သတင္း

ဝီရသူ(မစုိးရိမ္) ေပးပုိ႔အပ္ေသာ အမ်ဳိးသားေရးသဝဏ္လႊာ” (တုိက္ႀကီး မ.ဘ.သ ဦးဇနိတ ဖတ္ၾကားသည္။)

တပ္မေတာ္ႏွင့္ျပည္သူအၾကား ေသြးခြဲေစာ္ကားေနသူမ်ားအား ကန္႔ကြက္ရႈတ္ခ်ပြဲသုိ႔ ေပးပုိ႔အပ္ေသာ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းနာယက၊ ဝံသာႏုဓမၼကထိ က အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ အရွင္ဝီရသူ၏ အမ်ဳိးသားေရးသဝဏ္လႊာ

ရန္ကုန္ၿမဳိ႕၊ဒဂုံၿမဳိ႕နယ္၊ မုိင္ဒါကြင္း၌ က်င္းပအပ္ေသာ တပ္မေတာ္ႏွင့္ျပည္သူအၾကား ေသြးခြဲေစာ္ကားေနသူမ်ားအား ကန္႔ကြက္ရႈတ္ခ်ပြဲသုိ႔ ၾကြေရာက္ေတာ္မူလာၾကကုန္ေသာ ပရိသတ္အေပါင္း သူေတာ္ေကာင္းတုိ႔ ယေန႔အခ်ိန္အခါသည္ တုိင္းေရးျပည္ေရးရႈပ္ေထြးေနေသာ ကာလႀကီးျဖစ္ပါသည္။

ႏုိင္ငံေရးသမားမ်ားသည္ သူတုိ႔ေပးထားသည့္အိပ္မက္ေတြအတုိင္း ဘာမွလုပ္မေပးႏုိင္သည့္အခါမ်ဳိး၌ သူတစ္ပါးအေပၚ လႊဲပုံခ်တတ္ၾကပါသည္။ ထုိသုိ႔ေသာ ႏုိင္ငံေရးသမားတုိ႔၏ လႊဲခ်မႈေၾကာင့္ ျမန္မာ့တပ္ မေတာ္သည္ ႏုိင္ငံတကာမွာ အထင္လြဲခံေနရပါသည္။

ထုိသုိ႔ မိမိအဆင္မေျပတုိင္း တပ္မေတာ္အေပၚ အျပစ္ပုံခ်ေနမည္ဆုိလွ်င္ ျမန္မာ့ႏုိင္ငံေရးသည္ မည္သည့္အခါမွ် ခရီးေပါက္မည္မဟုတ္ပါ။ မဟာသုတကာရီ မဃေဒဝလကၤာသစ္က်မ္းႀကီး၌ ေက်းဇူးရွင္ မန္လည္ဆရာေတာ္ႀကီးက တုိင္းေရးျပည္ေရး ကုိင္တြယ္ပုံ ကုိင္တြယ္နည္းကုိ နဝရတ္ကုိးသြယ္ ျဖင့္ ဆုံးမပဲ့ျပင္ခဲ့ပါသည္။

