ဦးတည္ခ်က္မ်ား ေျပလြင့္သြားခဲ့ေလေတာ့သည္။ ထုိဆရာေတာ္မ်ားႏွင့္ပတ္သက္၍ ကၽြႏ္ုပ္ဆက္စပ္ေတြးမိသည္မွာ သည္ပုံစံမ်ဳိးျဖင့္ ႏုိင္ငံျခားမွာ ဘယ္လုိမ်ား သာသနာျပဳၾကသနည္း၊ အေမးအျမန္းထူေသာ ႏုိင္ငံျခားသားမ်ားကုိ မည္သုိ႔ တုံ႔ျပန္ေျဖၾကားရွင္းလင္း သနည္း၊ ၄င္းတုိ႔၏ သာသနာျပဳနည္းသည္ ရုပ္ပြားေတာ္သာသနာျပဳနည္း ျဖစ္ေနေလသည္။
အၾကည္ညဳိခံ ဘဝျဖင့္ သာသနာျပဳျခင္းသည္ ရုပ္ျပသာသနာျပဳျခင္း၊ ေက်ာက္ဆင္းတု သာသနာျပဳျခင္းသာ ျဖစ္ပါသည္။ ေက်ာက္ဆင္းတုသည္ သာသနာျပန္႔ပြားေအာင္ မတတ္ႏုိင္ပါ။ သာသနာခုိင္ၿမဲတည္တန္႔ေအာင္လဲ မတတ္ႏုိင္ပါ။ သာသနာ၏ အႏၲရာယ္ကုိလည္း မကာကြယ္ႏုိင္ပါ။ ေက်ာက္ဆင္းတု ကုိယ္တုိင္ ေခါင္းျဖတ္ခံရမည့္ အေရးႀကဳံမည့္အျပင္ ေရာင္းကုန္တစ္ခုအျဖစ္ ေရာင္းစားခံရႏုိင္သလုိ ေရွးေဟာင္းပစၥည္းအျဖစ္လည္း ျပတုိက္ထဲအပုိ႔ခံရႏုိင္ပါသည္။ ထုိသာသနာျပဳနည္းကုိ ဗုဒၶျမတ္စြာ သေဘာၾကမည္မဟုတ္ပါ။ ရုပ္ျပသာသနာသည္ ဗုဒၶသာသနာမဟုတ္ပါ။ ရုပ္ပြားေတာ္သာသနာျပဳနည္းသည္ ဘုရားသာသနာျပဳနည္းမဟုတ္ပါ။
ျမတ္စြာဘုရားသည္ ပုဗၺဘာသီဂုဏ္ေတာ္ရွင္ျဖစ္ပါသည္။ ပုဗၺဘာသီဆုိသည္မွာ ေရွးဦးစြာ စကားစေျပာသူျဖစ္ပါသည္။ ဗုဒၶျမတ္ဘုရားထံသုိ႔ ေရာက္လာေသာ လူပရိသတ္ ရဟန္းပရိသတ္တုိ႔အား ျမတ္စြာဘုရားက အလ်င္ဦးစြာ ႏႈတ္ဆက္စကားဆုိတတ္ပါသည္။ လူပုဂၢဳိလ္မ်ားျဖစ္လွ်င္ ကစၥိ ႏု ေဘာ ခမနီယံ ဝတ – ဘယ္လုိလဲ က်န္းမာေရးေကာင္းရဲ႕လား။ ကစၥိ ေဘာ ယာပနိယံ ဝတ – ဘယ္လုိလဲ ဣရိယာပုထ္ မွ်တပါရဲ႕လား ဓာတ္ႀကီးေလးပါး မွ်တပါရဲ႕လား။ ရဟန္းေတာ္မ်ား ျဖစ္လွ်င္ ဆြမ္းကြမ္း မွ်တပါရဲ႕လား တရားအားထုတ္လုိ႔ အဆင္ေျပပါရဲ႕လား ဟု ဘုရားက ဦးေအာင္ႏႈတ္ခြန္းဆက္တတ္ပါသည္။ ၄င္းကုိပင္ ပုဗၺဘာသီဟု ဂုဏ္တင္ၾကျခင္းျဖစ္ပါသည္။ ထုိသုိ႔ ႏႈတ္ခြန္းဆက္ၿပီးသည္ႏွင့္ တစ္ၿပဳိင္နက္ ဘုရားက တရားစကားေျပာပါေတာ့သည္။ ဘုရားေျပာခဲ့ေသာ ထုိတရားစကားမ်ားကုိပင္ ယခုအခါ၌ ဓမၼကၡႏၶာ ရွစ္ေသာင္းေလးေထာင္အျဖစ္ မွတ္တမ္းတင္ထားျခင္း ျဖစ္ပါသည္။
