သတင်း

လက်​စား​ချေနိုင်​ငံ​ရေးပါ ဒကာ

တရားခံရဲ့ ​ရှေ့​နေက အမှတ် ၇ စခန်းမှူးကို ​ခိုင်းတယ်​။ အမှတ်​ ၇ စခန်းမှူးက ဝရမ်းမ​ရောက်​လို့ ဖမ်းခွင့်​မရှိ ​ပြောတာကို ငှက်​​တွေက ​မြေ​ပေါ်​မြေ​အောက်​ ဝိုင်းအာကြတယ်​။

နောက်​​တော့ သက်​ဆိုင်​ရာ ၁၀ စခန်းမှူးက ဖမ်းသွားတယ်​။ ငှက်​​တွေဘက်က ​​တိုင်း nld အမတ်​​တောင်​ လာအား​ပေးတယ်​။
စဉ်းစား​ပေါ့ဗျာ။

ဝီရသူ (မစိုးရိမ်​)
8.8.2017
pm 10:09
============================
မန်းလေး သပိတ်ကိစ္စမှာ
ကိုကျော်မျိုးရွှေကို ပါဝင်ပါတ်သက်သူ စီစဉ်သူ ဦးဆောင်သူ အဖြစ် စွပ်စွဲပြီး
ပုဒ်မ ၅၀၅ ခ အရ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးကြောင်း ကြားသိရပါတယ်။

ဒါဟာ နိုင်ငံရေး ယုတ်မာမှုသာ ဖြစ်ပါတယ်။

ကိုကျော်မျိုးရွှေအနေနဲ့ ပြီးခဲ့တဲ့ သပိတ်မှာ ပါဝင်ခြင်း စီစဉ်ခြင်း လုံးဝ မရှိခဲ့ပါဘူး။
ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်းသာ ဖြစ်ပါတယ်။

ဒီသပိတ်ကို ဘယ်သူတွေ ဦးဆောင်တယ်ဆိုတဲ့ ကြေညာချက် မရှိပါဘူး။ သပိတ်မှာ ပါဝင်သူတွေကလည်း အမျိုးသားရေးလှုပ်ရှားသူများဟုသာ သိရပါတယ်။
သပိတ်စတင်ပြီး တတိယနေ့မှာ ကိုကျော်မျိုးရွှေတို့က သပိတ်ထိုင်နေတဲ့ သံဃာတွေကို ကြာဇံကြော်ဆွမ်းပို့ ကပ်ခဲ့ကြပါတယ်။ ဒါကို ဖေ့ဘွတ်မှာ ပုံတက်လာပြီး ဒါဘယ်သူတွေ ထင်သလဲ ဆိုတဲ့ စာနဲ့ ပေါ်ထွက်လာပါတယ်။

ဒါကို သပိတ်မှာ ကိုကျော်မျိုးရွှေ ပါဝင်ပတ်သက်ကြောင်း အထောက်အထား လုပ်ပြီး သပိတ်ကို ဖျက်သိမ်းလိုက်ပြီး ကိုကျော်မျိုးရွှေကို ဖမ်းဆီးဖို့ လုပ်ခြင်းသာ ဖြစ်ပါတယ်။

သပိတ်မဖျက်သိမ်းခင်ကတည်းက ငှက်တွေကြားမှာ ကိုကျော်မျိုးရွှေကို ဝရမ်းပြေးဆိုတဲ့ စကားလုံး သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ ကြိုတင်ကြံစီမှုရဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။

သပိတ်ဖြိုခွင်းပြီးတဲ့အချိန်မှာ လူပုဂ္ဂိုလ် ၂ ဦးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း ကြေညာနေပေမယ့် ဘယ်သူ ဘယ်ဝါဆိုတာ မကြေညာပါဘူး။ ဒါပေမယ့် ငှက်တွေကြားမှာ ဘယ်သူတွေဆိုတာ သိနေကြပြီး ဖြစ်နေပါတယ်။

၇၊၈၊၂၀၁၇ ရက်နေ့ ကိုကျော်မျိုးရွှေဟာ ဆွေဝင်းအမှုအတွက် တရားရုံးကို လာရောက်ခဲ့ပါတယ်။ ဒီအချိန်မှာ ဖမ်းဆီးခြင်းဟာ ဝရမ်းသတ်မှတ်ချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်။ ကိုကျော်မျိုးရွှေသည် နေအိမ်အတည်တကျ ရှိသူ ဖြစ်ပါတယ်။ ဒီအကြောင်းကို သက်ဆိုင်ရာရဲစခန်းက သိရှိပြီး ဖြစ်သော်လည်း ဘာကြောင့် လူမြင်ကွင်း တရားရုံးအထွက်မှာ ဖမ်းဆီးရပါသလဲ???