(၁) စစ္ေသနာပတိသည္ တုိင္းျပည္၏ ဦးကင္းႏွင့္တူ၏။

(၂) သံဃာေတာ္မ်ားသည္ တုိင္းျပည္၏ တံခြန္ႏွင့္တူ၏။

(၃) ပုေရာဟိတ္ပညာရွိမ်ားသည္ တုိင္းျပည္၏ မ်က္စိႏွင့္တူ၏။

(၄) သံတမန္မ်ားသည္ တုိင္းျပည္၏ နားႏွင့္တူ၏။

(၅) မင္းညီမင္းသား မ်ဳိးဆက္မ်ားသည္ တုိင္းျပည္၏ အစြယ္ႏွင့္တူ၏။

(၆) သမီးေတာ္မ်ားသည္ တုိင္းျပည္၏ မ်က္ႏွာႏွင့္တူ၏။

(၇) သူေဌးသူၾကြယ္မ်ားသည္ တုိင္းျပည္၏ ဝမ္းဗုိက္ႏွင့္တူ၏။

(၈) စစ္သည္ေတာ္မ်ားသည္ တုိင္းျပည္၏ ေျခေထာက္ႏွင့္တူ၏။

(၉) လက္နက္ခဲယမ္းမီးေက်ာက္မ်ားသည္ တုိင္းျပည္၏ လက္ႏွင့္တူ၏။

နန္းထီးသခင္၊ ျပည္ႀကီးရွင္တုိ႔၊ ဝတ္ဆင္အပ္ရာ၊ ျမတ္တန္ဆာဟု၊ ရတနာမည္မွတ္၊ နဝရတ္ကုိးသြယ္၊ ဆင္စဖြယ္လည္း၊ ႀကီးငယ္ျပည္ေရး၊ ေမွ်ာ္ေတြးႏုိင္စြာ၊ သိလိမၼာသည့္၊ ေသနာပတိ၊ မတ္ဘုန္းရွိကား၊ ျပည္ႀကီးဥကင္း…….စသည္ျဖင့္ မိန္႔ဆုိေတာ္မူခဲ့ပါသည္။

တုိင္းျပည္၏ အဂၤါအစိတ္အပုိင္းမ်ားျဖစ္ေသာ အဆုိပါနဝရတ္ကုိးသြယ္ကုိ တုိင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ သူတုိင္း ဆင္ျမန္းအပ္သည့္ နဝရတ္ကုိးသြယ္ ရတနာကုိးပါးအျဖစ္ တင္စားထားျခင္းျဖစ္ပါသည္။

ယေန႔ႏုိင္ငံေရးေလာက၌ တုိင္းျပည္၏ ဦးေခါင္းသဖြယ္ျဖစ္ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္လည္း အႏွိမ္ခံေနရပါသည္။

တုိင္းျပည္၏ အလံတံခြန္ႏွင့္တူေသာ သံဃာေတာ္မ်ားလည္း ႏွိပ္ကြပ္ခံေနရပါသည္။ တုိင္းျပည္၏ အစြယ္ႏွင့္တူေသာ မ်ဳိးဆက္သစ္ေက်ာင္းသားမ်ားလည္း အစြယ္ခ်ဳိးခံေနရပါသည္။

ဤသည္မွာ တုိင္းျပည္အတြက္ ေကာင္းေသာလကၡဏာမ်ား မဟုတ္ပါ။ ဤသုိ႔ေသာ လကၡဏာမ်ားေၾကာင့္ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ပညာရွိသူေတာ္ေကာင္းမ်ား တုိင္းျပည္ အတြက္ ရတက္မေအးၾကရပါ။

ဘုရားသားေတာ္မ်ားကုိ ပစ္ပယ္ျခင္းသည္ ႏုိင္ငံေတာ္အလံကုိ မေလးစားျခင္း ျဖစ္ပါသည္။ တပ္မေတာ္သားမ်ားကုိ ခ်ဳိးႏွိမ္ျခင္းသည္ တုိင္းျပည္၏ ဦးေခါင္းကုိ ရုိက္ခြဲျခင္းျဖစ္ပါသည္။

ေက်ာင္းသားမ်ားကုိ ႏွိပ္ကြပ္ျခင္းသည္ တုိင္းျပည္၏ အစြယ္မ်ားကုိ ခ်ဳိးပစ္ျခင္းျဖစ္ပါသည္။ အဆုိပါ အင္အားႀကီးသုံးရပ္ကုိ တုိင္းျပည္အတြက္ အသုံးခ်ႏုိင္ပါမွ ျမန္မာျပည္သည္ ေျခလက္အဂၤါစုံညီၿပီး လူစင္မီသည့္ တုိင္းျပည္ႀကီးတစ္ခု ျဖစ္လာႏုိင္ပါမည္။

တပ္မေတာ္သည္ အမ်ဳိးသားေရးကုိ ဘယ္ေသာအခါမွ် သစၥာမေဖာက္ဟူေသာ တပ္မေတာ္ေဆာင္ပုဒ္ ရွိပါသည္။ ထုိေဆာင္ပုဒ္ႏွင့္အညီပင္ တပ္မေတာ္သည္ အမ်ဳိးသားေရးကုိ ယခင္ကလည္း သစၥာမေဖာက္ခဲ့ ပါ။ ယခုလည္း သစၥာေစာင့္ေနဆဲျဖစ္ပါသည္။ ေနာင္လည္း သစၥာေစာင့္ေနဦးမွာ ျဖစ္ပါသည္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းအေရးသည္ တစ္မ်ဳိးသားလုံး၏ အေရးျဖစ္ပါသည္။ ရခုိင္အေရး၌ တပ္မေတာ္ သည္ ျပည္သူလူထုအေပၚ တာဝန္အေက်ဆုံး အဖဲြ႕အစည္းႀကီးျဖစ္ပါသည္။