ဗုဒၶျမတ္စြာသည္ တရားေဟာျခင္းျဖင့္ သာသနာျပဳခဲ့ပါသည္။ ဆုံးမ ၾသဝါဒေပးေသာအားျဖင့္ သာသနာျပဳခဲ့ပါသည္။ ပုစၧာ(ျပႆနာ)မ်ား ေျဖၾကားေသာအားျဖင့္ သာသနာျပဳခဲ့ပါသည္။ စည္းရုံးေရးဆင္းေသာအားျဖင့္ သာသနာျပဳခဲ့ပါသည္။ ရုပ္ျပရုံသက္သက္ျဖင့္ ဘုရားပြင့္လာျခင္းမဟုတ္ပါ။ ဘုရားထက္ ရုပ္လွသူ တစ္ေယာက္မွ်မရွိပါ။ ရုပ္ျပသာသနာ ျပဳမည္ဆုိလွ်င္လည္း မည္သူမွ် မဂ္ ဖုိလ္ နိဗၺာန္ ေရာက္ၾကမည္မဟုတ္ပါ။ တရားေတာ္မ်ားလည္း က်န္ခဲ့ၾကမည္မဟုတ္ပါ။ သူ၏ သာဝကမ်ားအားလည္း သူလုိပင္ သာသနာျပဳေစခ်င္ခဲ့ပါသည္။ စရထ ဘိကၡေဝ စာရိကံ – ရဟန္းတုိ႔ ခရီးထြက္ၾက။ ေဒေသထ ဘိကၡေဝ ဓမၼံ – ရဟန္းတုိ႔ တရားေဟာၾက။ မာ ဧေကန မေဂၢန ေဒြ အဂမိတၳ – ခရီးတစ္ခုတည္းမွာ ႏွစ္ပါးမသြားၾကလင့္ ဟု မိန္႔ဆုိခဲ့သည္ကုိ ေထာက္က သိႏုိင္ပါသည္။
ယခုေခတ္ ယခုအခါ၌ ဆြမ္းခံကုိယ္ေတာ္ေလးမ်ားသည္ ဆြမ္းခံအိမ္တြင္ ငူငူႀကီးထုိင္ေနတတ္ပါသည္။ စကားေျပာရေကာင္းမွန္း မသိၾကပါ၊ စကားေျပာသူမ်ားမွာလည္း တရားစကားေျပာသူနည္းပါးလွပါသည္။ ဘာသာေရး သာသနာေရး လုံးဝမေျပာဘဲ ခ်ဲဂဏန္း ေပးသူကေပး ေဘာလုံးစကားေျပာသူက ေျပာႏွင့္ ဒကာ ဒကာမမ်ားမွာ သံဃာကုိ ဆည္းကပ္ရက်ဳိး မနပ္ၾကပါ။
ဘုရားရွင္ပြင့္လာသည္မွာ ဘဝအေမွာင္ထုကုိ ၿဖဳိခြင္းၿပီး ဘဝအလင္းေရာင္ကုိ ေဆာင္ၾကဥ္းဖုိ႔ အဝိဇၨာတိမ္သလႅာကုိ ေဖာက္ထြင္းၿပီး ဝိဇၨာဉာဏ္အလင္းကုိ ေဆာင္ၾကဥ္းဖုိ႔ ျဖစ္ပါသည္။ သုိ႔ျဖစ္၍ ဘုရားအလုိက် ဆြမ္းဒကာ ဒကာမမ်ားကုိ ဆြမ္းခံရင္း သာသနာျပဳတတ္ဖုိ႔ လုိပါသည္။ ေန႔စဥ္ျမင္ေတြ႕ေနက် ဒကာ ဒကာမမ်ားကုိ ပုဂၢဳိလ္အားျဖင့္ ရင္းႏွီးေစမည္၊ တရားစကားျဖင့္ ဆုံမပဲ့ျပင္မည္ဆုိလွ်င္ ဆြမ္းခံရင္း သာသနာျပဳရာေရာက္ပါသည္။ တရားစာအုပ္မ်ား လက္ဆင့္ကမ္းျခင္း ထုိစာအုပ္လာ တရားစကားမ်ားကုိ ေဆြးေႏြးျခင္း တိပ္ေခြမ်ား လက္ဆင့္ကမ္းျခင္း ထုိတိပ္ေခြလာ တရားေတာ္မ်ားကုိ ေဆြးေႏြးျခင္းအားျဖင့္လည္း ဒကာ ဒကာမတုိ႔အား ကုိးကြယ္မႈ အဆင့္အတန္း ျမွင့္တင္ေပးရာေရာက္ပါသည္။ သာသနာေတာ္ကုိ ေလးေလးနက္နက္ ၾကည္ညဳိတတ္ေအာင္ ေဆာင္ရြက္ရာေရာက္ပါသည္။ ဓမၼသာကစၧာမဂၤလာအျဖစ္ မဂၤလာရွိေသာ ဆြမ္းခံအိမ္၊ မဂၤလာရွိေသာ ဆြမ္းဒကာ ဒကာမမ်ား၊ မဂၤလာရွိေသာ ဆြမ္းခံကုိယ္ေတာ္အျဖစ္ နတ္ လူ သာဓုေခၚႏုိင္ၾကမည္ျဖစ္ပါသည္။
ရုပ္ပြားေတာ္လုိ ပင့္ရာၾကြ ထားရာေန ကပ္တာစား လွဴတာယူ အပူေဇာ္ခံဘဝ အၾကည္ညဳိခံဘဝျဖင့္ သာသနာျပဳေနၾကပါလွ်င္ တစ္ေန႔ေသာအခါ ရုပ္ပြားေတာ္မ်ားလုိပင္ ျပတုိက္ထဲ ေရာက္သြားေပလိမ့္မည္။ ေခါင္းအျဖတ္ခံရေပလိမ့္မည္ဆုိသည္ကုိ ကၽြႏ္ုပ္တုိ႔ ရဟန္းေတာ္မ်ား သတိႀကီးမားဖုိ႔ လိုအပ္လွပါ၏။ ။
ဝီရသူ(မစုိးရိမ္)
(4.11.2006ရက္ေန႔တြင္ အုိးဘုိဘဝတကၠသုိလ္မွာ ေရးသားသည္။)
“ရုပ်ပွားတော်သာသနာပြုနည်း”
တစ်နေ့တွင် ကျွနု်ပ်၏ ဓမ္မမိတ်ဆွေများက ဆွမ်းစားလာပင့်ကြ၏။ အိမ်မှာ နိုင်ငံခြားသာသနာပြု ဆရာတော်နှစ်ပါးကြွလာ၍ ဆွမ်းကပ်ရင်း ဆွမ်းတစ်ဝိုင်းစာပြည့်အောင် စီစဉ်ပြီး လာပင့်ခြင်းဖြစ်၏။ နိုင်ငံခြားသာသနာပြုဆရာတော်များကို ဖူးခွင့်ရ၍ ဝမ်းသာကြောင်း နိုင်ငံခြားသာသနာပြုရာ၌ အခက်ခဲများ အောင်မြင်မှုများ ပြုပုံပြုနည်းများ သိရမှာဖြစ်၍ ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဆွမ်းဒကာအလာ ပြောလိုက်မိလေသည်။ ထိုအခါ ဆွမ်းဒကာက ဆရာတော်နှစ်ပါးစလုံးက အလွန်အေးကြကြောင်း စကားနည်းကြကြောင်း သူတို့အချင်းချင်းပင် စကားမပြောကြကြောင်း ငူငူကြီးထိုင်နေသည်ကိုသာ တွေ့ရကြောင်း ကျွန်ုပ်နှင့်တွေ့လျှင်တော့ ပြောဖြစ်မည်ထင်ကြောင်း ပြန်လျှောက်လေသည်။