ဒါသည် လူ့ဂုဏ်သိက္ခာကို ထိပါးစော်ကားမှုဖြစ်ပါတယ်။

ကိုကျော်မျိုးရွှေကို ဖမ်းဆီးချိန်မှာ ဘောလုံးပွဲ ဂိုးဝင်သလို အော်ဟစ်နေတဲ့သူတွေက ဘာသဘောပါလဲ။ ဒီလူတွေမှာ ကြိုသိနေတဲ့ အချက်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။ လူ့ဂုဏ်သိက္ခာကို လွယ်လွယ်ထိပါးစော်ကားနေမှုဟာ ဒီကနေ့ ရဲတပ်ဖွဲ့ရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်လား မေးပါရစေ။

သပိတ်ဟာ (၂-၈-၂၀၁၇ ) မှာ စတင်ခဲ့ပြီး
( ၅-၈-၂၀၁၇) ရက်နေ့ မနက် ( ၂:၃၀) နာရီမှာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ မဖြိုခွဲခင် နှစ်ရက်အလိုမှာ မန်းတိုင်းဝန်ကြီးချုပ်က သပိတ်ကို အကြမ်းဖက်ဖြိုခွဲမည် မဟုတ်ကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ဖြိုခွဲရာမှာလည်း အရပ်ဝတ် အရပ်သားပုံစံနဲ့ ဖြေရှင်းခြင်းဟာ မသမာမှုသာ ဖြစ်ပါတယ်။ ဒါကိုဘာက သက်သေပြနေသလဲဆိုရင် သပိတ်ဖြိုခွဲပြီး နောက်တနေ့မှာ အတိုင်ပင်ခံရုံးမှ သပိတ်မှာ မပါဝင်လို့ ပြည်သူများကို ကျေးဇူးတင်ကြောင်း စာက သက်သေပြနေပါတယ်။

သပိတ်ကို ပြည်သူက အားမပေးဘူး။ အခုဖြိုခွဲခြင်းဟာလည်း ပြည်သူက ဖြိုခွဲတာ ဆိုတဲ့ ပုံဖော်လိုက်တာသာ ဖြစ်ပါတယ်။

အကြမ်းဖက်ဖြိုခွဲတဲ့ ရဲတပ်ဖွဲ့ဝင်ကို ပြည်သူက သိရှိဖော်ပြလိုက်လို့သာ နောက်တနေ့မှာ သပိတ်ဖြိုခွဲရာတွင် ပါဝင်သူ ရဲတပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုကို ဂုဏ်ပြုတယ်ဆို ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ) ပြဌာန်းချက်ကို လေ့လာကြည့်ရအောင်ပါ။

၅၀၅(ခ)။ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချီရာတွင်
နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ
ထိခိုက်သည့်ပြစ်မှုကို
တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို၎င်း အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း ထိပ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင်
သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်။ ဟု ပြဌာန်းထားပါတယ်။

ဒီပြဌာန်းချက်တွေထဲမှာ ဘယ်အချက်ကို ကိုကျော်မျိုးရွှေ ချိုးဖောက်ပါသလဲ?????
သပိတ်ကို ဦးဆောင်သူတို့သည် မိမိတို့ သဘောအရ ဆောင်ရွက်နေကြခြင်းသာ ဖြစ်ကြပါသည်။ မဘသ အဖွဲ့များပင် မဟုတ်နိုင်ကြပါ။ ဘာကြောင်းလည်းဆိုရင် မဘသအင်အားသည် ဤမျှသာ မဟုတ်ကြောင်း နေပြည်တော်သာဝန်ဆန္ဒပြပွဲများက သက်သေပြနေပါတယ်။

