ဝီရဝံသအဖွဲ့၏ အထူးအစည်းအဝေး အမှတ် – ၂/၂၀၂၀
ထုတ်ပြန်ကြေညာချက်
၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်)
၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊
ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ
(ဝီရသူ-မစိုးရိမ်) အကျဉ်းထောင်တွင် အကျဉ်းစံဘဝဖြင့်
သီတင်းသုံးနေစဉ်ကာလအတွင်း ဆွမ်းဝေယျာဝစ္စနှင့်
လိုအပ်ရာရာကိစ္စများအတွက် စီမံဆောင်ရွက်ပေးရသည့်အဖွဲ့
ဖြစ်ပါသည်။
၂။ ဆရာတော် အကျဉ်းထောင်သို့ ကြွရောက်ပြီးနောက်
ရှေ့နေငှားရမ်းရန်ကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းကြည့်ရာ
ကိုယ်တိုင်ထုချေရှင်းလင်းမည်ဖြစ်ကြောင်း ပြန်လည်ဆက်သွယ်
မိန့်ကြားခဲ့ပါသည်။
၃။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ဆရာတော်က
ရှေ့နေငှားရမ်းမည်ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်မိန့်ကြားပြီး
သင့်လျော်ရာ ရှေ့နေတစ်ဦးဦးကို စီစဉ်ထားရန် ညွှန်ကြားလာ
ပါသည်။
၎။ ဝီရဝံသအဖွဲ့အနေဖြင့် နိုင်ငံတော်သြဝါဒါစရိယ
အင်းစိန်ရွာမဆရာတော်ကြီးထံတော်သို့ သြဝါဒခံလျှောက်
ထားခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်နှင့်
ဆက်သွယ်ဆောင်ရွက်ရန် သြဝါဒချီးမြှင့်ခဲ့ပါသည်။
၅။ ထို့ကြောင့် ဝီရဝံသအဖွဲ့က တရားလွှတ်တော်ရှေ့နေ
ဦးကျော်ကျော် (စဉ်-၃၉၀၈) ထံ ဆက်သွယ်၍ ၎င်းနှင့်အတူ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် အင်းစိန်အကျဉ်း
ထောင်သို့ သွားရောက်ကာ ဆရာတော်ထံမှ ရှေ့နေလိုက်ပါ
ဆောင်ရွက်ခွင့် ခွင့်ပြုချက်ရယူခဲ့ရာ ဆရာတော်က ခွင့်ပြုခဲ့ပြီး
ဆရာတော်၏ ညွှန်ကြားချက်များ ရယူနိုင်ရန်အတွက်
တွေ့ဆုံခွင့်တောင်းခံခြင်းများ ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ ဆရာတော်နှင့် တွေ့ဆုံပြီးလျှင် ဥပဒေ
အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရန်နှင့် ရန်ကုန်၊ မန္တလေးရှိ
အခြားသောရှေ့နေများကို လိုက်ပါဆောင်ရွက်ခွင့်
ထပ်မံတိုးချဲ့ရန် မိန့်ကြားလာပါက ဆရာတော်၏
မိန့်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
#ဝီရဝံသအဖွဲ့
ဘဒန္တကေသရ – ၀၉ ၆၈၆၈၂၆၉၀၄
ဦးဝင်းကိုကိုလတ် – ၀၉ ၇၇၂၁၇၇၉၆၉
ဦးလပြည့်ဇင် – ၀၉ ၄၅၀၀၅၉၅၈၂
ဦးကိုကိုဦး – ၀၉ ၆၉၄၅၃၉၉၆၉