ႏုိင္ငံေရးသမားမ်ား တာဝန္မေက်ပါ။
အာဏာရပါတီႀကီး တာဝန္မေက်ပါ။
အာဏာပုိင္အစုိးရ တာဝန္မေက်ပါ။

တာဝန္မေက်ရုံတင္မဟုတ္ပါ။ အမွန္တရားကုိ မ်က္ကြယ္ျပဳျခင္း၊ တုိင္းျပည္အခ်ဳပ္အျခာအာဏာကုိ လ်စ္လ်ဴရႈျခင္းအဆင့္ထိပင္ ေရာက္ရွိလာခဲ့ပါသည္။

ရခုိင္အေရး၌ အမွန္တရားကုိ မ်က္ကြယ္ျပဳျခင္းသည္ အဂတိလုိက္ျခင္းပင္ ျဖစ္ပါသည္။ ဘဂၤလီမ်ားကုိ ခ်စ္ေသာေၾကာင့္ အမွန္တရားကို မ်က္ကြယ္ျပဳျခင္းျဖစ္လွ်င္ ဆႏၵာဂတိျဖစ္ပါသည္။

တပ္မေတာ္ကုိ မုန္းေသာေၾကာင့္ အမွန္တရားကုိ မ်က္ကြယ္ျပဳျခင္းျဖစ္လွ်င္ ေဒါသာဂတိျဖစ္ပါသည္။ ႏုိင္ငံတကာဖိအား ဒဏ္ မခံႏုိင္ေသာေၾကာင့္ အမွန္တရားကုိ မ်က္ကြယ္ျပဳျခင္းျဖစ္လွ်င္ ဘယာဂတိျဖစ္ပါသည္။

အမွန္ႏွင့္ အမွား မခြဲျခားတတ္ေသာေၾကာင့္ အမွန္တရားကုိ မ်က္ကြယ္ျပဳျခင္းျဖစ္လွ်င္ ေမာဟာဂတိျဖစ္ပါသည္။ ျမန္မာ့ႏုိင္ငံေရးသည္ စပြန္ဆာေပးသူမ်ားအလုိက် လုပ္ေဆာင္ေပးေနရေသာ စပြန္စာႏုိင္ငံေရး ျဖစ္ေနေပ သည္။

ေဂ်ာ့ဆုိးေရာ့၏ ေဒၚလာ၆၇သန္းေကာင္းမႈေၾကာင့္ တပ္မေတာ္ကို တအားနင္းခ်စ္သူ ေက်ာင္းသားေခါင္း ေဆာင္ႀကီးမ်ားအဖြဲ႕ ႏႈတ္ဆိတ္သြားခဲ့ရပါသည္။ ဓမၼႏွင့္ အဓမၼထိပ္တုိက္ေတြ႕ၾကသည့္အခါ ဓမၼဘက္မွာသာ ရပ္တည္မည္ဆုိေသာ ဓမၼဝါဒီေက်ာင္းသားေခါင္းေဆာင္ႀကီးလည္း No Rohingya ဟူေသာ စကားတစ္ခြန္း မေျပာရဲေတာ့ပါ။

၈၂ဥပေဒကုိ ျပင္ဆင္ရန္ ႀကံစည္ခဲ့သူမ်ား၊ အမ်ဳိးေစာင့္ဥပေဒကုိ နည္းမ်ဳိးစုံျဖင့္ ကန္႔ကြက္ခဲ့သူမ်ားသည္ လည္း No Rohingya စကားတစ္ခြန္း မေျပာရဲၾကပါ။

Freedom From Fear- အေၾကာက္တရားကင္းေဝးလွပါသည္ဆုိေသာ သံမဏိႏွလုံးသားႀကီးလည္း No Rohingya စကားတစ္ခြန္း မေျပာရဲေတာ့ပါ။

