စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ နယ်မြေ(၄)၊ သာသနဟိတဗိမာန်ဘေးက ဓမ္မစကူးလ်သင်တန်းလေးသတင်း လိုင်းပေါ်တက်လာတာ စိတ်မကောင်းစရာပါ။ မူဆလင်မှ ဗုဒ္ဓဘာသာခံယူထားသူ အနီရောင်ဓမ္မာရုံဂေါပကကြီးနှင့် အမျိုးသားရေး ပရဟိတသမားတွေ ကြားက ဓမ္မစကူးလ်သင်တန်းသူ သင်တန်းသား ကလေးငယ်လေးတွေ လမ်းဘေးမှာ ဘုရားစာသင်ရတဲ့ ဘဝမျိုး ရောက်ရှိခဲ့ရတာပါ။
ဓမ္မာရုံဆောက်လုပ်ဖို့ မြေနေရာကို သံဃာတော်များနှင့် ပြည်သူများ အတိုက်အခံအတော်လုပ်ခဲ့ရပါတယ်။ ဓမ္မာရုံဆောက်လုပ်ပြန်တော့လည်း ပရဟိတလူငယ်အဖွဲ့နှင့် ဓမ္မာရုံဂေါပကတို့ ဦးစီးခဲ့တာပါပဲ။ အခုပြဿနာက ပရဟိတလူငယ်အဖွဲ့နှင့် ဂေါပကအဖွဲ့တို့ အားပြိုင်ရာမှ စတာပါ။
ဂေါပကအဖွဲ့က ပရဟိတလူငယ်တွေရဲ့ ထိုင်ခုံအပါအဝင် ပစ္စည်းပစ္စယတွေ ဓမ္မာရုံထဲမှာ အထားမခံနိုင်ဘူး။ ပရဟိတလူငယ်တွေကလည်း ရပ်ကွက်ပိုင်ဓမ္မာရုံမှတစ်ပါး အခြားဘယ်နေရာမှာမှ မထားနိုင်ဘူး။ ဒီလိုအငြင်းပွားရာကနေ နာရေးကူညီမှုမှအပြန် ပစ္စည်းတွေကို ဓမ္မာရုံထဲ ထားခွင့်မပေးတော့ဘဲ တံခါးပိတ်ထားရာမှ ဓမ္မစကူးလ်လေးပါ ဝင်ခွင့်မရတော့တာပါ။
ရပ်ကွက်ထွေအုပ်နှင့် မြို့နယ်ထွေအုပ်တို့က ကြားဝင်ညှိပေးသော်လည်း အဖြေမရခဲ့ပါဘူး။ ဒါကြောင့် စည်ပင်က ပစ္စည်းတွေကိုသိမ်းသွားပြီး ထွေအုပ်ရုံးမှာ ခဏထာားတယ်လို့ သိရပါတယ်။ ဓမ္မစကူးလ်လေးဖွင့်တာ သုံးနှစ်ရှိပါပြီ။ ဓမ္မစကူးလ်ဌာနကတော့ အမှတ်(၅)စာသင်ကျောင်းပါ။
စာသင်ကျောင်းနဲ့ဓမ္မာရုံနဲ့က ခြံစည်းရိုးလေးပဲခြားလို့ ဓမ္မာရုံထဲမှာပဲ စာသင်၊ ကလေးတွေကို မုန့်ဝေကျွေး လုပ်ခဲ့ကြတာပါ။
ဂေါပကနှင့်လူငယ်အဖွဲ့ အငြင်းပွားရာမှ ဒီကနေ့ 19.11.2017 ရက်နေ့ တနင်္ဂနွေဓမ္မစကူးလ်မှာ ဘုရားစာသင်ယူနေတဲ့ ကလေးငယ်လေးတွေ လမ်းဘေးပလက်ဖောင်းရောက်သွားတဲ့အဆင့်ထိ ဖြစ်ခဲ့ရတာပါ။
နောက်ဆုံးအခြေအနေအရ ဓမ္မာရုံးဝင်းတံခါးကြီးကို ဂေါပကကလည်း သော့ခတ်ထား၊ လူငယ်အဖွဲ့ကလည်း သော့ခတ်ထား သော့နှစ်လုံးပြိုင်ခတ်ထားကြောင်း သိရပါတယ်။ ဓမ္မာရုံစတင်ဆောက်စဉ်တုန်းကတော့ ဓမ္မစာပေသင်ကြားဖို့၊ သာမှုနာမှုလုပ်ငန်းတွေလုပ်ဖို့၊ ဘာသာရေး သာသနာရေးအားလုံးပါဝင်ပါတယ်။ အခုတော့ ဓမ္မာရုံတံခါးဖွင့်ပေးလိုက်ရင် လူငယ်တွေက ခုံတွေပြန်သွင်းလိမ့်မယ်ဆိုပြီး လူငယ်တွေကို အဝင်မခံချင်တာနဲ့ ဓမ္မစကူးလ်လေး လမ်းဘေးရောက်သွားရခြင်းဖြစ်ပါတယ်။
