ဒီန့ 13.1.2018 ရက်နေ့ စာရေးသူ မြစ်ဆုံအကျဉ်းထောင်မှ လွတ်မြောက်ခဲ့တာ ၆နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ ဆွမ်းအလှူရှင်ကတော့ အမရပူရမြို့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း MK-ကျောက်မျက် မိသားစုဖြစ်ပါတယ်။
၎င်းတို့လှူထားသော စာရေးသူ ဘုရားဝတ်တက်ရာ ဂုဏ်တော်ပွားရာ မေတ္တာပို့ရာ အမျှဝေရာ ဘုရားကျောင်းဆောင်နှင့်အတူ ကုသိုလ်ခန်းမလေး ရေစက်ချပွဲနှင့် လွတ်မြောက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းပဲဖြစ်ပါတယ်။
ဓမ္မသဟာယကျောင်း စာသင်သံဃာ ၅၀ပါးအား တစ်ပါးလျှင် ၁၅၀၀၀ကျပ်စီ=၇၅၀၀၀၀ကျပ်
အကျဉ်းစံ သံဃာတော်များနှင့် ကိုကျော်မျိုးရွှေအား ၅၀၀၀၀ကျပ်စီ=၃၅၀၀၀၀ကျပ်
ပင့်သံဃာသုံးပါးနှင့် ဝိုင်းတော်သား၁၆ပါးအား ၃၀၀၀၀ကျပ်စီ=၄၈၀၀၀၀ကျပ်
လောကအလင်း ကျူရှင်ကျောင်းအတွက် ၃၀၀၀၀၀ကျပ်
မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း မုခ်ဦးမှာတပ်ဆင်မည့် သံပန်းတံခါးအတွက် သိန်း၂၀ကျပ်
စာရေးသူ၏ နဝကမ္မအတွက် ၅၀၀၀၀၀ကျပ်
စုစုပေါင်း ၄,၃၈၀,၀၀၀ကျပ် လှူဒါန်းပါတယ်။
နေ့ဆွမ်းဆက်ကပ်အပြီးမှာ ရေစက်ချ အနုမောဒနာတရား ဟောကြားပါတယ်။ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း အမှူးပြုသော ရောဟိဏီ သံဃာ့ဝေယျာဝစ္စ ဝိုင်းတော်သူ ဝိုင်းတော်သားများ စုပေါင်းတရားနာကြပါတယ်။ နမောတဿဂုဏ်ရည် တရားတော် ဟောကြားတာပါ။
နမောတဿ ရွတ်ပွားပါ၊
ဘေးရန်ကင်းလို့ ချမ်းသာမှာ။