ဤသည္မွာ အမွန္တရားကုိ မ်က္ကြယ္ျပဳျခင္းျဖစ္ပါသည္။ ဤသည္မွာ တုိင္းျပည္၏ အခ်ဳပ္အျခာအာဏာကုိ လ်စ္လ်ဴရႈျခင္းျဖစ္ပါသည္။ ဤသည္မွာ စပြန္စာႏုိင္ငံေရးေၾကာင့္ ျဖစ္ပါသည္။

ႏုိင္ငံေရးသမားမ်ားသည္ မိမိသြားလုိရာပန္းတုိင္သုိ႔ လမ္းေကာင္းလမ္းမွန္ျဖင့္ ေလွ်ာက္လွမ္းဖုိ႔ လုိပါသည္။ ထုိသုိ႔ တပ္မေတာ္ကုိ ေစာ္ကားေမာ္ကားျပဳေနျခင္းမ်ားျဖင့္ ဖက္ဒရယ္ျပည္ေထာင္စုသုိ႔ ေရာက္ေအာင္ ခ်ီတက္ဖုိ႔ လုံးဝမျဖစ္ႏုိင္ပါ။
ႏုိင္ငံေရးသမားေကာင္းမည္သည္ စည္းရုံးႏုိင္စြမ္းရွိရပါမည္။ ရန္သူကုိ မိတ္ေဆြျဖစ္ေအာင္ စည္းရုံးႏုိင္ပါမွ တကယ့္ႏုိင္ငံေရးသမားေကာင္းတစ္ေယာက္ ျဖစ္ပါမည္။ တပ္မေတာ္သည္ ရန္သူမဟုတ္ပါ။

ျမန္မာ့ႏုိင္ငံေရးေခတ္ဦးမွာ တပ္မေတာ္ႏွင့္ အစုိးရကတၱားျခား၍ ေနခဲ့ဖူးပါသည္။ ႏုိင္ငံေရးသမားမ်ားအေပၚ ယုံၾကည္စိတ္ခ်ရမႈ ရာခုိင္ႏႈံးျပည့္ ျဖစ္မလာ၍သာ တပ္မေတာ္သည္ ျမန္မာ့ႏုိင္ငံေရးမွာ ပါဝင္လာရျခင္း ျဖစ္ပါသည္။ ျမန္မာ့ႏုိင္ငံေရးသမားမ်ား ယုံၾကည္စိတ္ခ်ရမႈ ရာခုိင္ႏႈံးျပည့္ ျပည့္ဝလာလွ်င္ တပ္မေတာ္သည္ လည္း စစ္တန္းလ်ားျပန္ဖုိ႔ ဝန္ေလးလိမ့္မည္ မဟုတ္ပါ။ တပ္မေတာ္၏ ႏုိင္ငံေရးအခန္းက႑သည္ ျမန္မာ့ႏုိင္ငံေရးသမားမ်ားအေပၚမွာသာ မူတည္ပါသည္။

ျမန္မာ့ႏုိင္ငံေရးသမားမ်ားအေပၚ သံဃာထုႏွင့္ ျပည္သူလူထုက အမ်ဳိးဘာသာ သာသနာအေရးႏွင့္ တုိင္းျပည္၏ အခ်ဳပ္အျခာအာဏာအေရးေတြမွာ ရာခုိင္ႏႈံးျပည့္ ယုံၾကည္စိတ္ခ်ရမႈ ရွိဖုိ႔သာလုိပါသည္။ ထုိသုိ႔မွမဟုတ္ဘဲ တပ္မေတာ္ကုိ ျမန္မာ့ႏုိင္ငံေရးမွ ဖယ္ထုတ္လုိပါလွ်င္ တုိင္းျပည္ကုိ ဖ်က္ဆီးသည့္ တုိင္းဖ်က္ျပည္ဖ်က္ အဖ်က္သမားမ်ားအျဖစ္ သမုိင္း၏ တရားခံအဆင့္သုိ႔ ေရာက္ရွိသြားပါေတာ့မည္။

ျမန္မာ့တပ္မေတာ္ႀကီး ေဘးရန္ကင္းပါေစ။
ျမန္မာျပည္ႀကီး ေဘးရန္ကင္းပါေစ။
ျမန္မာ့အခ်ဳပ္အျခာ ထာဝရတည္တံ့ႏုိင္ပါေစ။

ျမန္မာ့ေခါင္းေဆာင္မ်ား နဝရတ္ကုိးသြယ္ ဆင္ျမန္းႏုိင္ပါေစျခင္းအက်ဳိးငွာ မဃေဒဝလကၤာသစ္က်မ္း ပုေတၱာဝါဒအခန္း အပုိဒ္၁၈၀လာ မန္လည္ဆရာေတာ္ႀကီး၏ ဆုံးမစာျဖင့္ နိဂုံးခ်ဳပ္အပ္ပါသည္။

 ေသခ်ာမွတ္သြင္း၊ ျပည့္ဦးကင္းကုိ၊ သားမင္းမႏွိမ္၊

 ဂုဏ္သိမ္ျမင့္လြန္၊ ျပည့္တံခြန္ကုိ၊ သားမြန္မခ်၊

ေန႔ညျမင္သိ၊ ျပည့္မ်က္စိကုိ၊ မထိမပါး၊

 ျပည့္နားမပယ္၊

 ျပည့္စြယ္မခ်ဳိး၊

 မညွဳိးမ်က္ႏွာ၊

 မနာျပည္ဝမ္း၊

 သန္စြမ္း ေျခလက္၊

 ပယ္မဖ်က္ဘဲ၊ အမ်က္ကုိးကြင္း၊ ဆင္ႏုိင္လွ်င္း၍၊

 ထြန္းဝင္းဂုဏ္ေရာင္၊ တေျပာင္ေျပာင္သည္။

 မုိးေခါင္ထုိးေဖာက္ေစဘိေလာ့။

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)

 

 

“ဝီရသူ(မစိုးရိမ်) ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ” (တိုက်ကြီး မ.ဘ.သ ဦးဇနိတ ဖတ်ကြားသည်။)

တပ်မတော်နှင့်ပြည်သူအကြား သွေးခွဲစော်ကားနေသူများအား ကန့်ကွက်ရှုတ်ချပွဲသို့ ပေးပို့အပ်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိ က အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာ

ရန်ကုန်မြို့၊ဒဂုံမြို့နယ်၊ မိုင်ဒါကွင်း၌ ကျင်းပအပ်သော တပ်မတော်နှင့်ပြည်သူအကြား သွေးခွဲစော်ကားနေသူများအား ကန့်ကွက်ရှုတ်ချပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့ ယနေ့အချိန်အခါသည် တိုင်းရေးပြည်ရေးရှုပ်ထွေးနေသော ကာလကြီးဖြစ်ပါသည်။

နိုင်ငံရေးသမားများသည် သူတို့ပေးထားသည့်အိပ်မက်တွေအတိုင်း ဘာမှလုပ်မပေးနိုင်သည့်အခါမျိုး၌ သူတစ်ပါးအပေါ် လွှဲပုံချတတ်ကြပါသည်။ ထိုသို့သော နိုင်ငံရေးသမားတို့၏ လွှဲချမှုကြောင့် မြန်မာ့တပ် မတော်သည် နိုင်ငံတကာမှာ အထင်လွဲခံနေရပါသည်။

ထိုသို့ မိမိအဆင်မပြေတိုင်း တပ်မတော်အပေါ် အပြစ်ပုံချနေမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးသည် မည်သည့်အခါမျှ ခရီးပေါက်မည်မဟုတ်ပါ။ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး၌  ကျေးဇူးရှင် မန်လည်ဆရာတော်ကြီးက တိုင်းရေးပြည်ရေး ကိုင်တွယ်ပုံ ကိုင်တွယ်နည်းကို နဝရတ်ကိုးသွယ် ဖြင့် ဆုံးမပဲ့ပြင်ခဲ့ပါသည်။