ပုဒ်မ ၅၀၅ ခ ကို ဆက်ဆွေးနွေးပါမယ်။
ဒီပုဒ်မဟာ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိပါဘူး။ ဖမ်းဆီးရာတွင်လည်း ဝရမ်းအရ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းက သိရှိရပါတယ်။ အကြောင်းကြားရပါတယ်။

ဝရမ်းချမှတ်ခံရသူ နေထိုင်ရာ နေအိမ်တွင် မတွေ့ရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် နေအိမ်တွင် စောင့်ဆိုင်းဖမ်းဆီးရမည်သာ ဖြစ်ပါတယ်။ နေအိမ်မှ ရှောင်ပြေးနေမှသာလျှင် တွေ့ရှိရာ နေရာမှာ ဖမ်းဆီးခွင့် ရှိပါတယ်။

ယခုဖြစ်စဉ်တွင် ကိုကျော်မျိုးရွှေအား ဖမ်းဝရမ်းချမှတ်ထားကြောင်း အကြောင်းကြား အသိပေး ဖမ်းဆီးခြင်း မဟုတ်ပါ။ ကိုကျော်မျိုးရွှေသည် ဖမ်းဝရမ်းကို ကြားသိရ၍ ရှောင်ပုန်းနေသူလည်း မဟုတ်ပါ။ ကိုကော်မျိုးရွှေ ပုန်းရှောင်နေကြောင်း ငှက်တွေ အော်နေတာ တွေ့ရပါတယ်။ ဒါသည် လူ့ဂုဏ်သိက္ခာကို ထိပါးစော်ကားနေကြခြင်း ဖြစ်ပါတယ်။ အမှန်တကယ်ပုန်းရှောင်နေပါက ဆွေဝင်းအမှုအတွက် တရားရုံးသို့ လာရောက်မည် မဟုတ်ကြောင်း သိစေပါသည်။
ဤသည်ကို အများပြည်သူမြင်ကွင်း အများပြည်သူ သက်ဆိုင်ရာနေရာဌာန တရားရုံး အထွက်တွင် ဖမ်းဆီးခြင်းသည် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး၊ လူဂုဏ်သိက္ခာ ထိပါးစော်ကားမှုပြုခြင်းသည် ဝရမ်းပေးအပ်ခံရသူ ဝရမ်းကို အကောင်အထည်ဖော်သည့် ရဲတပ်ဖွဲ့ ရဲအရာရှိမှာ တာဝန်ရှိနေပါပြီ။

သပိတ်မတိုင်မီက မန္တလေးမြို့မှ ကိုကျော်မျိုးရွှေကို ဖမ်းဆီးရန် သတင်းထွက်နေပြီး ရဲတပ်ဖွဲ့၏ စောင်ကြည့်နေသူ ၄ ယောက်တွင် နံပါတ် ၂ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့အတွင်းမှပင် သတင်းရရှိခဲ့ပါတယ်။ ရန်ဟန်းသံဃာနှင့် ပတ်သက်ပါက ကိုကျော်မျိုးရွှေအနေဖြင့် ပါဝင်လာမည်ကိုလည်း အသေအချာ သိနေကြပါသည်။ ဒါကြောင့် ယခု မန္တလေးဖြစ်စဉ်သည် လုပ်ကြံထောင်ချောက်ဆင်ခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ဆိုနိုင်ပါသည်။

ကျုပ်တို့သည် မြန်မာပြည် အေးချမ်းသာယာရေးကို လိုလားသူများ ဖြစ်ပါသည်။ ဒီမိုရေစီ စနစ် ရှင်သန်ခိုင်မာရေးကိုလည်း ရှေးရှုကြိုးစားနေကြပါသည်။
ယနေ့ပြည်သူတို့သည် တရားဥပဒေ နည်းလမ်းတကျ စီမံအုပ်ချုပ်မှုကို စောင့်မျှော်နေကြသူများ ဖြစ်ကြပါသည်။

မတရားမှုများကို တွန်းလှန်တိုက်ဖျက်ရခြင်းသည်လည်း တာဝန်တရပ်သာ ဖြစ်ပါသည်။
ဒါကြောင့် ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရ၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေးကို လိုလားအကောင်အထည်ဖော်နေသော အစိုးရအနေဖြင့် မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း တင်ပြအပ်ပါသည်။

https://m.facebook.com/story.php…