ဆွမ်းဒကာအိမ်ရောက်သည့်အခါ ဆရာတော်နှစ်ပါးစလုံးအား ဖူးတွေ့ရပါသည်။ တစ်ပါးက အသားညိုညို ကျန်တစ်ပါးက အသားခပ်လပ်လပ်ဖြင့် ကိုယ်လုံးကိုယ်ပေါက်မှာ ဝဝဖိုင့်ဖိုင့်ကြီးများဖြစ်ပါသည်။ ဆွမ်းဒကာက မိတ်ဆက်စကားလျှောက်ထားပေးပါသည်။ ဆရာတော်နှစ်ပါးစလုံးက ခေါင်းညိတ်ရုံသာ အသိအမှတ်ပြု၏။ ဆွမ်းပွဲမပြင်ခင် စကားပြောရအောင် ကြိုတင်ပင့်ခြင်းဖြစ်၍ ကျွန်ုပ်က ကျွန်ုပ်သိလိုသည်များကို မေးမြန်းလျှောက်ထားပါသည်။ ထိုဆရာတော်နှစ်ပါးစလုံးက ပင်ကိုယ်ကပင် စကားနည်းကြသည်လား ဒကာ ဒကာမရှေ့ဖြစ်၍ အေးနေကြသည်လား သံဃာအချင်းချင်းမို့ မပြောချင်ကြသည်လား မတွေးတတ်တော့ပါ။ မေးသည်ကိုပင် မဖြေကြ။ ဖြေလျှင်လည်း တစ်လုံးနှစ်လုံးသာ စတိအဖြစ် ဖြေဆိုကြ၏။ ၎င်းတို့က အဆုံးအမ သြဝါဒပြောဖို့ တရားစကားဆွေးနွေးဖို့ အကြံပြုဖို့ ဆိုသည်မှာ ဝေးသည်ထက်ဝေးလွန်းလှပါသည်။ ကျွန်ုပ်လက်လျှော့လိုက်ရလေ၏။
နိုင်ငံခြားသာသနာပြုဆရာတော်ထံမှ နိုင်ငံခြားအတွေ့အကြုံများယူမည်၊ မိမိနိုင်ငံရှိ မိမိသာသနာဘက်မှ အားနည်းချက် အားသာချက်များကို ထောက်ပြလျှင် ပြုပြင်မည်၊ ရေးသင့်ကရေး ဟောသင့်က ဟောပြီး လိုအပ်ချက်ကို ဖြည်ဆည်းမည်ဆိုသည့် ဦးတည်ချက်များ ပြေလွင့်သွားခဲ့လေတော့သည်။ ထိုဆရာတော်များနှင့်ပတ်သက်၍ ကျွန်ုပ်ဆက်စပ်တွေးမိသည်မှာ သည်ပုံစံမျိုးဖြင့် နိုင်ငံခြားမှာ ဘယ်လိုများ သာသနာပြုကြသနည်း၊ အမေးအမြန်းထူသော နိုင်ငံခြားသားများကို မည်သို့ တုံ့ပြန်ဖြေကြား
ရှင်းလင်း သနည်း၊ ၎င်းတို့၏ သာသနာပြုနည်းသည် ရုပ်ပွားတော်သာသနာပြုနည်း ဖြစ်နေလေသည်။
အကြည်ညိုခံ ဘဝဖြင့် သာသနာပြုခြင်းသည် ရုပ်ပြသာသနာပြုခြင်း၊ ကျောက်ဆင်းတု သာသနာပြုခြင်းသာ ဖြစ်ပါသည်။ ကျောက်ဆင်းတုသည် သာသနာပြန့်ပွားအောင် မတတ်နိုင်ပါ။ သာသနာခိုင်မြဲတည်တန့်အောင်လဲ မတတ်နိုင်ပါ။ သာသနာ၏ အန္တရာယ်ကိုလည်း မကာကွယ်နိုင်ပါ။ ကျောက်ဆင်းတု ကိုယ်တိုင် ခေါင်းဖြတ်ခံရမည့် အရေးကြုံမည့်အပြင် ရောင်းကုန်တစ်ခုအဖြစ် ရောင်းစားခံရနိုင်သလို ရှေးဟောင်းပစ္စည်းအဖြစ်လည်း ပြတိုက်ထဲအပို့ခံရနိုင်ပါသည်။ ထိုသာသနာပြုနည်းကို ဗုဒ္ဓမြတ်စွာ သဘောကြမည်မဟုတ်ပါ။ ရုပ်ပြသာသနာသည် ဗုဒ္ဓသာသနာမဟုတ်ပါ။ ရုပ်ပွားတော်သာသနာပြုနည်းသည် ဘုရားသာသနာပြုနည်းမဟုတ်ပါ။