(၁) စစ်သေနာပတိသည် တိုင်းပြည်၏ ဦးကင်းနှင့်တူ၏။

(၂) သံဃာတော်များသည် တိုင်းပြည်၏ တံခွန်နှင့်တူ၏။

(၃) ပုရောဟိတ်ပညာရှိများသည် တိုင်းပြည်၏ မျက်စိနှင့်တူ၏။

(၄) သံတမန်များသည် တိုင်းပြည်၏ နားနှင့်တူ၏။

(၅) မင်းညီမင်းသား မျိုးဆက်များသည် တိုင်းပြည်၏ အစွယ်နှင့်တူ၏။

(၆) သမီးတော်များသည် တိုင်းပြည်၏ မျက်နှာနှင့်တူ၏။

(၇) သူဌေးသူကြွယ်များသည် တိုင်းပြည်၏ ဝမ်းဗိုက်နှင့်တူ၏။

(၈) စစ်သည်တော်များသည် တိုင်းပြည်၏ ခြေထောက်နှင့်တူ၏။

(၉) လက်နက်ခဲယမ်းမီးကျောက်များသည် တိုင်းပြည်၏ လက်နှင့်တူ၏။

နန်းထီးသခင်၊ ပြည်ကြီးရှင်တို့၊ ဝတ်ဆင်အပ်ရာ၊ မြတ်တန်ဆာဟု၊ ရတနာမည်မှတ်၊ နဝရတ်ကိုးသွယ်၊ ဆင်စဖွယ်လည်း၊ ကြီးငယ်ပြည်ရေး၊ မျှော်တွေးနိုင်စွာ၊ သိလိမ္မာသည့်၊ သေနာပတိ၊ မတ်ဘုန်းရှိကား၊ ပြည်ကြီးဥကင်း…….စသည်ဖြင့် မိန့်ဆိုတော်မူခဲ့ပါသည်။

တိုင်းပြည်၏ အင်္ဂါအစိတ်အပိုင်းများဖြစ်သော အဆိုပါနဝရတ်ကိုးသွယ်ကို တိုင်းပြည်အုပ်ချုပ် မင်းလုပ် သူတိုင်း ဆင်မြန်းအပ်သည့် နဝရတ်ကိုးသွယ် ရတနာကိုးပါးအဖြစ် တင်စားထားခြင်းဖြစ်ပါသည်။

ယနေ့နိုင်ငံရေးလောက၌ တိုင်းပြည်၏ ဦးခေါင်းသဖွယ်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း အနှိမ်ခံနေရပါသည်။

တိုင်းပြည်၏ အလံတံခွန်နှင့်တူသော သံဃာတော်များလည်း နှိပ်ကွပ်ခံနေရပါသည်။ တိုင်းပြည်၏ အစွယ်နှင့်တူသော မျိုးဆက်သစ်ကျောင်းသားများလည်း အစွယ်ချိုးခံနေရပါသည်။

ဤသည်မှာ တိုင်းပြည်အတွက် ကောင်းသောလက္ခဏာများ မဟုတ်ပါ။ ဤသို့သော လက္ခဏာများကြောင့် ဆရာတော်သံဃာတော်များနှင့် ပညာရှိသူတော်ကောင်းများ တိုင်းပြည် အတွက် ရတက်မအေးကြရပါ။

ဘုရားသားတော်များကို ပစ်ပယ်ခြင်းသည် နိုင်ငံတော်အလံကို မလေးစားခြင်း ဖြစ်ပါသည်။ တပ်မတော်သားများကို ချိုးနှိမ်ခြင်းသည် တိုင်းပြည်၏ ဦးခေါင်းကို ရိုက်ခွဲခြင်းဖြစ်ပါသည်။

ကျောင်းသားများကို နှိပ်ကွပ်ခြင်းသည် တိုင်းပြည်၏ အစွယ်များကို ချိုးပစ်ခြင်းဖြစ်ပါသည်။ အဆိုပါ အင်အားကြီးသုံးရပ်ကို တိုင်းပြည်အတွက် အသုံးချနိုင်ပါမှ မြန်မာပြည်သည် ခြေလက်အင်္ဂါစုံညီပြီး လူစင်မီသည့် တိုင်းပြည်ကြီးတစ်ခု ဖြစ်လာနိုင်ပါမည်။

တပ်မတော်သည် အမျိုးသားရေးကို ဘယ်သောအခါမျှ သစ္စာမဖောက်ဟူသော တပ်မတော်ဆောင်ပုဒ် ရှိပါသည်။ ထိုဆောင်ပုဒ်နှင့်အညီပင် တပ်မတော်သည် အမျိုးသားရေးကို ယခင်ကလည်း သစ္စာမဖောက်ခဲ့ ပါ။ ယခုလည်း သစ္စာစောင့်နေဆဲဖြစ်ပါသည်။ နောင်လည်း သစ္စာစောင့်နေဦးမှာ ဖြစ်ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် တစ်မျိုးသားလုံး၏ အရေးဖြစ်ပါသည်။ ရခိုင်အရေး၌ တပ်မတော် သည် ပြည်သူလူထုအပေါ် တာဝန်အကျေဆုံး အဖွဲ့အစည်းကြီးဖြစ်ပါသည်။