ဓမ္မာရုံဆိုတာ အများဆိုင်ပါ၊ ဘာသာရေး သာသနာရေးတွေလုပ်ဖို့ အများပြည်သူ လှူဒါန်းထားတာပါ။ ဒါကြောင့် ဂေါပကနှင့် လူငယ်အဖွဲ့ကို ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ သံဃာတော်များက ညှိပေးရပါမယ်။ ဒီအတိုင်းပစ်ထားမယ်ဆိုရင်တော့ အခြေအနေဟာ ဒီထက်ပိုဆိုးဝါးလာနိုင်ပါတယ်။ စာရေးသူတို့ ကြုံခဲ့သလိုပြောရရင်တော့ အနီရောင်ဂေါပကလက်ထက်မှာ မဘသတွေ ခြေအချမခံနိုင်ဘူး ဆိုတဲ့ စကားပါပဲ။
စာရေးသူနှင့် ရေတံခွန်တောင် သစ္စဝေဒဂူဆရာတော်တို့ မန္တလေး သာသနာ(၂၅၀၀)ဓမ္မာရုံမှာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လာတာ ထောင်မှလွတ်တဲ့နှစ် ၂၀၁၂ ကတည်းက ဖြစ်ပါတယ်။ ငါးကြိမ်ပြည့်မြောက်ခဲ့ပါပြီ။ အောင်မြင်ပါတယ်။ ဒါပေမဲ့ ၂၀၁၇ သင်တန်းမှာတော့ မဟာမြတ်မုနိဘုရားကြီး ဂေါပကအပြောင်းအလဲမှာ အနီရောင်ဂေါပကတွေ ဝင်လာတာနှင့် ဒီငါးနှစ်အတွင်း ဒီဘုန်းကြီးတွေ ခြေအချမခံနိုင်ဘူးဟုဆိုကာ စာရေးသူတို့ ကြေညာထားတဲ့ရက်ကိုပဲ အခြားအဖွဲ့နှင့် အစားထိုးကျင်းပလိုက်ကြပါတယ်။
တက်ရောက်လာတဲ့ယဉ်ကျေးလိမ္မာသင်တန်းသူ သင်တန်းသားများကတော့ စာရေးသူတို့အဖွဲ့ပဲထင်ပြီး လာခဲ့ကြတာပါ။
ကတုံးပေါ် ထိပ်ကွက်သွားတဲ့ အနီရောင်ဂေါပကတွေပေါ့ဗျာ။ သူတို့သင်တန်းပြီးမှ စာရေးသူတို့သင်တန်း ဝင်လိုက်တော့ စာရေးသူတို့သင်တန်းမှာ လူမရှိတော့ပါဘူး။ ရှိတဲ့ကလေးလေးတွေကို သွားရောက်အားပေးခဲ့တာတောင်မှ အနီရောင်ဂေါပကက ယဉ်ကျေးလိမ္မာသင်တန်း ဦးစီးတဲ့သူတွေကို အကြပ်ကိုင်ခြိမ်းခြောက်ခဲ့ပါသေးတယ်။
သီလလည်းမပေး၊ သြဝါဒလည်းမပေး၊ ကလေးတွေက သြကာသကန်တော့ချိုးဖြင့် ရှိခိုးဦးချတာတောင် ကျန်းမာချမ်းသာပါစေ ဆုမပေးခဲ့ပါဘူး။ ဒါကိုပဲ စာရေးသူ တရားဟောပိတ်ထားတယ်၊ ဓမ္မာရုံကြွလာတယ်ဆိုပြီး သူတို့ဓမ္မာရုံကို စာရေးသူကြွလာလို့ဆိုကာ အငြှိုးထားပြီး ယဉ်ကျေးလိမ္မာသင်တန်းကို ပျက်အောင်ဖျက်ကြပါတော့တယ်။
စဉ်းစားကြည့်ပေါ့ဗျာ။ ငါတို့ ငါးနှစ်ကာလမှာ ဒီဘုန်းကြီးတွေ ငါတို့ဂေါပကနယ်မြေထဲ ခြေမချစေရဘူးဆိုတဲ့ ဝါဒဟာ မဟာမြတ်မုနိလို ဘုရားကြီးဂေါပကအဖွဲ့မှာ ရှိသင့်သလား၊ ဗုဒ္ဓဘာသာဝင်တွေမှာ ထားသင့်သလား ဒါလေးပါပဲ။ အခုလည်း ကလေးမြို့က ဂေါပက အနီရောင်လည်းဖြစ်၊ လာရာလမ်းကြောင်းကလည်း မည်းမှောင်နေခဲ့တော့ ကလေးတွေလည်း လမ်းဘေးရောက်ကြရတာပေါ့ဗျာ။
ဝီရသူ(မစိုးရိမ်)
19.11.2017
PM 10:44