မြတ်စွာဘုရားသည် ပုဗ္ဗဘာသီဂုဏ်တော်ရှင်ဖြစ်ပါသည်။ ပုဗ္ဗဘာသီဆိုသည်မှာ ရှေးဦးစွာ စကားစပြောသူဖြစ်ပါသည်။ ဗုဒ္ဓမြတ်ဘုရားထံသို့ ရောက်လာသော လူပရိသတ် ရဟန်းပရိသတ်တို့အား မြတ်စွာဘုရားက အလျင်ဦးစွာ နှုတ်ဆက်စကားဆိုတတ်ပါသည်။ လူပုဂ္ဂိုလ်များဖြစ်လျှင် ကစ္စိ နု ဘော ခမနီယံ ဝတ – ဘယ်လိုလဲ ကျန်းမာရေးကောင်းရဲ့လား။ ကစ္စိ ဘော ယာပနိယံ ဝတ – ဘယ်လိုလဲ ဣရိယာပုထ် မျှတပါရဲ့လား ဓာတ်ကြီးလေးပါး မျှတပါရဲ့လား။ ရဟန်းတော်များ ဖြစ်လျှင် ဆွမ်းကွမ်း မျှတပါရဲ့လား တရားအားထုတ်လို့ အဆင်ပြေပါရဲ့လား ဟု ဘုရားက ဦးအောင်နှုတ်ခွန်းဆက်တတ်ပါသည်။ ၎င်းကိုပင် ပုဗ္ဗဘာသီဟု ဂုဏ်တင်ကြခြင်းဖြစ်ပါသည်။ ထိုသို့ နှုတ်ခွန်းဆက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားက တရားစကားပြောပါတော့သည်။ ဘုရားပြောခဲ့သော ထိုတရားစကားများကိုပင် ယခုအခါ၌ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အဖြစ် မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် တရားဟောခြင်းဖြင့် သာသနာပြုခဲ့ပါသည်။ ဆုံးမ သြဝါဒပေးသောအားဖြင့် သာသနာပြုခဲ့ပါသည်။ ပုစ္ဆာ(ပြဿနာ)များ ဖြေကြားသောအားဖြင့် သာသနာပြုခဲ့ပါသည်။ စည်းရုံးရေးဆင်းသောအားဖြင့် သာသနာပြုခဲ့ပါသည်။ ရုပ်ပြရုံသက်သက်ဖြင့် ဘုရားပွင့်လာခြင်းမဟုတ်ပါ။ ဘုရားထက် ရုပ်လှသူ တစ်ယောက်မျှမရှိပါ။ ရုပ်ပြသာသနာ ပြုမည်ဆိုလျှင်လည်း မည်သူမျှ မဂ် ဖိုလ် နိဗ္ဗာန် ရောက်ကြမည်မဟုတ်ပါ။ တရားတော်များလည်း ကျန်ခဲ့ကြမည်မဟုတ်ပါ။ သူ၏ သာဝကများအားလည်း သူလိုပင် သာသနာပြုစေချင်ခဲ့ပါသည်။ စရထ ဘိက္ခဝေ စာရိကံ – ရဟန်းတို့ ခရီးထွက်ကြ။ ဒေသေထ ဘိက္ခဝေ ဓမ္မံ – ရဟန်းတို့ တရားဟောကြ။ မာ ဧကေန မဂ္ဂေန ဒွေ အဂမိတ္ထ – ခရီးတစ်ခုတည်းမှာ နှစ်ပါးမသွားကြလင့် ဟု မိန့်ဆိုခဲ့သည်ကို ထောက်က သိနိုင်ပါသည်။