နိုင်ငံရေးသမားများ တာဝန်မကျေပါ။
အာဏာရပါတီကြီး တာဝန်မကျေပါ။
အာဏာပိုင်အစိုးရ တာဝန်မကျေပါ။

တာဝန်မကျေရုံတင်မဟုတ်ပါ။ အမှန်တရားကို မျက်ကွယ်ပြုခြင်း၊ တိုင်းပြည်အချုပ်အခြာအာဏာကို လျစ်လျူရှုခြင်းအဆင့်ထိပင် ရောက်ရှိလာခဲ့ပါသည်။

ရခိုင်အရေး၌ အမှန်တရားကို မျက်ကွယ်ပြုခြင်းသည် အဂတိလိုက်ခြင်းပင် ဖြစ်ပါသည်။ ဘင်္ဂလီများကို ချစ်သောကြောင့် အမှန်တရားကို မျက်ကွယ်ပြုခြင်းဖြစ်လျှင် ဆန္ဒာဂတိဖြစ်ပါသည်။

တပ်မတော်ကို မုန်းသောကြောင့် အမှန်တရားကို မျက်ကွယ်ပြုခြင်းဖြစ်လျှင် ဒေါသာဂတိဖြစ်ပါသည်။ နိုင်ငံတကာဖိအား ဒဏ် မခံနိုင်သောကြောင့် အမှန်တရားကို မျက်ကွယ်ပြုခြင်းဖြစ်လျှင် ဘယာဂတိဖြစ်ပါသည်။

အမှန်နှင့် အမှား မခွဲခြားတတ်သောကြောင့် အမှန်တရားကို မျက်ကွယ်ပြုခြင်းဖြစ်လျှင် မောဟာဂတိဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးသည် စပွန်ဆာပေးသူများအလိုကျ လုပ်ဆောင်ပေးနေရသော စပွန်စာနိုင်ငံရေး ဖြစ်နေပေ သည်။

ဂျော့ဆိုးရော့၏ ဒေါ်လာ၆၇သန်းကောင်းမှုကြောင့် တပ်မတော်ကို တအားနင်းချစ်သူ ကျောင်းသားခေါင်း ဆောင်ကြီးများအဖွဲ့ နှုတ်ဆိတ်သွားခဲ့ရပါသည်။ ဓမ္မနှင့် အဓမ္မထိပ်တိုက်တွေ့ကြသည့်အခါ ဓမ္မဘက်မှာသာ ရပ်တည်မည်ဆိုသော ဓမ္မဝါဒီကျောင်းသားခေါင်းဆောင်ကြီးလည်း No Rohingya ဟူသော စကားတစ်ခွန်း မပြောရဲတော့ပါ။

၈၂ဥပဒေကို ပြင်ဆင်ရန် ကြံစည်ခဲ့သူများ၊ အမျိုးစောင့်ဥပဒေကို နည်းမျိုးစုံဖြင့် ကန့်ကွက်ခဲ့သူများသည် လည်း No Rohingya စကားတစ်ခွန်း မပြောရဲကြပါ။

Freedom From Fear- အကြောက်တရားကင်းဝေးလှပါသည်ဆိုသော သံမဏိနှလုံးသားကြီးလည်း No Rohingya စကားတစ်ခွန်း မပြောရဲတော့ပါ။

ဤသည်မှာ အမှန်တရားကို မျက်ကွယ်ပြုခြင်းဖြစ်ပါသည်။ ဤသည်မှာ တိုင်းပြည်၏ အချုပ်အခြာအာဏာကို လျစ်လျူရှုခြင်းဖြစ်ပါသည်။ ဤသည်မှာ စပွန်စာနိုင်ငံရေးကြောင့် ဖြစ်ပါသည်။