ယခုခေတ် ယခုအခါ၌ ဆွမ်းခံကိုယ်တော်လေးများသည် ဆွမ်းခံအိမ်တွင် ငူငူကြီးထိုင်နေတတ်ပါသည်။ စကားပြောရကောင်းမှန်း မသိကြပါ၊ စကားပြောသူများမှာလည်း တရားစကားပြောသူနည်းပါးလှပါသည်။ ဘာသာရေး သာသနာရေး လုံးဝမပြောဘဲ ချဲဂဏန်း ပေးသူကပေး ဘောလုံးစကားပြောသူက ပြောနှင့် ဒကာ ဒကာမများမှာ သံဃာကို ဆည်းကပ်ရကျိုး မနပ်ကြပါ။
ဘုရားရှင်ပွင့်လာသည်မှာ ဘဝအမှောင်ထုကို ဖြိုခွင်းပြီး ဘဝအလင်းရောင်ကို ဆောင်ကြဉ်းဖို့ အဝိဇ္ဇာတိမ်သလ္လာကို ဖောက်ထွင်းပြီး ဝိဇ္ဇာဉာဏ်အလင်းကို ဆောင်ကြဉ်းဖို့ ဖြစ်ပါသည်။ သို့ဖြစ်၍ ဘုရားအလိုကျ ဆွမ်းဒကာ ဒကာမများကို ဆွမ်းခံရင်း သာသနာပြုတတ်ဖို့ လိုပါသည်။ နေ့စဉ်မြင်တွေ့နေကျ ဒကာ ဒကာမများကို ပုဂ္ဂိုလ်အားဖြင့် ရင်းနှီးစေမည်၊ တရားစကားဖြင့် ဆုံမပဲ့ပြင်မည်ဆိုလျှင် ဆွမ်းခံရင်း သာသနာပြုရာရောက်ပါသည်။ တရားစာအုပ်များ လက်ဆင့်ကမ်းခြင်း ထိုစာအုပ်လာ တရားစကားများကို ဆွေးနွေးခြင်း တိပ်ခွေများ လက်ဆင့်ကမ်းခြင်း ထိုတိပ်ခွေလာ တရားတော်များကို ဆွေးနွေးခြင်းအားဖြင့်လည်း ဒကာ ဒကာမတို့အား ကိုးကွယ်မှု အဆင့်အတန်း မြှင့်တင်ပေးရာရောက်ပါသည်။ သာသနာတော်ကို လေးလေးနက်နက် ကြည်ညိုတတ်အောင် ဆောင်ရွက်ရာရောက်ပါသည်။ ဓမ္မသာကစ္ဆာမင်္ဂလာအဖြစ် မင်္ဂလာရှိသော ဆွမ်းခံအိမ်၊ မင်္ဂလာရှိသော ဆွမ်းဒကာ ဒကာမများ၊ မင်္ဂလာရှိသော ဆွမ်းခံကိုယ်တော်အဖြစ် နတ် လူ သာဓုခေါ်နိုင်ကြမည်ဖြစ်ပါသည်။
ရုပ်ပွားတော်လို ပင့်ရာကြွ ထားရာနေ ကပ်တာစား လှူတာယူ အပူဇော်ခံဘဝ အကြည်ညိုခံဘဝဖြင့် သာသနာပြုနေကြပါလျှင် တစ်နေ့သောအခါ ရုပ်ပွားတော်များလိုပင် ပြတိုက်ထဲ ရောက်သွားပေလိမ့်မည်။ ခေါင်းအဖြတ်ခံရပေလိမ့်မည်ဆိုသည်ကို ကျွန်ုပ်တို့ ရဟန်းတော်များ သတိကြီးမားဖို့ လိုအပ်လှပါ၏။ ။
ဝီရသူ(မစိုးရိမ်)
(4.11.2006ရက်နေ့တွင် အိုးဘိုဘဝတက္ကသိုလ်မှာ ရေးသားသည်။)