နိုင်ငံရေးသမားများသည် မိမိသွားလိုရာပန်းတိုင်သို့ လမ်းကောင်းလမ်းမှန်ဖြင့် လျှောက်လှမ်းဖို့ လိုပါသည်။ ထိုသို့ တပ်မတော်ကို စော်ကားမော်ကားပြုနေခြင်းများဖြင့် ဖက်ဒရယ်ပြည်ထောင်စုသို့ ရောက်အောင် ချီတက်ဖို့ လုံးဝမဖြစ်နိုင်ပါ။
နိုင်ငံရေးသမားကောင်းမည်သည် စည်းရုံးနိုင်စွမ်းရှိရပါမည်။ ရန်သူကို မိတ်ဆွေဖြစ်အောင် စည်းရုံးနိုင်ပါမှ တကယ့်နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ပါမည်။ တပ်မတော်သည် ရန်သူမဟုတ်ပါ။

မြန်မာ့နိုင်ငံရေးခေတ်ဦးမှာ တပ်မတော်နှင့် အစိုးရကတ္တားခြား၍ နေခဲ့ဖူးပါသည်။ နိုင်ငံရေးသမားများအပေါ် ယုံကြည်စိတ်ချရမှု ရာခိုင်နှုံးပြည့် ဖြစ်မလာ၍သာ တပ်မတော်သည် မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာရခြင်း ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးသမားများ ယုံကြည်စိတ်ချရမှု ရာခိုင်နှုံးပြည့် ပြည့်ဝလာလျှင် တပ်မတော်သည် လည်း စစ်တန်းလျားပြန်ဖို့ ဝန်လေးလိမ့်မည် မဟုတ်ပါ။ တပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍသည် မြန်မာ့နိုင်ငံရေးသမားများအပေါ်မှာသာ မူတည်ပါသည်။

မြန်မာ့နိုင်ငံရေးသမားများအပေါ် သံဃာထုနှင့် ပြည်သူလူထုက အမျိုးဘာသာ သာသနာအရေးနှင့် တိုင်းပြည်၏ အချုပ်အခြာအာဏာအရေးတွေမှာ ရာခိုင်နှုံးပြည့် ယုံကြည်စိတ်ချရမှု ရှိဖို့သာလိုပါသည်။ ထိုသို့မှမဟုတ်ဘဲ တပ်မတော်ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်လိုပါလျှင် တိုင်းပြည်ကို ဖျက်ဆီးသည့် တိုင်းဖျက်ပြည်ဖျက် အဖျက်သမားများအဖြစ် သမိုင်း၏ တရားခံအဆင့်သို့ ရောက်ရှိသွားပါတော့မည်။

မြန်မာ့တပ်မတော်ကြီး ဘေးရန်ကင်းပါစေ။
မြန်မာပြည်ကြီး ဘေးရန်ကင်းပါစေ။
မြန်မာ့အချုပ်အခြာ ထာဝရတည်တံ့နိုင်ပါစေ။

မြန်မာ့ခေါင်းဆောင်များ နဝရတ်ကိုးသွယ် ဆင်မြန်းနိုင်ပါစေခြင်းအကျိုးငှာ မဃဒေဝလင်္ကာသစ်ကျမ်း ပုတ္တောဝါဒအခန်း အပိုဒ်၁၈၀လာ မန်လည်ဆရာတော်ကြီး၏ ဆုံးမစာဖြင့် နိဂုံးချုပ်အပ်ပါသည်။

 သေချာမှတ်သွင်း၊ ပြည့်ဦးကင်းကို၊ သားမင်းမနှိမ်၊

 ဂုဏ်သိမ်မြင့်လွန်၊ ပြည့်တံခွန်ကို၊ သားမွန်မချ၊

နေ့ညမြင်သိ၊ ပြည့်မျက်စိကို၊ မထိမပါး၊

 ပြည့်နားမပယ်၊

 ပြည့်စွယ်မချိုး၊

 မညှိုးမျက်နှာ၊

 မနာပြည်ဝမ်း၊

 သန်စွမ်း ခြေလက်၊

 ပယ်မဖျက်ဘဲ၊ အမျက်ကိုးကွင်း၊ ဆင်နိုင်လျှင်း၍၊

 ထွန်းဝင်းဂုဏ်ရောင်၊ တပြောင်ပြောင်သည်။

 မိုးခေါင်ထိုးဖောက်စေဘိလော့။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)